← Chapters

အခန်း ၁၂၆၂

Vol. 85 Ch. 1262

အခန်း ၁၂၆၂

Vol. 85 Ch. 1262

အပိုင်း ( 1262 ) လုမင် နှင့် ရှဲ့နျန်ချင်း။

ထျဲဟုန်က နတ်သံမဏိနှင့် ပြုလုပ်ထားသည့် စစ်လက်နက်ကဲ့သို့ ဖြစ်သည်။ သူ၏ တိုက်စစ်နှင့် ခံစစ်က အထွတ်အထိပ်တွင် ရှိ၏။ သူက ကုချင်းသံစဉ်များကို ဖြတ်ကျော်ကာ ရီတျန်ဆီသို့ ဆက်လက်တိုးဝင်သွားတော့သည်။

"ဖီးနစ် ငိုကြွေးခြင်း"

ထိုအခိုက်တွင်၊ ရီတျန်ဆီမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကုချင်းသံစဉ်က ရုတ်တရက် ပြောင်းလဲသွား၏။ ဖီးနစ်တစ်ကောင်က ကောင်းကင်တွင် ပျံတက်နေသလို၊ ဖီးနစ်အော်မြည်သံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်နေတော့သည်။

ရီတျန်၏ ကုချင်းသံစဉ်မှ ဖီးနစ်တစ်ကောင် ပျံထွက်လာတာကို လူတိုင်း တွေ့လိုက်ရသည်။

ဖီးနစ်မီးတောက်များထဲတွင် ရေချိုးနေသည့် ဖီးနစ်မီးတောက်တစ်ကောင်က အတောင်ပံများကိုခတ်ကာ ထျဲဟုန်ဆီသို့ ပျံသန်းသွားခဲ့သည်။

"ဒုန်း ဒုန်း"

ထျဲဟုန်က ဖီးနစ်ကို ဖယ်ရှားရန် လက်သီးချက်များ အဆက်မပြတ်ထုတ်ဖော်လိုက်သည်။ သို့သော်... နောက်ဆုံးတွင် ဖီးနစ်ကို အနိုင်မယူနိုင်ဘဲ အနောက်ကိုပင် ဆုတ်သွားခဲ့ရ၏။ အနောက်ဘက်သို့ မီတာတစ်ရာခန့် ဆုတ်သွားရသလို သူ့လက်သီးများကလည်း လောင်ကျွမ်းပြီး နီရဲနေတော့သည်။

"ဂီး"

မီးတောက်မီးလျှံများ ဖြာထွက်နေသော ဖီးနစ်က အော်မြည်ရင်း ထျဲဟုန်ဆီသို့ ထပ်မံ ပျံသန်းလာခဲ့သည်။

"ချိုးဖြတ်လော့"

ထျဲဟုန် အော်ဟစ်လိုက်၏။ သူ၏ ယွမ်ချီစွမ်းအင်များ ဆူပွက်လာပြီး သူ့ဦးခေါင်းထက်တွင် သံမဏိလူသားတစ်ယောက် ပေါ်လာခဲ့၏။

သံမဏိလူသားကို ရှေးခေတ်က လူသားဧကရာဇ်တစ်ပါး ဖန်ဆင်းခဲ့သည်ဟု ဆိုကြသည်။ ထျဲဟုန်၏ သွေးမျိုးဆက်ကတော့ ဤသံမဏိလူသား ဖြစ်ချေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာတော့ နေ အသေးစား ကိုးစင်းကဲ့သို့ အလင်းစက်ကိုးခုက တောက်ပစွာ ထွန်းလင်းနေခဲ့သည်။

သံမဏိလူသားအသွင် ပြောင်းလဲပြီးနောက် ရီတျန်၏အင်အားက ပို၍ အားကောင်းလာခဲ့သည်။ သူက မီးလျှံဖီးနစ်ကို လက်သီးနှင့် အဆက်မပြတ် ထိုးကြိတ်လိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ပေါက်ကွဲသံများ ဒါဇင်ချီကာ ထွက်ပေါ်လာသော်လည်း မီးလျှံဖီးနစ်နှင့် ထျဲဟုန်က သာတူညီမျှ ဖြစ်နေသည်။ သူတို့နှစ်ဦးတွင် အနိုင်အရှုံးက ပြောရန်မလွယ်ပေ။

