← Chapters

အခန်း ၁၂၆၄

Vol. 85 Ch. 1264

အခန်း ၁၂၆၄

Vol. 85 Ch. 1264

အပိုင်း ( 1264 ) လုမင်ကိုတိုက်ခိုက်ရန် ပူးပေါင်းကြခြင်း။

ပင်ခုန်းမှာ လုမင်၏ တိုက်ခိုက်မှုများကြောင့် အတော်ပင် စိတ်မကြည်မသာ ဖြစ်သွားသည်။ သူသည် သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး လုမင်ကိုတိုက်ခိုက်ရန် စီစဉ်လိုက်၏။

သို့သော်လည်း လုမင်က ယခုအချိန်တွင် သူ့ကို အာရုံစိုက်ရန် ပျင်းရိလွန်းလှသည်။ သူက နောက်ပြန်လှည့်ပြီး လှေကားပေါ်ကို လှမ်းတက်လိုက်သည်။

ထိုအချိန်တွင် ရီတျန်၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိတို့က လှေကားပေါ်သို့တက်ရန် ကြိုးစားနေကြပြီ။

"ကျစ်ဝူကျိ၊ ဒီမှာပဲနေစမ်း"

ကျန့်ကျန်း၏လက်ထဲတွင် ဓားတစ်လက်ပေါ်လာပြီး ကျစ်ဝူကျိဆီသို့ ခုတ်ပိုင်းချလိုက်၏။

ကျစ်ဝူကျိ၏ ခန္ဓာကိုယ်က ခရမ်းရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။ သူက လှံတစ်လက်ကိုသိပ်သည်းကာ ကျန့်ကျန်း၏တိုက်ခိုက်မှုကို ချေဖျက်လိုက်သည်။

တစ်ဖက်တွင် ရီတျန်က လှေကားပေါ်သို့ လှမ်းတက်သွားခဲ့သည်။ လုမင်လည်း သူ့နောက်မှ အလျင်အမြန် လိုက်သွားသည်။

"လုမင်၊ ဒီမှာပဲနေစမ်း"

ပင်ခုန်းက ဟိန်းဟောက်ပြီး ရေခဲမြစ်အသွင်ပြောင်းကာ လုမင်အား တိုက်ခိုက်လိုက်၏။ ရေခဲမြစ်မှ ရေခဲမြှားများက လုမင်ဆီသို့ ပစ်လွှတ်လာတော့သည်။

"သေချင်နေတာပဲ"

လုမင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူဟာ ပင်ခုန်းကို လွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း ၎င်းက အမှန်တကယ် သေချင်နေပုံရသည်။

လုမင်၏ ဦးခေါင်းထက်တွင် နဝမနဂါး ပေါ်လာခဲ့သည်။ လုမင်က နဝမနဂါးအသွင်ပြောင်းပြီး ရေခဲမြစ်ကို ကုပ်ခြစ်တိုက်ခိုက်လိုက်၏။ နဂါးလက်သည်းမှ ကြောက်မက်ဖွယ်စွမ်းအားက ရေခဲမြစ်နှင့် အဆက်မပြတ် တိုက်မိကာ ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

ရေခဲမြစ်က ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်နေသော်လည်း နဂါးလက်သည်းများကြောင့် ပျက်စီးသွားရသည်။ နဂါးလက်သည်းက ရေခဲမြစ်ကို အဆက်မပြတ် တိုက်ခိုက်ပေရာ တဆတ်ဆတ် တုန်ခါလာစေခဲ့ပေသည်။

"ချီးပဲ"

ရေခဲမြစ်ထဲမှ ပင်ခုန်း၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။ သူ၏ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို သုံးထားသော်လည်း လုမင်၏ပြိုင်ဘက် မဖြစ်နိုင်သေးပေ။

"ကျန့်ကျန်း၊ ကျစ်ဝူကျိနဲ့ ရီတျန်... ဒီကောင်ကို အရင်ဖယ်ရှားလိုက်ရအောင်။ မဟုတ်ရင် သူ့ကြောင့် ငါတို့ထဲမှာ ဘယ်သူမှ ပထမနေရာကို ရယူနိုင်မှာ မဟုတ်ဘူး"

ပင်ခုန်းက အော်ဟစ်လိုက်သည်။

ယင်းကြောင့် ကျန့်ကျန်းနှင့် ကျစ်ဝူကျိ၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။

အမှန်ပင်၊ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ လုမင်က အလွန်အားကောင်းပြီး ပင်ခုန်းကိုပင် အလွယ်တကူ ဖိနှိပ်ထား၏။ အကယ်၍ တစ်ဦးချင်းတိုက်ပွဲဖြစ်လျှင် သူတို့က လုမင်၏ပြိုင်ဘက်မဟုတ်မှန်း အားလုံးသိကြသည်။

