← Chapters

အခန်း ၁၂၇၃

Vol. 85 Ch. 1273

အခန်း ၁၂၇၃

Vol. 85 Ch. 1273

အပိုင်း ( 1273 ) အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးဟာ ဦးခေါင်းမဲ့ အစစ်အမှန်နဂါး၏ လက်သည်းချက်ကြောင့် ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။

ထိုလူ ထိတ်လန့်သွားခဲ့၏။ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့်ပင် နဂါးစီးသူရဲကို မတားဆီး‌နိုင်သေးပေ။ ထိတ်လန့်တကြားဖြင့် သူက ဟင်းလင်းပြင်ကိုဖွင့်ပြီး ထွက်ပြေးရန် လျှို့ဝှက်အဆောင်ကို အသုံးပြုခဲ့ရသည်။

"ဝှစ်"

ဦးခေါင်းမဲ့နဂါးစီးသူရဲတွင် ဦးခေါင်းမရှိသော်လည်း အရာအားလုံးကို မြင်နိုင်ပုံရသည်။ သူက နဂါးလှံနှင့် လေထဲကို ပစ်ထိုးလိုက်၏။ တောက်ပသော လှံအလင်းတစ်ခုက ဟင်းလင်းပြင်ကိုဖောက်ပြီး ထွက်သွားတော့သည်။

"အား"

အဝေးမှ အော်သံတစ်ချက် ကြားလိုက်ရသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ အသံဖြစ်ချေသည်။ ထို့နောက်မှာတော့ အသံက တိတ်ဆိတ်သွားပြီး လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။

"ထပ်လာရင် သက်ညှာခြင်းမရှိဘဲ သတ်ခံရမယ်"

ဦးခေါင်းမဲ့ နဂါးစီးသူရဲက အေးစက်စက်ဖြင့် ပြောလိုက်သည်။ ထို့နောက်မှာတော့ ပြန်လှည့်ပြီး နန်းတော်တွင်းကို ဝင်သွားတော့သည်။

နတ်ဘုရားအပျက်အယွင်း၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်က ရုတ်တရက် ကွဲအက်သွားပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး ပေါ်လာခဲ့သည်။

ယခုအခါ သူ့အခြေအနေက မကောင်းပေ။ သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်နှာမှာလည်း ဖြူဖျော့နေသည်။ သူ့နှုတ်ခမ်းထောင့်မှပင် သွေးများ ဆက်လက် စီးကျနေသေးသည်။

သူ၏ ဝမ်းဗိုက်တွင် သွေးများစီးကျနေသော အပေါက်တစ်ခု ရှိနေသည်။ ကြောက်မက်ဖွယ် အင်အားတစ်ခုက သူ့အသားကို အဆက်မပြတ် ဝါးမျိုတိုက်စားလျက်ရှိ၏။သူ၏ နယ်ပယ်ဖြင့်ပင် ချက်ချင်းမကုသနိုင်ပေ။

"အင်အားကြီးလွန်းတယ်"

ကောင်းကင်နတ်ဘုရားသခင်ဂိုဏ်းမှ လူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူဟာ ကြောက်ရွံ့သော မျက်လုံးများဖြင့် နတ်ဘုရားအပျက်အယွင်းများ၏ နက်နဲရာသို့ လှမ်းကြည့်လိုက်လေသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ကျော်လွန်သွားခဲ့သည်။ သို့သော်လည်း၊ ဦးခေါင်းမရှိသည့် နဂါးစီးသူကို ရင်ဆိုင်ရသောအခါမှာတော့ သူ့တွင် ခုခံရန် နေရာများစွာမရှိပေ။ သူ့တွင် အသက်ကယ်ရတနာမရှိပါက နတ်ဘုရားအပျက်အယွင်းများထဲတွင် ထာဝစဉ် ကျန်ရှိနေရမည် ဖြစ်သည်။ သို့တိုင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သေးသည်။ ဤဒဏ်ရာက လအနည်းငယ်ကြာမှ သူပြန်ကောင်းလာနိုင်သည်။

