← Chapters

အခန်း ၁၂၇၆

Vol. 86 Ch. 1276

အခန်း ၁၂၇၆

Vol. 86 Ch. 1276

အပိုင်း ( 1276 ) အဓိပဓိများ။

ရံဖန်ရံခါ အဓိပဓိများ ပေါ်လာကြပြီး လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

ဤတစ်ကြိမ်တွင် အဓိပဓိများ မည်မျှ ပါဝင်ကြမလဲ မပြောနိုင်ပေ။

"ကြည့်ကြစမ်း၊ အဲဒါဘယ်သူလဲ၊ သူတကယ်ဝင်ဝံ့တာလား"

ရုတ်တရက် လူတစ်ယောက် အော်လိုက်သည်။ လူတိုင်း ကြည့်လိုက်သောအခါ နွံတောထဲကိုဝင်သွားသော လူငယ်တစ်ယောက်ကို သတိပြုလိုက်မိ၏။

ဤလူငယ်သည်ကား သဘာဝအတိုင်း လုမင် ဖြစ်တော့သည်။

"တကယ်ကိုသူပဲ၊ ဒီကောင်လေး အသက်မရှင်ချင်တော့ဘူးထင်တယ်။ တကယ်ကို သတ္တိကောင်းတယ်"

"ဘယ်လိုတောင် ရဲတင်းလိုက်ပါလိမ့်"

"ငါ့အမြင်တော့ သူက ရဲတင်းတာ မဟုတ်ဘူး၊ သူက ကိုယ့်ကိုယ်ကိုယ် လွန်လွန်ကျူးကျူး ပို‌တွက်နေခဲ့တာ။ လောဘကြောင့် သူ မြင်နိုင်စွမ်းတွေ မရှိတော့ဘူးပဲ။ အဓိပဓိတွေကြားက တိုက်ပွဲဆိုတာ အရမ်းအန္တရာယ်များတယ်။ တစ်ခုခုမှားတာနဲ့ သေပြီသာမှတ်၊ ဒီကောင်လေးလည်း သေမှာ သေချာတယ်"

"ဟုတ်တယ်၊ သူက သူ့ရဲ့ အရည်အချင်းကို ပိုတွက်ထားတာ။ သူ့ပုံစံအရ အသက် ဘယ်လောက်ရှိဦးမှာမို့လဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကလည်း ဘယ်လောက် ကြောက်စရာကောင်းမှာလဲ"

လုမင်၏ နွံတောဆီသို့ ပျံသန်းခြင်းမှာ ဆွေးနွေးမှု လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။

ဤဆွေးနွေးမှုများကို သဘာဝအတိုင်း လုမင် ကြားပေသည်။ သို့သော်လည်း လုမင်ကတော့ လျစ်လျူရှုခဲ့သည်။ သူက ရှေ့သို့ ပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

"ဒါပေမဲ့ ကိုယ့်လူတို့၊ နောက်တစ်မျိုး စဉ်းစားကြည့်ရင် အဓိပဓိတွေ တိုက်ခိုက်တာက မြင်ရခဲလှတယ်။ ဒီအတိုင်းကြီး လက်လွှတ်လိုက်ရင် စိတ်မကောင်းစရာပဲ မဟုတ်လား"

"မင်းက ဒီလိုပြောတော့ ဝင်ကြည့်ချင်လို့လား။ အဲဒါက အရမ်းအန္တရာယ်များတယ်နော်"

"ငါတို့ အဝေးမှာပုန်းပြီး စောင့်ကြည့်ကြတာပေါ့၊ အခြေအနေမမှန်ရင် ငါတို့ချက်ချင်းပြန်ဆုတ်မယ်။ ဒီလိုဆိုရင် ဘာပြဿနာမှ မဖြစ်သင့်ဘူး"

တစ်ယောက်ယောက်က သူ့ဆန္ဒကို ထုတ်ဖော်ပြောလိုက်သည်။

အမှန်လည်း အဓိပဓိများကြားမှ တိုက်ပွဲဆိုသည်မှာ မြင်ရခဲလှသည်။ အထူးသဖြင့် အဓိပဓိများ၏ တိုက်ပွဲကို ကြည့်ရှုရခြင်းက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများအတွက် အလွန် အကျိုးရှိသည်။

