အခန်း ၁၂၇၉
Vol. 86 Ch. 1279
အပိုင်း ( 1279 ) မြေပုံနှစ်ခု။
ဤမြေပုံမှာ ဓားပြများထံမှ သူရရှိခဲ့သော မြေပုံနှင့် ထပ်တူနီးပါး တူညီသည်ဟု သူ ခံစားရသောကြောင့် ဖြစ်ပေသည်။
ပစ္စည်းအမျိုးအစား၊ ထုထည်၊ အလေးချိန် အားလုံး အတူတူ ဖြစ်သည်။
လုမင်လည်း မြေပုံကိုဖွင့်ပြီး ကြည့်လိုက်သည်။ ထိုအခါ ပို၍ပင် အံ့သြသွား၏။
မြေပုံ၏ အကြောင်းအရာက သူရရှိထးသော မြေပုံနှင့် အတူတူဖြစ်ပြီးအပြောင်းအလဲ အနည်းငယ်မျှ မရှိပေ။
'တကယ်ကို မြေပုံနှစ်ခုရှိတာပဲ။ ထူးဆန်းတယ်'
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
ယေဘူယျအားဖြင့်၊ ထိုကဲ့သို့သော အဖိုးတန်မြေပုံမျိုးမှာ တစ်ခုသာ ရှိလိမ့်မည်။ မည်သို့ နှစ်ခု ရှိနိုင်ပါမည်နည်း။ ယင်းက အတုများ ဖြစ်နေပါသလော။
လုမင်လည်း စိတ်ထဲမှ မှန်းဆလိုက်သည်။
"လုမင်၊ ငါက ကျန်းဟိုင်စစ်သူကြီးရဲ့ သားနော်၊ မင်း ပြဿနာမတက်သွားချင်ရင် မြေပုံကိုလွှဲပေးဖို့ ငါ အကြံပေးချင်တယ်"
မနီးမဝေးမှ ဟိုင်ထျန်းက လုမင်ကို အေးစက်စက်ဖြငိ့ စိုက်ကြည့်ရင်း ပြောလိုက်သည်။
လုမင်၏ အရည်အချင်းက မြင့်မားလျှင်ပင် ဘာဖြစ်သေးသနည်း။ သူက ရှမ်းဟွမ်တိုက်ကြီးမှ လူငယ်တစ်ဦးမျှသာ ဖြစ်သည်။ ရှန်းရွှီတိုက်ကြီး၏ ကမ်းရိုးတန်းဒေသတွင် လုမင်က သူ့စကားကို နာခံစွာ နားထောင်နေဦးမည်သာ။
မဟုတ်လျှင်၊ သိုင်းအုပ်ချုပ်သူတစ်ပါးကို စေလွှတ်လိုက်ရုံဖြင့် လုမင်အား အလွယ်တကူ သတ်ပစ်နိုင်သည်။
သူ့ဘာသာ မည်မျှ အရည်အချင်းရှိပါစေ၊ အပြည့်အဝ မကြီးပြင်းသေးပါက သာမန် ကျင့်ကြံသူတစ်ဦးထက် မပိုပေ။
ဟိုင်ထျန်းလက်အောက်မှ အဓိပဓိငါးဦးကလည်း လုမင်ကို ဝိုင်းရံထားကာ လောဘတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။
အခြားအဓိပတိများကလည်း လုမင်၏လက်ထဲမှမြေပုံကို မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူတို့ကိုယ်တိုင် မြေပုံယူဆောင်သွားနိုင်ရန် ဆန္ဒရှိခဲ့သည်။
မြေပုံက အမှန်တကယ် ရှိ၏။ သန့်စင်သော ဝိညာဉ်ခန္ဓာ ကိစ္စကလည်း အမှန်ဖြစ်ပုံပင်။
သန့်စင်သော ဝိညာဉ်ခန္ဓာ၏ သွေးဆောင်မှုက သူတို့အတွက် ပြင်းထန်လွန်းလှသည်။