"ရှန်းရွှီတိုက်ကြီးမှာ ဒီလောက်အန္တရာယ်များတဲ့နေရာက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ ချီးတဲ့မှပဲ၊ ဒါက လုမင်ရဲ့အပြစ်ပဲ။ သူ့အတွက်မဟုတ်ရင် ငါ ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်စရာ မရှိဘူး။ တောင်ပိုင်းနတ်နန်းတော်ကို နတ်ဘုရား အပျက်အယွင်းတွေကို စောင့်ကြည့်ဖို့ တောင်းဆိုထားရမယ်။ အဲဒီ ခွေးကောင်လုမင် ပေါ်လာတာနဲ့ သက်ညှာမှုမရှိဘဲ သတ်ရမယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူ၏ မျက်လုံးများက ဆိုးရွားသော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။ ထို့နောက်မှာတော့ ခဏစဉ်းစားပြီး သူ လှည့်ထွက်သွားတော့သည်။

နတ်ဘုရားအပျက်အယွင်းများ၏ ဗဟိုတွင်...

လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးထွက်ခွာသွားသည့် လမ်းကြောင်းကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒီလူက တန်ခိုးကြီးလွန်းတယ်။ သူ မသေသေးသရွေ့ လက်မလျှော့မှာကို ကြောက်ရတယ်။ နတ်ဘုရား အပျက်အယွင်းမှာ ငါတို့ဆက်နေဖို့ မသင့်တော့ဘူး။ ချက်ခြင်းထွက်သွားရအောင်"

"ကောင်းပြီ"

ရှဲ့နျန်ချင်းလည်း မဆိုင်းမတွ ခေါင်းညိတ်လေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက နတ်ဘုရားအပျက်အယွင်းကို ထပ်လာဝံ့မည် မဟုတ်သော်လည်း သူတို့ ထွက်မရစေရန် ပိတ်ဆို့ထားနိုင်သည်။

ချက်ချင်းပင်၊ လုမင်နှင့် ရှဲ့နျန်ချင်းလည်း နန်းတော်ကိုဖြတ်ကာ တောင်ပိုင်းနတ်နန်းတော်၏ ဆန့်ကျင်ဘက်ဘက်ခြမ်းမှ ထွက်သွားခဲ့ကြသည်။

လုမင်တို့အတွက်တော့ နတ်ဘုရားအပျက်ယွင်းတွင် ခြိမ်းခြောက်မှု များများစားစား မရှိပေ။ မကြာမီတွင်၊ လုမင်က နတ်ဘုရားအပျက်အယွင်း၏ ဗဟိုဒေသကိုဖြတ်သန်းပြီး အခြားလမ်းကြောင်းမှ‌ ပြေးထွက်လာခဲ့သည်။

နတ်ဘုရားအပျက်အယွင်းအတွင်းမှ ထွက်လာသော်လည်း လုမင်နှင့် ရှဲ့နျန်ချင်းက မရပ်နားဘဲ ဝေးသည်ထက်ဝေးအောင် ပျံသန်းသွားခဲ့ကြပေသည်။

မိုင်ပေါင်း သန်းပေါင်းများစွာ ပျံသန်းလာပြီးမှ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

ပင်လယ်ဖြတ်သင်္ဘောနှင့် ပြန်ရန် တောင်ပိုင်းနတ်နန်းတော်ကို ပြန်သွားရန်ကတော့ မဖြစ်နိုင်သည်မှာ အသိသာကြီးပင်။ သူတို့ပြန်လာသည်နှင့်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှလူက အခွင့်အရေးရှာကာ သူတို့ကို လုပ်ကြံသတ်ဖြတ်နိုင်သည်။ ယင်းက အန္တရာယ်များလွန်းလှပေသည်။ လုမင်လည်း ပင်လယ်ကိုဖြတ်ပြီး ရှမ်းဟွမ်ကြီးသို့ ကိုယ့်ဘာသာပြန်သွားရန် စီစဉ်ခဲ့သည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မရောက်မီကတော့ ပင်လယ်ကိုဖြတ်ပြီး ရှန်းရွှီတိုက်ကြီးမှ ရှမ်းဟွမ်တိုက်ကြီးသို့ ပြန်သွားရန်မှာ ခက်ခဲလွန်းလှသည်။ အချိန်မည်မျှကြာမည်ကိုပင် သူမသိပေ။ ယခုမူ လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အဓိပဓိကိုပင် ဖိနှိပ်နိုင်ခဲ့ပြီ။ ထို့ကြောင့် သူ့ကိုယ်ပိုင် ခွန်အားဖြင့် ရှမ်းဟွမ်တိုက်ကြီးသို့ ပြန်သွားရန် တတ်နိုင်သည်။

