← Chapters

အခန်း ၁၂၇၀

Vol. 85 Ch. 1270

အခန်း ၁၂၇၀

Vol. 85 Ch. 1270

အပိုင်း ( 1270 ) အချိန်နှင့် ဟင်းလင်းပြင် လျှောက်လမ်း။

သတိပေးချက်မရှိဘဲ ပူဖောင်းတစ်ခုက မုရဲ့၏ဘေးတွင် ရုတ်ခြည်းပေါ်လာကာ ဖုံးအုပ်လိုက်သည်။

ဤကြည်လင်သော ပူဖောင်းတွင် အချိန်နှင့် ဟင်းလင်းပြင်ဆိုင်ရာ သဘောတရားများ ပါရှိသည်။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်မှုရှိ၏။ တာအိုနှစ်ခု၏ ပေါင်းစပ်မှုက ရုတ်ချည်း ဖြစ်ပေါ်လာကာ ရှောင်လွှဲ၍ မရတော့ပေ။ မုရဲ့ တုံ့ပြန်ချိန်တွင် အလွန်နောက်ကျနေပြီ ဖြစ်သည်။

အာကာသဟင်းလင်းပြင်တာအိုက တော်သေးသော်လည်း အချိန်တာအိုက လျှို့ဝှက်ဆန်းကျယ်လွန်းပေသည်။

ပူဖောင်းလေးက ငယ်ရွယ်လွန်းသေး၍ အချိန်၏ လျှို့ဝှက်နက်နဲသောအရာများကို အပြည့်အဝ မပြသနိုင်သေးပါ။ ရန်သူကို ပိတ်လှောင်ရန် အချိန်အေးခဲခြင်းကဲ့သို့သော နည်းလမ်းများကိုသာ အသုံးပြုနိုင်သည်။ ရန်သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန်အားကောင်းပါက ဖြတ်ကျော်သွားနိုင်ပေသည်။

အချိန်တာအိုသည် မြင့်မားသောအဆင့်သို့ ရောက်ရှိလျှင်တော့ အချိန်ကို နောက်ပြန်လှည့်နိုင်သည်ဟု ဆိုကြသည်။ တခဏချင်းတွင်၊ ကျွမ်းကျင်သူတစ်ဦးကို သူ၏ကလေးဘဝ၊ မလေ့ကျင့်ရသေးမီအချိန်သို့ ပြန်လည်ရောက်ရှိစေပြီး ရိုက်ချနိုင်ပေသည်။

သို့မဟုတ်၊ အချိန်ကို မြန်ဆန်စေပြီး လူတစ်ဦး၏ သက်တမ်းကုန်ဆုံးခါနီးအချိန်ထိ ချက်ချင်းအိုမင်းသွားစေနိုင်သည်။

ထိုအချိန်တွင် ၎င်း၏စွမ်းအားက မည်မျှထိတ်လန့်စရာကောင်းမည်ကို တွေးကြည့်ရန်ပင် မလွယ်တော့ပေ။

ဤအခိုက်တွင် မုရဲ့ကို ကြည်လင်သောပူဖောင်းက ဖုံးအုပ်ထားပြီး သူ၏ရုပ်သွင်ကို အေးခဲသွားစေခဲ့သည်။

"ချိုးဖျက်၊ ချိုးဖျက်စမ်း"

မုရီ ဟိန်းဟောက်လိုက်သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ် သူ၏ ကျင့်ကြံခြင်းအခြေခံက‌ ပေါက်ကွဲထွက်လာခဲ့၏။ ယွမ်ချီစွမ်းအင်များက တောက်လောင်နေသော မီးတောက်ကဲ့သို့ ပေါ်လာတော့သည်။

ဖောက်ထွင်းမြင်ရသော ပူဖောင်းက အချိန်မရွေး ပေါက်ကွဲသွားတော့မလို ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

"တွိ တွိ..."

