← Chapters

အခန်း ၁၂၆၈

Vol. 85 Ch. 1268

အခန်း ၁၂၆၈

Vol. 85 Ch. 1268

အပိုင်း ( 1268 ) အဓိပဓိကို သတ်ဖြတ်ခြင်း။

အဘိုးအိုက လုမင်နှင့် ရှဲ့နျန်ချင်းတို့ကို မြောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။ အချိန်အတော်ကြာ ပျံသန်းပြီးနောက် နေရာနှင့် ပိုမိုဝေးကွာလာ၏။

"အကြီးအကဲ၊ မိန်းကလေးကျိဟုန်ချန်က ဒီမှာနေတာလား"

လုမင်က သံသယမျက်လုံးဖြင့် မေးလိုက်သည်။

"ဒီမှာ မိန်းကလေးကျိရဲ့ ခြံဝင်းရှိပါတယ်။ ပတ်ဝန်းကျင်က သပ်ရပ်ပြီး ဆိတ်ငြိမ်တယ်လေ။ သူက ဧည့်သည်တွေကို ဒီမှာဧည့်ခံရတာ သဘောကျတယ်"

အဘိုးအိုက ကြင်နာတတ်သည့် အမူအရာနှင့် ရှင်းပြလိုက်သည်။

"အိုး"

လုမင် ခေါင်းညိတ်လိုက်ပြီး အဘိုးကြီးနှင့်အတူ ရှေ့သို့ ဆက်လက် ပျံသန်းသွားလေသည်။

'လုမင်၊ ငါတော့ တစ်ခုခုမှားနေပြီလို့ ခံစားရတယ်'

ရှဲ့နျန်ချင်းက လုမင်ဆီသို့ အသံပို့လွှတ်လိုက်သည်။

'ဟုတ်တယ်၊ ဆက်ကြည့်ကြတာပေါ့'

လုမင် ခေါင်းညိတ်လိုက်ပေသည်။

အချိန်အတော်ကြာ ပျံသန်းလာပြီးနောက် ပို၍ ဝေးကွာလာခဲ့သည်။

"အကြီးအကဲ၊ ခဏနေပါဦး"

ထိုအချိန်တွင် လုမင်က ရုတ်တရတ်ပြောလိုက်သည်။

အဘိုးအိုက ရပ်လိုက်ပြီး လှည့်ကြည့်လိုက်၏။

"သခင်လေး လု... ဘာကိစ္စရှိလို့လဲ။ ငါတို့ရောက်လုနီးပါပြီ"

"မင်းကို ကျိဟုန်ချန်ပို့လွှတ်လိုက်တာ မဟုတ်ဘူး မဟုတ်လား"

လုမင်၏ မျက်လုံးများက ရုတ်တရက် အေးစက်သွား၏။

အဘိုးအိုက ရုတ်တရက်မို့ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ သို့ရာတွင် သူက ချက်ချင်းမျက်နှာပြင်ပြီး ပြုံးကာ ပြောလိုက်သည်။

"သခင်လေး လု၊ မင်း အထင်မှားနေပြီထင်တယ်။ ငါ့ကို မိန်းကလေးကျိက အမှန်တကယ် ပို့လိုက်တာပါ"

"မင်း ငါ့ကို လိမ်ဝံ့တယ်ပေါ့။ သူ ငါ့ကို အခုလေးတင်ပဲ အသံပို့လွှတ်ပြီး ပြောခဲ့တယ်။ သူ ငါ့ကို စစ်သူကြီးတောင်ထွတ်မှာ လာရှာပေမဲ့ မတွေ့ဘူးတဲ့။ မင်းကို သူ စေလွှတ်ခဲ့တာဆိုရင် ဘာဖြစ်လို့ လာရှာရမှာလဲ"

လုမင်၏အသံက အေးစက်လာခဲ့သည်။

သူ့စကားကြောင့် အဘိုးအို၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး အလွန်ပင် မှုန်ကုပ်သွားခဲ့သည်။

"ဝုန်း"

သူက လုမင်၏ရင်ဝကို လက်ဝါးတစ်ချက် ရုတ်တရက် ရိုက်ထုတ်လိုက်၏။ အားကောင်းသော မုန်တိုင်းတစ်ခုကဲ့သို့ ဖိအားက လုမင်ဆီသို့ တိုးဝင်လာတော့သည်။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား။

ဤအဘိုးအို၏ ကျင့်ကြံခြင်းက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား နယ်ပယ်တွင် ဖြစ်သည်။ ထို့ပြင်၊ သူက ရုတ်တရက် တိုက်ခိုက်ခြင်းဖြစ်ရာ ပို၍ ကြောက်စရာကောင်းသွားခဲ့ပေသည်။