အဓိပဓိများက ဒိုမိန်းသန္ဓေပုံစံကို နားလည်ထားပြီး ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူတို့၏ တိုက်ပွဲကိုကြည့်ပြီး ဒိုမိန်းသန္ဓေပုံစံကို ပို၍လျင်မြန်စွာ နားလည်နိုင်ပြီး အဓိပဓိနယ်ပယ်သို့ ရောက်ရှိနိုင်လိမ့်မည်။

ဤစကားများက လူများစွာကို စိတ်ဝင်စားစေခဲ့သည်။

"သွားရအောင်၊ ငါတို့ အဝေးကကြည့်နေသရွေ့ ဘာမှဖြစ်မှာမဟုတ်ဘူး။ ဟိုကောင်လေးလည်း ဒီလိုပဲ တွေးခဲ့တာဖြစ်ရမယ်"

တစ်ယောက်ယောက်က ပြောဆိုပြီးသည်နှင့် နွံတောထဲကို ပြေးဝင်သွားခဲ့သည်။

ပထမတစ်ဦးသွားသောအခါ နောက်တစ်ဦးလည်း ဝင်လိုက်သွား၏။ ဤသို့ဖြင့် နောက်ဆုံးမှာတော့ လူအများအပြားဟာ နွံတောဆီသို့ ပြေးဝင်သွားတော့သည်။

အဆင့်ရှစ်၊ အဆင့်ကိုးနှင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသာ နွံတောဆီသို့ ပြေးသွားခဲ့ကြသည်။

နောက်ဆုံးတွင်၊ ကျင့်ကြံခြင်းအခြေခံနိမ့်ကျသူများဟာ နွံတောထဲသို့ မဝင်ဝံ့ပေ။ သူတို့ကြားတွင် ကျင့်ကြံခြင်းအခြေခံ ကွာဟမှုက ကြီးမားလွန်း၍ တစ်ခုခုဆိုလျှင် ထွက်ပြေးရန် မဖြစ်နိုင်ပါ။

လုမင်က ရှေ့သို့ ဆက်ဝင်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာတော့ အကန့်အသတ်မရှိသော နွံတောကြီး ရှိ၏။

သို့သော်လည်း လမ်းတစ်လျှောက်တွင် တိုက်ပွဲကြီးများမှ ခြေရာလက်ရာများကို မြင်ရသည်။ ထို့ကြောင့် လုမင်ဟာ ထိုခြေရာများအတိုင်း လိုက်ပါသွားတော့သည်။

တစ်နာရီခန့်ကြာပြီးနောက် သူ့ရှေ့မှ လေထဲတွင် ပုံရိပ်များစွာ ပေါ်လာခဲ့သည်။

သူတို့က သုံးယောက်ရှိပေသည်။ တစ်ယောက်က အဘိုးကြီးဖြစ်ပြီး နောက်တစ်ယောက်ကတော့ လူလတ်ပိုင်း ဖြစ်သည်။ သူတို့အားလုံးတွင် အစွမ်းထက်သော အရှိန်အဝါများ ရှိ၏။ အမှန်ပင် သူတို့က အဓိပဓိနယ်ပယ် တန်ခိုးရှင်များ ဖြစ်ကြသည်။

သို့ရာတွင် ထိုလူနှစ်ဦးက အလယ်မှ လူငယ်တစ်ဦးကို ကာကွယ်ထားဟမ်ဖြင့် ဘေးတစ်ဖက်စီမှရပ်နေသည်။ ထိုလူငယ်က သူတို့၏ ခေါင်းဆောင်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

"ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်လေးပဲ"

အရှိန်အဝါများကို အကဲခတ်ပြီးနောက် ထိုလူငယ်က ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်သာဖြစ်ကြောင်း လုမင် သိခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်း‌အခြေခံက ဤနေရာတွင် အလွန်နည်းသည်ဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ထိုလူငယ်၏ အထောက်အထားက အလွန်ထူးကဲပုံရပြီး အကာအကွယ် အဓိပဓိများစွာတို့ ရှိသည်။

သူတို့သုံးယောက်ကလည်း လုမင်ကို မြင်တွေ့ကြပေသည်။ ထိုလူငယ်က လုမင်ကို အေးစက်စက်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

