အခန်း ၁၂၇၅
Vol. 85 Ch. 1275
အခန်း ( 1275 ) မြေပုံ။
ဤကဲ့သို့ ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာခြင်းက ဖြေရှင်းနည်း လုံးဝမဟုတ်ပေ။ ဤနည်းဖြင့် သန့်စင်သော ဝိညာဉ်ခန္ဓာကို ရှာတွေ့ရန် နည်းလမ်းမရှိပေ။
'အပြင်မှာပဲ အေးအေးဆေးဆေး သတင်းစောင့်ရတာ ပိုကောင်းတယ်။ ဒီလို သွားနေတာက သက်သက် အချိန်ဖြုန်းတာတာပဲ'
ထိုသို့တွေးမိသောအခါ လုမင်လည်း ဆက်မနေတော့ဘဲ မိစ္ဆာတောင်ပေါ်မှ ထွက်လာခဲ့သည်။
"ဝှစ်...ဝှစ်...ဝှစ်..."
ချောက်တစ်ခုပေါ်မှ သူဖြတ်သွားချိန်တွင် လူတစ်ချို့ ပြေးထွက်လာပြီး လုမင်ကို ဝိုင်းထားလိုက်၏။
လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဤလူအားလုံးက အားကောင်းပြီး နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်နေပေသည်။ သူတို့က လုမင်ကို ဆိုးရွားသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
"ဟားဟားဟား၊ နောက်ထပ် ဆူဖြိုးတဲ့ သိုးလေးတစ်ကောင်ပဲ။ ဒါက တတိယမြောက်ပဲ"
လူထွားကြီးတစ်ဦးက ရယ်မောလိုက်သည်။
"အဲဒီလူတွေက ဒီမှာ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တကယ်ရှိတယ်လို့ ထင်ပြီး ဒီကို အသဲအသန် ပြေးလာကြတာ။ အဲဒါက ငါတို့ ညီအစ်ကိုတွေအတွက် တကယ်ကို အဆင်ပြေတယ်။ ကောင်းကောင်းသတ်နိုင်ရင် နောက်ထပ် နှစ်အနည်းငယ် ငါတို့ ညီနောင်တွေ လွတ်လွတ်လပ်လပ် နေနိုင်ပြီ"
ပိန်ပိန်အဘိုးကြီးတစ်ယောက်ကလည်း လှောင်ပြောင်လိုက်၏။
"သူနဲ့ အပိုစကားတွေမပြောတော့နဲ့။ ကောင်လေး... ငါတို့နဲ့တွေ့တာ မင်းကံဆိုးတာပဲ"
ထွားကြိုင်းသော အမျိုးသားတစ်ဦးက လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။ သူက လုမင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့၏။
"မင်းတို့က လုယက်ချင်ရုံမကဘဲ သတ်ချင်နေပုံရတယ်"
လုမင် ပြောလိုက်သည်။ သူ့လေသံက ထိတ်လန့်တုန်လှုပ်မှု အလျဉ်းမရှိဘဲ အလွန် တည်ငြိမ်မှုရှိပေသည်။
ဤလူများ၏ ကျင့်ကြံခြင်းအခြေခံကို သူ မြင်သည်။ လူထွားကြီးက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားတစ်ပါးသာ ဖြစ်၏။ လုမင်က သူ့ကို လုံးဝ အလေးအနက်မထားပေ။
"အမှန်ပေါ့၊ ငါတို့ မင်းကိုမသတ်လို့ မင်းသတင်းဖြန့်ရင် ငါတို့ ဆက်မလုပ်နိုင်တော့တဲ့အပြင် အဝိုင်းခံရလိမ့်မယ်။ ဒါကြောင့် မင်းသေရမယ်"
လူထွားကြီးက ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုမင်ရှေ့မှာ ပေါ်လာခဲ့၏။ သူ့လက်ထဲတွင် အနက်ရောင်ဓားတစ်ချောင်း ပေါ်လာကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လုမင်အား ခုတ်ပိုင်းလိုက်တော့သည်။
သို့သော်၊ နောက်အခိုက်အတန့်မှာတော့ လူထွားကြီး အံ့ဩသွားခဲ့သည်။ အခြားသူများလည်း အံ့အားသင့်သွား၏။
