← Chapters

အခန်း ၁၂၈၁

Vol. 86 Ch. 1281

အခန်း ၁၂၈၁

Vol. 86 Ch. 1281

အပိုင်း ( 1281 ) ပင်လယ်ရေအောက်မှ သားရဲများ။

ဂရုတစိုက် လေ့လာခဲ့ပြီးနောက် နောက်ဆုံးပန်းတိုင်ဟာ ပင်လယ်အောက်ခြေမှာ ရှိနေကြောင်း လူတိုင်း သိခဲ့ရသည်။

ယင်းမှာ ပင်လယ်အောက်ခြေ နက်ရှိုင်းသောနေရာမှ လျှို့ဝှက်နေရာတွင်။

"‌ဗွမ်း ဗွမ်း"

ကျွမ်းကျင်သူများစွာက ပင်လယ်ထဲသို့ခုန်ဆင်းကာ မြေပုံအတိုင်း သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဥ်ဆီသို့ ဦးတည်သွားခဲ့ကြသည်။

လုမင်လည်း ပင်လယ်ထဲကို ခုန်ဆင်းသွား၏။

ဤနေရာမှာ ပင်လယ်အတွင်းပိုင်းဖြစ်ပြီး အလွန် ရေစူးနက်သည်။ လူတိုင်းက ရေအောက်သို့ငုပ်ကာ မီတာတစ်ရာ၊ မီတာတစ်ထောင်မှ နောက်ဆုံးတွင် ရေအနက် မီတာ တစ်သိန်းကျော်သို့ ရောက်ရှိလာခဲ့ကြသည်။

ဤရေစူးအနက်ထိ ရောက်လာချိန်မှာတော့ ပင်လယ်ရေဖိအားက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အဆင့်မြင့်မားသော ဝိညာဉ်လက်နက်များပင်လျှင် ရေထုဖိအားအောက်တွင် ကြေမွသွားရပေလိမ့်မည်။

ကြောက်စရာကောင်းသော ဖိအားများက လုမင်ကို အဆက်မပြတ် ဖိနှိပ်နေခဲ့သည်။ လုမင်လည်း သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် ယွမ်ချီစွမ်းအင်များ ဖြန့်ကျက်လိုက်၏။ တစ်ချိန်တည်းတွင် ရေတာအိုကို လှည့်ပတ်လိုက်လေသည်။ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံ့နှံ့သွားခဲ့သည်။ ထိုအခါ ပင်လယ်ရေက အလိုအလျောက် ကွဲထွက်သွားပြီး လုမင်အနီးသို့ မကပ်နိုင်တော့ပေ။

ဤအချိန်တွင် လုမင်က စိတ်အေးလက်အေး ရှိနိုင်သေးသော်လည်း တခြားသူများကတော့ မဟုတ်တော့ပါ။

"ဖူး"

ပထမအဆင့် ဝိညာဉ်နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့မျက်နှာ ဖြူဖျော့သွားခဲ့သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့၏။ ထိုသူမှာ ဆက်လက်မငုပ်ဝံ့တော့ဘဲ အပေါ်သို့ အလျင်အမြန် ကူးတက်သွားတော့သည်။

ဤအချိန်တွင် သာမန် အဆင့်နိမ့် ဝိညာဉ်နတ်ဘုရားများအတွက် ခုခံရန် အလွန် ခက်ခဲနေပြီ ဖြစ်သည်။ အတင့်ရဲကာ ဆက်လက်ငုပ်လျှိုးပါက ကြီးမားသော ရေထုဖိအားကြောင့် သေဆုံးသွားရပေလိမ့်မည်။

ထိုသူများမှာ လက်မခံလိုသော်လည်း အောက်ခြေသို့မရောက်သေးသောကြောင့် ထွက်ခွာသွားရန်သာ တတ်နိုင်သည်။ သူတို့က ဆက်လက်ငုပ်လျှိုးလိုသော်လည်း ရေစူးက မည်မျှနက်မည်ကို မသိနိုင်ပေ။

