အခန်း ၁၂၇၈
Vol. 86 Ch. 1278
အပိုင်း ( 1278 ) လုမင် လှုပ်ရှားခြင်း။
"ဝုန်း"
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့သွားသည်။
ဤလက်သီးချက်တွင် လုမင်က တာအိုငါးခုစွမ်းအားနှင့် နဂါးစွမ်းအားကိုးခုကို ပေါက်ကွဲခဲ့သည်။ ထို့နောက် အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ထုတ်ဖော်လိုက်သည်။
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံသည်နှင့် ဟင်းလင်းပြင်သည် တိုက်ရိုက် ပေါက်ကွဲသွား၏။ အနီးနားရှိ ဟင်းလင်းပြင်က ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများနှင့် ပျံ့နှံ့သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီးနောက် လူရိပ်တစ်ခုက အနောက်ကိုဆုတ်သွားခဲ့ရသည်။ ထိုသူ ခြေတစ်ချက်ချလိုက်တိုင်း ဟင်းလင်းပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွား၏။
လူတိုင်းကို အံ့အားသင့်စေအောင် ထိုသူက လုမင်မဟုတ်ဘဲ အဓိပဓိနယ်ပယ် ကျွမ်းကျင်သူသာ ဖြစ်တော့သည်။
တစ်ဖက်တွင်၊ လုမင်က အနည်းငယ်မျှ မတုန်လှုပ်ခဲ့ပေ။
"ဒါ..."
လူတိုင်း အံ့အားသင့်ပြီး မယုံနိုင်သလို တုန်ယင်သွားကြသည်။
တိုက်ခိုက်နေကြသော အဓိပဓိများပင်လျှင် တုန်လှုပ်သွားပြီး တိုက်ပွဲကို ရပ်လိုက်ကြသည်။
အသက်သုံးဆယ်ပင် ပြည့်ပုံမရသေးသော လူငယ်တစ်ယောက်က အဓိပဓိတစ်ပါးကို အမှန်တကယ် ထိုးနှက်ခဲ့သည်။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။ ထိုလူက မည်သူနည်း။
"သေစမ်းပါကွာ၊ သတ်"
တွန်းထုတ်ခံရသော အဓိပဓိ သတိပြန်ဝင်လာပြီးနောက် ဒေါသချောင်းချောင်းထွက်သွားသည်။
သူသည် မြင့်မားသော အဓိပဓိဖြစ်သော်လည်း လူငယ်တစ်ဦး၏ လက်သီးတစ်ချက်ဖြင့် တွန်းထုတ်ခံခဲ့ရသည်။ သူ အတော်မျက်နှာပျက်သွားသလို ခံစားလိုက်ရ၏။ ဤအခိုက်တွင် မြေပုံကို လုယူရန်ပင် ဂရုမစိုက်တော့ပေ။ သူ့စိတ်ထဲတွင် လုမင်ကိုသတ်ရန်သာ ရှိသည်။
သူ့ဦးခေါင်းထက်တွင် လက်အိတ်နှစ်စုံ ပေါ်လာသည်။ ဤသည်မှာ နတ်ဘုရားအဆင့်ခြောက် သူ၏ သွေးမျိုးဆက် ဖြစ်သည်။
လက်အိတ်များကို ဝတ်ဆင်ပြီးနောက် လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။ သွေးမျိုးဆက် ထုတ်ဖော်ပြီးသည်နှင့် သူ့အင်အားက အဆများစွာ တိုးတက်လာတော့သည်။
တောင်တစ်လုံးကဲ့သို့ လေးလံပြီး အင်အားကြီးကာ ပြင်းထန်သော လက်သီးများက လုမင်အား နစ်မြှုပ်သွားခဲ့သည်။
"သတ်"
ယွမ်ချီစွမ်းအင်များက ဆူပွက်လာခဲ့သည်။ နဂါးစွမ်းအားကိုးခုကို ထုတ်ဖော်ခြင်းက လုမင်၏ခွန်အားကို များစွာ မြင့်တက်လာစေခဲ့၏။ လုမင်လည်း လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်ကာ ပြိုင်ဘက်ကို ရင်ဆိုင်လိုက်တော့သည်။
"ဝုန်း ဝုန်း ဝုန်း"
တစ်ဒါဇင်ကျော်ခန့် ထိုးနှက်ပြီးနောက် လုမင်က အသာစီးရကာ ပြိုင်ဘက်ကို ဖိနှိပ်လာခဲ့သည်။
အဝေးမှ တိုက်ပွဲကိုကြည့်နေသော ကျင့်ကြံသူများလည်း အံ့အားသင့်ပြီး စကားပင် မပြောနိုင်တော့ပေ။
