← Chapters

အခန်း ၁၂၆၆

Vol. 85 Ch. 1266

အခန်း ၁၂၆၆

Vol. 85 Ch. 1266

အပိုင်း ( 1266 ) နဂါးနတ်ဘုရားတောင်ကြားသို့ ဝင်ရောက်ခြင်း။

လှေကားပေါ်တွင် လူတယောက်သာ ရှိသည်။ လုမင်က ပြန်လှည့်ပြီး လှေကားပေါ်ကို လှမ်းတက်လိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ပြီး လူအားလုံးက လုမင်ကို စိုက်ကြည့်နေခဲ့ကြလေသာ်။

မြင်ကွင်းက တိတ်ဆိတ်နေခဲ့သည်။ တစ်ချက်ချင်း ပေါ်ထွက်လာသော လုမင်၏ ခြေသံကိုသာ ကြားရနိုင်ပေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လုမင်က အမြင့်ဆုံးနေရာသို့ရောက်ရှိသွားပြီး ရှဲ့နျန်ချင်း၏အနားတွင် ပြန်ပေါ်လာခဲ့သည်။

"ကောင်းတယ်၊ နင် ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဒီတစ်ကြိမ်က အရှုံးပေးရကျိုးနပ်ပါတယ်"

ရှဲ့နျန်ချင်းက တောက်ပစွာ ပြုံးလိုက်သည်။

"ဟုတ်တာပေါ့၊ မင်းရဲ့ယောက်ျားက ဘယ်လိုလုပ်ပြီး ညံ့မှာလဲ"

လုမင် ပြုံးလိုက်၏။

"ကိုယ့်ကိုကိုယ် သိပ်အမွှန်းတင်မနေပါနဲ့"

ရှဲ့နျန်ချင်း ရှက်သွားလေသည်။

"ဟားဟားဟား၊ ဟုတ်ပြီ... တကယ်ကို အံ့ဖွယ်ပါပဲ။ ဒီအသက်အရွယ်မှာ ဒီလို ကျင့်ကြံခြင်းအခြေခံနဲ့ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားတာက ငါ့ နဂါးနတ်ဘုရားတောင်ကြားမှာတောင် ထူးချွန်တဲ့ ပါရမီရှင်လို့ ဆိုနိုင်တယ်။ လုမင်... မင်း နဂါးနတ်ဘုရားတောင်ကြားကို ဝင်ရောက်ချင်လား။ နဂါးနတ်ဘုရားတောင်ကြားမှာ လူတိုင်းက အစစ်အမှန်နဂါး ‌သွေးမျိုးဆက်ကို နိုးထခဲ့ကြတယ်။ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်တော့လည်း အထွတ်မြတ် နဂါးခန္ဓာကို လေ့ကျင့်နိုင်ကြတယ်"

နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူက ရယ်မောပြီး လုမင်ထံ ရောက်လာခဲ့သည်။ သူသည် မျှော်လင့်ချက်အပြည့်ဖြင့် လုမင်အား စူးစိုက်ကြည့်လိုက်၏။

"လုမင်၊ နဂါးနတ်ဘုရားတောင်ကြားက အမြင့်ဆုံးနဂါးခန္ဓာကို လေ့ကျင့်နိုင်ပေမယ့်... နဂါးခန္ဓာ လေ့ကျင့်နည်းက နဂါးနတ်ဘုရားတောင်ကြားအပြင် ငါ့ ကောင်းကင်ကိုးဆင့် ဓားဂိုဏ်းမှာလည်း ရှိပါတယ်။ လုမင်... ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းကို မင်း ဝင်ရောက်ချင်ရင် အခြေအနေတွေကို ပြောနိုင်တယ်"

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူက ပြောလိုက်သည်။

"မင်း ဘာပြောချင်တာလဲ။ မင်းက ငါ့ နဂါးနတ်ဘုရားတောင်ကြားကို ဆန့်ကျင်တော့မှာလား"

နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူက ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူကလည်း လုံးဝမကြောက်ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူကတော့ စကားပြောချင်သည့်တိုင် လုမင်ဟာ နတ်ဆိုးလမ်းစဉ်နှင့် မသက်ဆိုင်ပေ။ လုမင်ကို‌ ခေါ်ဆောင်ရန် အခွင့်အလမ်းနည်းသည်ဟု တွေးဆမိခဲ့သည်။ ထို့ကြောင့် ခဏစဉ်းစားပြီးနောက် သူက ရှဲ့နျန်ချင်းကိုကြည့်ကာ ပြောလိုက်သည်။

"မိန်းကလေး၊ မင်းရဲ့ နတ်ဆိုးတာအိုက အတော်သန့်စင်တယ်။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း နတ်ဆိုးတာအိုကို အထူးပြုတယ်လေ။ မင်း ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ပါဝင်ချင်ရဲ့လား"

