အခန်း ၁၂၆၉
Vol. 85 Ch. 1269
အပိုင်း ( 1269 ) သိုင်းအုပ်ချုပ်သူကို တိုက်ခိုက်သည်။
လုမင်က အဓိပဓိတစ်ပါးကို ခဏချင်း သတ်ဖြတ်ခဲ့၍ အခြား အဓိပဓိငါးပါး မျက်နှာပျက်သွားသည်။ သူတို့အားလုံး အသည်းအသန် နောက်ဆုတ်သွား၏။
ကောင်းကင်မှ ကောင်းကင်နတ်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်း အမျိုးသား၊ လင်းသခင်လေးနှင့် အခြားသူများလည်း မျက်နှာများ မှုန်မှိုင်းသွားကြသည်။ အထူးသဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများက ပူလောင်ပြင်းပြသော လောဘတို့ ပေါ်လာတော့သည်။
'ဒီမိုးကြိုးဒယ်စောက်အိုးက အံ့ဩစရာပဲ။ အဲဒါက သာမန် ဝိညာဉ်လက်နက်အဆင့်ကို ကျော်လွန်သွားခဲ့ပြီ။ မဟုတ်မှလွဲ သူတော်စင်လက်နက်များလား'
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက စိတ်ထဲမှ ရေရွတ်လိုက်သည်။
'ဟာဟားဟား၊ ငါ့ရဲ့ကံက ကောင်းလွန်းတယ်။ ရှန်းရွှီကြီးလို ဝေးလံခေါင်သီတဲ့အရပ်မှာ သူတော်စင်လက်နက်တစ်ခုရှိဖို့ ငါ မမျှော်လင့်ထားဘူး၊ ငါယူရမယ်'
အောက်တွင် လုမင်က သူတို့နောက်ကို မလိုက်ခဲ့ပါ။ ထိုအစား သူက ရှဲ့နျန်ချင်း၏ အနားကိုတိုးကာ ပြောလိုက်သည်။
"ရှောင်ချင်း၊ ဒီနေရာကနေ မြန်မြန်ထွက်သွားရအောင်"
ဤကိစ္စက မရိုးရှင်းပေ။ သူ့ကိုသတ်ရန် အဓိပတိ ခြောက်ပါးကို တပြိုင်နက်တည်း စေလွှတ်လိုက်နိုင်သည်။ သူတို့နောက်ကွယ်မှ အင်အားက အလွန်အစွမ်းထက်လိမ့်မည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ရှိနေနိုင်သည်။ ထို့ကြောင့် ယခုအချိန်တွင် ထွက်ခွာခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။
ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်ပြီး လုမင်နှင့်အတူ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
ကောင်းကင်ယံတွင် မုမိသားစု၏ ဘိုးဘေးက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မုရဲ့၊ သူတို့ကို ဒီမှာပဲနေစေ"
"ကောင်းပါပြီ"
မုမိသားစု၏ ဘိုးဘေးအနားမှ အနက်ရောင်၀တ်ရုံဖြင့် ပတ်ထားသော လူတစ်ယောက်က ဦးညွှတ်လိုက်သည်။ ထို့နောက်တွင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
လုမင်နှင့် ရှဲ့နျန်ချင်းက နေရပ်သို့ ပြန်သွားခါနီးမှာပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော ဖိအားတစ်ခုက လုမင်နှင့် ရှဲ့နျန်ချင်းတို့ကို ဖိနှိပ်လာတော့သည်။
"အုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်"
လုမင် မျက်နှာပျက်သွားပြီး အော်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ဤကိစ္စ၏နောက်ကွယ်တွင် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်တစ်ယောက် ရှိနေသည်။ အဓိပဓိများ ရှုံးနိမ့်သော သိုင်းအုပ်ချုပ်သူကိုယ်တိုင် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။
အနက်ရောင်ဝတ်လူက ကောင်းကင်ယံ၌ ပေါ်လာသည်။ သူ့ရုပ်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူက ခြောက်ကပ်နေသော လက်ကိုဆန့်ပြီး လုမင်နှင့် ရှဲ့နျန်ချင်းကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ချက်ချင်းပင် တောင်တစ်လုံးကဲ့သို့ ကြီးမားသော လက်ကြီးတစ်ဖက်က သူတို့ကို ဆုပ်ကိုင်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက လုမင်တို့နှင့် ဝေးကွာနေသေးသော်လည်း အနည်းငယ် အသက်ရှူကျပ်သွားစေသည်။
