အခန်း ၁၂၆၇
Vol. 85 Ch. 1267
အပိုင်း ( 1267 ) နှစ်နှစ်အချိန်။
ထို့နောက်တွင်၊ ယွမ်လုရှိ အဓိကဂိုဏ်းကြီးလေးခုမှ ကျွမ်းကျင်သူများက နောက်ထပ် စကားမဟတော့ပေ။ ထို့ကြောင့် အရွေးမခံရသော ပါရမီရှင်အများစုဟာ စိုးရိမ်စပြုလာခဲ့ကြသည်။
"အကြီးအကဲ၊ ကျုပ် ကောင်းကင်နတ်နတ်ဘုရားဂိုဏ်းဝင်ဖို့ ဆန္ဒရှိပါတယ်"
"အကြီးအကဲ၊ ကျုပ်က ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှာ ပါဝင်ဖို့ ဆန္ဒရှိတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
"..."
လူငယ်များစွာက ဂိုဏ်းကြီးလေးခုတွင် ပါဝင်နိုင်ရန် တစ်ဦးပြီးတစ်ဦး ဒူးထောက်လိုက်ကြသည်။
"မင်းတို့ မလုပ်နိုင်ပါဘူး။ မင်းတို့မှာ လုံလောက်တဲ့ အရည်အချင်းနဲ့ အလားအလာမရှိဘူး"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူက သူ့လက်ကို ဝှေ့ယမ်းကာ တိုက်ရိုက်ငြင်းဆိုခဲ့ပေသည်။
နဂါးနတ်ဘုရားတောင်ကြား၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းများကလည်း အသီးသီး ငြင်းပယ်ခဲ့ကြသည်။
"အကြီးအကဲ၊ ကျုပ်ကို ခွင့်ပြုပေးပါဦး"
ပါရမီရှင်အချို့ကတော့ ဆက်လက် အော်ဟစ်ကြ၏။
"တော်ပြီ၊ တပည့်တွေကိုစုဆောင်းဖို့ ရှန်းရွှီတိုက်အဖွဲ့အစည်းကို လာရောက်တာတောင်မှ ခြွင်းချက်တစ်ခု ဖြစ်နေပြီ။ မင်းတို့တွေ ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူ အဘိုးကြီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သေးငယ်သော ဖိအားတစ်ခု ထွက်လာခဲ့၏။ ယင်းက လူငယ်များစွာ၏ မျက်နှာအမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
ပါရမီရှင် လူငယ်များလည်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ကြလေသည်။ သူတို့က ယွမ်လုမှ အင်အားစုကြီးများနှင့် ကံမပါကြောင်း သိသွားခဲ့ကြသည်။
"အိမ်း၊ ဒီခရီးစဉ်ကတော့ ကောင်းမြတ်တယ်လို့ ဆိုရတော့မှာပဲ။ ဟားဟားဟား"
နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူက အားရပါးရ ရယ်မောပြီး အခြားဂိုဏ်းသုံးခုမှ ပညာရှင်များအား သူ့ကို မထီမဲ့မြင်ပြုစေခဲ့သည်။
ဤတစ်ခေါက်တွင် နဂါးနတ်ဘုရားတောင်ကြားက အမ့တ်အများဆုံး ရရှိခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။ သူတို့က လုမင်နှင့် လုံချန်ကဲ့သို့ အကန့်အသတ်မဲ့ အလားအလာရှိသော ပါရမီရှင်နှစ်ဦးကို ခေါ်ယူနိုင်ခဲ့သည်။ ယင်းကပင် ကြီးမားသော အောင်မြင်မှုတစ်ခုပင်။