"ကောင်းကင်နတ်ဆိုးဂိုဏ်းလား"

ရှဲ့နျန်ချင်း သွေးဆောင်ခံလိုက်ရ၏။ သို့သော်လည်း လုမင်ကိုကြည့်ပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ကျွန်မက လုမင်နဲ့ပဲ အတူရှိမှာပါ။ လုမင် ဘယ်ကိုပဲသွားသွား ကျွန်မ သူနဲ့ ရှိနေမယ်"

"ဟာ"

လူအများ အံ့အားသင့်သွား၏။

လုမင် ဘယ်ကိုသွားသွား၊ ရှဲ့နျန်ချင်းက လိုက်မှာလား။

"ရှောင်ချင်း..."

လုမင်လည်း ရှဲ့နျန်ချင်းကိုကြည့်ကာ နှလုံးသားထဲတွင် နွေးထွေးသွားမိသည်။

"ဒါ…"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူက တစ်ခုခု ပြောချင်သော်လည်း တုံ့ဆိုင်းသွားလေသည်။

"ဟာဟားဟား၊ လုမင်... နဂါးနတ်ဘုရားတောင်ကြားထဲကို ဝင်လိုက်စမ်းပါကွာ။ ဒါမှ မင်းရဲ့ အစွမ်းအစကို အပြည့်အဝ ထုတ်လွှတ်နိုင်လိမ့်မယ်"

နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူက ပြောလိုက်သည်။

"ဟုတ်ပါတယ်"

ဤအခိုက်တွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"လုမင်၊ မင်းက နဂါးနတ်ဘုရားတောင်ကြားကို ဝင်သင့်ပြီး ဒီမိန်းကလေးက ကောင်းကင်နတ်ဆိုးဂိုဏ်းကို ပါဝင်သင့်တယ်။ နဂါးနတ်ဘုရားတောင်ကြားနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အတော်နီးတယ်လေ။ မင်းတို့တွေလည်း တစ်ယောက်နဲ့တစ်ယောက် မကြာခဏ တွေ့နိုင်တာကြောင့် လေ့ကျင့်မှုကို မထိခိုက်စေတော့ဘူးပေါ့"

"ရိုးရိုးသားသား ပြောရရင် ဒီမိန်းကလေးရဲ့ စွမ်းရည်တွေအရ ကောင်းကင်နတ်ဆိုးဂိုဏ်းကိုမဝင်ရင် အလဟသ ဖြစ်သွားလိမ့်မယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူက သူမကို ဆက်လက်ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ရှဲ့နျန်ချင်းက သူမ၏ခေါင်းကို ခါယမ်းနေဆဲပင်။

"အကြီးအကဲတို့၊ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဂိုဏ်းထဲဝင်ရင် ယွမ်လုကိုလာမဲ့အချိန် ခဏ ရွှေ့ဆိုင်းနိုင်မလား"

လုမင်က မေးလိုက်သည်။

"ဟုတ်တာပေါ့၊ ရပါတယ်"

နဂါးနတ်ဘုရားတောင်ကြား၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများက ခေါင်းညိတ်လိုက်လေသည်။

"အဲ့ဒါဆိုရင်..."

လုမင်က ရှဲ့နျန်ချင်းကိုကြည့်ကာ ပြောလိုက်သည်။

"ရှောင်ချင်း၊ မင်း ကောင်းကင်နတ်ဆိုးဂိုဏ်းကို ပါဝင်တာက ပိုကောင်းလိမ့်မယ်။ ငါက နဂါးနတ်ဘုရားတောင်ကြားမှာဆိုတော့ ငါတို့တွေ မကြာခဏ ဆုံနိုင်တာပဲလေ"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူပြောတာ မမှားပေ။ ရှဲ့နျန်ချင်းသာ သူ့အနောက်ကိုလိုက်ပါပြီး နဂါးနတ်ဘုရားတောင်ကြား သို့မဟုတ် အခြား အင်အားစုများမှာ ပါဝင်ခဲ့ပါက သူမ၏အရည်အချင်းကို ဖြုန်းတီးခြင်းသာ ဖြစ်နိုင်သည်။ ကျင့်ကြံသူတစ်ဦးအတွက် သူလေ့ကျင့်သော နေရာပတ်ဝန်းကျင်ကလည်း လွန်စွာ အရေးကြီးပေသည်။

ထို့အပြင် သူတို့က ချက်ချင်းသွားစရာ မလိုပေ။ အချိန်တစ်ခုကြာအောင် အတူတူ ရှိနေနိုင်သည်။