သိုင်းအုပ်ချုပ်သူများက ကြောက်စရာကောင်းလွန်းလှပေသည်။ အဓိပဓိများကို အုပ်ချုပ်သူတစ်ပိုင်းဟု လူသိများသော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းက တကယ့်သိုင်းအုပ်ချုပ်သူများထက် များစွာ အားနည်းသည်။
ခြောရပ်နေသော လက်ကြီးက ကောင်းကင်ကို ဖုံးလွှမ်းပြီး လုမင်နှင့် ရှဲ့နျန်ချင်းတို့ကို လုံး၀ ဖုံးအုပ်ထားခဲ့သည်။ သူတို့ လွတ်မြောက်ရန် လမ်းမရှိတော့ပေ။
"ရှောင်ချင်း၊ မင်း တောင်နဲ့မြစ်ပန်းချီကားထဲကို ဝင်လိုက်"
လုမင်က အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ လဲ့တင်းထဲကို ယွမ်ချီစွမ်းအင်များ အရူးအမူး သွန်းလောင်းလိုက်၏။ လဲ့တင်း၏ အငွေ့အသက်များက ပို၍ပင် အားကောင်းလာတော့သည်။
"ဝမ်"
လဲ့တင်းက လက်ဝါးကြီး၏အရွယ်အစားအထိ ကြီးမားလာကာ ဝင်ဆောင့်လိုက်သည်။
"မဟုတ်ဘူး၊ ငါ တောင်နဲ့မြစ်ပန်းချီကားထဲကို မဝင်ဘူး"
ရှဲ့နျန်ချင်းက ခေါင်းကိုခါယမ်းလိုက်သည်။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ လင်းလက်ကာ အနက်ရောင်ပုလဲတစ်ခု ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်များက ပုလဲမှ ထွက်လာခဲ့၏။ နတ်ဆိုးစွမ်းအင်များက အလင်းတန်းတစ်ခုကဲ့သို့ လက်ကြီးဆီကို ပစ်လွှတ်လိုက်တော့သည်။
"ဝုန်း ဝုန်း"
ကောင်းကင်ယံတွင် ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းတစ်ခုက မိုင်ပေါင်းသောင်းနှင့်ချီ၍ ပျံ့လွင့်သွား၏။ ယင်းက မရေမတွက်နိုင်သော လူများကို ထိတ်လန့်စေခဲ့သည်။
"ဘာဖြစ်တာလဲ၊ ဘာတွေဖြစ်နေတာလဲ"
"တစ်ယောက်ယောက်တော့ တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်နေခဲ့ပြီ။ ဒါပေမဲ့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့တိုက်ပွဲကို ဘယ်သူက တိုက်ခိုက်နေတာလဲ"
"သိုင်းအုပ်ချုပ်သူတွေ... သိုင်းအုပ်ချုပ်သူတွေကြားက တိုက်ပွဲဖြစ်ပုံရတယ်"
ညကောင်းကင်ယံတွင် ပေါက်ကွဲမှုများက အဝေးကြီးသို့ ပျံ့လွင့်လာသော်လည်း မည်သူမျှ အနီးကပ် မကြည့်ဝံ့ကြပေ။
နောက်နေခြင်းသာ ဖြစ်ရမည်။ အကယ်၍များ သိုင်းအုပ်ချုပ်သူများအကြားမှ တိုက်ပွဲတစ်ခုနှင့် အလွန်နီးကပ်နေလျှင် မတော်တဆ ရိုက်ခတ်မိရုံဖြင့် သေဆုံးသွားရမည်ဖြစ်သည်။
"ဒုန်း"
မိုးကြိုးဒယ်စောက်အိုးက ပြင်းပြင်းထန်ထန်တုန်ခါပြီး လုမင်၏ ဦးခေါင်းထက်သို့ လွင့်ပျံလာခဲ့သည်။ လုမင်လည်း သွေးများအန်ထွက်လာကာ မီတာထောင်ပေါင်းများစွာ ဆုတ်သွားရ၏။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
တစ်ဖက်မှ ရှဲ့နျန်ချင်းလည်း အလားတူပင်။ သူမ၏ နတ်ဆိုးအလင်းက ပျက်စီးသွားကာ မီတာထောင်ဂဏန်းအကွာသို့ ဆုတ်ခွာသွားခဲ့ရသည်။ သို့သော်လည်း သူမ၏မျက်ခုံးကြားရှိ အနက်ရောင်ပုလဲက အလင်းလွှာတစ်ခု ထွက်ပေါ်လာပြီး ရှဲ့နျန်ချင်းကို ကာကွယ်သွား၏။ ထို့ကြောင့်ပင် ရှဲ့နျန်ချင်းက လုမင်ထက် အနည်းငယ်သာလွန်ခဲ့ပေသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်က တုန်လှုပ်သွားသော်လည်း သွေးမအန်ခဲ့ရပေ။