အကြောင်းမှာ လုမင်က သူ၏ဓားကို လက်နှစ်ချောင်းနှင့် ညင်သာစွာ ဖမ်းထားလိုက်သောကြောင့်ပင်။ လူထွားကြီးက မည်သို့ပင် ကြိုးစားခဲ့ပါစေ၊ ဓားကို မဆွဲထုတ်နိုင်တော့ပါ။ လုမင်၏ လက်ထဲတွင် ဓားက ကျောက်တုံးကြီးကဲ့သို့ တည်ငြိမ်နေခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
လူထွားကြီးက တုန်လှုပ်ချောက်ချားစွာဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့လေသံက မယုံနိုင်မှုများ ပြည့်နေသည်။
လုမင်ထံမှ ယွမ်ချီစွမ်းအင်များ ထွက်လာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုက သူ့လက်ချောင်းများမှ တစ်ဖက်လူ၏ ဓားသွားထဲသို့ စီးဝင်သွားတော့သည်။
"ဝမ်"
ဓားသွားက ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။ အားကောင်းသောစွမ်းအားက ဓားသွားမှတဆင့် လူထွားကြီး၏ခန္ဓာထဲကို စီးဆင်းသွား၏။ လူထွားကြီး၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ဓားသွားကို သူ ဆက်မကိုင်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က ဒယီးဒယိုင်ဖြင့် ဆုတ်သွားရပြီး သွေးများ အန်ထွက်လာခဲ့သည်။
"သတ်"
လုမင်က ရုတ်တရက် အော်လိုက်သည်။ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်များက ဒီရေကဲ့သို့ ထိုးတက်လာခဲ့၏။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ လက်ဝါးစောင်းက လူထွားကြီးဆီကို ဓားသွားကဲ့သို့ ကျရောက်လာတော့သည်။
ထိုကြောက်မက်ဖွယ်စွမ်းအားက လူထွားကြီး၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
"ပိတ်ဆို့"
လူထွားကြီးက အရူးအမူး ဟိန်းဟောက်လိုက်သည်။ သူသည် သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် လုမင်ကိုတားဆီးရန် မျှော်လင့်ကာ အစွမ်းကုန် ပေါက်ကွဲလိုက်၏။
"ဝုန်း"
တိုက်ခိုက်မှုချင်း ထိပ်တိုက်ရင်ဆိုင်လိုက်သည်နှင့် လူထွားကြီး၏ ခန္ဓာကိုယ်က တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။ သူ၏ နတ်ဝိညာဉ်ပင်လျှင် မလွတ်မြောက်နိုင်တော့ဘဲ တစ်ချက်တည်း သေဆုံးသွားခဲ့သည်။
သာမန် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားများက လုမင်အရှေ့တွင် ကလေးငယ်များကဲ့သို့ အားနည်းလွန်းလှသည်။ သူတို့က တစ်ချက်ပင် မခံနိုင်ပေ။
"ဒါက ဘယ်လိုဖြစ်တာလဲ"
"ပြေးဟ"
ကျန်လူများလည်း ဤမြင်ကွင်းကိုမြင်သောအခါ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားကြသည်။ ထို့နောက်မှာတော့ ထိတ်လန့်တကြားဖြင့် အော်ဟစ်ကာ အရပ်ရပ်သို့ ပြေးသွားကြတော့သည်။
"အခုမှ ပြေးချင်ရင် အရမ်းနောက်ကျနေပြ"
လုမင်က လှောင်ပြောင်ပြီး လှုပ်ရှားလိုက်သည်။ မကြာမီပင် သနားစရာကောင်းသော အော်ဟစ်သံအချို့က တောင်ပေါ်တောထဲတွင် ထွက်ပေါ်လာခဲ့၏။ ကျန်လူများလည်း လုမင်၏ သတ်ဖြတ်ခံခဲ့ရပေသည်။ သူတို့၏ သိုလှောင်လက်စွပ်များကလည်း လုမင်၏လက်သို့ ကျရောက်ခဲ့ရသည်။