"ရှောင်ချင်း၊ ဒီအတောအတွင်း တောင်နဲ့မြစ် ပန်းချီကားထဲမှာပဲ မင်းနေပါ"

လုမင်က ရှဲ့နျန်ချင်းကို ပြောလိုက်သည်။

"အင်း၊ နင်လည်း သတိထားပါ"

ရှဲ့နျန်ချင်းက ပြော၏။

လုမင်တစ်ဦးတည်းဖြစ်ပါမှ ပို၍မြန်မြန် ခရီးသွားနိုင်မည်ဖြစ်ကြောင်း ရှဲ့နျန်ချင်း သိသည်။

"စိတ်ချပါ"

လုမင် ပြုံးပြလိုက်သည်။ ထို့နောက် သူ၏မျက်ခုံးကြားမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှဲ့နျန်ချင်းကို ဖုံးအုပ်လိုက်၏။ နောက်အခိုက်မှာတော့ ရှဲ့နျန်ချင်း၏ပုံရိပ်က ပျောက်ကွယ်သွားကာ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားတော့သည်။

လုမင်လည်း အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

မကြာမီ၊ လုမင်က မိုင်ပေါင်း သန်းရာချီကာ ပျံသန်းခဲ့ပြီး လျှို့ဝှက်နေရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ထိုနေရာတွင် လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။

ရှဲ့နျန်ချင်းကတော့ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ စိတ်နှစ်ပြီး လေ့ကျင့်လျက် ရှိ၏။

လုမင်လည်း အခြားတောင်ထိပ်သို့ ဆင်းသက်ခဲ့သည်။

လုမင်က လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့ရှေ့တွင် ကျောက်ကြမ်းများ ပေါ်လာခဲ့သည်။

မှန်ပေသည်၊ လုမင် အဆင့်တက်တော့မည်။

လုမင်၏ လက်ရှိတွင် တာအိုငါးမျိုးတွင် လေးခုက စတုတ္ထအဆင့်၏ ပြီးပြည့်စုံသောအဆင့်တွင် ရှိသည်။ မြေတာအိုတစ်ခုသာ စတုတ္ထအဆင့်၏ ကြီးမားသော အောင်မြင်ခြင်း အထွတ်အထိပ်အဆင့်တွင် ရှိသေးသည်။ သူ၏ လက်ရှိ တာအိုအဆင့်ဖြင့် သူ၏နယ်ပယ်ကို အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ မြှင့်တင်နိုင်သည်။

လုမင်က အချိန်အနည်းငယ်ယူကာ ကျောက်ကြမ်းများကို ဝါးမျိုပြီး အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်သို့ ဦးစွာမြှင့်တင်ရန် စီစဉ်ခဲ့သည်။ ဤသို့ဖြင့် ခရီးသွားရာတွင် ပို၍ မြန်ဆန်ပေလိမ့်မည်။

"ဝမ်"

နဝမနဂါးက ပေါ်လာပြီး ပါးစပ်ကိုဟကာ ကျောက်ကြမ်းပုံကြီးကို မျိုချလိုက်သည်။ ယင်းက အနည်းဆုံး သန်းအနည်းငယ် ရှိပေသည်။

သူက ကျောက်ကြမ်းသန်းအနည်းငယ်ကို တစ်ခါတည်း ဝါးမျိုပြီး လျင်မြန်စွာ စတင်သန့်စင်ခဲ့သည်။

ကျောက်ကြမ်းများက အဆက်မပြတ် သန့်စင်ပြီး ယွမ်ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၏။ လုမင်က အတားအဆီးမရှိသကဲ့သို့ သူ၏ကျင့်ကြံခြင်းမှာ အရူးအမူး တိုးလာတော့သည်။

ကျောက်ကြမ်း သန်းအနည်းငယ်ကို သန့်စင်ပြီးနောက်၊ နောက်ထပ် သန်းအနည်းငယ်ကို သူမျိုချခဲ့သည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပေသည်။

အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်၊အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်အဆင့်၊ အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်...

ခုနစ်ရက်ကြာပြီးနောက် လုမင်ဟာ ကျောက်ကြမ်းအများအပြားကို ဝါးမျိုပြီး အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်မြေပယ်သို့ ရောက်ရှိခဲ့သည်။

အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိပြီးသော်လည်း လုမင် မရပ်နားသေးပေ။ သူက ကျောက်ကြမ်းများကို ဝါးမျိုပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ဆက်လက် မြှင့်တင်ခဲ့သည်။

အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်း အဆင့်၊ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်လတ် အဆင့်၊ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်...