သို့ရာတွင် လုမင်က အသင့်ပြင်ထားပြီးသား ဖြစ်သည်။ သူ့ထံမှ နဂါးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး လက်ဝါးနှင့် ရိုက်ချလိုက်သည်။

"ဒုန်း"

လက်နှစ်ဖက် ထိပ်တိုက်တွေ့သွားသည်။ အဘိုးအို၏ ခန္ဓာကိုယ်က တုန်ခါပြီး သူ့လက်တစ်ဖက်က တိုက်ရိုက်ပေါက်ကွဲသွား၏။ သူ အရူးအမူး ဆုတ်ခွာသွားပြီး သွေးများလည်း အန်ထွက်လာတော့သည်။

"မင်းဘယ်သူလဲ၊ မင်းကို ဘယ်သူက လွှတ်လိုက်တာလဲ"

လုမင်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။

"ဟမ့်၊ လုမင်... မင်းက ကံကောင်းသွားတယ်"

အဘိုးအိုက အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။

"ငါကံမကောင်းပါဘူး။ ကျိဟုန်ချန်ကလည်း ငါ့ကို လုံးဝလိုက်မရှာဘူး။ ငါလျှောက်ပြောနေတာ"

လုမင် လျစ်လျူရှုစွာ ပြောလိုက်၏။

ကျိဟုန်ချန်မှ သူ့ကိုလိုက်ရှာနေသည်ဟု ပြောဆိုခြင်းမှာ အဘိုးအိုကို လှည့်စားရန် ဖြစ်သည်။ ဤအဘိုးအိုက အမှန်တကယ် လှုပ်ရှားလာမည်ဟု သူ မမျှော်လင့်ထားပေ။

"မင်း…"

အဘိုးကြီး ဒေါသတကြီးဖြစ်ပြီး သွေးများ ထပ်မံအန်ထွက်လာခဲ့သည်။ သူ့အမူအရာက အလွန်အကျည်းတန်ပေသည်။ သူသည် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း လူငယ်တစ်ယောက်၏ အရူးလုပ်ခံရမည်ဟု တစ်ခါမှ မတွေးခဲ့ဘူးပေ။

"ပြောစမ်း၊ မင်းကို ဘယ်သူက လွှတ်လိုက်တာလဲ။ ဒါဆိုရင် ငါမင်းကို မြန်မြန်သေစေမယ်"

လုမင်က လျစ်လျူရှုစွာ ကြည့်လိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

ထိုအခိုက်တွင် အခိုးအငွေ့ကဲ့သို့ ပုံရိပ်များက အရပ်ရပ်မှ ထွက်ပေါ်လာသည်။ သူတို့တစ်ဦးစီက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်၏။

စုစုပေါင်း ခြောက်ယောက်ရှိသည်။ သူတို့တစ်ဦးစီက သူ့ရှေ့မှ အဖိုးအိုထက် သိသိသာသာ ပိုအားကောင်းသော အရှိန်အဝါများ ရှိပေသည်။

အဓိပတိတန်ခိုးရှင်၊ အဓိပဓိနယ်ပယ် ကျွမ်းကျင်သူ ခြောက်ဦး ဖြစ်သည်။

"ကလစ်"

ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။ လူခြောက်ယောက်က ပတ်ပတ်လည် အက်ကြောင်းများတွင်းမှ ထွက်လာပြီး လုမင်နှင့် ရှဲ့နျန်ချင်းကို မဆုတ်နိုင်အောင် ပိတ်ဆို့ထားလိုက်သည်။

လူရိပ်ခြောက်ခုက အနက်ရောင်ဝတ်စုံများ ဝတ်ထားသည်။ သူတို့၏ မျက်နှာနှင့် တကိုယ်လုံးကို အနက်ရောင် ၀တ်ရုံများထဲတွင် လျှို့ဝှက်ထားပေသည်။

"မင်းတို့က ငါ့ကို တကယ် အထင်ကြီးနေတာပဲ။ အဓိပတိ ခြောက်ယောက်တောင်မှ လွှတ်လိုက်တယ်"

လုမင် လှောင်ပြောင်လိုက်သည်။ ဤမျှကြီးမားသော စွမ်းအားရှိသူကိုလည်း စိတ်ထဲမှ မှန်းဆနေမိ၏။

ဤသည်မှာ တောင်ပိုင်းနတ်နန်းတော် ဖြစ်သည်။ တောင်ပိုင်းနတ်နန်းတော်ကဲ့သို့ အင်အားကြီးသည့် အင်အားစုကသာ သူ့ကိုသတ်ရန် အဓိပတိခြောက်ပါးကို စေလွှတ်နိုင်သည်။

ယင်းက မုမိသားစု၊ သို့မဟုတ် ဝမ့်မိသားစုကပဲလား။

"သတ်"

"သတ်"

"..."

