အခန်း ၁၂၈၅
Vol. 86 Ch. 1285
အပိုင်း ( 1285 ) အသည်းအသန် ထွက်ပြေးရခြင်း။
အနက်ရောင်ဝတ် အဘိုးအိုက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်မှာ ထင်ရှားသည်။
အနက်ရောင်ဝတ် အဘိုးကြီး၏ အင်အားကိုကြည့်လျှင် အလွန်ကြောက်စရာကောင်းမှန်း သိနိုင်သည်။ သူသည် ဟိုင်ယွိ၊ ရေနဂါးအဓိပဓိတို့ထက်ပင် များစွာ အားနည်းသည်မဟုတ်ပေ။ သို့ရာတွင်၊ သူ့အင်အားဖြင့်ပင် ယခုအခါ အန္တရာယ်ကြုံနေရပြီ ဖြစ်သည်။
အနက်ရောင်ဝတ် အဘိုးအိုက လေထဲတွင် ကြုံရာကျပန်း တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။
ထို့နောက်တွင် အနက်ရောင်ဝတ်ရုံ အဘိုးအို၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါလာသည်။ သူ၏အသက်ဓာတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို အံ့အားသင့်ဖွယ် မြင်လိုက်ရ၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ် အဘိုးအို၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အနက်ရောင် အရိပ်တစ်ခု ပေါ်လာတော့သည်။
ယင်းမှာ ယခင်ကကဲ့သို့ နာကြည်းမှုမျိုး ဖြစ်ခဲ့သည်။
"အဲဒါပဲ ထပ်ဖြစ်ပြန်ပြီ။ ဒါပေမဲ့ ဒီဟာက ဘာဖြစ်လို့ ဒီလောက်တောင် အားကောင်းရတာလဲ"
"အဲဒါဘာကြီးလဲ"
တုန်လှုပ်နေသော အသံတချို့ ထွက်ပေါ်လာခဲ့သည်။
"ဂျစ်... ဂျစ်... ဂျစ်..."
အနက်ရောင် အရိပ်ထံမှ အသံတချို့ထွက်လာသည်။ အရိပ်က အဘိုးကြီး၏ခန္ဓာထဲကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွား၏။ အနက်ရောင်ဝတ် အဘိုးကြီးလည်း အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက် ရုန်းကန်မှုတို့ ရပ်တန့်သွားတော့သည်။ သူ့ခန္ဒာကိုယ်မှ အသက်ဓာတ်တို့ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်လုံးများကတော့ ထိတ်လန့်မှု၊ မယုံကြည်မှု၊ မလိုလားမှုတို့ဖြင့် ပြူးကျယ်ကာ ပွင့်ဟနေဆဲပင်။
သူသည် သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဉ် မြေပုံကို ရရှိပြီးနောက် ဆယ်စုနှစ်များစွာကြာအောင် တစ်ယောက်တည်း အဖြေရှာခဲ့သည်။ သို့သော်၊ လမ်းကို မတွေ့ရှိသေးပေ။ အဆုံးတွင် အခြားသူများ၏ အင်အားကိုသုံးရန် မြေပုံများ ရာနှင့်ချီ၍ ထုတ်ဖော်ဖြန့်ဝေခဲ့ပေသည်။
နောက်ဆုံးတွင် သူ့အကြံအောင်မြင်ပြီး သန့်စင်သောဝိညာဉ်ခန္ဓာ လေ့ကျင့်မှုနည်းလမ်းလည်း သူ့လက်ထဲသို့ ကျရောက်ရတော့မည်။ သူတောင့်တခဲ့သော ဆန္ဒများ ပြည့်စုံတော့မည်ဖြစ်သော်လည်း၊ နောက်ဆုံးကျမှ ဤနေရာတွင် သေဆုံးသွားခဲ့ရသည်။ ယင်းကို ဘယ်လိုလုပ်ပြီး သူ ကျေကျေနပ်နပ် လက်ခံနိုင်မည်နည်း။