နောက်ထပ်ခုနစ်ရက်အကြာတွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

တိုတောင်းသော လဝက်အတွင်း၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်မှ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်အထိ ရောက်ခဲ့သည်။ ဤခုန်ပေါက်တိုးတက်မှုက အံ့ဖွယ်ကောင်းလွန်းလှပေသည်။

ဟုတ်သည်၊ ဤသည်ကပင် လုမင်၏တာအိုက လိုအပ်ချက် ရှိနေသေးသောကြောင့်ပင် ဖြစ်သည်။ မဟုတ်ပါက အတားအဆီးမရှိဘဲ ထိုမျှနှင့် ရပ်တန့်သွားမည် မဟုတ်ပေ။

လုမင်အတွက်တော့ တာအိုတွင် ဖြတ်ကျော်နေသမျှ ကာလပတ်လုံး ပိတ်ဆို့မှုများ ရှိမည် မဟုတ်ပါချေ။

သို့ရာတွင် သူစားသုံးခဲ့သော ကျောက်ကြမ်း ပမာဏမှာလည်း ကြောက်စရာကောင်းသည်။ လဝက်အတွင်းမှာပင် လုမင်က ကျောက်ကြမ်းပေါင်း သန်းငါးဆယ်ကို ဝါးမြိုသွားခဲ့သည်။

ဤပမာဏကလည်း ရင်တုန်ပန်းတုန်ဖြစ်စရာပင်။

"ဝှူး"

လုမင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များက မထင်မှတ်လောက်အောင် ထူထပ်ပြီး ပြည့်လျှံတော့မည်ဟု ခံစားရ၏။ သူ၏ ဝင်သက်ထွက်သက်တိုင်းက လေပြင်းတစ်ခုပမာ ဖြစ်စေနိုင်သည်။

"ဝုန်း"

လုမင်က မတ်တပ်ထရပ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူသည် တောင်နှင့်မြစ်ပန်းချီကားအတွင်းမှထွက်ပြီး တောင်တန်းတစ်ခုအထက် ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။

"ဝုန်း"

လုမင်ထံမှ ယွမ်ချီစွမ်းအင်က ကောင်းကင်သို့ ပစ်လွှတ်လိုက်သောအခါ ကြီးမားသော အပေါက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားစေတော့သည်။

"သန်မာလွန်းတယ်"

လုမင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ယခုအခါ သူ့ခန္ဓာကိုယ်ထဲမှာ မကုန်မခန်းနိုင်သော စွမ်းအင်များ ရှိတေသည်ဟု ခံစားခဲ့ရသည်။

အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်၏ ယွမ်ချီစွမ်းအင်က အားကောင်းလှပေသည်။ ယင်းက အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်မှ ယွမ်ချီစွမ်းအင်ထက် မည်မျှအားကောင်းသည်ကိုပင် မသိနိုင်ပါ။

ယခုဆိုလျှင် လုမင်က သာမန် အဓိပဓိတစ်ဦးနှင့် ရင်ဆိုင်ရာတွင် လဲ့တင်း၏ အကူအညီမပါဘဲ အပြတ်ချေမှုန်းနိုင်ပြီး သတ်ပင် သတ်ပစ်နိုင်ကြောင်း ယုံကြည်မှုရှိသည်။

ဟုတ်ပေသည်၊ နတ်ဘုရားအဆင့်ကိုး‌ သွေးမျိုးဆက်ကို နိုးထစေခဲ့သော ပါရမီရှင်များအတွက်တော့ မတူညီသော ကိစ္စတစ်ခုပင်။

"အခု ရှမ်းဟွမ်တိုက်ကြီးဆီကို ပြန်သွားရအောင်"

လုမင်၏ အတွေးတစ်ခုနှင့် ယွမ်ချီစွမ်းအင်ပို့လွှတ်ကာ ဟင်းလင်းပြင်ကို ဆုပ်ဖြဲလိုက်သည်။ ဤတစ်ကြိမ်တွင် ဟင်းလင်းပြင်က စက္ကူတစ်ရွက်ပမာ အလွယ်တကူ ဆုတ်ပြဲသွား၏။ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ နက်မှောင်သော ဖရိုဖရဲ စွမ်းအင်များ ထွက်ပေါ်လာတော့သည်။

All Chapters