အဓိပတိခြောက်ပါးက အချိန်မဖြုန်းဘဲ တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ ကြောက်စရာကောင်းသော ဖိအားတစ်ခုက လုမင်နှင့် ရှဲ့နျန်ချင်းတို့ကို ဖိနှိပ်ခဲ့၏။ တစ်ချိန်တည်းမှာပင် ကြောက်စရာကောင်းသော တိုက်ခိုက်မှု ခြောက်ခုက သူတို့နှစ်ဦးအပေါ် ကျရောက်လာတော့သည်။

"ကောင်းကင်နတ်ဆိုးပိုင်နက်"

ရှဲ့နျန်ချင်းက လက်သီးဆုပ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပိုင်နက်တစ်ခုဟာ သူမကို ဗဟိုထားပြီး ဖြန့်ကျက်သွားခဲ့သည်။

ကောင်းကင်နတ်ဆိုးပိုင်နက်အတွင်းသို့ ဝင်လိုက်သည်နှင့် အဓိပတိခြောက်ပါးဟာ သူတို့ခန္ဓာကိုယ်များ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူတို့ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

ရှဲ့နျန်ချင်း၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက တော်ရုံအဓိပဓိများကို လွှမ်းမိုးနိုင်သည်။

"သတ်"

လုမင် အော်လိုက်သည်။ သူက တတိယသွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သောအခါ ပို၍ အားကောင်းလာခဲ့၏။ သူက လေထဲသို့ ခြေတစ်ချက်လှမ်းပြီး အဓိပဓိတစ်ပါးအနီးကို ချဉ်းကပ်လာတော့သည်။

"ဝုန်း"

လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် တစ်ဖက်လူက လက်ဝါးနှင့် ပြန်ရိုက်လိုက်၏။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်လာခဲ့သည်။ လုမင်က မလှုပ်သော်လည်း တစ်ဖက်လူ၏ခန္ဓာမှာ ပြင်းထန်စွာ တုန်ခါသွား၏။ သူ့ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး အမြောက်ကျည်ကဲ့သို့ နောက်ကိုလွင့်စဉ်သွားတော့သည်။

ဤမြင်ကွင်းက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အံ့အားသင့်ဖွယ် ကောင်းလွန်းလှပေသည်။ တစ်ချက်တည်းဖြင့် အဓိပဓိကို ဒဏ်ရာရစေခဲ့သည်။ ယင်းက ဤအကဲဖြတ်မှုမှ နံပါတ်တစ်၏ ခွန်အားဖြစ်သလော။

ဤအရာကား ရှန်းရွှီတိုက်အဖွဲ့အစည်းမှ နံပါတ်တစ် ပါရမီရှင်၏ ခွန်အားဖြစ်သလော။

"မင်းတို့ရဲ့ သွေးမျိုးဆက်တွေကို ထုတ်ဖော်လိုက်ကြဟေ့။ အစွမ်းကုန် တိုက်ခိုက်ကြ"

အဓိပတိများထဲမှ တစ်ယောက်က ပြောလိုက်သည်။ သူ့ဦးခေါင်းထက်မှလည်း သွေးမျိုးဆက် ထွက်ပေါ်လာကာ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုလိုက်တော့သည်။

အခြား အဓိပတိငါးဦးသည်လည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့ကြသည်။

"ဖျက်ဆီးလော့"

ရှဲ့နျန်ချင်းက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး လှပသော ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအခါ ကောင်းကင်နတ်ဆိုးပိုင်နက်က ပိုပြီး ကြောက်စရာကောင်းလာခဲ့၏။ တစ်ချိန်တည်းမှာပင် စွမ်းအားပိုင်နက်က အားကောင်းသော အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေကာ အဓိပတိခြောက်ပါးကို လှုပ်ရှားရန်ပင် ခက်ခဲစေခဲ့သည်။

"ဂါး"

နဂါးဟိန်းသံကို ကြားလိုက်ရသည်။ လုမင်က နဝမနဂါးအဖြစ်ပြောင်းလဲပြီး အဓိပဓိခြောက်ပါးကို ခုန်အုပ်လိုက်၏။

"ဝုန်း"

တစ်ချက်တည်းဖြင့် အဓိပဓိတစ်ပါး သွေးအန်သည်အထိ အရိုက်ခံရကာ နောက်ဆုတ်သွားရသည်။

အကယ်၍ အခြား အဓိပဓိများသာ အချိန်မီ မကယ်တင်နိုင်ခဲ့ပါက လုမင်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားနိုင်သည်။

ကောင်းကင်အမြင့်တွင် အနက်ရောင်ဝတ်ရုံဝတ် လူတစ်ဦးက လေထဲတွင်ရပ်ပြီး အောက်ဘက်မှတိုက်ပွဲကို ကြည့်နေသည်။

