← Chapters

အခန်း ၁၂၆၀

Vol. 84 Ch. 1260

အခန်း ၁၂၆၀

Vol. 84 Ch. 1260

အပိုင်း ( 1260 ) စိတ်ဓာတ်ကျနေသော လင်းသခင်လေး။

နောက်ဆုံးတွင် ကျိဟုန်ချန်ကဲ့သို့ နတ်နန်းတော်လေးခုမှ ပါရမီရှင်များသည်ပင် ဖယ်ထုတ်ခံခဲ့ရသည်။

"ကြည့်ကြစမ်း၊ တစ်ယောက်ယောက် ဖြတ်သွားပြီ"

ရုတ်တရက် တစ်စုံတစ်ယောက်က အော်လိုက်သည်။

သူတို့ရှေ့တွင် အလင်းစက်တစ်ခု ပေါ်လာသည်။ အလင်းစက်အတွင်းမှ ပုံရိပ်တစ်ခုလည်း ပေါ်လာခဲ့၏။

"အဲဒါက ရီတျန်... အရှေ့ပိုင်း နတ်နန်းတော်က ရီတျန်ပဲ"

"အဲဒါက တကယ်ကို ရီတျန်ပဲ၊ လုမင်မဟုတ်... ပင်ခုန်းလည်း မဟုတ်ဘူး။ ရီတျန်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုပြီးတော့ ကြောက်စရာကောင်းပုံရတယ်"

ပထမဆုံး ပေါ်လာသူသည် ရီတျန်ဖြစ်သည့်အတွက် လူတိုင်း အံ့အားသင့်ခဲ့ရသည်။

ယခင်က လုမင်၏ စွမ်းဆောင်မှုမှာ အလွန် အားကောင်းခဲ့ပေသည်။ ထို့ကြောင့်ပင် လူအတော်များများက လုမင်ကို ပထမဆုံး ဖြတ်ကျော်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ အလင်းစက်ထဲတွင် ပေါ်လာသည်က တိုက်ပွဲစင်မြင့်တစ်ခုမဟုတ်ဘဲ လူတစ်ဦးတည်းသာ နေထိုင်နိုင်သည့် စင်တစ်ခုဖြစ်သည်။

"ဝမ်"

ထိုအချိန်တွင် ရီတျန်နှင့် မနီးမဝေး၌ နောက်ထပ် အလင်းရောင်တစ်ခု ပေါ်လာခဲ့၏။ ၎င်းက မြောက်ပိုင်းနတ်နန်းတော်၏ အသန်မဆုံး ပါရမီရှင် ပင်ခုန်း ဖြစ်သည်။

အလားတူပင်၊ ပင်ခုန်း၏ခြေရင်းအောက်တွင် စင်တစ်ခုသာ ရှိသည်။ သူက စင်မြင့်ပေါ်တွင်ရပ်ပြီး ရီတျန်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ဤအဆင့်မှာတော့ တစ်ယောက်နှင့်တစ်ယောက် မြင်ရပုံရှိသည်။

ရီတျန်ကလည်း ပင်ခုန်းကို လှည့်ကြည့်လိုက်၏။ သူတို့နှစ်ဦးကြားတွင် မီးတောက်များ ရှိနေပုံရသည်။

"ဒုတိယ အောင်မြင်တာက ပင်ခုန်းပဲ။ လုမင် မဟုတ်သေးဘူး... ငါတို့ သူ့ကို ပိုတွက်ထားပုံရတယ်"

"ဒါက ပုံမှန်ပါပဲ။ ပထမအဆင့်တွေက လူတစ်ယောက်ရဲ့ စွမ်းရည်ကိုပဲ စမ်းသပ်ခဲ့တာ။ လုမင်ရဲ့ စွမ်းရည်က အားကောင်းပေမယ့် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ လူတိုင်းကို အနိုင်ယူနိုင်မယ်လို့ မဆိုလိုဘူး။ ရီတျန်၊ ပင်ခုန်းနဲ့ အခြားသူတွေကတော့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်း ရှိကြတယ်။ သူတို့က လင်းသခင်လေးကိုတောင် အနိုင်ယူနိုင်မှာ ကြောက်ရတယ်"

"ဟာ၊ မင်းအသံကို တိုးဦး"

လူတချို့က ဆွေးနွေးလိုက်သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကြားသွားမည်စိုး၍ တီးတိုး ပြောဆိုလိုက်ကြသည်။

ကံမကောင်းစွာဖြင့်၊ သူတို့အသံတွေက မကျယ်သည့်တိုင် လင်းသခင်လေးက ကြားနေရဆဲပင်။ ယင်းက သူ့မျက်နှာကို ပို၍ မည်းမှောင်လာစေခဲ့သည်။

