← Chapters

အခန်း ၁၂၈၂

Vol. 86 Ch. 1282

အခန်း ၁၂၈၂

Vol. 86 Ch. 1282

အပိုင်း ( 1282 ) ပင်လယ်သားရဲများ။

"ဝုန်း"

ရေသတ္တဝါတစ်ကောင်က လုမင်ကို ပစ်မှတ်ထားကာ ပြေးကိုက်လိုက်သည်။

လုမင်က နဂါးစွမ်းအင်ကိုးခုကို ပေါက်ကွဲလိုက်သည်။ သူ၏ ဘယ်ဘက်လက်က ဝါးမျိုခြင်းစွမ်းအင်များ‌ ပေါက်ကွဲထွက်ကာ ရေသတ္တဝါကြီးကို ဖုံးအုပ်လိုက်၏။ သူ၏ ညာဘက်လက် လက်ချောင်းများက ရှည်လျားလာကာ နဂါးလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဖောင်း"

လုမင်က‌ ရေသတ္ဆဝါကြီး၏ ဦးခေါင်းကို ညာလက်ဖြင့် ဆုပ်ကိုင်ကာ အားကုန် ဆုတ်ဖြဲပစ်လိုက်သည်။ သွေးများ ဒရဟော ထွက်ကျလာခဲ့သည်။ သို့ရာတွင် လုမင်က ဝါးမျိုခြင်းစွမ်းအားဖြင့် အားလုံးကို ဝါးမျိုခဲ့၏။

"ဘယ်လောက်တောင် ကြွယ်ဝလိုက်တဲ့ သွေးအနှစ်သာရလဲ။ သူ့မှာရှိတဲ့မွန်းစတားစွမ်းအားက ပိုလို့တောင် အံ့ဖွယ်ကောင်းလွန်းတယ်"

နတ်ဆိုးသားရဲ သွေးအနှစ်သာရနှင့် စွမ်းအင်တို့ကို ဝါးမျိုပြီးနောက် လုမင် ကြိတ်ပြီး တုန်လှုပ်သွားခဲ့သည်။

ဤနတ်ဆိုးသားရဲကလည်း နတ်ဆိုးသားရဲ အမျိုးအစား တစ်ခုပင်။ သို့ရာတွင် သူ့ခန္ဓာကိုယ်တွင်းရှိ နတ်ဆိုးသားရဲစွမ်းအားက ပို၍ပင် အံ့ဖွယ်ကောင်းခဲ့သည်။ သူ၏ သွေးအနှစ်သာရမှ စွမ်းအင်များက သာမန် လူသားကျင့်ကြံသူများထက် အလွန်အမင်း ပိုကြွယ်ဝပေသည်။

သို့သော်လည်း လုမင်၏ လက်ရှိ တာအိုအဆင့်က တားဆီးနေခဲ့သည်။ သွေးအနှစ်သာရများကို ဝါးမြိုပြီး သန့်စင်ခဲ့သော်လည်း သူ့အတွက် များစွာအထောက်အကူမဖြစ်ခဲ့ပေ။

"သတ်... သတ်... သတ်..."

နက်ရှိုင်းသော ပင်လယ်အောက်တွင် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ဒါဇင်ချီသော ရေသတ္တဝါကြီးများမှာ အစွမ်းထက်‌သော်လည်း လူသားမျိုးနွယ်၏ အဓိပဓိ ကျင့်ကြံသူများမှ အလွယ်တကူ သတ်ဖြတ်ခံခဲ့ကြရသည်။

နောက်ဆုံးတွင် လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သော်လည်း ရေသတ္တဝါကြီးအားလုံး တစ်ကောင်ပြီးတစ်ကောင် သေဆုံးခဲ့ကြရပေသည်။

ထို့နောက်တွင် လူတိုင်းက ဆက်လက်ငုပ်လျှိုးခဲ့ကြသည်။ သို့သော်လည်း ပို၍သတိထားလာတော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ မကြာမီ သူတို့ ထပ်မံ တိုက်ခိုက်ခံခဲ့ကြရသည်။