သို့သော်လည်း ထိုအခိုက်တွင် နောက်ထပ် ဖီးနစ်အော်မြည်သံကို ကြားလိုက်ရသည်။ မိုးပြာရောင် ဖီးနစ်တစ်ကောင် ပျံသန်းထွက်လာခဲ့၏။

ဤမိုးပြာရောင်ဖီးနစ်က လေစွမ်းအားကို ပိုင်ဆိုင်ထားသည်။

မိုးပြာရောင်ဖီးနစ်က မီးလျှံဖီးနစ်နှင့် ပူးပေါင်းလိုက်သည်။ လေက မီးကို ထောက်ပံ့လိုက်သောအခါ ပို၍ အားကောင်းလာခဲ့၏။ ကောင်းကင်ကို ဖုံးလွှမ်းလာသော မီးတောက်မီးလျှံများက ထျဲဟုန်ဆီသို့ ပျံ့နှံ့သွားတော့သည်။

ထျဲဟုန် အံ့ဩသွားခဲ့သည်။ သူက အစွမ်းကုန် တားဆီးရန် ကြိုးစားသော်လည်း ဖီးနစ်နှစ်ကောင်နှင့် မယှဉ်နိုင်တော့ပေ။ သူ အထပ်ထပ် ဆုတ်သွားခဲ့ရသည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်ပါလိမ့်။ ရီတျန်ရဲ့ ခွန်အားက နားမလည်နိုင်အောင်ပဲ"

"ဟုတ်တယ်၊ ထျဲဟုန်ရဲ့ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဋ္ဌမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ သူက လင်းသခင်‌လေးထက်တောင် နည်းနည်းသာလွန်ပေမယ့် ရီတျန်နဲ့ မယှဉ်နိုင်သေးဘူး။ သူက အစွမ်းထက်လွန်းတယ်"

"ဒါတောင် သူ့ရဲ့ သွေးမျိုးဆက်ကို မသုံးရသေးဘူးနော်။ သူ့နောက်ကျောက ကုချင်းကိုလည်း မသုံးရသေးဘူး"

ကြည့်ရှုသူများလည်း တိုက်ပွဲကိုကြည့်ရင်း အံ့အားသင့်မှု၊ တုန်လှုပ်မှုတို့ ပေါ်လာခဲ့ကြသည်။

သူတို့က မျိုးဆက်သစ် လူငယ်များသာ ဖြစ်သေးသည်။ ထိုသို့သော ခွန်အားမျိုးဖြင့် အဓိပဓိကိုပင် သေချာပေါက် တိုက်ခိုက်နိုင်ကြမည် ဖြစ်သည်။

တကယ်ကို လူငယ် ပါရမီရှင်ဟု ခေါ်ရလိမ့်မည်။

နောက်ထပ် တိုက်ကွက် အနည်းငယ် ဖလှယ်ပြီးနောက်၊ နောက်ဆုံးတွင် ထျဲဟုန် မယှဉ်နိုင်တော့ဘဲ လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။ နောက်ဆုံးမှာတော့ အရှုံးပေးရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

အရှုံးပေးလိုက်သည်နှင့် ထျဲဟုန်မှာ တယ်လီပို့ခံလိုက်ရသည်။ ထို့နောက် တိုက်ပွဲစင်မြင့်ရှေ့တွင် ကျောက်လှေကားတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။ ကျောက်လှေကား၏ အောက်မှာတော့ လျှောက်လမ်းတစ်ခု ရှိပေသည်။ ရီတျန်ကို ထိုလျှောက်လမ်းသို့ ပို့ဆောင်ပေးခဲ့သည်။