ယခင်ကတော့ လုမင်ဟာ သူ့ကိုယ်သူ လွန်ကဲစွာပိုတွက်ပြီး သေချင်နေသောကြောင့် ဤနေရာကို လာရောက်ခြင်းဟု သူတို့ထင်ခဲ့သည်။ သို့မဟုတ်ပါက သူတို့ကဲ့သို့ပင် အဓိပဓိများ၏တိုက်ပွဲကို မြင်လိုသောကြောင့် ဖြစ်လိမ့်မည်။
သို့ရာတွင်၊ နောက်ပိုင်းမှာတော့ လုမင်က စစ်မြေပြင်ကို ပြေးဝင်သွားခဲ့သည်။ ထိုအခါ လုမင်က သေချင်နေ၍ အဆုံးစီရင်ခြင်းခံရပြီဟု ထင်မြင်ခဲ့ကြသည်။
သို့သော်လည်း ရလဒ်က သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့၏။
လုမင် ပြသခဲ့သော တိုက်ခိုက်နိုင်စွမ်းက ကြမ်းတမ်းလွန်း၍ သူတို့ကို မျက်လုံးကျွတ်ထွက်မတတ် ဖြစ်စေခဲ့ပေသည်။
လုမင်က အဓိပဓိကိုပင် ရင်ဆိုင်နိုင်ခဲ့သည်။ ထို့ပြင် သူက အဓိပဓိကို ဖိနှိပ်နိုင်ခဲ့၏။ ယင်းက တကယ်ကို စိတ်ကူးယဉ်နိုင်တာ မဟုတ်တော့ပေ။
"ဒါကိုအဆုံးသတ်ဖို့အချိန်တန်ပြီ"
လုမင် ရေရွတ်လိုက်သည်။ သူ့ဦးခေါင်းထက်တွင် တတိယသွေးမျိုးဆက် ပေါ်လာခဲ့၏။ တတိယသွေးမျိုးဆက်မှ စွမ်းအင်များက တဟုန်ထိုး ထွက်လာပြီး လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာတော့သည်။
တတိယသွေးမျိုးဆက်မှ စွမ်းအားကို ချေးယူပြီးနောက် လုမင်၏အင်အားက အလွန်တိုးမြင့်လာခဲ့သည်။
"ဝုန်း"
လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်နှင့် တစ်ဖက်လူမှာ အဆက်မပြတ် ဆုတ်သွားခဲ့ရသည်။ နောက်ထပ် လက်သီးတစ်ချက်ထုတ်ဖော်လိုက်ရာ တစ်ဖက်လူ၏လက်သီးမှ အရိုးကျိုးသံများကို ကြားလိုက်ရ၏။ လုမင်၏လက်သီးချက်ကြောင့် တစ်ဖက်လူ၏ လက်အရိုးများ ကျိုးသွားခဲ့သည်။
"ရွှပ်"
တတိယသွေးမျိုးဆက်ကို ဓားအဖြစ်ပြောင်းပြီး ပြိုင်ဘက်ကို ခုတ်ချလိုက်၏။ တစ်ဖက်လူမှ သနားစရာကောင်းလောက်အောင် အော်ဟစ်သံနှင့် လက်တစ်ဖက်ပြတ်ကာ သွေးများ ဖြာကျလာတော့သည်။
ထိုလူ၏မျက်နှာတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားပြီး အသည်းအသန် ဆုတ်သွားခဲ့သည်။
ဟိုင်ထျန်းအပါအဝင် ကျန်သော အဓိပဓိများလည်း အံ့အားသင့်သွားတော့သည်။
အဓိပဓိတစ်ပါးပင်လျှင် ထိုကဲ့သို့ ဒဏ်ရာရရှိခဲ့သည်။ ယင်းက ဘယ်လိုတိုက်ခိုက်နိုင်စွမ်းမျိုးပင်နည်း။
"မြေပုံကို ပေးစမ်း"
လုမင်က ငေါက်ငမ်းပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
အတိပ်တစ်ရာအဓိပဓိ၏ သိုလှောင်လက်စွပ်ကို ပိုင်ဆိုင်ထားသူအား တိုက်ခိုက်လိုက်၏။
လုမင်က သူ့ကို တိုက်ခိုက်လာသည်အား မြင်ရသောအခါ ထိုသူ မျက်နှာအမူအရာပြောင်းလဲသွားပြီး အလျင်စလို ပြန်ဆုတ်သွားခဲ့သည်။
"မင်းမလွတ်နိုင်ဘူး"
လုမင်က အော်ဟစ်လိုက်သည်။
"ဝုန်း"
လုမင်က လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် လေထဲတွင် ပြင်းထန်သော အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။ ဖရိုဖရဲ မုန်တိုင်းတစ်ခုက တစ်ဖက်လူဆီသို့ တိုးဝင်လာတော့သည်။
ထိုအဓိပဓိက အတတ်နိုင်ဆုံး တွန်းလှန်ရန် ကြိုးစားသော်လည်း တွန်းထုတ်ခံရဆဲ ဖြစ်သည်။