ပတ်ဝန်းကျင်ကလည်း မည်းမှောင်နေပြီး အလင်းရောင် အနည်းငယ်မျှပင် မရှိပါ။ သို့ရာတွင် ဤနေရာသို့ ရောက်နိုင်သူအားလုံးက မြင်နိုင်စွမ်းအားကောင်းသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဤသို့ မှောင်မိုက်သောနေရာမှာပင် သူတို့က မီတာထောင်ပေါင်းများစွာ အကွာအဝေးထိ မြင်နိုင်ကြသေးသည်။

"ဝူး"

လူတိုင်းက ရေအောက်ကို ငုပ်လျှိုး‌နေရင်း မြေပုံကို ရံဖန်ရံခါ စစ်ဆေးသွားကြသည်။

မကြာမီပင် သူတို့က မီတာ နှစ်သိန်းကျော် ရေအနက်သို့ ရောက်လာခဲ့ကြသည်။ ဤနေရာတွင် ရေဖိအားက ပိုကြောက်စရာကောင်း၏။ ယွမ်ချီစွမ်းအင်များ၏ အကာကွယ်အောက်မှာပင် လူများစွာက အချိန်မရွေး ပြိုလဲသွားတော့မလို တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် လုမင်က ရေအောက်တောင်တန်းတစ်ခုကို တွေ့ရှိခဲ့သည်။ သို့သော်လည်း ဤကျောက်တုံးများသည် ကြောက်မက်ဖွယ်ကောင်းသော ရေဖိအားအောက်တွင် အမြဲရှိနေသောကြောင့် ၎င်းတို့၏ မာကျောမှုက အံ့မခန်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ယင်းက အပြင်ဘက်ရှိ ထူးဆန်းသောသတ္တုများထက် ပိုမာကျောကာ သာမန်သံမဏိများထက် အဆတစ်ရာ ပို၍ မာကျောလှပေသည်။

"အဲဒီ ချိုင့်အောက်မှာ ရှိတယ်"

တန်တန်က လုမင်၏ ပခုံးပေါ်တွင်ရပ်ကာ ရေအောက်ချိုင့်ဝှမ်းတစ်ခုကို ညွှန်ပြလိုက်သည်။

လုမင် လှမ်းကြည့်သောအခါ ငရဲတွင်းထဲ ရောက်သွားသလို မည်းမှောင်နေသည်ကို မြင်လိုက်ရ၏။

လုမင်လည်း ခေါင်းညိတ်ပြပြီး ချိုင့်ဝှမ်းဆီသို့ ဦးတည်သွားတော့သည်။

တခြားသူများကလည်း သတိထားမိဟန်ဖြင့် ချိုင့်ဝှမ်းဆီကို ကူးခတ်သွားကြသည်။

ဤနေရာကို ရောက်လာနိုင်သူ လူအရေအတွက်က ယခင်ကထက် အများကြီးနေပြီဖြစ်သော်လည်း လူတစ်ထောင်ခန့် ရှိသေးသည်။

ငါးသေးသေးလေးတစ်ထောင်ကဲ့သို့ လူတစ်ထောင်က မှောင်မိုက်နေသော ချိုင့်ဝှမ်းထဲသို့ ကူးခတ်သွားကြသည်။

"ဝုန်း"

ရုတ်တရက်၊ ပင်လယ်ရေက လှိုင်းထသွားခဲ့သည်။ ချိုင့်ဝှမ်းအစွန်းရှိ အနက်ရောင် လှိုဏ်ဂူထဲမှ ဧရာမသတ္တဝါကြီးတစ်ကောင် ရုတ်တရက် ထွက်လာခဲ့၏။ သတ္တဝါကြီးက ပါးစပ်ကိုဟကာ ကျွမ်းကျင်သူများကို ဝါးမျိုရန် ကြိုးစားလာတော့သည်။

"သေချင်နေတာပဲ"

တစ်စုံတစ်ယောက်က ဟိန်းဟောက်ပြီး ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်သည်။