လုမင်၏ စကားကိုကြားတော့ နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းကင်နတ်ဆိုးဓားဂိုဏ်းမှ ကျွမ်းကျင်သူများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ရှဲ့နျန်ချင်းလည်း ခဏလောက်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"အင်း၊ ဒီလိုပဲ လုပ်ကြတာပေါ့"

"အကြီးအကဲ၊ ကျွန်တော်က ကောင်းကင်နတ်ဆိုးဂိုဏ်းကိုဝင်ဖို့ ဆန္ဒရှိပါတယ်"

လုမင်က လက်ယှက်ပြီး နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူကို ပြောလိုက်သည်။

"သိပ်ကောင်းတယ်၊ ဟားဟားဟား"

နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူက ဝမ်းသာအားရ ရယ်မောလိုက်သည်။

ရှဲ့နျန်ချင်းကလည်း ကောင်းကင်နတ်ဆိုးတောင်ကြားတွင် ပါဝင်လိုကြောင်း ပြောလိုက်၏။ ယင်းကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများ အလွန် ဝမ်းမြောက်သွားလေသည်။

ရှဲ့နျန်ချင်း၏ ကျင့်ကြံမှုက နိမ့်ကျနေသေးသော်လည်း သူမ၏စွမ်းရည်ကတော့ အကန့်အသတ်မရှိပေ။

နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း နှစ်ခုစလုံးက ထိပ်သီး ပါရမီရှင်တစ်ဦးစီ ရရှိသွားကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့သည်။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများကတော့ ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးသည်ကား မှုန်ကုပ်ကုပ်ဖြစ်နေသော်လည်း ဘာမှမပြောပေ။

ဆိုရလျှင် လူတိုင်း မနာလိုဖြစ်ခဲ့သည်။

အခြားသူများက ဂိုဏ်းတစ်ခုသို့ပင် မ၀င်နိုင်ပါ။ သို့ရာတွင် လုမင်ကတော့ သြဇာကြီးသော ဂိုဏ်းကြီးများမှ ဖိတ်ကြားချက်များကို လက်ခံရရှိခဲ့သည်။ ဤအနေအထားမျိုးက လုံးဝ ယှဉ်၍မရနိုင်ပေ။

ထို့နောက်တွင် နဂါးနတ်ဘုရားတောင်ကြား၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းတို့က လုံချန်အတွက် ထပ်မံ ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးတွင်၊ လုံချန်က ရှေးဦးနဂါးဆင်သွေးမျိုးဆက်ကို နိုးထခဲ့ပြီး အကန့်အသတ်မဲ့ အလားအလာ ရှိသည်။

နောက်ဆုံးမှာတော့ လုံချန်သည်လည်း နဂါးနတ်ဘုရားတောင်ကြားကို ရွေးချယ်ခဲ့ပေသည်။ ယင်းက နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူများကို ရယ်မောစေခဲ့သည်။

"ပင်ခုန်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဝင်ရောက်ချင်ရဲ့လား"

"ကျန့်ကျန်း၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းကို ဝင်ရောက်ချင်သလား"

"..."

ထို့နောက်တွင် အဓိကအင်အားစုလေးခုက ရီတျန်၊ ပင်ခုန်း၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိတို့ကို ဖိတ်ကြားလွှာများ စတင်ပေးပို့ခဲ့သည်။

နောက်ဆုံးတွင် ပင်ခုန်းက ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် ပါဝင်ခဲ့ပြီး ကျန့်ကျန်းကတော့ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းတွင် ပါဝင်ခဲ့သည်။ ကျစ်ဝူကျိနှင့် ရီတျန်ကလည်း ကောင်းကင်နတ်ဘုရားဂိုဏ်းသို့ပင် ပါဝင်ခဲ့လေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် လေ့ကျင့်နည်းမျိုးစုံရှိ၍ ပါရမီရှင် အများစုအတွက် သင့်လျော်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံဖြူအဘိုးကြီးလည်း နောက်ဆုံးတွင် ပြုံးလိုက်လေသည်။

"ရှဲ့နျန်ကျွင်း၊ မင်း ကောင်းကင်နတ်ဘုရားဂိုဏ်းကို ပါဝင်ချင်ရဲ့လား"

ထိုအချိန်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ရှဲ့နျန်ကျွင်းဆီသို့ ဖိတ်ကြားချက်တစ်ခု ပေးပို့ခဲ့သည်။

ရှဲ့နျန်ကျွင်းလည်း အလွန်ဝမ်းသာသွားပြီး မဆိုင်းမတွ ခေါင်းညိတ်လိုက်ပေသည်။

ထို့နောက်တွင် ကျိဟုန်ချန်နှင့် ဝမ့်ကျန်းကဲ့သို့ ပါရမီရှင်များကိုလည်း အဓိက ဂိုဏ်းကြီးလေးခုက ဖိတ်ကြားခဲ့ကြသည်။

