အခန်း ၁၂၈၆
Vol. 86 Ch. 1286
အပိုင်း ( 1286 ) သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဉ်ကို ရရှိပြီ။
လုမင်က ကျောက်စိမ်းအဆောင်နှင့် တစ်စတစ်စ နီးကပ်လာခဲ့သည်။
သူက ကျောက်စိမ်းအဆောင်အနားကို နီးကပ်လာလေလေ၊ အရိပ်မည်းများက ပို၍ ဒေါသထွက်လေလေပင်။ သူတို့က အသက်ကိုပင် ဂရုမစိုက်တော့ဘဲ လုမင်အား အစွမ်းကုန် တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။
အရိပ်မည်းတချို့ဆိုလျှင် အလွန်အစွမ်းထက်ပြီး အဓိပဓိများကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။ လုမင်၏ အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့်ပင် သူတို့ကိုတွန်းလှန်ရန် မလွယ်ကူတော့ပေ။
"ငရဲဖိနှိပ်ကျောက်စာချပ်"
လုမင်၏ကျောရိုးက အလင်းရောင် တောက်ပလာပြီး ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် ပေါ်လာခဲ့သည်။
လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်အသွင် ပြောင်းလဲလိုက်၏။ ငရဲဖိနှိပ်ကျောက်စာချပ်မှ "ဖိနှိပ်"ဟူသော စကားလုံးက အလင်းရောင် ပြိုးပြိုးပြက်ပြက် တောက်ပကာ အလွန်ကြီးမားသောဖိအားများကို ထုတ်ဖော်လာတော့သည်။
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်က တောင်တစ်လုံးကဲ့သို့ ကြီးပြင်းလာပြီး အရိပ်မည်းများပေါ်တွင် ဖိနှိပ်လိုက်သည်။
"ဂျီ...ဂျီ..."
အဆက်မပြတ် အော်သံများနှင့်အတူ၊ အရိပ်မည်းများက ငရဲဖိနှိပ်ကျောက်စာချပ်၏ ဖိနှိပ်ခံရပြီး လျင်မြန်စွာ ပုံပျက်တွန့်လိပ်သွားကြသည်။ ထို့နောက်မှာတော့ ပြိုကျသွားပြီး အနက်ရောင် မီးခိုးများကဲ့သို့ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
အဓိပဓိများကို ခြိမ်းခြောက်နိုင်သည့် အရိပ်မည်းများလည်း အလားတူ ဖြစ်သည်။ ငရဲဖိနှိပ်ကျောက်စာချပ်၏ ဖိနှိပ်မှုအောက်တွင် ကြာရှည်စွာ မခုခံနိုင်ဘဲ အနက်ရောင် မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
"ဝှစ်"
ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါလာပြီး ပို၍ကြီးသော ဖိအားများဖြင့် ပေါက်ကွဲလိုက်သည်။ အရိပ်မည်းများစွာလည်း ပြာများအဖြစ်သို့ ပြောင်းလဲသွား၏။
လုမင်လည်း လုံးဝ အတားအဆီးမရှိတော့ဘဲ ကျောက်စိမ်းအဆောင်ဆီသို့ ပြေးသွားတော့သည်။
အသက်ရှူချိန် အနည်းငယ်အတွင်း လုမင်က ကျောက်စိမ်းအဆောင်အနားသို့ ကပ်သွားသည်။
ငရဲဖိနှိကျောက်စာချပ်က ကျုံ့သွားပြီ လုမင်အဖြစ်သို့ ပြန်ပြောင်းသွား၏။ လုမင်က ကျောက်စိမ်းအဆောင်ကို ဖမ်းယူလိုက်သည်။
"ခွမ်း"
ထိုအချိန်တွင် ကျောက်စိမ်းအဆောင်က ရုတ်တရက် ပေါက်ကွဲထွက်ပြီး အစိမ်းရောင် မီးခိုးငွေ့များအဖြစ်သို့ လွင့်မျောသွားတော့သည်။
"ဟင်၊ ဒါ ဘာဖြစ်တာလဲ"
လုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
အရာအားလုံးက အတုဖြစ်နေတာလား။ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာ ကျင့်စဉ်က အတုအယောင်များလား။ အားလုံးက လိမ်လည်မှုတစ်ခုပဲလား။ သူတို့က ဒီကိုလာဖို့ အစွမ်းကုန် ကြိုးစားခဲ့ရပြီးမှ လှည့်စားခံရပြီး ဘာမှမရှိဘူးလား။