ယင်းက လုမင်ကို သက်ပြင်းချစေနိုင်ခဲ့သည်။ ရှဲ့နျန်ချင်း၏ အနက်ရောင်ပုလဲက နတ်ဘုရားအပျက်အစီးများထဲမှ ရရှိခဲ့ခြင်း ဖြစ်ချေသည်။ ၎င်း၏ လျှို့ဝှက်ဆန်းကြယ်မှုများက သူတို့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။
သူတို့နှစ်ဦးက တွန်းလှန်ခံခဲ့ရသော်လည်း လက်ဝါးကြီးကို အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ပေသည်။
"အံ့သြစရာ၊ အံ့အားသင့်စရာပဲ"
ဤမြင်ကွင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သက်လတ်ပိုင်း လူကြီးကို ပင့်သက်ရှိုက်စေခဲ့သည်။
သူတို့နှစ်ဦးက မျိုးဆက်သစ်များသာဖြစ်သော်လည်း အုပ်ချုပ်သူတစ်ပါး၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ကြပေသည်။ ယင်းက ကြောက်စရာကောင်းလွန်းသည်။
"ဟမ်"
ယင်းကြောင့် မုမိသားစုမှ ဘိုးဘေး၏ မျက်နှာကတော့ မှုန်မှိုင်းသွားပေသည်။ သူ မျက်နှာပျက်သွားသလို ခံစားလိုက်ရသည်။
"မုရဲ့၊ သေချာလုပ်စမ်း။ သက်ညှာမနေနဲ့၊ သူတို့ကို မသတ်မိရင် တော်ပြီ"
မုမိသားစု၏ဘိုးဘေးက မုရဲ့ကို အသံပို့လွှတ်၍ ပြောလိုက်သည်။
"သတ်"
အမိန့်ရသည်နှင့် မုရဲ့၏ အရှိန်အဝါများက ပို၍ပင် ပြင်းထန်လာသည်။ သူ့လက်ကို ဆန့်ထုတ်ကာ ခြောက်ကပ်ကပ် လက်နှစ်ချောင်းကို ဆက်တိုက် ဆုပ်ကိုင်လိုက်၏။ ကြီးမားသော လက်နှစ်ဖက်က လုမင်နှင့် ရှဲ့နျန်ချင်းတို့ကို ဆုပ်ကိုင်လိုက်တော့သည်။
ဤလက်ဝါးတစ်ဖက်စီက ယခင်လက်ဝါးထက် ပို၍ ကြောက်စရာကောင်းသည်။ အံ့သြစရာကောင်းအောင်၊ လက်ဝါးနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ပို၍ပို၍ ကြောက်စရာကောင်းသောအငွေ့အသက်ကို ထုတ်လွှတ်လာခဲ့၏။ လုမင်နှင့် ရှဲ့နျန်ချင်းတို့ကို ဖမ်းဆီးဆုပ်ကိုင်လာတော့သည်။
"တန်တန်"
"ပူဖောင်းလေး"
အတွေးတစ်ခုဖြင့် တန်တန်နှင့် ပူဖောင်းလေးက လုမင်၏ ပခုံးပေါ်တွင် ပေါ်လာသည်။
"လုမင်၊ မင်း ငါ့ကို ခေါ်လာတော့မယ်ဆိုတာ သိတာပေါ့။ ငါက အသက်ပြင်းတာကို..."
ကျိန်ဆဲရင်း တန်တန်က လုမင်၏ ပခုံးပေါ်မှ ပြေးထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က အလျင်အမြန် ကြီးထွားလာပြီး အရှိန်အဝါကလည်း သိသိသာသာ မြင့်မားလာခဲ့၏။
"ပါးစပ်တွင်းမှ ကမ္ဘာ"
တန်တန်က ဟိန်းဟောက်ပြီး ပါးစပ်ဟလိုက်သည်။ ပျက်စီးခြင်း အလင်းတစ်ခုက သူ့ပါးစပ်မှ ထွက်လာသည်။ ထိုအလင်းထဲတွင် ကမ္ဘာတစ်ခုရှိပုံရ၏။
ကမ္ဘာကြီးက ခြောက်ကပ်နေသော ဧရာမလက်ကြီးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် ပူဖောင်းလေး၏ပါးစပ်မှ ကြီးမားပြီး ဖောက်ထွင်းမြင်ရသော ပူဖောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပူဖောင်းက ညှိုးနွမ်းနေသော လက်ဝါးတစ်ဝိုက် ရုတ်တရက် ပေါ်လာခဲ့၏။ ဖောက်ထွင်းမြင်ရသည့် ပူဖောင်းပေါ်လာသည်နှင့် တပြိုင်နက် ညှိုးနွမ်းနေသော လက်ဝါးကြီးဟာ လေထဲတွင် တုံ့ဆိုင်းသွားပြီး မလှုပ်ရှားတော့ပေ။
“ဒါက… အချိန်နဲ့ဟင်းလင်းပြင်တာအိုလား"
မုရဲ့က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
"ချိုးဖျက်လိုက်စမ်း"
ညှိုးနွမ်းနေသော လက်ဝါးကြီးက အလင်းများ တောက်ပသလို ကြည်လင်သော ပူဖောင်းလည်း တုန်ခါလာခဲ့သည်။
"တွိ တွိ..."