ကျန်သော ပါရမီရှင်များလည်း ဖိတ်ခေါ်ခံရရန် မျှော်လင့်ကာ ဂိုဏ်းကြီးလေးခုကို ကြည့်လိုက်ကြ၏။

"မင်းက ရန်ပိုထျန်း မဟုတ်လား။ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းကို မင်း ဝင်ရောက်ချင်လား"

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူက ရန်ပိုထျန်းကို ကြည့်လိုက်သည်။ ယင်းက ရန်ပိုထျန်း၏ခန္ဓာကို ပြင်းပြင်းထန်ထန်တုန်ခါပြီး သူ့မျက်လုံးများတွင် စိတ်ဓာတ်တက်ကြွမှုတို့ ပြည့်နှက်သွားစေခဲ့သည်။

ဖိတ်ကြားခံရမည်ဟုလည်း မမျှော်လင့်သောကြောင့် တုန်ယင်သွားပြီးနောက် ဝမ်းသာအားရ ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

"ဒီကောင်လေးရဲ့ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျပေမဲ့ ဟင်းလင်းပြင်တာအိုကို ကောင်းကောင်းနားလည်တယ်။ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းက သူ့ကို ရွေးချယ်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး"

တစ်ယောက်ယောက်က ပြောလိုက်သည်။

အချိန်နှင့် ဟင်းလင်းပြင်က တာအိုများထဲတွင် ဘုရင်ဖြစ်ခဲ့သည်။ ဟင်းလင်းပြင်တာအိုက အလွန်အားကောင်းပြီး လူအနည်းငယ်ကသာ နားလည်နိုင်ခဲ့၏။ ရန်ပိုထျန်းက ကျင့်ကြံခြင်းအခြေခံနိမ့်ကျပြီး ဟင်းလင်းပြင်တာအိုနှင့်ပတ်သက်သည့် ကျင့်စဉ်များ မရှိသောကြောင့်သာ၊ လျှို့ဝှက်ဆန်းကျယ်မှုများကို မဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။

သူသည်သာ ယွမ်လုမှ ဂိုဏ်းကြီးများနှင့် ပူးပေါင်းပြီး ဟင်းလင်းပြင်တာအိုကို အပြည့်အဝ နားလည်နိုင်ခဲ့ပါက လွန်စွာ ကြောက်စရာကောင်းလိမ့်မည်။

"နေပါဦး၊ ဒီလိုဆိုရင် ရှမ်းဟွမ်တိုက်ကြီးက လူငါးဦးကို ယွမ်လု အင်အားစုကြီးတွေက ပါဝင်ဖို့ ရွေးချယ်လိုက်တာပေါ့"

တစ်ယောက်ယောက်က အော်လိုက်သည်။

လူတိုင်းက တွေးကြည့်မိသောအခါ ထိုသူပြောတာ မမှားပေ။

လုမင်၊ ရှဲ့နျန်ချင်း၊ လုံချန်၊ ရှဲ့နျန်ကျွင်း နှင့် ရန်ပိုထျန်း။

စုစုပေါင်း လူငါးဦးက ယွမ်လုမှ ဂိုဏ်းကြီးများနှင့် ပူးပေါင်းခဲ့ပေသည်။ ဤအရေအတွက်က နံပါတ်နှစ် သွေးလတိုက်ကြီးထက်ပင် ပိုများသည်။

ဤအရာက အခြားသော ပါရမီရှင် လူငယ်လေးများအား အလွန်ပင် အားကျ၊ မနာလို ဖြစ်စေခဲ့ပေသည်။

အခြား ပါရမီရှင်များလည်း ရွေးချယ်ခံရမည်ဟု မျှော်လင့်ကာ အဓိကဂိုဏ်းကြီးလေးခုမှ ကျွမ်းကျင်သူများကို ကြည့်လိုက်ကြသည်။

ကံမကောင်းစွာဖြင့်၊ အဓိကဂိုဏ်းကြီးလေးခုမှ ကျွမ်းကျင်သူများက မည်သည့်လှုပ်ရှားမှုမှ မလုပ်ကြတော့ပါ။ သူတို့က တစ်ခုခုကို တွေးနေသလိုမျိုး ပါရမီရှင်များကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကြသည်။

နောက်ဆုံးတွင်၊ နောက်ထပ် သုံးဦးကို ရွေးချယ်ခဲ့ပေသည်။ သူတို့အားလုံးက ကျင့်ကြံခြင်းအခြေခံ မမြင့်မားသော်လည်း အလားအလာကောင်းများ ရှိခဲ့သည်။

All Chapters