ဟင်းလင်းပြင်လမ်းထဲတွင် လုမင်က ဤအဆင့်ကိုကျော်ဖြတ်ရန် ကြိုးစားနေဆဲပင်။ သို့သော်လည်း သူက အင်အားအပြည့်အဝ မထုတ်ဖော်သလို သွေးမျိုးဆက် ပေါင်းစပ်ခြင်းကိုလည်း အသုံးမပြုခဲ့ပေ။ အဆင့်ကိုကျော်ဖြတ်ရန် သူက နဂါးစွမ်းအင်ကိုးခု၊ တာအိုများနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းတို့ကိုသာ အသုံးပြုခဲ့သည်။

"ငါ့ရဲ့ ရေတာအိုက အဆင့်တက်တော့မလို ခံစားရတယ်"

တိုက်ပွဲကြားတွင် လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုကဲ့သို့ တွန့်ချိုးသွားခဲ့သည်။

သူ၏ မိုးကြိုးတာအို၊ မီးတာအိုနှင့် လေတာအိုက နတ်ဘုရားအပျက်အယွင်းမှာပင် စတုတ္ထအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ မြေတာအိုနှင့် ရေတာအိုကတော့ စတုတ္ထအဆင့်၏ ကြီးမားသော အောင်မြင်ခြင်းအဆင့်သာ ရှိနေပါသေးသည်။

ယခုအခါ ပြင်းထန်သော တိုက်ပွဲများ အဆက်မပြတ်ရင်ဆိုင်ပြီးနောက် ရေတာအိုဟာ အဆင့်တက်တော့မည့် အရိပ်အယောင်များ ပြသလာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် လုမင်က လမ်းကိုကျော်ဖြတ် အလျင်မလိုခဲ့ပေ။ သူက ဤလမ်းမှ တိုက်ပွဲများကို အသုံးချကာ ရေတာအိုအား အဆင့်ချိုးဖြတ်ရန် အာရုံစိုက်ခဲ့သည်။

ဤအခွင့်အရေးမျိုးကို သူ လက်လွတ်မခံနိုင်ပေ။ အကယ်၍ လွတ်သွားခဲ့ပါက ဘယ်အချိန်မှ ဖြတ်ကျော်နိုင်မည်မှန်း မသိနိုင်ပါ။

လုမင်၏ လမ်းကို ဖြတ်ကျော်မှုအရှိန်က တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အောင်မြင်သူဦးရေ တဖြည်းဖြည်း များပြားလာပေသည်။

ရီတျန်နှင့် ပင်ခုန်းတို့အပြင် ကျစ်ဝူကျိ၊ ကျန့်ကျန်းနှင့် ရွယ်မင်ယန်တို့လည်း ရောက်လာခဲ့ကြသည်။

ရွယ်မင်ယန်တို့ သုံးယောက်အပြီးတွင် သံကဲ့သို့ အသားအရေမျိုးနှင့် လူငယ်တစ်ဦး ရောက်လာခဲ့သည်။

ထိုလူငယ်က တတိယအဆင့်တိုက်ကြီး၊ နတ်သံမဏိတိုက်ကြီးမှ နံပါတ်တစ် ပါရမီရှင် ထျဲဟုန်ဖြစ်ကြောင်း လူတိုင်း အသိအမှတ်ပြုကြပေသည်။

ခဏကြာသောအခါ လှပသော အမျိုးသမီးတစ်ယောက် ပေါ်လာပြန်သည်။ သူမက ဖျက်မြင်းများထဲမှ တစ်ဦး ဖြစ်ချေသည်။ သူသည် အဆင့်နိမ့်တိုက်ကြီးတစ်ခုမှ မွေးဖွားလာခဲ့ပြီး လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ယခုအခါ သူမက သတ္တမမြောက် အောင်မြင်သောသူ ဖြစ်လာပြီ။

"လုမင်က အခုထိ မပေါ်လာသေးဘူးပဲ၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ထင်သလောက် အားကောင်းပုံမရဘူး"

"ဟုတ်လိမ့်မယ်"

လူတော်တော်များများက ဆွေးနွေးခဲ့ကြသည်။

ဤသို့ဖြင့် လင်းသခင်လေး၏ မျက်နှာကို ပို၍ပင် မှုန်ကုပ်သွားစေတော့သည်။

သူ့နှလုံးသားက ဆန့်ကျင်ဘက် ဖြစ်သည်။

ပုံမှန်ဆိုလျှင်၊ လုမင် အဆင့်မတက်နိုင်တော့ခြင်းက သူ၏ တိုက်ခိုက်နိုင်စွမ်း အားနည်းခြင်းကိုသာ ဆိုလိုသည်။ သို့သော်လည်း တိုက်ခိုက်နိုင်စွမ်းအားနည်းသည့် လုမင်က သူ့ကိုအနိုင်ယူခဲ့ပေရာ... သူက ပို၍အားနည်းသည့်သဘော သက်ရောက်ပေတော့သည်။