"လုမင်၊ လုံချန်... ငါတို့ နဂါးနတ်ဘုရားတောင်ကြားကို ပြန်တော့မယ်။ မင်းတို့တွေက ငါတို့နဲ့အတူ နဂါးနတ်ဘုရားတောင်ကြားကို အခုပဲ လိုက်ချင်လား၊ ဒါမှမဟုတ် နောင်မှ လိုက်လာခဲ့မှာလား။ ငါပြောနိုင်တာကတော့ ယွမ်လုရဲ့ ကျင့်ကြံမှုပတ်ဝန်းကျင်က ရှန်းရွှီတိုက်အဖွဲ့အစည်း နှိုင်းယှဉ်နိုင်တာ မဟုတ်ဘူး။ ဒါက အဆပေါင်း မပြောနိုင်အောင် ပိုကောင်းမွန်တယ်။ ယွမ်လုမှာ လေ့ကျင့်မယ်ဆိုရင် မင်းတို့ရဲ့ လေ့ကျင့်မှုက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့မှာ"
နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူက ဆက်ပြောလိုက်သည်။ သူ့လေသံက သွေးဆောင်မှုတို့ ပြည့်နေခဲ့ပေသည်။
ယင်းက နဂါးနတ်ဘုရားတောင်ကြားသို့ ပူးပေါင်းခဲ့သော ပါရမီရှင်တချို့၏ မျက်လုံးများကို တောက်ပစေခဲ့သည်။
"အကြီးအကဲ၊ ကျုပ် အကြီးအကဲနဲ့ တခါတည်း လိုက်ခဲ့ချင်ပါတယ်"
"ကျွန်တော်ကောပဲ"
ပါရမီရှင် လူငယ်အချို့က ခေါင်းညိတ်လိုက်ကြသည်။
"အကြီးအကဲ၊ ကျွန်တော်က ရှမ်းဟွမ်တိုက်ကြီးမှာ လုပ်စရာရှိပါသေးတယ်။ ဒါကြောင့် အချိန်တစ်ခုလောက်တော့ စောင့်ရဦးမယ်"
လုမင် ပြောလိုက်၏။
ထို့နောက် လုံချန်ကလည်း အချိန်တစ်ခုကြာမှ လိုက်လာမည်ဟု ပြောခဲ့သည်။
"ကောင်းပြီ၊ လုမင်နဲ့လုံချန်... ဒီတံဆိပ်ပြားနှစ်ခုကို ယူလိုက်ပါ။ ဒါက နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်ဆိုတာကို ကိုယ်စားပြုတယ်။ အဲဒီအထဲမှာ မင်းတို့နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ ရှိတယ်။ ငါ မင်းတို့ကို အချိန် နှစ်နှစ်ပေးမယ်။ နှစ်နှစ်ပြီးရင် ဒီကိုလာခဲ့ပါ၊ ဒီတံဆိပ်ပြားနဲ့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေက မင်းတို့ကို လာခေါ်လိမ့်မယ်"
နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူက လုမင်နှင့် လုံချန်ဆီသို့ တံဆိပ်ပြားနှစ်ခုကို ပစ်ပေးလိုက်သည်။ လုမင်လည်း တစ်ခုကို ဖမ်းယူထားလိုက်လေသည်။
"ဒါက ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက်လည်း အတူတူပါပဲ။ မင်းတို့ ဆန္ဒရှိရင် ယွမ်လုကို ငါတို့နဲ့ တခါတည်း လိုက်ခဲ့နိုင်တယ်။ လုပ်စရာရှိတယ်ဆိုရင်တော့ နှစ်နှစ်ကြာမှ လိုက်လာနိုင်တယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူက ပြောလိုက်သည်။
"ဒါဟာ ကောင်းကင်နတ်ဂိုဏ်းအတွက် အတူတူပါပဲ..."
"ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းက အတူတူပါပဲ..."