တိုက်ခိုက်လိုက်သူမှာ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။ သို့ရာတွင်၊ ထိုရေသတ္တဝါကြီးက ပင်လယ်ရေနက်ပိုင်းတွင် အမြဲနေထိုင်ခဲ့သူဖြစ်၍ အလွန်ကြံ့ခိုင်သည်။ ရေသတ္တဝါကြီးက ချွန်ထက်သောသွားများနှင့် ဓားအလင်းကို ကိုက်ဖြတ်လိုက်၏။ ထို့နောက်မှာတော့ နီမြန်းသောလျှာကြီး ထွက်လာကာ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ရစ်ပတ်ပြီး ပါးစပ်ထဲသို့ ဆွဲယူသွားတော့သည်။

"သေစမ်း"

ထိုပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက ကြမ်းတမ်းသည့် တိုက်ခိုက်မှု အမျိုးမျိုးကို ထုတ်ဖော်လိုက်သည်။

သို့ရာတွင် သူတို့က ပင်လယ်ရေနက်ပိုင်း မီတာနှစ်သိန်းကျော်သို့ ရောက်နေကြ၍ သူတို့၏အင်အားကို အလွန်ဖိနှိပ်ခံခဲ့ရသည်။ ရုတ်တရက် ထွက်ပေါ်လာသော ရေသတ္တဝါကြီးကလည်း ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့်သာ ညီမျှ၏။ သို့သော်လည်း ဤနေရာတွင် ရေသတ္တဝါတစ်ကောင်၏ စွမ်းအားက ကုန်းမြေမှ သာမန် ဝိညာဉ် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထက် အဆပေါင်းများစွာ သာလွန်သည်။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် လူသားကျွမ်းကျင်သူက ရေသတ္တဝါကြီးကို မယှဉ်နိုင်ပါ။ နီမြန်းသောလျှာကြီးဖြင့် ပါးစပ်ထဲသို့ ဆွဲသွင်းခံရပြီး ကိုက်ခံလိုက်ရသည်။

ထိုသူမှာ နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သို့သော်လည်း နောက်အခိုက်တွင် အော်သံက ရုတ်တရက် ရပ်တန့်သွား၏။ သူ့ကို ရေသတ္တဝါကြီးက အပိုင်းပိုင်းကိုက်ဖြတ်ပြီး ဗိုက်ထဲကို မျိုချလိုက်တော့သည်။

"ဒါက ဘယ်လို သားရဲကြီးလဲ"

ဤအခိုက်တွင် လူတိုင်းက ထိုသားရဲ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

၎င်း၏ခန္ဓာကိုယ်မှာ စပါးအုံးမြွေကဲ့သို့ဖြစ်သော်လည်း ငါးရှဉ့်တစ်ကောင်နှင့် တူသည်။ သူ့ခန္ဓာအလျားသည် အလွန်ရှည်လျား၏။ သူ့အမြီးက ယခုထိ ချိုင့်ဝှမ်းထဲမှ ဂူထဲတွင် ရှိသေးသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းသာ အပြင်သို့ ရောက်နေခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ သူ့မျက်လုံးများကတော့ သွေးကဲ့သို့ နီရဲလျက်ရှိ၏။ ထိုသားရဲကြီး၏ အသွင်မှာ အလွန် ကြောက်စရာ‌ကောင်းပြီး ရက်စက်ကြမ်းကြုတ်ပုံရသည်။

ရေသတ္တဝါကြီးက စားဖွယ်စုံကို မြင်နေရသလို သွေးနီရောင်မျက်လုံးများနှင့် အခြားသူများအား လောဘကြီးစွာဖြင့် စိုက်ကြည့်လိုက်၏။

"ဝုန်း"

နောက်အခိုက်မှာတော့ ပါးစပ်ကြီးကိုဟပြီး လူသားမျိုးနွယ်မှ ကျွမ်းကျင်သူများကိုကိုက်ရန် ကြိုးစားလာပြန်တော့သည်။