ပူဖောင်းလေးက အော်လိုက်သည်။ သူ၏ လက်သေးသေးနှစ်ချောင်းက လေထဲတွင် အဆက်မပြတ် ကုတ်ခြစ်လိုက်၏။ ထိုအခါ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ပတ်ပတ်လည် ဟင်းလင်းပြင်က ဖန်သားကဲ့သို့ ကွဲအက်သွား၏။ ထို့နောက်မှာတော့ ဓားသွားများအဖြစ် စုစည်းကာ မိုရဲ့ဆီသို့ ခုတ်ဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လုမင်၊ ရှဲ့နျန်ချင်းနှင့် တန်တန်တို့၏ တိုက်ခိုက်မှုများလည်း ရောက်ရှိလာခဲ့သည်။

မုရဲ့ကိုဖုံးအုပ်ထားသော ပူဖောင်းက ကွဲအက်သွားချိန်မှာပင် ကြောက်စရာကောင်းသော တိုက်ခိုက်မှုလေးခုက တပြိုင်နက်တည်း မုရဲ့အပေါ်သို့ ကျရောက်လာတော့သည်။

အရေးကြီးသောအခိုက်အတန့်တွင် မုရဲ့က သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ရန် ဒိုမိန်း(နယ်မြေပိုင်နက်)ကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူက သူ့ခန္ဓာကိုယ်ပေါ်တွင် စွမ်းအင်ချပ်ဝတ်တန်ဆာတစ်ခုကို ဖြန့်ကျက်လိုက်၏။

"ဝုန်း"

တန်တန်၏ တိုက်ခိုက်မှုက ပထမဆုံး ကျရောက်သွားခဲ့သည်။

ဝိညာဉ်သလင်းကျောက်ကို နောက်ဆုံးအကြိမ် မျိုချလိုက်ပြီးကတည်းက တန်တန်ဟာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ့ခွန်အားက ခုန်ပေါက်တိုးတက်ပြီး ပိုမိုအားကောင်းလာခဲ့၏။

ပါးစပ်တွင်းမှကမ္ဘာက တန်တန်၏ မွေးရာပါစွမ်းရည် ဖြစ်သည်။ ကမ္ဘာက အစစ်အမှန်ကမ္ဘာကြီးကဲ့သို့ မုရဲ့ကို ဖုံးအုပ်သွားခဲ့သည်။ ဤကမ္ဘာကြီး၏စွမ်းအားက မုရဲ့၏ ဒိုမိန်းစွမ်းအားနှင့် ယွမ်ချီစွမ်းအင်ကို အဆက်မပြတ် ဖျောက်ဖျက်နေတော့သည်။

"ဝုန်း"

ဒုတိယတိုက်ခိုက်မှုကတော့ ရှဲ့နျန်ချင်း၏ နတ်ဆိုးအလင်းဖြစ်သည်။ နတ်ဆိုးအလင်းက အရာအားလုံးကို ဖျက်ဆီးနိုင်သော ဓားကဲ့သို့ပင်။ တန်တန်၏ ကမ္ဘာ့အင်အားနှင့် ပေါင်းစပ်လိုက်သောအခါ မုရဲ့၏ဒိုမိန်းကို ပြင်းထန်စွာ လှုပ်ခါသွားစေခဲ့သည်။

"ခွမ်း"

အဆုံးတွင်၊ မှန်တစ်ချပ် ကွဲသွားသလို ကွဲအက်သံတစ်ခုထွက်လာသည်။

နောက်အခိုက်တွင် လုမင်၏ မိုးကြိုးဒယ်စောက်အိုး ရောက်လာခဲ့၏။ ထောင်ပေါင်းများစွာသော မိုးကြိုးများက မုရဲ့ကို လုံးဝမြုပ်စေခဲ့သည်။ အဆုံးမရှိသော မိုးကြိုးစွမ်းအင်များက အဆိပ်ပြင်းသော မြွေများကဲ့သို့ သူ့ခန္ဓာထဲကိုဖောက်ဝင်ရန် အသည်းအသန် ကြိုးစားကြတော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မုရဲ့၏ စွမ်းအားများ လုံးလုံး ကွဲအက်သွားခဲ့သည်။ သူတို့သုံးယောက်၏ တိုက်ခိုက်မှုများက မုရဲ့၏ ယွမ်ချီစွမ်းအင် ချပ်ဝတ်ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။