ရီတျန်က ကြိုးစားကြည့်သော်လည်း လှေကားပေါ်သို့ မတက်နိုင်ပေ။ ထို့ကြောင့် သူဟာ လှေကားအောက်ရှိ လျှောက်လမ်းပေါ်မှာရပ်ပြီး လာမည့်တိုက်ပွဲကို စောင့်ကြည့်နေလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်... နောက်ထပ် လူရိပ်နှစ်ခုက တိုက်ပွဲစင်မြင့်အလယ်သို့ ပျံသန်းသွားခဲ့သည်။ ဤတစ်ကြိမ်မှာတော့ တစ်ယောက်က လှပသော မိန်းကလေးဖြစ်ပြီး ကျန်တစ်ယောက်က ပင်ခုန်းသည်ပင်။

ထိုမိန်းမလှလေး၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်ကြောက်စရာကောင်းသည်။ သူမက ထျဲဟုန်ထက် အားမနည်းခဲ့ပေ။ ကံမကောင်းစွာဖြင့် ပင်ခုန်းက ပို၍ အားကောင်းခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းခြင်းဖြင့် အရာအားလုံးကို အေးခဲသွားစေနိုင်စွမ်းရှိ၏။ သူက သူ၏တာအိုသိုင်းပညာကို နက်ရှိုင်းသည့် အဆင့်အထိ လေ့ကျင့်ထားခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးတွင်၊ မိန်းမလှလေး ရှုံးနိမ့်သွားရန် အချိန်သိပ်မကြာလိုက်ပေ။

မိန်းမလှလေး ဖယ်ထုတ်ခံရပြီးနောက် ရီတျန်ကဲ့သို့ပင် လှေကားအောက်ရှိ လျှောက်လမ်းပေါ်တွင် ပင်ခုန်း ပေါ်လာခဲ့သည်။

ထို့နောက် နောက်ထပ် ပုံရိပ်နှစ်ခုက တိုက်ပွဲစင်မြင့်ဆီသို့ ပျံသန်းသွားခဲ့သည်။

"လုံချန်"

လုမင် ရေရွတ်လိုက်၏။ ဤတစ်ပွဲတွင် တယောက်က လုံချန်ဖြစ်ပြီး ကျန်တယောက်ကတော့ ကျန့်ကျန်း ဖြစ်နေသည်။

ဤတိုက်ပွဲက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

ယင်းမှာ ကျန့်ကျန်းကြောင့်မဟုတ်ဘဲ လုံချန်ကြောင့် ဖြစ်၏။

ကျန့်ကျန်း၏ ကျင့်ကြံခြင်းက နက်နဲပြီး တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်အားကောင်းသည်။ သူ၏ ဓားအလင်းက အံဖွယ်ဖြစ်ပြီး ဓားတာအိုက အစွမ်းထက်လှပေသည်။ ယင်းကို‌ လူတိုင်းက ကြိုတင်မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း လုံချန်ကတော့ လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားပေသည်။

လုံချန်၏ ကျင့်ကြံခြင်းအခြေခံက သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်တွင်သာ ရှိသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်း၍ ယွမ်လုမှ ကျွမ်းကျင်သူများပင် အံသြသွားကြရသည်။

လုံချန်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ရှေးဦးနဂါးဆင်အသွင် ပြောင်းလဲခဲ့သည်။ သူက သွေးမျိုးဆက်သိုင်းပညာကို အဓိကထားကာ ‌တာအိုသိုင်းပညာနှင့် ထောက်ပံ့ခြင်းဖြင့် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ထုတ်ပြခဲ့၏။ တကယ့် ရှေးဦးနဂါးဆင်ကြီး ထွက်ပေါ်လာသလို လွန်စွာ ကြီးစိုးခဲ့ပေသည်။

ထိပ်တန်းစစ်သားရဲ‌ဆယ်ကောင်တွင် ရှေးဦးနဂါးဆင်က ၎င်း၏ တိုက်ခိုက်နိုင်စွမ်းကြောင့် ကျော်ကြားခဲ့သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက တုနှိုင်းမရဘဲ အလွန်တရာ ကြောက်စရာကောင်း၏။