လုမင်၏ လက်ရှိ အင်အားက သာမာန် အဓိပဓိတစ်ပါးထက် အဆပေါင်းများစွာ အားကောင်းလွန်းပေသည်။
"တိုက်ခိုက်၊ အတူတူတိုက်ခိုက်ကြစို့၊ ဒီကောင်က အစွမ်းထက်လွန်းတယ်"
ထိုအဓိပတိက အော်ဟစ်လိုက်သည်။
"ဟုတ်တယ်၊ အားလုံးအတူတူတိုက်ခိုက်ကြစို့။ ဒီလူကို အရင်သတ်ပြီးမှ သန့်စင်တဲ့ဝိညာဉ်ခန္ဓာ မြေပုံအတွက် ဆက်ပြီးတိုက်ခိုက်မယ်"
ဟိုင်ထျန်းကလည်း အော်ဟစ်သည်။
သူသည် လုမင်ကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်၏။
လုမင်၏ အရည်အချင်းကို သူ မနာလိုဖြစ်မိသည်။ လုမင်သည် သူ့ထက် အသက်ငယ်သော်လည်း ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်း၏။ မုန်းတီးသည်၊ ရူးလောက်အောင် မနာလိုရသည်။ ထို့ကြောင့်ပင် လုမင်ကိုသတ်ပြီး ထိုကဲ့သို့သော ပါရမီရှင်ကို ကမ္ဘာကြီးမှ ပျောက်ကွယ်သွားအောင် ပြုလုပ်လိုခဲ့သည်။
"သခင်လေး..."
ဟိုင်ထျန်းအနားမှ အဓိပဓိနှစ်ပါးကတော့ တုံ့ဆိုင်းနေဆဲပင်။
"တိုက်ခိုက်ကြ၊ ကျူပ် အမိန့်ပေးနေတယ်။ ဒီကောင့်ကို အတူတူတိုက်ခိုက်ပြီးတော့ သတ်လိုက်ကြ"
ဟိုင်ထျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
အဓိပဓိနှစ်ပါးလည်း လုမင်ကို အတူတကွ တိုက်ခိုက်ရန်အပြင် ရွေးချယ်စရာ မရှိတော့ပေ။
အခြား အဓိပဓိများကလည်း လုမင်ကို အတူတူ တိုက်ခိုက်လိုက်ကြသည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်း၍ သူတို့အားလုံး ခြိမ်းခြောက်မှုကို ခံစားခဲ့ရပေသည်။ လုမင်သာ သန့်စင်သောခန္ဓာ မြေပုံကို ရရှိခဲ့ပါက သူတို့အတွက် ခက်ခဲမည် ဖြစ်သည်။ ထို့ကြောင့် လုမင်ကို ဦးဆုံးဖယ်ရှားရန် ကြံလာကြတော့သည်။
အဓိပဓိဆယ်ပါးက လုမင်ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။ ထိုအင်အားက ကြောက်စရာကောင်းလွန်းလှပေသည်။
"ဂါး"
ကောင်းကင်ကိုးခုကို တုန်ခါစေနိုင်သော နဂါးဟိန်းသံနှင့်အတူ နဝမနဂါး ထွက်ပေါ်လာခဲ့သည်။ လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် နဝမနဂါးအသွင် ပြောင်းလဲလိုက်၏။ ဝါးမျိုခြင်းစွမ်းအားက ပေါက်ကွဲထွက်လာပြီး အဓိပဓိအားလုံးကို လွှမ်းခြုံသွားတော့သည်။
ထို့နောက်တွင် နဂါးလက်သည်းကုပ်ချက်များ အဆက်မပြတ် ထွက်လာခဲ့သည်။
"ဝုန်း... ဝုန်း"
အဓိပဓိနှစ်ပါးမှာ နဂါးလက်သည်းများ ထိမှန်ပြီး သွေးအန်ကာ နောက်ပြန်ဆုတ်သွားခဲ့ရသည်။
"ဝုန်း"
နဝမနဂါးက အမြီးရိုက်ချက် ထုတ်ဖော်လိုက်ရာ ဟိုင်ထျန်းလက်အောက်မှ အဓိပဓိတစ်ပါး သွေးအန်ပြီး လွင့်စဉ်သွားသည်။
"ဂျိန်း... ဂျလိန့်"
လဲ့တင်းကလည်း နဝမနဂါး၏ ဦးခေါင်းထက်တွင်ပေါ်လာခဲ့၏။ ထောင်ချီသော မိုးကြိုးလျှပ်စီးများက လေထဲတွင်ပြည့်လျှံကာ အဓိပဓိများစွာကို ဖုံးလွှမ်းသွားတော့သည်။
"ဝုန်း ဝုန်း ဝုန်း"
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အဓိပဓိများ၏ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားခဲ့သည်။
"ဝှူး"