"မင်း သေချင်နေတာပဲ"

ထိုအချိန်တွင် အဓိပဓိတစ်ပါးက အေးစက်စက်ဖြင့် ငေါက်ငမ်းပြီး လှုပ်ရှားလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဒိုမိန်းသန္ဓေသားပုံစံက ပျံ့နှံ့သွားပြီး ရေသတ္တဝါကြီးကို ဖုံးအုပ်သွား၏။

"ကလစ်...ကလစ်"

ဒိုမိန်းသန္ဓေသားပုံစံက ဖုံးလွှမ်းသွားသည်နှင့် ရေသတ္တဝါကြီး၏ အကြေးခွံများမှာ စူးရှသောအသံများ ထွက်လာတော့သည်။

"သေစမ်း"

ထိုအဓိပဓိက ရေသတ္တဝါကြီး၏ ဦးခေါင်းထက်တွင် ပြန်ပေါ်လာကာ ဓားနှင့်ထိုးလိုက်သည်။

"ဝုန်း"

ရေလှိုင်းများ လှုပ်ခတ်သွားပြီး ရေသတ္တဝါကြီးမှာ အလျင်အမြန် ဆုတ်သွား၏။ သူ့ဦးခေါင်းက ပေါက်ထွက်သွားပြီး သွေးများ ထွက်လာသော်လည်း အသက်မသေသေးပေ။

"အတော်အစွမ်းထက်တာပဲ"

လူများစွာ၏ နှလုံးသားများက တုန်လှုပ်သွားခဲ့သည်။

ထိုရေသတ္တဝါကြီးက အစွမ်းထက်လွန်းသည်။

ထိုသတ္တဝါကြီးက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်၌သာ ရှိသေးသည်။

အပြင်ဘက်မှာဖြစ်လျှင် ထိုအဓိပဓိ၏ တိုက်ခိုက်မှုက သာမန် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားကိုသတ်ရန် လုံလောက်သည်။ သို့သော်လည်း ဤရေသတ္တဝါကြီးကတော့ ဤနေရာတွင် ဒဏ်ရာရခဲ့ရုံဖြစ်ပြီး မသေသွားခဲ့ပေ။

ဤနေရာမှာ ရေနက်ပိုင်း ဖြစ်သည်။ ဤနေရာတွင် ရေသတ္တဝါများ၏အင်အားက ပိုအားကောင်းပြီး ကုန်းမြေမှ လူသားကျင့်ကြံသူများ၏ စွမ်းအားကတော့ လွန်စွာ ဖိနှိပ်ခံခဲ့ကြရသည်။

ရေသတ္တဝါကြီးကို တစ်ချက်တည်းဖြင့် မသတ်နိုင်သောကြောင့် လူသားမျိုးနွယ်ဝင် အဓိပဓိ၏မျက်နှာက မည်းမှောင်သွားသည်။ သူ့လက်ထဲတွင် နှင်းဖြူ ဓားတစ်ချောင်း ပေါ်လာပြီး ခုတ်ပိုင်းလိုက်၏။ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက ပင်လယ်ကိုခွဲပြီး ရေသတ္တဝါကြီး၏လည်ပင်းကို လှီးဖြတ်သွားတော့သည်။

"ဝုန်း"

ပင်လယ်ရေက သွေးများဖြင့် နီရဲသွားပြီး ရေသတ္တဝါကြီး ဦးခေါင်းပြတ်ကျသွားသည်။

သို့သော်လည်း ရေသားရဲကြီးက ဦးခေါင်းပြတ်သွားသည့်တိုင် ချက်ချင်း မသေဆုံးသေးပါ။ ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းက အရူးအမူး နောက်ပြန်ဆုတ်သွားပြီး ဂူထဲသို့ ပြန်ဝင်နိုင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အနည်းငယ်မျှသာ လှုပ်ရှား‌နိုင်ပြီး အသက်ဓာတ်ပျောက်ကွယ်ကာ ငြိမ်သက်သွားတော့သည်။