အများစုက သူတို့၏ ဘဝတစ်လျှောက်လုံး အဓိပဓိနယ်ပယ်၌သာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ သူတို့အတွက် ရှေ့တစ်လှမ်းတိုးပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန်မှာ ခက်ခဲလွန်းပေသည်။
သို့ရာတွင် သန့်စင်သော ဝိညာဉ်ခန္ဓာဖြင့် မျှော်လင့်ချက်ရှိလာခဲ့သည်။
သန့်စင်သောဝိညာဉ်ခန္ဓာကို လေ့ကျင့်နိုင်သရွေ့၊ သန့်စင်သောဝိညာဉ်ခန္ဓာကို အခြေခံကာ စစ်မှန်သောဝိညာဉ်ခန္ဓာအား တည်ဆောက်ပြီး သိုင်းအုပ်ချုပ်သူတစ်ဦး ဖြစ်လာနိုင်သည်။
အနှစ်တစ်သောင်းမှ နှစ်သောင်းအထိ အသက်ရှင်ပြီး ကမ္ဘာကြီးကို စိုးမိုးနိုင်သည့် သိုင်းအုပ်ချုပ်သူဖြစ်လာရန် သွေးဆောင်မှုမှာ အားကြီးလွန်းပေသည်။
လုမင်က အစွမ်းထက်မှန်း သိကြလျှင်ပင် လွယ်လွယ်နှင့်တော့ သူတို့ အလွတ်မပေးချင်ပါ။
လုမင်၏ နှုတ်ခမ်းများက နားလည်ရခက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူက ဟိုင်ထျန်းကိုကြည့်ပြီး ပြောလိုက်သည်။
"မင်းက မြေပုံလိုချင်တာလား။ ကောင်းပြီ၊ ယူလိုက်"
လုမင်က ဟိုင်ထျန်းလက်အောက်မှမဟုတ်သော အခြား အဓိပဓိတစ်ဦးဆီကို မြေပုံ ပစ်ပေးလိုက်၏။
လူတိုင်း အံ့ဩသွားကြသည်။ လုမင်က မြေပုံကို ဤမျှလွယ်လွယ်ကူကူ လွှဲပြောင်းပေးမည်ဟု သူတို့ မမျှော်လင့်ထားပေ။
'လုမင်က ဟိုင်ထျန်းကို ကြောက်နေတဲ့ပုံပဲ'
လူတိုင်းမှာ တူညီသော အတွေးတစ်ခု ရှိခဲ့သည်။
ဟိုင်ထျန်း ရယ်မောလိုက်သည်။ သူသည်လည်း လုမင်က သူ့ကို ကြောက်နေသည်ဟု တွေးလိုက်၏။
"အရည်အချင်းရှိရင်တောင် ဘာဖြစ်လဲ။ မင်းမှာ ကျောထောက်နောက်ခံမရှိရင် ငါ့စကားကို နားထောင်ရတုန်းပဲ"
ဟိုင်ထျန်းက လှောင်ပြောင်လိုက်သည်။
လုမင်ကို ယွမ်လု၏ နဂါးနတ်ဘုရားတောင်ကြားမှ တပည့်အဖြစ် လက်ခံထားကြောင်း သူသိသည်။ သို့ရာတွင် လုမင်က နဂါးနတ်ဘုရားတောင်ကြားသို့ တရားဝင် မ၀င်ရောက်သေးသည့်အတွက် မကြောက်ခဲ့ပါချေ။
'ဟမ့်၊ သူက ငါ့ကို မြေပုံကိုတိုက်ရိုက်မပေးဘူး။ ငါ့အစ်ကိုကြီးရောက်လာမှ သေချာ ပညာပေးရမယ်'
ဟိုင်ထျန်း သူ့စိတ်ထဲမှ တွေးလိုက်သည်။
လုမင်က မြေပုံကို လွှင့်ပစ်လိုက်သည်နှင့် နောက်ထပ် ဖရိုဖရဲ တိုက်ပွဲတစ်ခု ထပ်ဖြစ်ခဲ့ပေသည်။
လုမင်က လူသားအသွင်ပြန်ပြောင်းကာ ဟိုင်ထျန်း၏အနားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ဟိုင်ထျန်း၏အမူအရာ ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