အခြားဂိုဏ်းသုံးခု၏ အခြေအနေများကလည်း နဂါးနတ်ဘုရားဘုရားတောင်ကြားနှင့် အတူတူပင်။ ယွမ်လုသို့ သွားလိုသူများက ချက်ချင်း သွားနိုင်သည်။ မသွားချင်သူများကတော့ နောက်နှစ်နှစ်အကြာတွင် တပည့်အမှတ်အသားဖြင့် ပြန်လာနိုင်ပြီး တစ်စုံတစ်ဦးမှ ခေါ်ဆောင်သွားလိမ့်မည်။
သဘာဝအရ လူငယ်အများစုဟာ ယွမ်လုသို့ ချက်ချင်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ဥပမာအားဖြင့် ရီတျန်၊ ပင်ခုန်း၊ ရှဲ့နျန်ကျွင်းနှင့် ရန်ပိုထျန်းတို့က ယွမ်လုသို့ ချက်ချင်းသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ရှဲ့နျန်ချင်းကတော့ ခေါင်းခါယမ်းပြီး နှစ်နှစ်ကြာမှ လာရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။
"ဟမ့်၊ လုမင်နဲ့ ရှဲ့နျန်ချင်း... နင်တို့တွေက ရှမ်းဟွမ်တိုကြီးလို နေရာမျိုးမှာ ဆက်နေနိုင်တယ်။ နှစ်နှစ်ကြာလို့ ငါတို့ ပြန်ဆုံတဲ့အခါ နင်တို့ကို ငါ သေချာပေါက် ကျော်သွားလိမ့်မယ်"
ရှဲ့နျန်ကျွင်းက အံကိုကြိတ်လိုက်သည်။ လုမင်နှင့် ရှဲ့နျန်ချင်းက ရှမ်းဟွမ်တိုက်ကြီးတွင် နေခဲ့၍လည်း သူမ ကျေနပြီး လှောင်ပြောင်ခဲ့ပေသည်။
အမှန်မှာ၊ ပါရမီရှင်အများစုက သူတို့ကို မထီမဲ့မြင်ပြုကြခြင်း ဖြစ်သည်။ တချို့ကတော့ နားမလည်နိုင်ပေ။ ကျင့်ကြံသူများအတွက် မိမိ၏ လေ့ကျင့်ရေးကို ဦးစားပေးသင့်သည်။ ထို့ထက် သူတို့ကဲ့သို့ ကျင့်ကြံခြင်း၏ ရွှေခေတ်ကို ရောက်နေကြသော ပါရမီရှင်များ ဖြစ်ချေသည်။ ဤအအချိန်က ခုန်ပျံကျော်လွှားကာ စည်းချက်ကျကျ တိုးတက်ရမည့် အချိန်လည်း ဖြစ်သည်။ သူတို့အတွက်တော့ အခြေအနေကို ပြောင်းပြန်လှန်ရန် နှစ်နှစ်အချိန်က လုံလောက်ပြီ။
သူတို့က နှစ်နှစ်အတွင်း လုမင်ကို သူတို့၏ခြေအောက်တွင် နင်းနိုင်မည်ဟု ယုံကြည်ကြသည်။
နောက်ဆုံးတွင် သူတို့ထဲက ငါးယောက်၊ ခြောက်ယောက်ခန့်သာ ချက်ချင်း မသွားရောက်ရန် ဆုံးဖြတ်ခဲ့ပေသည်။
ထိုသို့ မသွားသူများတွင် ရှမ်းဟွမ်တိုက်ကြီးမှ သုံးဦး ရှိခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ ကျိဟုန်ချန်ကလည်း မသွားပေ။ သူမတွင် အရေးကြီးသည့်အရာတစ်ခုရှိပြီး နှစ်နှစ်ကြာမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း သိသာထင်ရှားသည်။
"ကောင်းပြီလေ၊ မင်းတို့ အခု သွားလို့ရပါပြီ။ ကောင်းကင်နတ်ဘုရားဂိုဏ်းက နတ်နန်းတော်လေးခုကိုလည်း ကောင်းမှုကုသိုလ်တွေ ပေးလိမ့်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးက ပြောလိုက်သည်။