"ပင်လယ်အောက်ခြေမှာ အစွမ်းထက် ရေသားရဲတွေရှိတယ်။ ငါတို့သတိထားရမယ်"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ပင်လယ်ရေအောက်တွင် အစွမ်းထက် ရေသားရဲများရှိပြီး ၎င်းတို့ကလည်း လုံးဝ မရိုးရှင်းကြပေ။

အားလုံးက ဆက်ပြီး ငုပ်လျှိိုးသွားကြသည်။ ချိုင့်ဝှမ်းက အလွန်နက်ပေသည်။ သူတို့က နောက်ထပ် မီတာ တစ်သောင်းခန့် ငုပ်သွားသော်လည်း အောက်ခြေကို မရောက်သေးပေ။

"ဝုန်း... ဝုန်း"

ရုတ်တရက် ပင်လယ်ရေများ လိမ့်တက်လာခဲ့သည်။ ချိုင့်ဝှမ်းတစ်ဝိုက်မှ နောက်ထပ် လှိုင်းများ တက်လာခဲ့၏။

"ရှူး... ရှူး..."

တစ်ချိန်တည်းမှာပင် လူများကို ခေါင်းမွှေးထောင်သွားစေနိုင်သော အသံကျယ်ကျယ်တစ်ခု ထွက်ပေါ်လာတော့သည်။

ထို့နောက်တွင် ချိုင့်ဝှမ်းနံရံများပေါ်မှ ကြီးမားသော ရေသတ္တဝါကြီးများ ဒါဇင်ချီကာ ထွက်လာခဲ့ကြသည်။ ထိုမြင်ကွင်းကြောင့် လူများမှာ အံ့အားသင့်သွားကြပေသည်။

"ရေသားရဲ၊ အဲဒါ ရေသားရဲကြီးတွေပဲ"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြားဖြင့် ထအော်လိုက်သည်။

ရုတ်တရတ် ပေါ်လာကြသော ဤသားရဲကြီးများက ယခင်က ပေါ်လာခဲ့သော ရေသတ္တဝါကြီးနှင့် အတူတူပင်။ ၎င်းတို့၏ခန္ဓာကိုယ်က စပါးအုံးမြွေကဲ့သို့ဖြစ်ပြီး မျက်လုံးများနီရဲနေကာ ပါးစပ်များကို ဟထားသည်။ သူတို့၏ ခန္ဓာကိုယ်ကို အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး လွန်စွာကြောက်မက်ဖွယ်ကောင်းပုံရပေသည်။

ယခုအခါ ထိုရေသတ္တဝါကြီးများက ဒါဇင်ချီကာ ရှိသည်။ ၎င်းတို့တစ်ကောင်စီကလည်း ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ရှိ၏။

"အား..."

လူသားကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ ချွန်ထက်သောသွားများဖြင့် အကိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားကြသည်။

ထိုစဉ် အတော်အတန် ပို၍ကြီးမားသော ရေသတ္တဝါကြီးတစ်ကောင်က ဟိုင်ထျန်းနှင့် အခြားသူများဆီသို့ ပြေးလာသည်။

"သေချင်နေပြီ"

ထိုအဖွဲ့မှအဓိပဓိက ငေါက်ငမ်းပြီး လှံတစ်လက်ကို ထုတ်ဖော်လိုက်သည်။ လှံက ပင်လယ်ရေကိုဖြတ်ပြီး ရေသတ္တဝါကြီးကို ထိုးနှက်လိုက်၏။ သုံးချက်တည်းဖြင့် ရေသတ္တဝါကြီးမှာ ပင်လယ်အောက်ခြေတွင် သံမှိုကဲ့သို့ ရိုက်သွင်းခံလိုက်ရတော့သည်။

ထိုရေသတ္တဝါကြီးများက သန်မာသော်လည်း သူတို့နှင့် အဓိပတိအကြားမှာတော့ ကွာဟချက်ရှိနေဆဲ ဖြစ်သည်။

All Chapters