"လုမင်၊ မင်းဘာလုပ်တာလဲ"
“ဘာမှမဟုတ်ဘူး။ မင်းမျက်နှာကြီးက ငါ့ကို အတော်လေး စိတ်ညစ်ညူးစေတယ်။ နောက်ပြီး မင်းက ငါ့ကို သတ်ချင်နေသေးတာပဲ။ ငါ့ကို မနာလိုတဲ့သူက အတော်များတယ်"
လုမင် အနည်းငယ်ပြုံးလိုက်၏။
"မင်း... မင်းလုပ်ဝံ့လား"
ဟိုင်ထျန်း မျက်နှာပျက်သွားသည်။
"ဖြန်း"
လုမင်က ဟိုင်ထျန်း၏ပါးကို ဖြတ်ရိုက်လိုက်၏။ အကြိမ်ပေါင်းများစွာ ချာလပတ်လည်သွားပြီးနောက် ဟိုင်ထျန်း၏ မျက်နှာတစ်ခြမ်းက ယောင်ကိုင်းသွားတော့သည်။ သူ ကြက်သေသေသွားသည်။
လုမင်က သူ့ကို ရိုက်ဝံ့တယ်လား။
ယခုလေးတင် သူ့ကိုကြောက်လို့ မြေပုံကို လွှဲပေးခဲ့တာ မဟုတ်ဘူးလား။ ယခုမှ သူ ဘယ်လိုတောင် သတ္တိကောင်းနေပါသနည်း။
ဟိုင်ထျန်း လုံးဝ မစဉ်းစားနိုင်တော့သလို ခံစားလိုက်ရသည်။
"သခင်လေး…"
ဟိုင်ထျန်း၏လက်အောက်မှ အဓိပဓိတစ်ပါးက အနည်းငယ်က ဒေါသဖြစ်သွားပြီး အော်ဟစ်ကာ လုမင်ကို တိုက်ခိုက်လိုက်သည်။
"စိတ်မပူပါနဲ့၊ ငါမင်းကိုမသတ်ဘူး"
လုမင်က ပြုံးပြီး ရှေ့တစ်လှမ်းတိုးလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရုပ်သွင်က ပျောက်ကွယ်သွားတော့သည်။
လုမင်က ဟိုင်ထျန်းကို မသတ်ရသည့် အကြောင်းရင်းက သူ့နောက်မှ အင်အားစုများကို ကြောက်လို့မဟုတ်ဘဲ မြေပုံကိုထုတ်ဖော်ပြီး သန့်စင်သော ဝိညာဉ်ခန္ဓာကို ရှာဖွေရာတွင် သူတို့ကို အသုံးပြုလိုသောကြောင့် ဖြစ်သည်။
ထိုမြေပုံသည် အလွန်ရှုပ်ထွေး၏။ လူသိများလေလေ၊ မြေပုံကို ဖော်ထုတ်နိုင်ခြေ ပိုများလေ ဖြစ်သည်။
လုမင် ထွက်သွားပြီးမှ နောက်ဆုံးတွင် ဟိုင်ထျန်း သတိဝင်လာခဲ့သာ်။ သူက မျက်နှာတစ်ဖက်ကို လက်နှင့်အုပ်ပြီး အရူးတစ်ယောက်လို အော်ဟစ်လိုက်၏။
"အား၊ သေစမ်း၊ သတ်.. လုမင်ကိုသတ်ရမယ်"
သူက ဒေါသချောင်းချောင်းထွက်ကာ အော်လိုက်သော်လည်း လုမင် မကြားရတော့ပေ။ လုမင်က နွံတောထဲမှ ပြန်ထွက်သွားပြီး မကြာမီ အဆုံးမဲ့နွံတောအပြင်ကို ရောက်ခဲ့သည်။
"ဟိုကောင်လေး ထွက်လာပြီ"
လုမင် နွံတောထဲမှ ထွက်လာသည်နှင့် အကြည့်များစွာ ကျရောက်လာခဲ့သည်။
"သူထွက်လာမယ်ဆိုတာ ငါသိတယ်။ အထဲမှာ အဓိပတိ ကျွမ်းကျင်သးတွေကို တိုက်ခိုက်တာကို မြင်ခဲ့ရပုံပဲ၊ ဒါကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ထွက်ပြေးလာတာ"