ထိုလူကို လုမင် အလွန်ရင်းနှီး၏။ ၎င်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လင်းသခင်လေး ဖြစ်တော့သည်။

ဤအခိုက်တွင် လင်းသခင်လေးက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် တိုက်ပွဲကိုကြည့်နေသည်။

"ဒီကောင်လေးက တကယ်ထက်မြက်တာပဲ။ သူက ယွမ်လုမှာတောင် ထက်မြက်သူလို့ ဆိုနိုင်တယ်။ ကံမကောင်းချင်တော့... သူက ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ မပါဝင်တာကြောင့် သတ်ပစ်ဖို့ပဲ ရှိတော့တယ်"

လင်းသခင်လေး၏အနားမှာတော့ လူလတ်ပိုင်း အမျိုးသားတစ်ဦး ရှိပေသည်။ ထိုသူက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။

"ဟမ့်၊ ကျုပ် စုံစမ်းပြီးသွားပြီ။ ကျုပ်သား မုကြွယ်ကို သတ်ပစ်လိုက်တာ ဒီကောင်ပဲ၊ သူသေရမယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသား အနားတွင် အနက်ရောင်၀တ်စုံ ၀တ်ထားသူနှစ်ဦး ရှိသေးသည်။ သူတို့ထဲမှ တစ်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

ဤအချိန်တွင် အောက်ခြေမှ တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။

အဓိပတိခြောက်ပါးတို့က ကောင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း လုမင်နှင့် ရှဲ့နျန်ချင်းက ပူးပေါင်းဆောင်ရွက်ခဲ့ကာ တိုက်ခိုက်နိုင်စွမ်း ထိတ်လန့်စရာ ဖြစ်ခဲ့၏။ အထူးသဖြင့် လုမင်ဟာ အနိုင်မယူနိုင်လောက်အောင် ဖြစ်တော့သည်။

"ဝုန်း"

နဝမနဂါးအထက်တွင် မိုးကြိုးဒယ်စောက်အိုးတစ်ခု ပေါ်လာခဲ့သည်။ လဲ့တင်းက တောင်လုံးတမျှ ကြီးမားလာပြီး အဓိပတိတစ်ပါးဆီသို့ ကျရောက်လာခဲ့၏။

"ဝုန်း"

ထိုအဓိပတိ၏ ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့သည်။ သူ့တစ်ကိုယ်လုံး လောင်ကျွမ်းပြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ပေသည်။

နဝမနဂါးက ဟိန်းဟောက်ပြီး ဝါးမျိုခြင်းစွမ်းအားနှင့် ရန်သူကို ဖုံးအုပ်လိုက်သည်။ ထို့နောက် လက်သည်းတစ်ချောင်းနှင့် ပြိုင်ဘက်ကို လှမ်းဆွဲလိုက်၏။

"မဟုတ်ဘူး၊ ငါ့ကိုကယ်ကြပါဦး"

ထိုအဓိပဓိက ကြောက်လန့်တကြားဖြင့် အော်လိုက်သည်။ အခြားအဓိပဓိများကလည်း ကူညီချင်သည်။ သို့ရာတွင် လုမင်က လဲ့တင်းကို ထိန်းချုပ်ထား၏။ ထောင်ပေါင်းများစွာသော မိုးကြိုးများက ဖြန့်ကျက်ကာ အဓိပတိများကို ပိတ်ဆို့ထားတော့သည်။

"ဝုန်း"

နဝမနဂါး၏ နဂါးလက်သည်းက အဓိပဓိတစ်ပါး၏ ဒန်တျန်အတွင်းသို့ ဖောက်ဝင်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ခန္ဓာကိုဖြတ်ကာ နတ်ဝိညာဉ်ကို ဖမ်းဆုပ်လိုက်၏။

ထိုနတ်ဝိညာဉ်က အဘိုးကြီးတစ်ဦး၏ အသွင်အပြင် ရှိပေသည်။ သူ့မျက်နှာက အဆုံးမဲ့ အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

"ငါ့ကို ချမ်းသာပ..."

သူဟာ ချမ်းသာပေးရန် တောင်းပန်ချင်သော်လည်း နဂါးလက်သည်းက ညှစ်လိုက်သည်နှင့် နတ်ဝိညာဉ်က ပေါက်ကွဲသွားတော့သည်။ လုမင်က အဓိပတိတစ်ဦးကို သတ်ဖြတ်ခဲ့သည်။

လုမင်၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းနှင့် လဲ့တင်းကို ပေါင်းစပ်လိုက်‌သောအခါ အဓိပဓိတစ်ပါးကိုသတ်ရန် များစွာ မခက်ခဲတော့ပေ။

All Chapters