"ဟမ့်၊ မင်းက ကိုယ့်ကိုကိုယ် အတော်အထင်ကြီးနေတာပဲ။ ငါတို့နောက်ကို လိုက်လာဝံ့တယ်၊ မင်း သေချင်နေပြီထင်တယ်"

လူငယ်က မထီမဲ့မြင်ပြုဟန်ဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။

"ဝှစ်"

ထိုစဉ်၊ အဝေးတစ်နေရာမှ ပုံရိပ်တစ်ခု ပျံလာသည်။ ယင်းက ဆံဖြူအဘိုးကြီးတစ်ဦးဖြစ်ပြီး သူသည်လည်း အဓိပဓိနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ချေသည်။

ဆံပင်ဖြူ အဘိုးကြီးက လူငယ်လေး၏အနားသို့ ရောက်ရှိလာကာ ဦးညွတ်လိုက်သည်။

"သခင်လေး၊ အဆိပ်တစ်ရာ အဓိပဓိက ရှေ့က အမှောင်နွံတောထဲမှာ ပုန်းအောင်းနေတယ်လို့ သိရပါတယ်။ သူက အမှောင်နွံတော်ရဲ့ အဆိပ်ငွေ့တွေကိုသုံးပြီး ပြင်းထန်တဲ့ အဆိပ်ငွေ့တွေ ပိုထွက်လာအောင် လုပ်ထားတယ်"

"ဟမ့်၊ ဒီအဆိပ်တစ်ရာအဓိပဓိက ကျုပ်တို့ကို အဆိပ်ငွေ့လေးနဲ့ တားနိုင်မယ်လို့ ထင်နေတာ နုံချာလွန်းတယ်။ ကျုပ်တို့ အဆိပ်ငွေ့တွေကိုဖယ်ရှားပြီး အဆိပ်တစ်ရာအဓိပဓိကို သတ်လိုက်ကြရအောင်"

လူငယ်က အမိန့်ပေးပြီး အဓိပဓိများကို‌ခေါ်ကာ ရှေ့သို့ ဆက်လက်ပျံသန်းသွားခဲ့သည်။

လုမင်ကိုတော့ ကြည့်ပင်မကြည့်ဘဲ လျစ်လျူရှုထားခဲ့၏။

သူတို့အမြင်တွင် လုမင်က ပွဲကြည့်ရန် စူးစမ်းလိုစိတ်နှင့် ရောက်လာသူမျှသာ ဖြစ်သည်။ သူသည် ၎င်းတို့အတွက်ခြိမ်းခြောက်ခြင်းမရှိ၍ လုံးဝ လျစ်လျူရှုထားနိုင်ပေသည်။

မကြာခင်မီ၊ ရှေ့နားမှ စူးရှရှအသံများ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်တော့ တိုက်ခိုက်နေခဲ့ပြီ။

လုမင်၏ မျက်လုံးများက အရောင်လက်သွားကာ အသံလာရာဆီသို့ ပျံသန်းသွားခဲ့သည်။

ထိုအချိန်တွင် လူအုပ်ကြီးက လုမင်၏နောက်တွင် ပေါ်လာသည်။

သူတို့အားလုံးက အဆင့်ရှစ်၊ အဆင့်ကိုးနှင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ပေသည်။ သူတို့အားလုံးလည်း ရောက်လာခဲ့ကြပြီ ဖြစ်သည်။

"ရှေ့မှာ တိုက်ပွဲကြီးတစ်ခုရဲ့ အတက်အကျတွေ ရှိတာပဲ။ အဲဒါက အဓိပဓိတွေရဲ့ တိုက်ပွဲဖြစ်ရမယ်။ ရှေ့ကို သတိထားသွားပြီး အဝေးကနေ ကြည့်ကြရအောင်"

တစ်ယောက်ယောက်က အကြံပေးလိုက်သည်။ အားလုံး တညီတညွတ်တည်း ခေါင်းညိတ်ပြပြီး အသံလာရာ အရပ်ဆီသို့ ဦးတည်ဆက်လာကြတော့သည်။