နတ်ဘုရားအပျက်အယွင်းတွင် လုံချန်က များစွာရရှိခဲ့ပြီး သူ၏တိုက်ခိုက်နိုင်စွမ်းများ တိုးတက်လာလဲ့ကြောင်း ထင်ရှားသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ကျန့်ကျန်းထက် အတော် နိမ့်ကျသော်လည်း တိုက်ကွက်ငါးဆယ်ကျော် ရင်ဆိုင်ပြီးမှ ရှုံးနိမ့်ခဲ့ရသည်။

ဤအရာက ကျန့်ကျန်း၏မျက်နှာကို အလွန်အမင်း မည်းမှောင်သွားစေခဲ့ပေသည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းနှင့်ပင် သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်မှ လုံချန်ကို အနိုင်ယူရန် တိုက်ကွက်ငါးဆယ်ကျော် ကြာခဲ့သည်။ ယင်းက သူ့ကို အရှက်ရစေသည်။

"ရှမ်းဟွမ်တိုက်ကြီးက တကယ်ကို အံ့ဩစရာပဲ"

လူတော်တော်များများက ထပ်မံအော်ဟစ်လိုက်လေသည်။

ရှမ်းဟွမ်တိုက်ကြီးမှ လူသုံးဦးက ထိပ်တန်းဆယ်ဦး စာရင်းဝင်ခဲ့သည်။ ထို့အပြင် လုံချန်၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းလှပေသည်။

"ငါ့ရဲ့ နဂါးနတ်ဘုရားတောင်ကြားက ဒီကောင်လေးကို လိုချင်တယ်။ သူက ငါ့ရဲ့ နဂါးနတ်ဘုရားတောင်ကြားနဲ့ လိုက်ဖက်တယ်"

နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူတစ်ဦးက ပူလောင်သောအကြည့်ဖြင့် ပြောလိုက်သည်။

"ဟားဟားဟား၊ ရှေးဦးနဂါးဆင်မှာ 'နဂါး'ဆိုတဲ့ စကားလုံးပါပေမဲ့ အစစ်အမှန်နဂါးနဲ့ မဆိုင်ပါဘူး။ ကိုယ့်ကိုကိုယ် သိပ်ပြီး အထင်ကြီးမနေနဲ့၊ သူက ငါ့ရဲ့ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှာ ပါဝင်ဖို့ပဲ သင့်တော်မယ်လို့ ထင်တယ်"

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦးက လှောင်ပြောင်လိုက်၏။

"ဒီအဘိုးကြီးရဲ့ အမြင်အရတော့ သူက ငါ့ရဲ့ကောင်းကင်နတ်ဘုရားဂိုဏ်းကိုဝင်ဖို့ အသင့်တော်ဆုံးပဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးကလည်း ပြောလိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းကသာ ဘာမှ မပြောခဲ့ပါ။ နောက်ဆုံးတွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းက နတ်ဆိုးတာအိုကို လေ့ကျင့်သည်။ လူရွေးမှားလျှင်၊ မည်မျှ အရည်အချင်းရှိနေပါစေ အသုံးမဝင်ပေ။

ခြောက်ပွဲဆက်တိုက် ပြီးမြောက်ပြီးနောက် လူလေးဦးသာ ကျန်ရှိသည်။

လုမင်၊ ရှဲ့နျန်ချင်း၊ ကျစ်ဝူကျိနှင့် ရွယ်မင်ယန်။

"ဝှစ် ဝှစ်"

လူနှစ်ယောက်က တိုက်ပွဲစင်မြင့်ဆီသို့ ပျံသန်းသွားကြသည်။

ထိုလူနှစ်ယောက်က ကျစ်ဝူကျိနှင့် ရွယ်မင်ယန် ဖြစ်နေတာကိုမြင်တော့ လုမင် အနည်းငယ် အံ့ဩသွား၏။