"ဟုတ်တယ်၊ ဒါဖြစ်ရမယ်"
"သူက လူပြက်တစ်ယောက်ပါပဲ၊ ဘာဖြစ်လို့ သူ့ကို နှောက်ယှက်နေတာလဲ"
လူများက တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။ တချို့၏ လေသံများက အထင်အမြင်သေးမှုများ ပြည့်နေကြ၏။
လုမင်ကတော့ သူတို့ကို ဂရုမစိုက်တော့ပါ။ သူက တိုက်ရိုက်ထွက်ပြီး မြို့ကို ပြန်သွားသည်။
လုမင် ထွက်သွားပြီး သိပ်မကြာမီပင် လူတစ်စု ထွက်လာတယ်။ သူတို့က တိုက်ပွဲကို စောင့်ကြည့်နေကြသူများ ဖြစ်ကြသည်။
"အဲဒီမှာ ဘယ်လိုနေလဲ။ အထဲမှာ တိုက်ပွဲက ဘယ်လိုလဲ"
"အဓိပတိ သိုင်းကျွမ်းကျင်သူတွေ တိုက်ခိုက်ခဲ့တာလား။ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာသတင်းကော ရခဲ့လား"
လူတော်တော်များများက အလျင်စလို မေးလိုက်သည်။
"သန့်စင်တဲ့ဝိညာဉ်ခန္ဓာရဲ့ မြေပုံပေါ်လာခဲ့ပါတယ်။ အဓိပဓိနယ်ပယ် ကျွမ်းကျင်သူတွေလည်း တိုက်ခိုက်ခဲ့ကြတယ်..."
ဝိညာဉ်နတ်ဘုရားနယ်ပယ်၏ ပြီးပြည့်စုံသောအဆင့်မှ ကျွမ်းကျင်သူတစ်ဦးက ရှင်းပြလိုက်၏။
ထိုလူငယ်က လုမင်ဖြစ်ပြီး အဓိပဓိဆယ်ပါးကို တစ်ဦးတည်း တိုက်ခိုက်ခဲ့ကြောင်း ပြောလိုက်သောအခါ အားလုံး တိတ်ဆိတ်သွားတော့သည်။
"မင်း... မင်းဆိုလိုတာ အဲဒီလူငယ်က အသန်မာဆုံး မျိုးဆက်သစ်ပါရမီရှင် လုမင်ပေါ့။ ပြီးတော့ သူက အဓိပတိနယ်ပယ် ကျွမ်းကျင်သူဆယ်ယောက်ကို တိုက်ခိုက်၊ မြေပုံကို သိမ်းပိုက်ပြီးမှ အဆုံးမှာ လွှဲပြောင်းပေးဖို့ အစပြုခဲ့တာပေါ့"
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ မေးလိုက်သည်။
"အမှန်ပဲ"
ယခင်လူတိုင်းက ခေါင်းညိတ်ကြသည်။
နွံတောအပြင်ဘက်ရှိလူများ အံသြသွားကြ၏။ သူတို့ထဲမှ တချို့မှ ရှက်ရွံ့မှုကြောင့် မျက်နှာများ နီမြန်းလာတော့သည်။
ယခုလေးတင် လုမင်ကို ကြောက်နေတာဟုပြောပြီး လှောင်ပြောင်ခဲ့ကြသည်။ သို့ရာတွင် အမှန်တော့ လုမင်က အဓိပတိ ကျွမ်းကျင်သူဆယ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ပြီး သူတို့ဆီမှ မြေပုံကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက စိတ်ကူးနိုင်သည်ထက် ကျော်လွန်သွားခဲ့သည်။