ထိုအချိန်တွင် ပူဖောင်းလေး၏ ဟင်းလင်းပြင်ဓားသွားများ ရောက်ရှိလာပြန်သည်။ ဓားသွားများက ယွမ်ချီစွမ်းအင် ချပ်ဝတ်ကိုဖြတ်ပြီး သူ့ခန္ဓာကိုယ်ကို ထိမှန်သွား၏။

"ဒုန်း... ဒုန်း... ဒုန်း... ဒုန်း"

တိုက်ခိုက်မှု လေးခုတွင် တစ်ခုစီက မုရဲ့၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။ သူ့ခန္ဓာက နောက်ဆုတ်သွားရပြီး အဆုံးတွင် ပါးစပ်ထဲမှ သွေးများပင် အန်ထွက်လာတော့သည်။

သိုင်းအုပ်ချုပ်သူ ဒဏ်ရာရသွားသည်။

လုမင်၊ ရှဲ့နျန်ချင်းနှင့် သားရဲလေးနှစ်ကောင်ကြောင့် သိုင်းအုပ်ချုပ်သူတစ်ပါး အမှန်တကယ် ဒဏ်ရာရသွားခဲ့သည်။ ဤသတင်းသာ ပျံ့သွားခဲ့လျှင် ဘယ်သူမှ ယုံနိုင်ကြမည်မဟုတ်ဘဲ ဟာသလို့သာ ထင်လိမ့်မည်။

သို့ရာတွင် ယခုက အမှန်တကယ်ဖြစ်သွားခြင်း ဖြစ်သည်။

“ဒါက အုပ်ချုပ်သူရဲ့ ဝိညာဉ်ခန္ဓာပဲလား။ တကယ့်ကို အစွမ်းထက်တယ်"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

သိုင်းအုပ်ချုပ်သူတစ်ပါးသည် ဒိုမိန်းစွမ်းအားကို နားလည်နိုင်ရုံသာမကဘဲ သူ၏ခန္ဓာကိုယ်သည်လည်း ဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ သို့မဟုတ် အသက်စွမ်းအားပင်ဖြစ်စေ ဝိညာဉ်ခန္ဓာက အဆပေါင်းများစွာ မြင့်မားသည်။ ၎င်းက သေမျိုးခန္ဓာကို လုံးလုံးကျော်လွန်ပြီး အခြားနယ်ပယ်သို့ ရောက်ရှိသွားပေသည်။

သူတို့လေးယောက်၏ တိုက်ခိုက်မှုများက မုရဲ့၏ ဒိုမိန်းနှင့် စွမ်းအင်ချပ်ဝတ်ကို ဖြတ်ကျော်ပြီး ခန္ဓာကိုယ်အား တိုက်ရိုက်ထိမှန်သည်။ သို့ရာတွင် သူ့ကို နောက်သို့တွန်းထုတ်နိုင်ရုံဖြစ်ပြီး အနည်းငယ်သာ ဒဏ်ရာရသွားစေခဲ့သည်။

လုမင်က ဤရလဒ်ကို အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း မုရဲ့ ရူးတော့မည်။

သူဟာ ဂုဏ်သိက္ခာရှိသော သိုင်းအုပ်ချုပ်သူ ဖြစ်ခဲ့သည်။ သို့တိုင် အငယ်လေးအချို့ကို မဖြုတ်ချနိုင်ခဲ့ရုံသာမကဘဲ တွန်းလှန်ခံရပြီး ဒဏ်ရာလည်း ရရှိသွားခဲ့၏။ ယင်းက လုံးဝ အရှက်ကွဲခြင်းပင်။ ဤသတင်းထွက်လာပါက သိုင်းအုပ်ချုပ်သူများကြားတွင် ရယ်မောစရာဖြစ်လာလိမ့်မည်။