ယင်းက ထူးဆန်းသောငါးများ ဖြစ်ချေသည်။ သူ့ခန္ဓာကိုယ်က မကြီးဘဲ ကျောက်တုံးတစ်တုံးနှင့် တူသည်။ သူတို့၏ အငွေ့အသက်က ကျောက်တုံးကဲ့သို့ဖြစ်ပြီး အသက်မရှိသကဲ့သို့ပင်။

လုမင်နှင့် အခြားသူများ ချဉ်းကပ်လာသောအခါမှ ကျောက်တုံးနှင့်တူသော ငါးက ရုတ်တရက် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

ဤငါးများက အထူးသန်မာခြင်းမရှိသော်လည်း အရေအတွက် အလွန်များပြီး အလွန်လည်း အဆိပ်ပြင်းလှသည်။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားပင်လျှင် ဤငါးကိုက်ခံရပါက တစ်ကိုယ်လုံး တုံ့ဆိုင်းသွားပြီး ပြန်မခုခံနိုင်တော့ပေ။

ဤတိုက်ပွဲတွင် လူသားကျင့်ကြံသူအင်အား ဒါဇင်ချီပြီး သေဆုံးခဲ့ကြရသည်။

နောက်ဆုံးတွင် ကျောက်တုံးနှင့်တူသော ငါးများကိုသတ်ရန် အဓိပတိများ၏ အင်အားကိုသာ အားကိုးခဲ့ကြရပေသည်။

သို့သော်လည်း မည်သူမျှတော့ နောက်ဆုတ်သွားခြင်းမရှိပါ။ သန့်စင်သော ဝိညာဉ်ခန္ဓာ၏ သွေးဆောင်မှုက ကြီးမားလွန်းလှသည်။ ဤနေရာအထိ ရောက်လာပြီးမှ လက်ဗလာနှင့် မည်သူမျှ မပြန်ချင်ကြပေ။

အားလုံးက ဆက်ပြီး ငုပ်လျှိုးသွားကြသည်။

စုစုပေါင်း ပင်လယ်ရေအောက်သို့ မီတာ သုံးသိန်းအထိ ဆင်းလာခဲ့ကြ၏။ ဤနေရာတွင် ရေထုဖိအားက မထင်မှတ်ထားလောက်အောင် ဖြစ်ခဲ့သည်။

ထို့အပြင်၊ ရေက အနက်ရောင် ဖြစ်၏။ လုမင်၏ မြင်နိုင်စွမ်းဖြင့်ပင် မီတာတစ်ထောင်အတွင်းသာ မြင်နိုင်သည်။ အခြား အဓိပဓိအောက်များကတော့ ပို၍ပင် နီးနီးလေးသာ မြင်ကြရလေသည်။

"ရောက်ပြီ"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ လူတိုင်း စိတ်လက်ရွှင်လန်းသွား၏။ နောက်ဆုံးတွင် သူတို့ အောက်ခြေကို ရောက်သွားပြီ။ ဤနေရာတွင် သန့်စင်သော ဝိညာဉ်ခန္ဓာ လေ့ကျင့်မှုနည်းလမ်း ရှိနေပါမည်လော။

"ကြည့်ကြစမ်း၊ အက်ကွဲကြောင်းတစ်ခုရှိနေတယ်"

ရုတ်တရက် တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။

အားလုံးက အလျင်စလို ကြည့်ရှုလိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်း အက်ကွဲကြောင်းတစ်ခုကို တွေ့လိုက်ရ၏။ ၎င်းက ဟင်းလင်းပြင်ဖြတ်လမ်း ဖြစ်ပုံရသည်။

"ဒါက ဟင်းလင်းပြင်လျှောက်လမ်းပဲ။ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာ လေ့ကျင့်နည်းကို အတွင်းထဲမှာ ဝှက်ထားတာဖြစ်ရမယ်"

ထိုအတွေးက လူတိုင်း၏စိတ်ထဲတွင် ပေါ်လာသောအခါ သူတို့၏မျက်လုံးများ တောက်ပလာတော့သည်။

တစ်စုံတစ်ယောက်က လှုပ်ရှားခါနီးတွင် အဝေးမှ ပင်လယ်ရေများ လှိုင်းထလာပြီး ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်းတို့ ငါ့ဘိုးဘွားမြေကို ကျူးကျော်ဝံ့တယ်လား။ မင်းတို့အားလုံး သေရမယ်"