လုမင်ကို ခွန်အားအပြည့်ဖြင့် တက်ခွင့်ပြုပါက ပထမနေရာအား သူတို့ ရယူနိုင်လိမ့်မည် မဟုတ်ပေ။

လုမင်ကို ဦးစွာဖယ်ရှားလိုက်လျှင်တော့ ပထမနေရာက သူတို့လေးယောက်ထဲမှ တစ်ယောက်အတွက် ဖြစ်လာပြီ ဖြစ်သည်။

"ချွမ်"

ကျန့်ကျန်းက ရုတ်တရက်လှည့်ပြီး လုမင်ကို ထိုးခုတ်လိုက်သည်။

ကျစ်ဝူကျိကလည်း လှံကိုရွယ်ပြီး လုမင်ဆီကို ပြေးလာခဲ့၏။

လုမင်ကိုတိုက်ခိုက်ရန် သူတို့က အမှန်တကယ် ပူးပေါင်းခဲ့ကြပြီ ဖြစ်သည်။

"လူပိုများလာလို့ ရလဒ်ပြောင်းမယ် ထင်နေတာလား။ ဒါဆိုရင် ကြည့်ရသေးတာပေါ့"

လုမင်၏သွေးများက ဆူပွက်လာခဲ့သည်။

မျိုးဆက်တူများကြားမှ တိုက်ပွဲတွင် သူ့ခွန်အားကို အပြည့်အ၀အသုံးပြုခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

"ဂါး"

နဝမနဂါးက ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအင်က ပင်ခုန်း၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိကို လွှမ်းခြုံသွား၏။ တစ်ချိန်တည်းမှာပင်၊ နဝမနဂါးက အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် ထုတ်ဖော်တိုက်ခိုက်လိုက်၏။

လှေကားခြေရင်းတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

သူတို့လေးယောက်က ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်လိုက်ကြသည်။

ကျန့်ကျန်းနှင့် ကျစ်ဝူကျိကလည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး အသန်မာဆုံး စွမ်းအားများကို ပေါက်ကွဲလိုက်၏။

ခဏလောက်တော့ သူတို့လေးယောက်ဟာ အသာစီးမရှိဘဲ ညီမျှနေခဲ့သည်။

လုမင်ကလည်း နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခု အပါအဝင် နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။ ဤလျှို့ဝှက်နည်းလမ်းက အလွန်အစွမ်းထက်သောကြောင့် ကျန့်ကျန်းနှင့် အခြားသူများကို တုန်လှုပ်သွားစေခဲ့၏။ နတ်ဘုရားတံခါး ပေါ်လာသည်နှင့် ရှောင်တိမ်းရန် အလျင်စလို ကြိုးစားကြတော့သည်။

ရီတျန်က ဆက်မတက်တော့ဘဲ နေရာတွင်ရပ်လိုက်သည်။ ထို့နောက် အောက်ဘပ်မှတိုက်ပွဲကို ပြန်ငုံ့ကြည့်လိုက်၏။

ပါရမီရှင်တိုင်းက မာနကိုယ်စီ ရှိကြသည်။ ဤအချိန်ကို အခွင့်ကောင်းယူကာ လှေကားထိပ်သို့ သူတတ်နိုင်သော်လည်း ထိုသို့ပြုလုပ်ပါက အဓိပ္ပါယ်မရှိပေ။

သူအနိုင်ရခဲ့လျှင်ပင် ယွမ်လုမှ အင်အားစုကြီးများ၏ ကျွမ်းကျင်သူများ အမြင်တွင် အဓိပ္ပာယ်မဲ့နိုင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ လုမင်တို့လေးယောက်က တိုက်ကွက်ငါးဆယ်ကျော် ဖလှယ်ခဲ့ကြသည်။

ယင်းကြောင့် ပတ်ဝန်းကျင်မှ ကြည့်ရှုသူများအးလုံး အံ့သြတုန်လှုပ်သွားလေသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းလှသည်။ သူ့ခွန်အားက အကန့်အသတ်မဲ့ပုံရ၏။ သူ့ပြိုင်ဘက်က အားကောင်းလေလေ၊ သူက ပိုဿ သန်မာလေလေပင်။

ထို့ပြင် သူ၏ကျင့်ကြံခြင်းအခြေခံက အားလုံးထွင် အနိမ့်ဆုံး ဖြစ်သည်။ သို့တိုင် ပိုအဆင့်မြင့်သော ပါရမီရှင်များကို တစ်ယောက်တည်း တွန်းလှ‌န်နေခြင်းက အံ့ဩစရာကောင်းလွန်း၏။ ရှေးခေတ်ကတည်းက လူတော်တော်များများ ဤသို့မလုပ်ဖူးပေ။