ထို့အပြင် မုမိသားစု၏ ဘိုးဘေးနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများကလည်း ကောင်းကင်မှ ကြည့်နေကြသည်။

"သတ်"

ဤအခိုက်တွင် သူ၏ သတ်ဖြတ်ချင်စိတ်က ကြီးမားလွန်းသည်။ လုမင်နှင့် အခြားသူများ သေသေရှင်ရှင် ဂရုမစိုက်တော့ရန် သူ ဆုံးဖြတ်လိုက်၏။ သူတို့ကို ဖိနှိပ်ရန်အပြင် အခြား မတွေးနိုင်တော့ပေ။

သို့သော်လည်း နောက်အခိုက်အတန့်တွင် ပွင့်လင်းမြင်သာသော ပူဖောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး သူ့ကို ဖုံးအုပ်ကာ လေထဲတွင် အေးခဲသွားစေခဲ့သည်။

ထို့နောက်မှာတော့ နောက်ထပ် တိုက်ခိုက်မှုလေးခုက သူ့မျက်နှာပေါ်ကို ကျရောက်လာတော့သည်။

"ဝုန်း ဝုန်း ဝုန်း ဝုန်း"

ဆက်တိုက်ပေါက်ကွဲသံနှင့်အတူ မုရဲ့၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ သူ့ကို တွန်းထုတ်ခံရကာ ပါးစပ်တွင်းမှ သွေးများ ထပ်မံ အန်ထွက်လာတော့သည်။

သူ ဒဏ်ရာရသွားပြန်သည်။ ပထမအကြိမ်ကဲ့သို့ ဒဏ်ရာအနည်းငယ်သာရခဲ့သော်လည်း သူ လုံးဝ ရူးသွပ်သွားတော့သည်။

"အား"

ဒေါသတကြီး ဟိန်းဟောက်ရင်း သူ့မျက်လုံးများ နီရဲလာခဲ့သည်။

စိတ်ဆိုး၊ အမှန်တကယ် စိတ်ဆိုးသွားလေသည်။

သူသည် ဂုဏ်သိက္ခာရှိသော ဧကရာဇ်ဖြစ်ပြီး အလွန်တန်ခိုးကြီးသည်။ သို့ပေမည့် လုမင်၊ ကျန်သူများနှင့် ရင်ဆိုင်ရသောအခါ လက်တုံ့ပြန်ရန်ပင် မတတ်နိုင်တော့ပေ။ ပွင့်လင်းမြင်သာသော ပူဖောင်းက တိတ်ဆိတ်ပြီး မည်သည့် အရိပ်အယောင်မျှ မရှိပါ။ သူ လက်တုံ့ပြန်မည့်အချိန်မှ ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။

စိတ်ဆိုးလွန်းလို့ သွေးများပင် ထိုးအန်ချင်လာတော့သည်။

ထို့နောက်တွင် နောက်ထပ် ဖောက်ထွင်းမြင်ရသော ပူဖောင်းတစ်ခုက သူ့ကို ဖုံးအုပ်ထားခဲ့သည်။

သူရူးချင်သွား၏။ အဘယ်ကြောင့် ဤသို့ဖြစ်နေရသနည်း။

"ဟမ့်၊ ဒီအမှိုက်ကတော့ ငါကိုယ်တိုင်လုပ်ရတော့မှာပဲ"

ကောင်းကင်မှ မုမိသားစုဘိုးဘေး၏မျက်နှာမှာ မည်းမှောင်နေခဲ့သည်။ သူက အေးစက်စက်ဖြင့် ပြောပြီး ထွက်လာခဲ့၏။

"ဝုန်း"

ကြီးမားသော ခြေဖဝါးကြီးက ကောင်းကင်တွင် ရုတ်တရက် ပေါ်လာကာ လုမင်နှင့် အခြားလူများကို နင်းချလာတော့သည်။