ကျယ်လောင်သော ဟိန်းဟောက်သံက နဂါးဟိန်းသံနှင့်တူပြီး ပင်လယ်ရေကို ဖြတ်လာခဲ့၏။

ထို့နောက်မှာတော့ မည်းမည်းသဏ္ဍာန် အုပ်ကြီးတစ်ခု သူတို့ဆီသို့ ကူးခတ်လာကြောင်း လူတိုင်းတွေ့လိုက်‌ရတော့သည်။

နတ်ဆိုးသားရဲ၊ ထိုအရာအားလုံးက နတ်ဆိုးသားရဲများဖြစ်ကြပြီး ရေနေသားရဲများလည်း ဖြစ်ကြသည်။

လုမင်ဟာ ထိုအထဲမှာ ရေဘဝဲကြီးများ၊ ကြောက်မက်ဖွယ် ငါးမန်းများနှင့် ရှည်သွယ်သော ငါးရှဉ့်များကိုပါ မြင်လိုက်ရသည်။

အလယ်မှာတော့ တစ်ကိုယ်လုံးကို အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး နဂါးဦးချိုများရှိသည့် နဂါးကြီးတစ်ကောင်ကို မြင်ရ၏။ ထိုနဂါးကြီး၏ ဝမ်းဗိုက်မှာတော့ ခြေသည်းလေးချောင်း ရှိပေသည်။ ယင်းမှာ ရေနဂါးကြီး ဖြစ်သည်။

ယင်းက အနက်ရောင်ရေနဂါးသည်ပင်။

ထို့အပြင် ဤရေနဂါးက အစစ်အမှန်နဂါး အငွေ့အသက်များ ထွက်ပေါ်လျက်ရှိသည်။ ၎င်းတွင် ကြွယ်ဝသော အစစ်မမှန်နဂါး သွေးမျိုးဆက်ရှိကြောင်း သိသာထင်ရှားလှပေသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက အဝေးမှပင် လူတို့ကို တုန်လှုပ်သွားစေခဲ့သည်။

'အဓိပဓိ၊ အဲဒီရေနဂါးက အဓိပဓိနယ်ပယ် ကျွမ်းကျင်သူပဲ။ နောက်ပြီးတော့ အစစ်အမှန်နဂါးသွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်း ရှိတယ်'

လုမင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

အစစ်အမှန်နဂါးသွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်းရှိသော ရေနဂါးက လုံးဝကြောက်စရာကောင်းပေသည်။

ရေနဂါး၏ နောက်ဘက်မှာတော့ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများရှိသည့် ရေနေ နတ်ဆိုးသားရဲများစွာ ရှိသည်။ သူတို့ထဲတွင် အများစုက အဓိပဓိနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ပေသည်။

"မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ"

"ဟင်းလင်းပြင် လျှောက်လမ်းထဲကို မြန်မြန်ဆန်ဆန် ဝင်ကြ"

လူသားပညာရှင်များလည်း ထိတ်လန့်တကြားအော်ဟစ်ကာ ဟင်းလင်းပြင်လျှောက်လမ်းထဲသို့ ပြေးဝင်ရန် ကြိုးစားလိုက်ကြသည်။

"မင်းတို့ သေချင်နေတာပဲ"

ရေနဂါးက ဒေါသတကြီးဖြင့် ဟိန်းဟောက်ပြီး အနက်ရောင် နဂါးခြေသည်းကို ဆန့်ထုတ်လိုက်သည်။ ယင်းက လျင်မြန်စွာ ကြီးထွားလာပြီး လူသား ကျွမ်းကျင်သူများကို ဖမ်းဆုပ်လိုက်၏။

"ဖောင်း... ဖောင်း"

တခဏချင်းမှာပဲ၊ အဆင့်မြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဆယ်ယောက်ကျော်မှာ နဂါးလက်သည်းဖြင့် ချေမှုန်ခံခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များပင် ပျက်သုဉ်းသွားခဲ့ရလေသည်။