မကြာခင်မှာပဲ လုမင်ဟာ ထိုနေရာသို့‌ ရောက်လာခဲ့သည်။

သူ့ရှေ့တွင် မှောင်မဲနေသော နွံအိုင်တစ်ခု ရှိသည်။ ထူထပ်သော အမည်းရောင် အဆိပ်ငွေ့များက နွံအိုင်အထက်တွင် လွင့်ပျံလျက်ရှိ၏။ ယင်းက အလွန်ကြောက်စရာကောင်းပုံရသည်။

အမည်းရောင် အဆိပ်ငွေ့များအတွင်းမှာတော့ ကမ္ပည်းစာများ တဖျပ်ဖျပ်လက်နေသည်။ ရောင်စုံ အဆိပ်ငွေ့မျိုးစုံ က ဖြန့်ကျက်ပြီး အမည်းရောင်အဆိပ်ငွေ့နှင့် ပေါင်းစပ်ကာ ပိုမိုကြီးမားသော အဆိပ်စွမ်းအားကို ထုတ်ဖော်ခဲ့၏။

ထိုနေရာမှ လေဟာပြင်ထဲမှာတော့ ယခင်လူငယ်လေး ရပ်နေ‌သည်။ အဓိပဓိနှစ်ပါးလည်း သူ့ဘေးတွင် ရှိပေသည်။

သူ့ရှေ့မှာတော့ အမည်းရောင် မြူခိုးများကို အဆက်မပြတ် တိုက်ခိုက်နေသည့် အဓိပဓိသုံးဦး ရှိသည်။

အဓိပဓိသုံးပါး၏ ကြောက်စရာကောင်းသော စွမ်းအားက အဆိပ်မြူခိုးများကို ပြိုလဲသွားစေသော်လည်း အချိန်တိုအတွင်းတော့ လုံးဝ မပျက်စီးနိုင်ပေ။

"ဟမ့်၊ အဆိပ်တစ်ရာအဓိပဓိရဲ့ အဆိပ်ငွေ့ဝင်္ကပါက အတော် အစွမ်းထက်တာပဲ။ ခင်ဗျားတို့နှစ်ယောက်ပါ အတူတူ တိုက်ခိုက်ပြီး ဝင်္ကပါ ဖြိုခွဲလိုက်ချေ"

လူငယ်က သူ့ဘေးနားမှ အဓိပဓိနှစ်ပါးကို အမိန့်ပေးလိုက်သည်။

"သခင်‌လေး၊ ငါတို့ ဒီလိုလုပ်လို့မရဘူး။ ဒီနေရာက အရမ်းအန္တရာယ်များတယ်။ တစ်ခုခုဖြစ်လာခဲ့ရင် မင်းကိုခေါ်ပြီး ထွက်သွားရမှာ။ မဟုတ်လို့ မင်းတစ်ခုခုဖြစ်ခဲ့ရင် စစ်သူကြီးကို ငါတို့ရှင်းပြနိုင်မှာ မဟုတ်ဘူး"

အဓိပဓိတစ်ပါးက ခေါင်းခါယမ်းလိုက်သည်။

ရှန်းရွှီတိုက်ကြီးက လွန်စွာ ကျယ်ပြောလှပေသည်။ တောင်ပိုင်းနတ်နန်းတော်က ရှန်းရွီတိုက်ကြီး တောင်ဘက်ခြမ်းရှိ ဧရိယာကြီးတစ်ခုကို အုပ်စိုးခဲ့သော်လည်း အရာအားလုံးကို ထိန်းချုပ်ထားရန် ခက်ခဲသည်။ ထို့ကြောင့်ပင် တောင်ပိုင်းနတ်နန်းတော်က တပ်မဟာများ ဖွဲ့စည်းထားပြီး နယ်မြေအသီးသီးကို စောင့်ကြပ်ရန် စစ်သူကြီးတချို့အား စေလွှတ်ထားခဲ့သည်။