အဝေးမှ ကြည့်နေသူအားလုံး ပင့်သက်ရှိုက်လိုက်သည်။ မြင်ကွင်းများက အံ့ဖွယ်ကောင်းလွန်း၍ သူတို့အဆုတ်များပင် ပေါက်ကွဲထွက်တော့မည်။
တုန်လှုပ်စရာကောင်းလွန်းသည်။ အဓိပတိဆယ်ပါးက လူငယ်တစ်ဦးကို တိုက်ခိုက်ရန် ပူးပေါင်းခဲ့၏။ သို့တိုင်၊ နောက်ဆုံးတွင် လူငယ်၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရရုံသာမကဘဲ အချို့ပင်လျှင် ဒဏ်ရာများ ရရှိခဲ့သေးသည်။
ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
"လုမင်... သူက ရှမ်းဟွမ်တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် လုမင်ပဲ"
အဓိပဓိတစ်ပါးက ရုတ်တရက် အော်လိုက်သည်။
ဤအဓိပဓိက ယွမ်လုအင်အားစုကြီးများမှ၏ တပည့်ရွေးချယ်ပွဲကို သွားရောက်ကြည့်ရှုခံရာ လုမင်ကို အသိအမှတ်ပြုခဲ့သည်။
"ဘာ၊ သူက လုမင်လား"
"ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ မျိုးဆက်သစ်လူငယ်များတွေထဲမှာ အစွမ်းအထက်ဆုံး ပါရမီရှင်ပေါ့"
"သူက ရှန်းရွှီတိုက်ကြီးကနေ ပြန်သွားပြီ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
"ဘုရားရေ၊ အဲဒါက သူပဲ။ သူက အရမ်းကြောက်ဖို့ကောင်းတာ မဆန်းတော့ပါဘူး"
မြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ယခုအခါ၊ လုမင်၏နာမည်က ရှန်းရွှီတိုက်ကြီးတစ်ခွင်သို့ ပျံ့နှံ့နေပြီဖြစ်သည်။ ယွမ်လုအင်အားစုကြီးက တပည့်များကို ရွေးချယ်ရာတွင် ရှမ်းဟွမ်တိုက်ကြီးက စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ကြောင်း လူအများစု သိကြ၏။ ထိုအထဲတွင် ကြောက်စရာအကောင်းဆုံးက လုမင်ဟုခေါ်သော လူငယ်တစ်ဦး ဖြစ်သည်။ သူက အခြားပါရမီရှင်များကို အနိုင်ယူကာ ပထမနေရာကို ရရှိခဲ့၏။ မျိုးဆက်သစ် လူငယ်များအနက် မည်သူမျှ သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။
"သူက မျိုးဆက်သစ်လူငယ်တွေရဲ့ အစွမ်းထက်ဆုံး ပါရမီရှင်ဖြစ်ရင်တောင် သူ့ရဲ့ ဒီတိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလောက်လွန်းတယ်"
တစ်ယောက်ယောက်က အော်လိုက်သည်။
အဓိပဓိဆယ်ပါးတို့၏ တိုက်ခိုက်မှုအောက်တွင် အကြောက်အလန့်ကင်းစွာ နေနိုင်သည်မှာ အံ့ဖွယ်ကောင်းလွန်းလှပေသည်။
"သေစမ်း၊ အဲဒါက သူပဲ"
ဟိုင်ထျန်းက မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။
"ငါ့ကိုပေး"
နဝမနဂါးက လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက သူ့ခန္ဓာကိုယ်ကို တွန်လိမ်ပြီး အဆိပ်တစ်ရာအဓိပဓိ၏ သိုလှောင်လက်စွပ်ကို ကိုင်ဆောင်ထားသူအား တိုက်ခိုက်လိုက်၏။
ထိုအဓိပဓိက ခုခံချင်သော်လည်း လုမင်၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက်တွင် မခုခံဝံ့တော့ပေ။ သူက လုမင်ထံသို့ သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်သည်။
လုမင်က သိုလှောင်လက်စွပ်ကို ဖမ်းယူလိုက်သည်။ အတွေးတစ်ခုဖြင့် လုမင်၏လက်ထဲတွင် မြေပုံတစ်ခုပေါ်လာခဲ့၏။
"ဟမ်"
လက်ထဲကို မြေပုံရောက်လာသည်နှင့် လုမင် မျက်မှောင်ကြုတ်လိုက်မိသည်။