"ဟင်၊ မဟုတ်ဘူး…"

လုမင်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။ ဧရာမခြေဖဝါးကြီးတွင် ပါဝင်သောစွမ်းအားက ကြောက်စရာကောင်းလွန်းသည်။ လုမင်လည်း ၎င်းကို ခံနိုင်ရည်မရှိဟု ခံစားခဲ့ရပေသည်။

လုမင်သည် တောင်ပိုင်းနတ်နန်းတော်ရှိ အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားထံမှလည်း ဤခံစားချက်ကို ခံစားခဲ့ဖူးသည်။

၎င်းက အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်တစ်ဦး၏ အရှိန်အဝါပင်။

သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် အဆင့်တစ်ခုစီကြား၌ ကြီးမားသော ကွာဟချက်တို့ ရှိသည်။ မုရဲ့က သိုင်းအုပ်ချုပ်သူနယ်ပယ် ပထမအဆင့်သာ ရှိသေးသည်။ သူနှင့် သိုင်းအုပ်ချုပ်သူနယ်ပယ် တတိယအဆင့်ကြား ကွာခြားချက်မှာ အလွန်ကြီးမားသည်။

"ပြီးပြီ၊ ပြီးသွားပြီ၊ ဒီကိုယ်တော်တော့ ပြီးသွားပြီပဲ။ လုမင်... မင်း ဘယ်သူကို စော်ကားလိုက်တာလဲ"

တန်တန် အော်လိုက်သည်။

ရှဲ့နျန်ချင်းလည်း မျက်စိမျက်နှာပျက်နေတော့သည်။

အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်ကို ရင်ဆိုင်တိုက်ခိုက်ရန် သူတို့တွင် အင်အားမရှိပေ။

ပူဖောင်းလေး၏ အချိန်နှင့် ဟင်းလင်းပြင်ကို ချုပ်နှောင်ထားခြင်းကလည်း ထိုကဲ့သို့သော တန်ခိုးရှင်အတွက် အသုံးမဝင်တော့ပါ။ ကွာဟမှုက ကြီးလွန်းသည်။

"တွိ..."

ဤအခိုက်တွင် ပူဖောင်းလေးက အော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသောအလင်းတစ်ခု ဖြာထွက်လာခဲ့၏။ သူ၏ ခြေသည်းများကို လှုပ်ခါလိုက်သည်နှင့် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ရုတ်ချည်းပေါ်လာတော့သည်။

အချိန်နှင့်ဟင်းလင်းပြင် လျှောက်လမ်း။

"တွိ တွိ..."

ပူဖောင်းလေးက အော်ဟစ်ပြီး ဦးစွာပြေးဝင်သွားသည်။

"သွား"

လုမင်လည်း အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ရှဲ့နျန်ချင်းကိုဆွဲခေါ်ကာ အချိန်နှင့်ဟင်းလင်းပြင် လျှောက်လမ်းထဲသို့ ပြေးဝင်သွား၏။

လျှောက်လမ်းထဲသို့ ဝင်လိုက်သည်နှင့် အနီးပတ်ဝန်းကျင်သည် လျင်မြန်စွာ ပြောင်းလဲသွားသည်ကို လုမင် ခံစားလိုက်ရသည်။ တစ်ခဏချင်းတွင် ကြယ်များစွာတို့ ရွေ့လျားသွား၏။

ပတ်ဝန်းကျင်က ပြောင်းလဲနေပြီး သူတို့လူစုက နတ်ဘုရားအပျက်အယွင်းများဆီကို ဦးတည်နေတော့သည်။

"ဝုန်း"

ဧရာမခြေဖဝါးကြီး ကျရောက်လာသည်နှင့် အချိန်နှင့်ဟင်းလင်းပြင်လျှောက်လမ်း ပြိုကျသွားခဲ့သည်။ သို့သော်၊ လုမင်နှင့် ရှဲ့နျန်ချင်းတို့ မရှိတော့ပေ။

All Chapters