လုမင်က သူတို့ကို ဂရုမစိုက်သောကြောင့်သာ အစောပိုင်းက လျစ်လျူရှုခဲ့သည်။ လုမင်၏အမြင်တွင် သူတို့ကမှ တကယ့် လူပြက်များပင်။
ဒါကိုတွေးပြီး လွန်စွာ ရှက်ရွံ့သွားကြသည်။
သိပ်မကြာခင်မှာပဲ ဟိုင်ထျန်းနှင့် တခြားသူများ ပေါ်လာခဲ့သည်။
နောက်တိုက်ပွဲတွင် ဟိုင်ထျန်းဘက်က ပိုအားကောင်း၏။ သူနှင့်အတူ စုစုပေါင်း အဓိပတိကျွမ်းကျင်သူငါးဦးကို ခေါ်ဆောင်လာခဲ့သည်။ သူတို့ထဲမှ တစ်ဦးဆိုလျှင် နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်ကိုပင် နိုးထစေခဲ့သည်။ သူသည် သာမန် ကျွမ်းကျင်သူများထက် ပို၍အားကောင်း၏။ သူတို့ငါးယောက် ပူးပေါင်းပြီးနောက် မြေပုံကို ရယူနိုင်ခဲ့သည်။
ဟိုင်ထျန်းက မြေပုံကို သိမ်းပိုက်ပြီးနောက် ကျွမ်းကျင်သူများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ သူဟာ မြေပုံကို လေ့လာနေခြင်းဖြစ်သည်ဟု လူတော်တော်များများက ခန့်မှန်းခဲ့ပေသည်။
ထို့ကြောင့်ပင် ဟိုင်ထျန်းနှင့် တခြားသူများ တစ်စုံတစ်ခုကို တွေ့သွားကြလျှင် သိရှိနိုင်ရန်၊ သူတို့ကို စောင့်ကြည့်ရန်အတွက် ကျွမ်းကျင်သူတချို့က လူများကို တိတ်တဆိတ် စေလွှတ်ခဲ့ကြသည်။
ထိုအချိန်တွင် လုမင်သည်လည်း မြေပုံကို လေ့လာနေပေသည်။
သဘာဝအရ တန်တန်ကိုလည်း ခေါ်ထားသည်။ တန်တန်က ရှေးခေတ်ကမ္ပည်း အမျိုးမျိုးကို ကျွမ်းကျင်သည့် ရှေးဟောင်းပစ္စည်းတစ်ခုပင်။ ဤမြေပုံမျိုးကို လေ့လာရာတွင် တန်တန်ကို ခေါ်ထားတာက အသင့်လျော်ဆုံး ဖြစ်သည်။
သူတို့နှစ်ယောက်က မြေပုံကို နှစ်ရက်ကြာသည်အထိ လေ့လာခဲ့ပေသည်။
"ဒီမြေပုံပေါ်မှာ မျဥ်းကြောင်းအားလုံးက နောက်ဆုံးမှာ ပေါင်းစည်းပြီး တစ်နေရာကို ဦးတည်သွားနေတာပဲ။ ကံမကောင်းချင်တော့ ငါက ပတ်ဝန်းကျင် ပထဝီဝင်နဲ့ မရင်းနှီးဘူး။ မဟုတ်ရင် သက်ဆိုင်တဲ့ တည်နေရာအရ ခရီးအဆုံးကို ရှာတွေ့နိုင်မှာ"
တန်တန်က လက်သေးသေးလေးနှစ်ဖက်ကို နောက်သို့ပစ်ပြီး ပြောလိုက်သည်။
"အိုး၊ ဒါဆိုရင် ရှန်းရွှီတိုက်ကြီးရဲ့ မြေပုံနည်းနည်းလောက် သွားဝယ်လိုက်မယ်"
လုမင် ပြောလိုက်၏။
"ဟင်း၊ မြေပုံနဲ့ နှိုင်းယှဉ်ကြည့်ရင်တောင် ရှာရလွယ်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့၊ ဒီမြေပုံရဲ့ ဖော်ပြချက်က ဒီလောက်အသေးစိတ်ကျတာ မဟုတ်ဘူးလေ"
တန်တန်က သက်ပြင်းချလိုက်သည်။