"ဝှစ်"
အနက်ရောင်ဝတ်အဘိုးကြီး သေဆုံးသွားပြီးနောက် အနက်ရောင်အရိပ်က ပြန်ပေါ်လာခဲ့သည်။ ယင်းက ဟိုင်ယွိ၊ ရေနဂါးအဓိပဓိနှင့် အခြားလူများအား ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ သူတို့၏ နှလုံးသား အေးခဲသွားစေခဲ့သည်။
"ဒီလိုအရာတွေက ဒိုမိန်းသန္ဓေစွမ်းအားနဲ့ပဲ ဖြေရှင်းနိုင်မှာ ငါကြောက်တယ်။ ငါတို့ ဒိုမိန်းသန္ဓေစွမ်းအားနဲ့ ဒီမကောင်းဆိုးရွားကို အရင်ဖျက်ဆီးကြစို့။ ပြီးမှ ငါတို့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ကျောက်စိမ်းအဆောင်အတွက် တိုက်ခိုက်မယ်။ မင်းတို့ ဘယ်လိုသဘောရလဲ"
ဟိုင်ယွိက ရေနဂါးအဓိပဓိကိုကြည့်ကာ အကြံပြုလိုက်သည်။ ဤနေရာတွင် ရေခဲနဂါးက သူ့ကိုသတိထားစေသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ပင်။
"ကောင်းပြီ၊ ငါ မင်းတို့နဲ့ အရင်ပူးပေါင်းမယ်"
ရေနဂါး အဓိပတိက ပြောလိုက်သည်။
ရေနဂါးအဓိပတိသည်လည်း ထိုနာကြည်းခြင်းကို ကြောက်လန့်နေပေသည်။
"မင်းတို့ကော ဘယ်လိုလဲ"
ဟိုင်ယွိက အခြား အဓိပတိများကို ကြည့်လိုက်သည်။
"ငါ ဆန္ဒရှိတယ်"
"ဟုတ်ပါတယ်၊ ငါလည်း ဆန္ဒရှိတယ်"
အခြား အဓိပတိများလည်း ခေါင်းညိတ်လိုက်ကြသည်။
"ကောင်းပြီ၊ ဒါဆိုရင် ပူးပေါင်းပြီး ငါတို့ရဲ့ ဒိုမိန်းသန္ဓေသားပုံစံကို ထုတ်လိုက်ကြရအောင်။ စကြစို့"
ဟိုင်ယွိ အော်လိုက်သည်။ သူက လက်ဝါးဖြန့်ကာ ဒိုမိန်းသန္ဓေစွမ်းအားကို ဖြန့်ကျက်လိုက်၏။ ဒိုမိန်းသန္ဓေစွမ်းအားက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အနက်ရောင်အရိပ်ဆီသို့ ပျံ့နှံ့သွားတော့သည်။
"ဝှစ်..."
ထိုအနက်ရောင် အရိပ်က ဒိုမိန်းစွမ်းအားကို အမှန်တကယ် ကြောက်ပုံရသည်။ ၎င်းက ခန္ဓာကိုယ်ကိုလှုပ်ရှားကာ အလျင်အမြန် ဆုတ်သွားခဲ့လေသည်။
"တိုက်ခိုက်ကြ"
"တိုက်ခိုက်"
ပင်လယ်သားရဲအဓိပဓိများနှင့် အခြားသော အဓိပဓိများသည်လည်း လှုပ်ရှားခဲ့ကြသည်။ များပြားလှသော ဒိုမိန်းသန္ဓေသားများက အနက်ရောင်ရုပ်သွင်ဆီသို့ ပျံ့နှံ့သွားတော့သည်။
နေရာတွင် အဓိပတိ အပါးသုံးဆယ်ကျော် ရှိသည်။ သူတို့က ဒိုမိန်းစွမ်းအားဖြင့် ထိုနေရာကို တံဆိပ်ခတ်ရန် ကြိုးစားလိုက်၏။
အနက်ရောင်ရုပ်သွင်လည်း လွတ်မြောက်ရန် နေရာမရှိတော့ဘဲ မကြာမီတွင် ဒိုမိန်းအလွှာများဖြင့် ဖုံးအုပ်ခံလိုက်ရတော့သည်။
"ဂျီ... ဂျီ..."