ထို့ကြောင့်ပင်၊ ယခုအခါ လုမင်၏တိုက်ခိုက်နိုင်စွမ်းက မကောင်းကြောင်း အခြားသူများပြောသံကြားသောအခါ သူ အလွန် စိတ်မသက်မသာ ခံစားခဲ့ရသည်။

'ဒါတွေအားလုံးက လုမင်ရဲ့ အပြစ်ပဲ'

လင်းသခင်လေး အံကိုကြိတ်လိုက်သည်။

လေထဲတွင် အလင်းစက် ခုနစ်ခု ရှိသည်။ အလင်းစက်တစ်ခုစီတွင် စင်တစ်ခုစီ ရှိ၏။ လူခုနစ်ဦးက စင်တစ်ခုစီတွင် အသီးသီး ရပ်နေကြပေသည်။

စင်တစ်ခုစီတွင် ပူဖောင်းများရှိ၍ ပတ်ဝန်းကျင်မှ အခြားသူများကို မြင်နေခဲ့ရသည်။

"ဝမ်"

ထိုအချိန်တွင် နောက်ထပ်အလင်းတစ်ခု ပေါ်လာခဲ့သည်။ အလင်းစက်အတွင်းမှ စင်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

လုံချန်၊ အဋ္ဌ‌မမြောက် ပေါ်လာသူကတော့ လုံချန်သည်ပင်။

"ဒါက ရှမ်းဟွမ်တိုက်ကြီးရဲ့ လုံချန်ပဲ၊ သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်မှာပဲ ရှိသေးပေမဲ့ စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ခဲ့တာ မယုံနိုင်စရာပဲ"

"အေးကွ၊ ရေခဲနဂါးနဲ့ ကျိဟုန်ချန်တောင်မှ ဝိညာဉ်နတ်ဘုရားနယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံခြင်းအခြေခံ ရှိပါလျက်နဲ့ ဖယ်ရှားခံခဲ့ရတယ်"

လုံချန်၏ တည်ရှိမှုက အံ့အားသင့်စွာဖြင့် ဆွေးနွေးမှုများကို ဖြစ်စေခဲ့သည်။

"ရှေးဦးနဂါးဆင် သွေးမျိုးဆက်... ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲက တစ်ကောင်အနေနဲ့ တကယ်ကို နားမလည်နိုင်ဖြစ်ပြီး ခန့်မှန်းလို့မရဘူး"

နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူများ၏ မျက်လုံးများ တောက်ပလာနေခဲ့သည်။

အခြား အင်အားစုသုံးခုလည်း စူးစမ်းနေခဲ့ကြပေသည်။ ယွမ်လုမှာပင် ထိုကဲ့သို့သော သွေးမျိုးဆက်များကို နိုးထနိုင်သူမှာ အလွန်ရှားပါးသည်။

လုံချန် ဖြတ်ကျော်လာပြီး မကြာမီပင် နောက်ထပ် အလင်းစက်တစ်ခု ပေါ်လာ‌သည်။ ထို့နောက်မှာတော့ လှပသော အမျိုးသမီးတစ်ဦးက အလင်းစက်အတွင်းမှ ပေါ်လာတော့သည်။

ယင်းက ရှဲ့နျန်ချင်း။

လူအများ၏ နှလုံးသားများ ခုန်ပေါက်သွားပြီး လွန်စွာ အံ့သြသွားကြသည်။

ထိုလူက ရှဲ့နျန်ချင်းဖြစ်မည်ဟု မမျှော်လင့်ခဲ့ကြကြောင်း သိသာထင်ရှားလှပေသည်။

လုံချန်ကဲ့သို့ပင် ရှဲ့နျန်ချင်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်တွင် ရှိသည်။ ယွမ်လု၏ အဓိကအင်အားစုကြီးလေးခုမှ ကျွမ်းကျင်သူများပင်လျှင် စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်သည့်အတွက် အံ့အားသင့်ခဲ့ကြပေသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ရှဲ့နျန်ချင်း၏ရုပ်သွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ရှဲ့နျန်ကျွင်း၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နေခဲ့၏။ ယင်းကို သူ လုံးဝ လက်သင့်မခံနိုင်ပေ။