လုမင်လည်း ထိုနေရာမှ ထွက်လာခဲ့၏။ မကြာမီ၊ လုမင်က မိစ္ဆာနီတောင်ပေါ်မှထွက်ပြီး အလွန်မြင့်မားသော တောင်ထွတ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေကာ သတင်းကို စောင့်မျှော်နေလိုက်တော့သည်။
'ဒီကောင်တွေက သူများတွေကို သတ်ဖြတ်လုယက်နေခဲ့တာ။ သူတို့မှာ ကောင်းတာတစ်ခုခု ရှိမလားမသိဘူး'
သူ့တွင် ဘာမျှ လုပ်စရာမရှိသောကြောင့် သူသတ်ခဲ့သော လူများ၏ သိုလှောင်လက်စွပ်များကိုထုတ်ယူကာ ရှောင်တခင် ရေတွက်လိုက်သည်။
ဤလူများက အမှန်တကယ် ချမ်းသာပေသည်။
ကျောက်ကြမ်းများက စုစုပေါင်း သန်းငါးဆယ်နီးပါးရှိသည်။ ဝိညာဉ်လက်နက်များနှင့် ဝိညာဉ်ဆေးပင် အမျိုးမျိုးလည်း ရှိသေးသည်။ သူတို့က လူများစွာကို လုယက်ပြီး ညစ်ပတ်သောနည်းလမ်းဖြင့် ချမ်းသာလာသူများဖြစ်ကြောင်း ထင်ရှားသည်။
"ဟင်"
ရုတ်တရက်၊ သတ္တုသေတ္တာတစ်ခုက လုမင်၏အာရုံကို ဖမ်းစားသွားခဲ့သည်။ လုမင်က သတ္တုသေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ လိပ်ထားသော စာလိပ်တစ်ခုကို တွေ့လိုက်ရ၏။
စာလိပ်က အမည်မသိ ပစ္စည်းအချို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယင်းက သူ့လက်ထဲတွင် ပေါ့ပါးပြီး မျက်နှာပြင်ကလည်း အလွန်နူးညံ့၏။ စာလိပ်ကို ဖွင့်ကြည့်ပြီးသောအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
၎င်းက မြေပုံတစ်ခုဟု ထင်ရသော်လည်း ပုံဆွဲထားပုံမှာ အလွန်ရှုပ်ထွေးသည်။ လုမင်လည်း အနည်းငယ် မှင်တက်သွားလေသည်။
'မြေပုံလား၊ ဒါက သန့်စင်တဲ့ ဝိညာဉ်ခန္ဓာနှင့် ဆက်စပ်နိုင်တာလား'
လုမင် စိတ်လှုပ်ရှားသွားပြီးနောက် ပြုံးကာ ခေါင်းခါလိုက်သည်။ ဓားပြတစ်စုကို သတ်လိုက်ပြီးနောက် သန့်စင်သော ဝိညာဉ်ခန္ဓာ၏ မြေပုံကို သူရနိုင်ခဲ့ခြင်းမှာ တော်ရုံတိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။
'ဒါကို အချိန်ယူပြီး လေ့လာရမယ်'
လုမင်လည်း ပြုံးပြီး မြေပုံကို ဖယ်ရှားလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ် စောင့်ဆိုင်းလိုက်လေသည်။
သုံးရက်ကြာပြီးနောက် လူများစွာတို့က မိစ္ဆာနီတောင်မှ ပြန်ထွက်လာခဲ့ကြသည်။ ဤရက်အနည်းငယ်အတွင်း ကျွမ်းကျင်သူများစွာဟာ မိစ္ဆာနီတောင်တစ်ခုလုံးကို မြေလှန်နီးပါး ဖြစ်သွားသော်လည်း သန့်စင်သော ဝိညာဉ်ခန္ဓာ၏ သတင်းကိုမူ မရရှိခဲ့ပေ။
"ချီးတဲ့မှပဲ၊ ငါတို့ လှည့်စားခံခဲ့ရတာ ဖြစ်လိမ့်မယ်။ ငါ့ကို လှည့်စားတဲ့သူကို သိလို့ကတော့ ရှစ်ပိုင်းဖြတ်ပစ်မယ်"
"သေစမ်းပါကွာ၊ ဒီမှာ ဘာမှလည်းမရှိဘူး။ အချိန်ဖြုန်းနေတာပဲ"
လူအချို့က ကျိန်ဆဲပြီး မိစ္ဆာနီတောင်မှ ထွက်ခွာသွားလေသည်။
လုမင်သည်လည်း မိစ္ဆာနီတောင်မှထွက်ခွာကာ မြို့သို့ ပြန်လာခဲ့လိုက်သည်။