အနက်ရောင်ရုပ်သွင်က အော်ဟစ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်ဟာ နွံအိုင်ထဲ နစ်မြုပ်သွားသလို မလှုပ်ရှားနိုင်တော့ပေ။
"ချေဖျက်လိုက်ကြ"
"ဖျက်ဆီးပစ်"
အဓိပတိ သုံးဆယ်ကျော်က အော်ဟစ်လိုက်သည်။ သူတို့က ဒိုမိန်းစွမ်းအားဖြင့် အနက်ရောင်ရုပ်သွင်ကို ချေဖျက်ပစ်ရန် ကြိုးစားလိုက်ကြသည်။
အနက်ရောင်ရုပ်သွင်ကလည်း အစွမ်းကုန် ရုန်းကန်ရင်း တွန့်လိမ်ကာ အော်ဟစ်နေခဲ့သည်။ သို့သော် အသုံးမဝင်ခဲ့ပါ။ ဒိုမိန်းအလွှာများဖြင့် ပိတ်မိနေခဲ့သည်။ ကြီးမားသော အဖျက်စွမ်းအားအောက်တွင် ၎င်း၏ခန္ဓာကိုယ်က တဖြည်းဖြည်းကျုံ့သွားပြီး ဖြည်းညှင်းစွာ ချေမှုန်းခံရတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ အနက်ရောင်ရုပ်သွင်က သေးငယ်သည်ထက် သေးငယ်လာခဲ့သည်။
ခဏအကြာတွင် ပေါက်ကွဲသံနှင့်အတူ အနက်ရောင် အရိပ်က ပြိုကျပြီး ဘယ်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့သည်။
အဓိပတိ ဒါဇင်ပေါင်းများစွာ၏ စုပေါင်းကြိုးပမ်းမှုအောက်တွင် အနက်ရောင်ရုပ်သွင်က နောက်ဆုံး ဖျက်ဆီးခံခဲ့ရသည်။
ထို့နောက်မှာတော့ လောဘကြီးသော မျက်လုံးများက ကျောက်စိမ်းအဆောင်ကို စိုက်ကြည့်လာပြန်တော့သည်။
အနက်ရောင်ရုပ်သွင် ပျက်စီးသွားသည်နှင့် လူတိုင်း၏ မျက်လုံးများက ကျောက်စိမ်းအဆောင်ကို သဘာဝအတိုင်း အာရုံစိုက်လာခဲ့ကြသည်။
"ဂျီ... ဂျီ..."
လူတိုင်းက လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် နောက်ထပ် အသံတစ်ခုကို ကြားလိုက်ရသည်။
ဤတစ်ကြိမ်က တစ်ခု၊ နှစ်ခုမဟုတ်ဘဲ အုပ်စုလိုက် ရောက်လာပုံရ၏။
အော်ဟစ်သံများက အရပ်ရပ်မှ ထွက်ပေါ်လာတော့သည်။
ထို့နောက်တွင် အနီးနားရှိ နန်းတော်များမှ အနက်ရောင်ရုပ်သွင်များစွာ ပျံထွက်လာသည်ကို အံ့ဩထိတ်လန့်စွာ မြင်လိုက်ကြရသည်။ ၎င်းတို့က ယခင်ပုံစံအတိုင်းပင်။
တစ်ချိန်တည်းမှာပင် သူတို့နောက်ကွယ်မှ ဘုံဗိမာန်များမှလည်း အနက်ရောင်အရိပ်များ ထွက်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော အနက်ရောင် အရိပ်များက အော်ဟစ်ပြီး တွန့်လိပ်လှုပ်ရှားနေခဲ့ကြသည်။ အနက်ရောင်အရိပ်များက အနက်ရောင်မုန်တိုင်းကဲ့သို့ လူတိုင်းဆီကို ဦးတည် ရွေ့လျားလာတော့သည်။
ထိုအချိန်တွင် ဟိုင်ယွိ၊ ရေနဂါးအဓိပတိနှင့် အခြားသူများပင် မျက်နှာပျက်သွားခဲ့ကြသည်။ သူတို့၏မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကာ သွေးမရှိတော့ပေ။
"ကယ်ပါ... အစ်ကိုကြီး ကယ်ပါဦး"
အထူးသဖြင့်၊ ဟိုင်ထျန်းမှာ ကြောက်လန့်လွန်းသဖြင့် သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်ပြီး သူ့ဘောင်းဘီထဲမှပင် အနံ့အသက်ဆိုးများ ထွက်လာခဲ့သည်။ ကြောက်လွန်း၍ သေးပါသွားလေသည်။
"သွား၊ သွားကြ"
ဟိုင်ယွိက အော်ဟစ်ပြီး ဟိုင်ထျန်းကိုဆွဲခေါ်ကာ အပြင်ဘက်ကို ပြေးထွက်သွားသည်။
"ဆုတ်ကြ"
တခြားသူများလည်း လှုပ်ရှားလိုက်၏။
ယခုအချိန်တွင် သန့်စင်သောဝိညာဉ်ခန္ဓာ ကျင့်စဉ်အကြောင်းကို မည်သူမျှ မတွေးကြတော့ပေ။ သူတို့စိတ်ထဲတွင် တစ်ခုတည်းသောအတွေးက သူတို့အသက်ကို ကယ်တင်ရန် ဖြစ်သည်။
"ဝုန်း ဝုန်း ဝုန်း"
လူတိုင်းက အမျိုးမျိုးသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။ ကံမကောင်းစွာဖြင့်၊ ယင်းက အသုံးမဝင်ခဲ့ပါ။ သာမာန် တိုက်ခိုက်မှုများက ထိုအရိပ်မည်းများအပေါ်တွင် အသုံးမဝင်ပေ။
အဓိပဓိများ၏ ဒိုမိန်းသန္ဓေသား စွမ်းအားသာလျှင် ထိရောက်သည်။
"အား..."
ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အများအပြားက အရိပ်မည်းများ၏ လုံးထွေး တိုက်ခိုက်မှုများကို ခံလိုက်၏။ လူတချို့လည်း အရိပ်မည်းများ၏ သတ်ဖြတ်မှုကို ခံလိုက်ရတော့သည်။
အဓိပတိများကတော့ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ဒိုမိန်းသန္ဓေစွမ်းအားကို အဆက်မပြတ် ထုတ်ဖော်ထားခဲ့သည်။ ပါးနပ်သော ဝိညာဉ်နတ်ဘုရားများက ဤအဓိပတိများနောက်သို့ အနီးကပ်လိုက်ကာ အစွမ်းကုန်ထုတ်ခဲ့ကြပေသည်။
"အချိန်ကျပြီ"
ထိုအချိန်တွင် လုမင်က ရုတ်တရက် လှုပ်ရှားပြီး ကျောက်စိမ်းအဆောင်ဆီသို့ ပြေးသွားခဲ့သည်။
သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားကို ဖြန့်ကျက်ပြီး လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်၏။ သူ၏လက်ဝါးရိုက်ချက်တိုင်းက ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်ဖြင့် ငရဲဖိနှိပ်ကျောက်စာချပ်၏ ထူးခြားသော ဖိနှိပ်မှုစွမ်းအားကို သယ်ဆောင်လာတော့သည်။
"ဝုန်း…"
လုမင်၏ လက်ဝါးအောက်တွင် အရိပ်မည်းကြီးများက လွန်စွာနာကျင်ဟန်ဖြင့် အော်ဟစ်လိုက်ကြသည်။
လုမင်က လက်ဝါးရိုက်ချက်များ အကြိမ်အနည်းငယ် ထပ်မံရိုက်ထုတ်လိုက်သည်။ အရိပ်မည်းများစွာတို့ အဝေးကို ဆုတ်သွားကြ၏။ လုမင်က ကျောက်စိမ်းအဆောင်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။
ထိုသို့ ပြေးသွားစဉ်မှာပင် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အဆက်မပြတ် အသုံးပြုခဲ့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်က ထိုအရိပ်မည်းများ၏ အိပ်မက်ဆိုးဖြစ်ပုံပင်။ အတားအဆီးမဲ့သော ကောင်းကင်သိုင်း ကျရောက်သွားသည့် နေရာတိုင်းမှ အရိပ်မည်းများက လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
"အဲဒါ ဘယ်လိုဖြစ်တာလဲ"
ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် လူအချို့ အံ့အားသင့်သွားကြ၏။
"သူပဲ၊ အဲဒါက လုမင်"
"သူက အဲဒီ အရိပ်မည်းတွေကို ထိန်းချုပ်ထားနိုင်တယ်"
တစ်စုံတစ်ယောက်က လုမင်ကို မှတ်မိကာ အော်ပြောလိုက်သည်။
"ဟင်၊ အစ်ကိုကြီး... အဲဒါ လုမင်ပဲ"
ဟိုင်ထျန်းလည်း ထိုမြင်ကွင်းကိုမြင်ပြီးနောက် မနာလိုစိတ်နှင့် အော်လိုက်သည်။
"ဟမ့်၊ ဒီနေရာကနေ အရင်ထွက်သွားရအောင်။ သူ ကျောက်စိမ်းအဆောင်ကို ရလိုက်ရင်တောင် ဒီကနေ ထွက်သွားလို့မရဘူး"
ဟိုင်ယွိက အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။ သူက ကျန်းဟိုင်အိမ်တော်မှ အခြားအဓိပဓိများနှင့် ဟိုင်ထျန်းကိုခေါ်ကာ ဆက်လက် ပြေးထွက်သွားတော့သည်။
ဟုတ်ပေသည်၊ ဤသည်မှာ လုမင်က ကျောက်စိမ်းအဆောင်ဆီကိုပြေးပြီး အရိပ်မည်းများစွာကို ဆွဲဆောင်သွားခဲ့၍ ဖြစ်သည်။ ယင်းက ဟိုင်ယွိနှင့် အခြားသူအပေါ်မှ ဖိအားများကို များစွာလျော့ကျသွားစေခဲ့သည်။ မဟုတ်ပါက၊ ဤမျှလွယ်လွယ် လွတ်မြောက်နိုင်မည် မဟုတ်ပါ။
ဤသို့ဖြင့် မကြာမီပင်၊ ဟိုင်ယွိနှင့် အခြားသူများက အောင်မြင်စွာ ဖောက်ထွက်ပြီး ရှေးမြို့ဟောင်းမှ ပျောက်ကွယ်သွားတော့သည်။