ဤလူငယ်၏ ဖခင်ကတော့ ပင်လယ်ကမ်းရိုးတန်းကို စောင့်ကြပ်နေသည့် တောင်ပိုင်းနတ်နန်းတော်၏ စစ်သူကြီး ဖြစ်သည်။ ၎င်းက မြင့်မားသောရာထူးရှိပြီး ကျင့်ကြံခြင်းအခြေခံကလည်း နားမလည်နိုင်အောင်ပင်။သူ့လက်အောက်မှာတင် ကျွမ်းကျင်သူများ အများကြီး ရှိခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ လူငယ်က သန့်စင်သော ဝိညာဉ်ခန္ဓာအတွက် အဓိပတိငါးပါးကို ခေါ်ဆောင်လာခဲ့ပေသည်။ ယင်းက အကွက်ကြီးကြီး ရွှေ့လိုက်ခြင်း ဖြစ်သည်။

"ဒီကမ်းရိုးတန်းမှာ ဘယ်သူက ကျုပ်ကိုထိရဲမှာလဲ။ စိတ်မပူပါနဲ့၊ အဆိပ်တစ်ရာအဓိပဓိရဲ့ အဆိပ်ငွေ့ဝင်္ကပါကို ချိုးဖျက်ဖို့ ကူညီလိုက်ပါ"

လူငယ်က ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် အမိန့်ပေးလိုက်သည်။

"ဒါပေမဲ့…"

အဓိပဓိနှစ်ပါးကတော့ တုံ့ဆိုင်းနေဆဲပင်။

"ဝှစ် ဝှစ်"

ထိုအချိန်တွင် ဟင်းလင်းပြင်က တွန့်လိပ်သွားပြီး မနီးမဝေးမှ ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။

ထိုလူနှစ်ဦး၏ အရှိန်အဝါများက အလွန်အားကောင်း၏။ သူတို့နှစ်ဦးစလုံးက အဓိပဓိများဖြစ်ကြောင်း သိသာထင်ရှားသည်။

လူငယ်က ထိုလူနှစ်ဦးကိုမြင်တော့ ဝမ်းသာသွားကာ ပြောလိုက်သည်။

"ကျုပ်က ကျန်းဟိုင်စစ်သူကြီးရဲ့သား ဟိုင်ထျန်းပါ။ အခု ဟိုအဆိပ်‌ပြင်းဝင်္ကပါထဲမှာ အဆိပ်တစ်ရာအဓိပဓိ ပုန်းနေတယ်။ ခင်ဗျားတို့ ဒီဝင်္ကပါကိုဖျက်ဆီးဖို့ ကျုပ်ကိုကူညီရင် ကောင်းကောင်း ဆုချီးမြှင့်ပါမယ်"

"ကျန်းဟိုင်စစ်သူကြီးရဲ့ သားလား"

ထိုစကားကိုကြားတော့ အဓိပဓိနှစ်ပါး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ကြောက်ရွံ့မှုအရိပ်အမြွက်တို့ လှစ်ဟလာခဲ့သည်။ သို့သော်လည်း အရိပ်အမြွက်မျှသာ ဖြစ်ချေသည်။

သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။

"ငါတို့ အတူတူ အလုပ်လုပ်လို့ရပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာရဲ့ မြေပုံတစ်ခု ရှိခဲ့ရင်တော့ ငါတို့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ယှဉ်ပြိုင်မယ်"

"ခင်ဗျားက ကျုပ်နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာလား"

ဟိုင်ထျန်း၏ မျက်နှာက အေးစက်သွားသည်။

"ဟားဟားဟား၊ ဟုတ်တယ်၊ မင်းက ကျန်းဟိုင်စစ်သူကြီးရဲ့သား ဖြစ်ပေမဲ့ ငါတို့ကလည်း တောင်ပိုင်း နတ်နန်းတော်ကပဲ။ ကျန်းဟိုင်းစစ်သူကြီးက ငါတို့ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး"

အဓိပဓိတစ်ပါးက ရယ်မောရင်း ပြောဆိုလိုက်၏။

သူတို့နှစ်ဦးစလုံးက သာမန်ထက်ထူးကဲသော နောက်ခံများရှိသည့် အဓိပတိများ ဖြစ်သည်။ သူတို့က ကျန်းဟိုင်စစ်သူကြီးကို အနည်းငယ် ကြောက်ရွံ့သော်လည်း ဟိုင်ထျန်းကိုတော့ မကြောက်ပေ။

ဤမှတ်ချက်က ဟိုင်ထျန်း၏ အမူအရာကို အလွန် အကြည့်ရဆိုးစေခဲ့သည်။

All Chapters