အားလုံး မြို့ကိုပြန်ရောက်သောအခါ အရေးကြီးသတင်းတစ်ခုကို ကြားလိုက်ရ၏။
တစ်စုံတစ်ယောက်က သန့်စင်သောဝိညာဉ်ခန္ဓာကိုရှာဖွေရန် မြေပုံတစ်ခု ရရှိခဲ့သည်ဟု ဆိုသည်။ မြေပုံမှတဆင့်၊ သန့်စင်သောဝိညာဉ်ခန္ဓာ၏ တည်နေရာကို ရှာဖွေနိုင်လိမ့်မည်။ ယခုအခါ၊ မြေပုံရှိသူကို လိုက်ရှာနေသည့် ကျွမ်းကျင်သူများစွာပင် ရှိနှင့်ပြီး ဖြစ်သည်။
တောင်ပိုင်း၊ ပင်လယ်ဘက်ကိုပင်။
သတင်းများ ထွက်လာချိန်မှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြန်သည်။ ကျွမ်းကျင်သူများစွာက မြို့ပြင်မှ အမြန်ထွက်ပြီး တောင်ဘက်ပိုင်းကို ပျံသန်းသွားတော့သည်။
"မြေပုံလား"
လုမင်၏ မျက်လုံးများက အရောင်တစ်ချက်လက်ပြီး ဓားပြအုပ်စုထံမှ ရရှိခဲ့သောမြေပုံကို တွေးကြည့်လိုက်မိသည်။
"မြေပုံ၊ မြေပုံက နှစ်ခု မဖြစ်နိုင်ဘူးလား"
လုမင်လည်း ခေါင်းခါယမ်းကာ မြို့မှထွက်ပြီး တောင်ဘက်သို့ ဦးတည်လိုက်သည်။
လူတိုင်းက လျှပ်စီးလက်သလို မြန်ဆန်ကြပေသည်။ အားလုံးက ဝေးကွာသောနေရာကို ခဏချင်းဖြတ်ကျော်ကာ နွံအိုင်စပ်တစ်ခုတွင် ရပ်လိုက်သည်။
အကြောင်းမှာ၊ နွံတောဘေးပတ်လည်တွင် လူများစွာတို့ ရှိနေသောကြောင့်ပင်။
"မြေပုံကို တစ်ယောက်ယောက်က ရရှိသွားခဲ့ပြီ၊ ဒါပေမဲ့ အဓိပဓိတဲ့"
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ယင်းက လူအများစုကို အမူအရာ ပြောင်းလဲသွားစေခဲ့ပေသည်။
အကယ်၍ အဓိပဓိတစ်ပါးသာ မြေပုံကိုရရှိခဲ့ပါက၊ မည်သူက လုယူနိုင်မည်နည်း။
အဓိပဓိထံမှပစ္စည်းကို လုယူခြင်းက ကိုယ့်သေတွင်းကို ကိုယ်ပြန်တူးခြင်းနှင့် မခြားပေ။ သို့ဖြစ်ပေရာ လူများစွာက နွံတောအပြင်မှာရပ်ပြီး အတွင်းကို မဝင်ရောက်ဝံ့တာ အံ့ဩစရာ မဟုတ်တော့ပါချေ။
"အဲဒါက ဘယ်အဓိပဓိလဲဆိုတာ ငါသိတယ်။ သူက အဆိပ်တစ်ရာ အဓိပဓိပဲလေ၊ မြေပုံကိုရတာနဲ့ သူက ဒီနွံတောထဲကို ပြေးလာခဲ့တာ။ အခု သူ့နောက်ကို အခြားအဓိပဓိတွေ လိုက်သွားခဲ့ကြတယ်"
"တောင်ပိုင်းနတ်နန်းတော်က ကျန်းဟိုင်စစ်သူကြီးရဲ့သားကလည်း အဓိပဓိတွေကိုဦးဆောင်ပြီး လာခဲ့တယ်လို့ ကြားတယ်"
"သေချာပေါက် တိုက်ပွဲကြီးတစ်ခု ဖြစ်လိမ့်မယ်"
လူတော်တော်များများက ဆွေးနွေးခဲ့ကြသည်။
ဤသတင်းကြောင့် လူအများစုဟာ ရပ်တန့်သွားပြီး ဝင်ရောက်သွားရန် မဝံ့ရဲတော့ပေ။
ဤအဆုံးမဲ့နွံတောက အဓိပဓိများ၏ စစ်မြေပြင်ဖြစ်လာမည်မှာ သေချာသည်။ အခြားသူများ ဝင်ရောက်လာဝံ့ပါက မြေပုံရရှိရန် မျှော်လင့်ချက်မရှိသည့်အပြင် အသက်ပင် ဆုံးရှုံးသွားလိမ့်မည်။
"ဝှစ်"
ရုတ်တရက် လူတစ်ယောက်က နွံတောထဲသို့ ပြေးဝင်သွားကာ ပျောက်သွား၏။
"သူဘယ်သူလဲဟ၊ ဘယ်လိုလုပ်ပြီး သူဝင်ရဲတာလဲ"
"အဓိပ္ပာယ်မရှိတာ၊ အဲဒါက အဓိပဓိကွ"
"ဘုရား၊ နောက်ထပ် အဓိပတိတစ်ဦး ပေါ်လာပြီ"
လူများစွာတို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။