အခြားသော ဂိုဏ်းသုံးဂိုဏ်းမှ ကျွမ်းကျင်သူများကလည်း အလားတူ ပြောကြားခဲ့၏။ နတ်နန်းတော်လေးခုမှ ခေါင်းဆောင်များလည်း လွန်စွာ ဝမ်းသာသွားတော့သည်။
ဤတွင် ယွမ်လုမှဂိုဏ်းကြီးများ၏ စမ်းသပ်မှု ပြီးဆုံးသွား၍ ကြည့်ရှုသူ အများအပြားလာ်း တဖြည်းဖြည်း လူစုခွဲသွားခဲ့ကြသည်။
လုမင်၊ ရှဲ့နျန်ချင်းနှင့် အခြားသူများကတော့ တောင်ပိုင်းနတ်နန်းတော်မှ အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားနှင့် သူတို့၏ နေအိမ်ဆီသို့ ပြန်လာခဲ့လေသည်။ သူတို့က တောင်ပိုင်းနတ်နန်းတော်သို့ ပြန်သွားခဲ့ကြသည်။ ထို့နောက်တွင် တောင်ပိုင်းနတ်နန်းတော်က ပင်လယ်ကူး ဟင်းလင်းပြင်သင်္ဘောများနှင့် သူတို့တိုက်ကြီးများကို ပြန်လည်လိုက်ပို့ပေးလိမ့်မည်။
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားနှင့် တောင်ပိုင်းနတ်နန်းတော်မှ အခြားကျွမ်းကျင်သူများက လုမင်၊ ရှဲ့နျန်ချင်းနှင့် လုံချန်တို့ကို မှတ်သားထိုက်အောင် ကောင်းမွန်စွာ ဆက်ဆံခဲ့ပေသည်။ သူတို့ကို လွန်စွာ လေးစားပုံရသည်။
လုမင်နှင့် အခြားသူများက ယခုအချိန်တွင် ယွမ်လုအင်အားစုကြီး၏ တပည့်များဖြစ်ကြောင်း နားလည်ရန် မခက်ပေ။ သူတို့၏ လက္ခဏာများက ယခင်ကနှင့် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်နေ့တွင် လူအုပ်ကြီးက တောင်ပိုင်းနတ်နန်းတော်သို့ ပြန်သွားခဲ့ကြသည်။
လုမင်က ရှမ်းဟွမ်တိုက်ကြီးမှဖြစ်ပြီး ပထမနေရာကို ရရှိခဲ့ကြောင်း သိရသောအခါ တောင်ပိုင်းနန်းတော်မှ အားကျမှုနှင့် မနာလိုမှု၊ လေးစားမှု လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
လုမင်၊ လုံချန်နှင့် ရှဲ့နျန်ချင်းလည်း ထိုစဉ်က စစ်သူကြီးတောင်မှာပင် နေထိုင်ခဲ့ကြသည်။ ဗောဓိသတ္တ၊ ရဟန်းဝူလျန့်နှင့် မင်ကျစ်တို့လည်း စစ်သူကြီးတောင်ထိပ်တွင် တည်းခိုခဲ့၏။ သူတို့က တောင်ပိုင်းနတ်နန်းတော်မှ ပြန်လိုက်ပို့မည့် ပင်လယ်ကူးသင်္ဘောကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်ပေသည်။
ဟင်းလင်းပြင်သင်္ဘောက အချိန်တိုအတွင်း စီစဉ်နိုင်သည့်အရာ မဟုတ်ပါ။ သူတို့အတွက် စီစဉ်ပေးရန် နှစ်ရက်စောင့်ရမည် ဖြစ်သည်။
အချိန်များ လျင်စွာကုန်လွန်ပြီး မကြာမီ ညမိုးချုပ်ခဲ့သည်။
"သခင်လေးလုမင်နဲ့ သခင်မလေး နျန်ချင်းတို့ ဒီမှာရှိလား"
ကောင်းကင်ကြီး မှောင်သွားချိန်တွင် စစ်သူကြီးတောင် အပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လေ့ကျင့်နေသော လုမင်လည်း လေ့ကျင့်မှုကိုအဆုံးသတ်ကာ အခန်းအပြင်သို့ ထွက်ခဲ့သည်။ သူအပြင်ကိုရောက်တော့ ရှဲ့နျန်ချင်းလည်း အခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ နှစ်ယောက်သား အနည်းငယ်အံ့ဩနေဟန်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။ သူတို့ကို ဘယ်သူက လာရှာနေမှန်း သိချင်မိကြသည်။