ရှဲ့နျန်ချင်းက စိန်ခေါ်မှုကို ဖြတ်ကျော်သွားနိုင်သည်။ ဆိုလိုသည်မှာ၊ ရှဲ့နျန်ချင်းက သူမနှင့် တိုက်ပွဲတွင် အင်အားများစွာ အသုံးမပြုခဲ့ပေ။ ယင်းက သူမအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။

မနာလိုမှုကြောင့် သူမ၏မျက်နှာက ဖြူဖျော့ကာ အားအင်ကုန်ခမ်းသလို ဖြစ်နေတော့သည်။

ရှဲ့နျန်ချင်းနှင့် လုံချန်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က ပတ်ပတ်လည်ကို ကြည့်လိုက်ကြ၏။ လုမင်ကို မတွေ့ရသောကြောင့် သူတို့ အံ့သြသွားကြသည်။

သူတို့အမြင်တွင် လုမင်က စိန်ခေါ်မှုကို ဟိုးအရင်ကတည်းက ကျော်ဖြတ်ခဲ့သင့်သည်။

"သူအောင်မြင်မှာ သေချာပါတယ်။ တစ်ခုခုကြောင့် နောက်ကျနေခဲ့တာ ဖြစ်မယ်"

ရှဲ့နျန်ချင်းက ရေရွတ်လိုက်သည်။ လုမင်အပေါ်တွင် သူမ ယုံကြည်မှုအပြည့်ရှိပေသည်။

အားလုံးက တိတ်တဆိတ် စောင့်နေခဲ့ကြသည်။

မကြာမီ လူ ဆယ့်ငါးဦးကို ဖယ်ရှားပြီးသွားပြီ။

မူလက လူနှစ်ဆယ့်ငါးဦးရှိသော်လည်း ယခုအခါ ဆယ့်ငါးဦးကို ဖယ်ရှားပြီးသွားပြီ ဖြစ်သည်။ သို့သော်လည်း လူကိုးဦးသာ စိန်ခေါ်မှုကို ကျော်ဖြတ်ခဲ့ပြီး တစ်ဦးက ကြိုးစားနေဆဲပင်။ ထိုလူကတော့ အမှန်တကယ် လုမင် ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ။ လုမင် ထွက်မလာသေးဘူး။ သူက ဖယ်ထုတ်မခံရသေးသလို နောက်အဆင့်ကိုလည်း မဖြတ်ကျော်သေးဘူး"

"တကယ်ထူးဆန်းတာပဲ"

"ဒါက ဘာထူးဆန်းလို့လဲ၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက မလုံလောက်ဘူးလို့ပဲ ငါထင်တယ်။ သူက အရှုံးမပေးဘဲ ရုန်းကန်နေလို့သာ ဒီလောက် အချိန်ကြာနေတာ ဖြစ်မှာ။ ဟမ့်... သူက အမှိုက်ပဲ"

မထီမဲ့မြင်ပြုပြီး လှောင်ပြောင်နေသူများ ရှိလာခဲ့သည်။ အားလုံးက ကြည့်လိုက်သောအခါ မြောက်ပိုင်းနတ်နန်းတော်၏ ပါရမီရှင် ရေခဲနဂါးဖြစ်မှန်း သိလိုက်ရလေသည်။

ထို့အတူ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လင်းသခင်လေး၏ မျက်နှာက မည်းမှောင်သွားပြန်သည်။ စိတ်ဓာတ်ကျလွန်း၍ သွေးအန်ချင်စိတ်ပင် ဖြစ်နေတော့သည်။

လုမင်က သူ့ကို အနိုင်ယူခဲ့သည်မှာ ငြင်းမရသော အချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် တခြားသူများက လုမင်ကို နှိမ့်ချနေခြင်းမှာ သူ့ကို နှိမ့်ချခြင်းနှင့် အတူတူပင် ဖြစ်၏။ သူတို့က လုမင်ကို အမှိုက်ဟု ပြောသည်။ သို့ဆိုလျှင် သူက အမှိုက်ထက်ပင် ပိုဆိုးသည်ဟု မဆိုလိုဘူးလား။

လဲလျောင်းနေချိန်မှာပင် တိုက်ခိုက်ခံနေရတော့ သူ ဘယ်လိုမှ စိတ်ဓာတ်မကျဘဲ မနေနိုင်တော့ပေ။ သို့သော်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး သူ ဘာမျှမလုပ်နိုင်ပြန်ပါ။

လုမင်အတွက် ရပ်တည်ပြီး လုမင်ကို အထင်မြင်သေးသူများအား တိုက်ခိုက်ရမှာလား။

သို့ဆိုလျှင် သူ ပို၍ စိတ်ဓာတ်ကျလာရမည် မဟုတ်ပါလား။

All Chapters