"ဟားဟားဟား၊ နဝမနဂါး သွေးမျိုးဆက်က တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒီကောင်လေးကို ငါ့ရဲ့ နဂါးနတ်ဘုရားတောင်ကြားက ပိုင်တယ်"

နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူများက ရယ်မောလိုက်ကြသည်။

"ဟားဟားဟား၊ နဝမနဂါးသွေးမျိုးဆက်ကို နိုးထစေရုံနဲ့ မင်းတို့ နဂါးနတ်ဘုရားတောင်ကြားထဲကို ဝင်စရာ မလိုပါဘူးလေ။ တခြားအင်အားစုတွေနဲ့ ပူးပေါင်းရင်တောင် မြန်မြန်တိုးတက်နိုင်သေးတယ်"

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူကလည်း ရယ်မောကာ ပြော၏။

"ဟုတ်တယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူပင်လျှင် ဝင်ပြောခဲ့သည်။ ကောင်းကင်ဘုံနတ်ဆိုးဂိုဏ်း၏ ကျွမ်းကျင်သူများသည်ပင် ထိုအရည်အချင်းမျိုးကြောင့် သွေးဆောင်ခံခဲ့ရပေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးသာ တိတ်ဆိတ်နေခဲ့သည်။

အကြောင်းမှာ၊ နဂါးနတ်ဘုရားတောင်ကြားနှင့် အခြားဂိုဏ်းများ မရောက်မီက လုမင်၏ စမ်းသပ်မှုဖြေဆိုခွင့် ဝင်ခွင့်ကို ပယ်ဖျက်မည်ဟု ကိုယ်တိုင်ကိုယ်ကျ ပြောထားခဲ့သောကြောင့် ဖြစ်သည်။ ယခုမူ လုမင်၏ စွမ်းဆောင်မှုက အံ့ဖွယ်ကောင်းလွန်း၍ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။ လုမင်အတွက် တိုက်ပွဲဝင်သည်အထိ သူ အရှက်မမဲ့နိုင်ပေ။

"မင်းတို့တွေ လာနောက်နေတာလား။ ငါ့ နဂါးနတ်ဘုရားတောင်ကြားမှာ လူအများစုက နဂါးသွေးမျိုးဆက်ကို နိုးထခဲ့ကြတယ်။ အားအနည်းဆုံးတောင်မှ ရေနဂါးသွေးမျိုးဆက်ပဲ၊ သူတို့အားလုံးက နဂါးတွေနဲ့ ဆက်စပ်နေကြတာ။ သူတို့တွေ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်တဲ့အခါ နဂါးခန္ဓာကို လေ့ကျင့်တာများတယ်။ ဒီအတွက် လုမင်အတွက် နဂါးနတ်ဘုရားတောင်ကြားကိုဝင်တာက အသင့်တော်ဆုံးလူပဲ။ မင်းတို့ တကယ်ရယ်စရာကောင်းတာပဲ"

နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။

အခြားသူများလည်း ဘာမျှ မပြောတော့ပေ။ အခုချိန်တွင် စကားရည်လုခြင်းက အဓိပ္ပာယ်မရှိပါ။ လုမင်၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရုံ ဖြစ်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှာတော့ လင်းသခင်လေး၏ မျက်နှာက ညိုမှိုင်းနေတော့သည်။

ယခုအချိန်တွင် စိတ်မချမ်းသာဆုံးက သူ ဖြစ်သည်။

လှေကားအောက်မှာတော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။

နဝမနဂါးက ဟိန်းဟောက်လိုက်သည်။ နဂါးခြေသည်းများက အဆက်မပြတ် ကျရောက်နေသလို နဂါးအမြီးကလည်း ရိုက်ထုတ်နေခဲ့၏။ သူ့ခန္ဓာ၏ တစ်လက်မစီတိုင်းက အသန်မာဆုံးစွမ်းအားကို ထုတ်ဖော်နိုင်သော လက်နက်တစ်ခုသဖွယ် ဖြစ်ခဲ့သည်။

တိုက်ပွဲအချိန်ကြာလာသည်နှင့် ပင်ခုန်း၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိတို့မှာ ပို၍ ထိတ်လန့်လာမိသည်။ အကြောင်းမှာ သူတို့က တဖြည်းဖြည်း အားနည်းလာကြသောကြောင့်ပင်။

ကမ္ဘာပေါ်တွင် ဤမျှ အစွမ်းထက်သည့် ပါရမီရှင်မျိုး ရှိလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူးပေ။ သူတို့သုံးယောက်က အတူတူ တိုက်ခိုက်သည့်အတိုင် အားနည်းနေရဆဲ ဖြစ်သည်။