သို့ဖြစ်လျှင် သူနှင့် ရှဲ့နျန်ချင်းသာ ကျန်လိမ့်မည်။

နောက်ဆုံးတွင် ရှဲ့နျန်ချင်းနှင့် တိုက်ခိုက်ရတော့မည်လော။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်မိကြသည်။

ရှဲ့နျန်ချင်းက ဖြူဖွေးသော သွားပေါ်အောင် အံကြိတ်ပြီး လက်သီးဆုပ်သေးသေးလေးကို ထောင်ပြလိုက်၏။ လုမင်ကတော့ မချိပြုံးဖြင့် ပြုံးပြလိုက်တော့သည်။

ကျစ်ဝူကျိနှင့် ရွယ်မင်ယန်တို့ကြားမှ တိုက်ပွဲမှာ အခုအချိန်အထိ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်ခဲ့သည်။

ကျစ်ဝူကျိက တောင်ပိုင်းနတ်နန်းတော်၏ အသန်မာဆုံး ပါရမီရှင်ဖြစ်သည်။ ရွယ်မင်ယန်ကတော့ တိုက်အဖွဲ့အစည်းတွင် ဒုတိယအဆင့်ရှိသော သွေးနင်မင်းတိုက်ကြီးမှ အသန်မာဆုံး ပါရမီရှင် ဖြစ်၏။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အတူတူနီးပါးဖြစ်ကာ တိုက်ပွဲ အလွန်ပြင်းထန်ခဲ့သည်။

နှစ်ယောက်သား တိုက်ကွက်ပေါင်း ငါးရာကျော် ဖလှယ်ခဲ့ကြသည်။ နောက်ဆုံးမှာတော့ ကျစ်ဝူကျိက ခက်ခက်ခဲခဲ အနိုင်ရခဲ့ပေသည်။

ဤတိုက်ပွဲက ကျစ်ဝူကျိနှင့် ရွယ်မင်ယန်တို့ မည်မျှအားကောင်းသည်ကို လူတိုင်း သိမြင်လာစေခဲ့သည်။

အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်။

ကျစ်ဝူကျိနှင့် ရွယ်မင်ယန်၏ ကျင့်ကြံ‌ခြင်းအခြေခံက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်တွင် ဖြစ်ကြသည်။

မျိုးဆက်သစ်အနေဖြင့် ထိုသို့သော ကျင့်ကြံခြင်းအခြေခံ ရှိကြသည်မှာ အံ့သြစရာပင်။

ကျန့်ကျန်း၊ ရီတျန်နှင့် ပင်ခုန်းတို့ကလည်း ကျစ်ဝူကျိကဲ့သို့ပင် ကျော်ကြားသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုးသို့ ရောက်နေခဲ့ကြပြီ။

ယင်းကြောင့် ယွမ်လု၏ အဓိက အင်အားစုလေးခုမှ လူငယ်များသည်ပင် အနည်းငယ် လေးနက်သော အမူအရာများ ဖြစ်လာခဲ့ရသည်။ ရှန်းရွှီတိုက်အဖွဲ့အစည်းမှ ပါရမီရှင်လူငယ်များက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေကြောင်း သိသာထင်ရှားလှပေသည်။

တိုက်ပွဲပြီးသောအခါ ရွယ်မင်ယန်ကို ဖယ်ထုတ်လိုက်ပြီး ကျစ်ဝူကျိက ယခင်အနိုင်ရသူများကဲ့သို့ လှေကားအောက်ရှိ လျှောက်လမ်းပေါ်တွင် ပေါ်လာခဲ့သည်။

အဆုံးတွင် လုမင်နှင့် ရှဲ့နျန်ချင်းက အလယ်ဗဟိုရှိ တိုက်ပွဲစင်မြင့်ဆီသို့ ပျံသန်းသွားကြသည်။ ထို့နောက်မှာတော့ တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်တွင် ဆင်းသက်လိုက်တော့သည်။

All Chapters