ပူဖောင်းလေးက အော်လိုက်သည်။ သူက အစွမ်းကုန်ထုတ်ဖော်နေပုံရကာ နှင်းဖြူအမွှေးများမှ နို့ဖြူရောင် အလင်းတန်းများပင် ထုတ်လွှတ်လာတော့သည်။
ထိုအချိန်တွင် တန်တန်၏ တိုက်ခိုက်မှုက ရောက်လာသည်။ ၎င်းက ဖောက်ထွင်းမြင်ရသော ပူဖောင်းကို တိုက်ရိုက်ဖြတ်သန်းပြီး ညှိုးနွမ်းနေသော လက်သည်းပေါ်တွင် ပေါက်ကွဲသွား၏။ လုမင်နှင့် ရှဲ့နျန်ချင်း၏ တိုက်ခိုက်မှုများသည်လည်း တစ်ခုပြီးတစ်ခု ရောက်ရှိလာတော့သည်။
"ဝုန်း"
အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် လက်ဝါးကြီးက ပြိုကျသွားရသည်။
မုရဲ့၏ခန္ဓာလည်း တုန်လှုပ်သွားပြီး ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားရ၏။ သူ၏ ခြေနင်းလိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
"အဲ့ဒီနှစ်ခုကဘာလဲ"
လင်းသခင်လေးနှင့် မုမိသားစုဘိုးဘေးတို့ အော်ဟစ်လိုက်ကြသည်။
တန်တန်နှင့် ပူဖောင်းလေးတို့၏စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားလည်း ရုတ်တရက် မျက်လုံးပြူးကာ တန်တန်နှင့် ပူဖောင်းလေးကို စိုက်ကြည့်လိုက်ပေသည်။ သူက မယုံကြည်နိုင်စွာ တီးတိုးပြောလိုက်သည်။
"ဒါ... ဒါက ဒဏ္ဍာရီလာ ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲက နှစ်ယောက်နဲ့ တော်တော်ဆင်တူတာပဲ"
သူ့မျက်လုံးများက တောက်ပနေပြီး နှလုံးခုန်သံ မြန်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများက မယုံနိုင်မှုများ ပြည့်နှက်နေတော့သည်။
ဒဏ္ဍာရီမှတ်တမ်းများအရ ထိပ်တန်း စစ်သားရဲဆယ်ကောင်စလုံး ကျဆုံးသွားပြီ မဟုတ်ဘူးလား။ သူတို့က ဘယ်လိုလုပ်ပြီး ကမ္ဘာမှာ ပြန်ပေါ်လာနိုင်မည်နည်း။ သူတို့က ထိပ်တန်း စစ်သားရဲဆယ်ကောင်၏ မသန့်စင်သော သွေးမျိုးဆက်ရှိသူများ ဖြစ်ကြပါသလော။
သို့ဖြစ်လျှင်ပင် သူတို့က အဖိုးမဖြတ်နိုင်သေးပေ။
"ဆက်လုပ်"
အောက်တွင် လုမင်က ကြွေးကြော်ပြီး မိုးကြိုးဒယ်စောက်အိုးကို ထိန်းချုပ်လိုက်သည်။ ကောင်းကင်တခွင်လုံး မိုးကြိုးလျှပ်စီးများ ပြည့်နှက်ကာ မိုရီကို တိုက်ခိုက်လိုက်၏။
ယခုအခါ လုမင် ပြန်တိုက်ခိုက်တော့မည် ဖြစ်သည်။
တစ်ဖက်လူက သိုင်းအုပ်ချုပ်သူဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။
ရှဲ့နျန်ချင်း၏ မျက်ခုံးနှစ်ခုကြားရှိ နတ်ဆိုးပုလဲကလည်း နတ်ဆိုးအလင်းရောင်တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးအလင်းက ဓားအဖြစ်သို့ ပြောင်းလဲကာ လေထဲမှ ဖြတ်သန်းသွား၏။
တစ်ချိန်တည်းမှာပင် တန်တန်နှင့် ပူဖောင်းလေးကလည်း ထပ်မံ လှုပ်ရှားလိုက်တော့သည်။