စမ်းသပ်မှု အကဲဖြတ်ခြင်းမပြုမီက လုမင်ကို အလေးအနက် မထားခဲ့ကြပေ။

လုမင်က လင်းသခင်လေးကို အနိုင်ယူခဲ့သော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းဖြင့် လင်းသခင်လေးကို အနိုင်ယူရန်မှာ သိပ်ခက်ခဲမည် မဟုတ်ချေ။

သူတို့အမြင်တွင်၊ သူတို့၏ တစ်ဦးတည်းသော ပြိုင်ဘက်များက နတ်နန်းတော်လေးခု၏ အသန်မာဆုံး ပါရမီရှင်များ ဖြစ်သည်။

ပင်ခုန်း၊ ရီတျန်၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိတို့က သူတို့၏ တစ်ဦးတည်းသောပြိုင်ဘက်များ ဖြစ်ချေသည်။

ဘယ်ကမှန်းမသိသော လူငယ်လေးလုမင်ကိုတော့ ဤမျှ အစွမ်းထက်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။

"တွမ်... တွမ်၊ ဂီး..."

ထိုအခိုက်တွင် ကုချင်းသံစဉ် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖီးနစ်အော်မြည်သံ ထွက်ပေါ်လာခဲ့၏။

မီးလျှံများနှင့် ဖီးနစ်ငှက်တစ်ကောင်က လုမင်ဆီသို့ ပျံသန်းလာတော့သည်။

"ရီတျန်၊ သူလှုပ်ရှားပြီ"

ပင်ခုန်း၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိတို့၏ မျက်လုံးများက ရွှင်မြူးစွာဖြင့် တောက်ပလာခဲ့သည်။

နောက်ဆုံးတွင်၊ ရီတျန်သည်ပင် မနေနိုင်ဘဲ လှုပ်ရှားလာခဲ့ပြီ။

ရီတျန်က သူ့နောက်ကျောတွင် လွယ်ပိုးထားသော ကုချင်းကိုထုတ်ကာ ဖီးနစ်တေးသွားကို တီးခတ်လိုက်သည်။ ဤအခိုက်အတန့်တွင်၊ ပျံထွက်လာသော မီးလျှံဖီးနစ်က ထျဲဟုန်နှင့် တိုက်ပွဲအတွင်း ပေါ်ထွက်ခဲ့သော မီးလျှံဖီးနစ်ထက် များစွာပို၍ အစွမ်းထက်သည်။

နဝမနဂါးက မီးလျှံဖီးနစ်ကို အဝေးသို့ ရိုက်ထုတ်လိုက်သည်။ သို့သော်၊ နဝမနဂါးခြေသည်းပေါ်ရှိ အကြေးခွံများသည်လည်း နီရဲပြီး အရည်ပျော်လုနီးပါး ဖြစ်သွား၏။ မီးတောက်များ၏ အပူချိန်က အံ့ဖွယ်ကောင်းလောက်အောင် မြင့်မားလွန်းခဲ့သည်။

ထို့နောက်တွင် နောက်ထပ် ဖီးနစ်အော်သံ ထွက်ပေါ်လာခဲ့သည်။

မိုးပြာရောင်ဖီးနစ်က ပျံထွက်လာပြီး မီးလျှံဖီးနစ်နှင့် ပူးပေါင်းလိုက်၏။ ဤသို့ဖြင့် လုမင်ကိုတိုက်ခိုက်သော မီးတောက်များက ပို၍ အားကောင်းလာတော့သည်။

"ကောင်းတယ်"

လုမင် ဟိန်းဟောက်လိုက်သည်။ အစွမ်းထက် ပါရမီရှင်လေးယောက်နှင့် တိုက်ခိုက်ရင်း တိုက်ခိုက်ချင်စိတ်များက ကောင်းကင်ကို ထိုးတက်သွား၏။

ရီတျန်၏ ပါဝင်မှုက တိုက်ပွဲကို ပို၍ပြင်းထန်လာစေသည်။ လုမင်လည်း အစွမ်းကုန်သုံးပြီး တိုက်ခိုက်လိုက်သည်။

"ဂျိန်း ဂျလိန်း..."

ရုတ်တရက်၊ မိုးကြိုးထစ်ချုန်းသံနှင့် လျှပ်စီးများက ကောင်းကင်ကို လွှမ်းခြုံသွား၏။ လက်မောင်းလုံးတမျှ ထူထဲသော မိုးကြိုးများက လမ်းကြောင်းလေးခုဆီသို့ ကျရောက်လာတော့သည်။

မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်း၊ ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။

All Chapters