"ဝုန်း"

နဂါးလက်သည်းက ရပ်တန့်မသွားဘဲ အဓိပတိနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထို့ ဆက်လက်တိုးဝင်သွားခဲ့သည်

ထိုအဓိပဓိ မျက်နှာပျက်သွားသည်။ သူ့လက်ထဲတွင် ဓားတစ်လက်ပေါ်လာပြီး ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်၏။ ဓားအလင်းက ပင်လယ်ရေကိုဖြတ်ပြီး နဂါးခြေသည်းကို ခုတ်ပိုင်းလိုက်တော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားသွားအလင်းသည် ကွဲအက်သွားခဲ့သည်။ ထိုကျွမ်းကျင်သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွား၏။ သူ့မျက်နှာက ဖြူဖျော့နေပြီး နောက်သို့လွင့်ပျံသန်ရင်း သွေးများ အန်ထွက်လာတော့သည်။

ကွာခြားချက်က ကြီးလွန်းသည်။ သူတို့နှစ်ဦးစလုံးသည် အဓိပတိနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သော်ငြားလည်း ရေနဂါးက သာမန်လူသားကျင့်ကြံသူများ ယှဉ်နိုင်သောအရာမဟုတ်ပေ။

သူတို့က ပင်လယ်အောက်ခြေတွင် ရှိနေသောကြောင့် ရေနဂါးက အားသာချက်တစ်ခုရှိသည်။ ထို့အပြင် ရေနဂါးက အစစ်အမှန်နဂါးသွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်း ရှိ၏။ ၎င်းက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထခဲ့သော လူသား ပါရမီရှင်များနှင့် အတူတူပင် ဖြစ်သာည်။ သူတို့က အဆင့်တူများထဲမှ ထူးချွန်သူများ ဖြစ်ချေသည်။

ထိုအချိန်တွင်၊ လူသား ပညာရှင်တချို့က ဟင်းလင်းပြင်လျှောက်လမ်းထဲသို့ ပြေးဝင် ပျောက်ကွယ်သွားခဲ့သည်။

"သတ်၊ အားလုံးကိုသတ်"

ယင်းကိုမြင်တော့ ရေနဂါးမှာ ပို၍ ဒေါသဖြစ်သွားသည်။ သူက ထပ်ခါထပ်ခါ ဟိန်းဟောက်ပြီး နဂါးလက်သည်းကုပ်ချက်များ ထုတ်ဖော်လာတော့သည်။

"ဝုန်း"

ဟင်းလင်းပြင်က ကွဲသွားကာ ပင်လယ်‌ရေများ အာကာသအက်ကြောင်းထဲသို့ စီးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

နဂါးလက်သည်းတစ်ခုက ဟိုင်ထျန်းနှင့် တခြားသူများကို ကုပ်ဆွဲလာခဲ့၏။

"သခင်လေးကို ကာကွယ်ကြ"

အဓိပဓိ အများအပြားက ဟိန်းဟောက်ပြီး အနက်ရောင်နဂါး၏ လက်သည်းကို အတူတူ တိုက်ခိုက်လိုက်ကြသည်။

"ဝုန်း ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက ပင်လယ်ရေတန်ချိန် တစ်သောင်းကျော်ကို အငွေ့ပျံသွားစေကာ လေဟာနယ်တစ်ခုအဖြစ် ဖြစ်လာစေတော့သည်။

အဓိပဓိအများအပြားက အနက်ရောင် နဂါးကြီး၏ လက်သည်းကို ပိတ်ဆို့ရန် ကြိုးစားခဲ့ကြသည်။

"ကျွမ်းကျင်သူတွေ အများကြီးရှိတာပဲ။ သေစမ်း"

ဟိုင်ထျန်းတို့လူစုက အနက်ရောင် ရေနဂါးကြီး၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ရေနဂါးကြီးက ဟိုင်ထျန်းနှင့် တခြားသူများကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။ နဂါးကြီးထံမှ ဟိန်းဟောက်သံ ထွက်ပေါ်လာ သူတို့ဘက်သို့ ဝင်ရောက်လာတော့သည်။