သူတို့နှစ်ယောက် ခြံဝင်းထဲမှ ထွက်လာသောအခါ လေထဲတွင်ရပ်နေသော ကြင်နာတတ်ပုံရသည့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။
"ဒီအဘိုးကြီးက ကျိဖူပါ။ သခင်လေးလုနဲ့ မိန်းကလေးနျန်ချင်းကို နှုတ်ခွန်းဆက်ပါတယ်"
လုမင်နှင့် ရှဲ့နျန်ချင်းကိုမြင်သောအခါ အဘိုးအိုက ကမန်းကတန်း ဦးညွှတ်လိုက်သည်။
"အကြီးအကဲ၊ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။ အကြီးအကဲက ဘာဖြစ်လို့ ကျုပ်တို့နှစ်ယောက်ကို ရှာနေတာလဲ သိလို့ရနိုင်မလား"
လုမင်က လက်ယှက်ပြီး မေးလိုက်သည်။
"ငါ့သခင်မလေးက ငါ့ကို စေလွှတ်လိုက်တာပါ။ သူက မင်းတို့နှစ်ယောက်ကိုသိပြီး ညစာစားပွဲမှာ ကျွေးဧည့်ခံရင်း နှုတ်ဆက်ချင်နေတယ်"
အဘိုးအိုက ပြောသည်။
"ခင်ဗျားရဲ့ သခင်မလေးက ဘယ်သူလဲဆိုတာ သိရမလား"
လုမင် စိတ်ဝင်တစား မေးလိုက်၏။
"ငါ့သခင်မလေးက ကျိဟုန်ချန်ပါ"
အဘိုးကြီးက ပြုံးလိုက်လေသည်။
"အိုး၊ မိန်းကလေးကျိဟုန်ချန်ပဲ"
လုမင် နားလည်သွားခဲ့သည်။
"အလှလေးက နင့်အကြောင်းတွေးနေပုံပဲ"
ဘေးတွင် ရှဲ့နျန်ချင်းက နှုတ်ခမ်းစူပြီး လုမင်ကို အသံပို့လွှတ်ကာပြောလိုက်သည်။
လုမင်လည်း မချိပြုံးပြုံးပြီး ရှဲ့နျန်ချင်းထံသို့ အသံပို့လွှတ်၍ ပြောလိုက်၏။
"သူက မင်းကိုကော မဖိတ်လို့လား"
"ငါကတော့ နင့်ချည်းပဲမသင့်လို့ ဖိတ်တယ်ထင်တာပဲ"
ရှဲ့နျန်ချင်းက ဆက်ပြောသည်။
"မေ့လိုက်ပါ၊ ဒါဆိုရင်လည်း ငါ မသွားတော့ဘူး"
လုမင်လည်း အကူအညီမဲ့စွာဖြင့် အသံပို့လွှတ်ကာ ပြောလိုက်သည်။
"မဟုတ်တာ၊ ငါသွားမှာပါ။ ငါက ဒီလိုလူမို့လို့လား"
ရှဲ့နျန်ချင်းက လုမင်ကို မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ကြည့်ပြီး လှည့်ပြောလိုက်သည်။
"အကြီးအကဲ၊ ကျေးဇူးပြုပြီး လမ်းပြပေးပါ"
"ဒါ…"
လုမင် သက်ပြင်းကိုသာ ချလိုက်မိသည်။ မိန်းကလေးတစ်ယောက်၏ စိတ်အတွေးများနှင့် သူ အမှန်တကယ် လိုက်လျောညီထွေ မနေနိုင်ပေ။
"သခင်လေး လုမင်နဲ့ မိန်းကလေးနျန်ချင်း... ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ"
အဘိုးအိုက ဝမ်းသာအားရဟန်ဖြင့် လှည့်ထွက်လိုက်သည်။
တစ်ဖက်ကို လှည့်လိုက်သည်နှင့် အဘိုးကြီး၏ မျက်လုံးများတွင် အေးစက်စူးရှသော အရောင်တစ်ခု လင်းလက်သွား၏။ ယင်းကိုတော့ လုမင်နှင့် ရှဲ့နျန်ချင်းတို့ လုံးဝ သတိမမူမိတော့ပေ။