တစ်ချိန်တည်းမှာပင်၊ အဓိပဓိ ရေသတ္တဝါ အများအပြားက ရေနဂါးနောက်သို့လိုက်ကာ ဟိုင်ထျန်းနှင့် အခြားသူများဆီသို့ တိုးဝင်သွားကြသည်။

မူလကတည်းက ရေသာတ္တဝါများသည် ပင်လယ်အောက်တွင် အားသာချက်ရှိ၏။ ယခုကဲ့သို့ အဓိပတိအများအပြား ပါ၀င်လာသောအခါ ၎င်းတို့၏ စွမ်းအားက တုန်လှုပ်ချောက်ချားဖွယ် ဖြစ်သွားတော့သည်။ ဟိုင်ထျန်းနှင့် အခြားအဓိပဓိများလည်း မျက်နှာပျက်သွားခဲ့ကြသည်။

"ဝုန်း ဝုန်း"

အဓိပဓိအများအပြား ပူးပေါင်းသော်လည်း‌ ရေနဂါးကြီးကို မတားဆီးနိုင်ဘဲ လွင့်ပျံသွားခဲ့ကြပေသည်။

"အစ်ကိုကြီး၊ ကျုပ်ကိုကယ်ပါဦး"

ဟိုင်ထျန်း ကြောက်လန့်တကြား အော်လိုက်သည်။

"ဝှစ်"

ဟိုင်ယွိက ဟိုင်ထျန်းအနားတွင် ပေါ်လာခဲ့သည်။ သူသည် ဒိုမိန်းသန္ဓေကို အသက်သွင်းပြီး ဧရာမ ပုဆိန်ကြီးတစ်လက်ကို ဆုပ်ကိုင်လိုက်၏။ ပုဆိန်ကိုမြှောက်၍ ရေနဂါးကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်တော့သည်။

"ထန်း"

ပုဆိန်ခုတ်ချက်က အနက်ရောင် ရေနဂါး၏ လက်သည်းနှင့် တိုက်မိပြီး ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားတစ်ခု ထွက်လာခဲ့သည်။ ထိုအင်အားက လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အရပ်ရပ်ကို ဖြာထွက်သွား၏။ အားနည်းသော အဓိပဓိအချို့ဆိုလျှင် တည်ငြိမ်စွာ မရပ်တည်နိုင်တော့ပေ။

ဟိုင်ယွိက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထစေခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ၏တိုက်ခိုက်နိုင်စွမ်းက ရေနဂါးထက် အားမနည်းဘဲ အလွန်အားကောင်း၏။ ပင်လယ်ရေအောက်မှာပင် သူက များစွာအားမနည်းပေ။

သူတို့နှစ်ယောက် တိုက်မိသောအခါ ရေနဂါးနှင့် ဟိုင်ယွိ၏ ခန္ဓာကိုယ်များက အနည်းငယ် တုန်ခါသွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားကြရသည်။

"တကယ်ကို မင်းလို ပညာရှင်တစ်ယောက် ရှိတာပဲ၊ ဒါပေမဲ့ ဒါက ပင်လယ်အောက်ခြေမှာ၊ မင်း ဒီမှာပဲနေရမယ်"

အနက်ရောင် ရေနဂါးကြီးက ဟိန်းဟောက်ပြီး ဟိုင်ယွိကို တိုက်ခိုက်လိိုက်သည်။

"ဟိုင်ထျန်းကို ဟင်းလင်းပြင်လျှောက်လမ်းဆီ ခေါ်သွားလိုက်ကြ။ ငါ သူတို့ကို ဟန့်တားထားလိုက်မယ်"

ဟိုင်ယွိက အခြား အဓိပတိများကို အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်ကမူ ရေနဂါးကို တိုက်ခိုက်ရန် သွေးမျိုးဆက် ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့၏။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော အင်အားများကြောင့် မီတာတစ်သောင်း အချင်းဝက်အတွင်းမှ ပင်လယ်ရေများ ဆူပွက်လာတော့သည်။

All Chapters