ထိုသို့တွေးရင်း လုမင်၏မျက်နှာက ပို၍ပင် မှုန်ကုပ်သွားခဲ့သည်။
မဟုတ်သေး။
လုမင်က သူ့အောက်မှ နန်းတော်ထဲကို ရုတ်တရက် ကြည့်လိုက်သည်။
ထိုနန်းတော်၏ ဝင်းထဲတွင် လူတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေသည်။
ထိုသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ သူ့ကိုကြည့်ရသည်မှာ သက်ရှိလူတစ်ဦးကဲ့သို့ လွန်စွာ အသက်ဝင်သည်။
သို့သော်လည်း လုမင်က ဝိညာဉ်အသိဖြင့် စူးစမ်းကြည့်လိုက်ရာ၊ ထိုလူက အသက်ဓာတ်မရှိသည့်အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။
သို့ရာတွင်၊ ဤလူ၏ ကျင့်ကြံခြင်းအခြေခံက အလွန်မြင့်မားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု အားကောင်းသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတောင် သူ့ခန္ဓာကိုယ်က မပျက်စီးသေးပေ။
"ဒီလူက ဒီနေရာရဲ့ မူလပိုင်ရှင် ဖြစ်နိုင်တယ်"
လုမင် မှန်းဆကြည့်လိုက်သည်။
ထိုသို့တွေးမိသောအခါ ခြံဝင်းထဲကို လုမင် ဆင်းသက်သွား၏။ သို့သော်လည်း လုမင်ဟာ သတိကို မလျော့ချဝံ့သေးပေ။ သူက သတိထားနေပြီး ပူဖောင်းလေးကိုပါ သူ့ပုခုံးပေါ်သို့ ခေါ်ထားသည်။ တစ်ခုခု လွဲမှားပါက၊ တန်တန်၏ အချိန်ဟင်းလင်းပြင်စွမ်းရည်ဖြင့် လျင်မြန်စွာ လွတ်မြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။
သို့သော်လည်း သေသေချာချာ လေ့လာကြည့်ပြီးနောက် သာမန်ထက် ထူးထူးခြားခြား ဘာမှ မရှိခဲ့ပေ။
ထို့အပြင် လုမင်က ဤခြံဝင်းထဲသို့ ဆင်းသက်လာသောအခါ အရိပ်မည်းအားလုံး ရပ်တန့်သွားပြီး လုမင်နောက်ကို ဆက်လက်မလိုက်ကြတော့ပါ။
"သိုလှောင်လက်စွပ်မရှိဘူး၊ ဘာမှ မကျန်ခဲ့ဘူးပဲ"
ခဏတာ ကြည့်ရှုပြီးနောက် လုမင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
ဤအစွမ်းထက်ကျင့်ကြံသူက သိုလှောင်လက်စွပ်ကို သူသေဆုံးပြီးနောက် သိမ်းဆည်းသွားကြောင်း ထင်ရှားသည်။ သူက ဘာမှ မချန်ထားခဲ့ပေ။ မူလက လုမင်ဟာ သန့်စင်သောဝိညာဉ်ခန္ဓာကျင့်စဉ်ကို ရရှိနိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုမူ မဖြစ်နိုင်တော့ပုံရသည်။
"ဟမ်"
ရုတ်တရက်၊ လုမင် မျက်ခုံးပင့်လိုက်သည်။ လူလတ်ပိုင်းအမျိုးသား၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပလာခဲ့၏။ ထို့နောက်မှာတော့ လူလတ်ပိုင်း၏ မျက်ခုံးနှစ်ခုကြားမှ ကျောက်စိမ်းအဆောင်တစ်ခု ထွက်ပေါ်လာကာ သူ့ခေါင်းထက်တွင် လွင့်ပျံလာတော့သည်။
ကျောက်စိမ်းအဆောင် ပေါ်လာသောအခါ လူလတ်ပိုင်းအမျိုးသား၏ အလောင်းက ပေါက်ကွဲသွားခဲ့သည်။ ထို့နောက်မှာတော့ ပြာမှုန်များအဖြစ်နှင့် မိုးနှင့်မြေကြားတွင့် လွင့်ပါးပျောက်ကွယ်သွားတော့သည်။
ခြံဝင်းထဲတွင် ကျောက်စိမ်းအဆောင်တစ်ခုသာ လွင့်မျောကျန်ခဲ့သည်။
လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူက ယွမ်ချီစွမ်းအင် လက်ကြီးတစ်ဖက်ကို ထုတ်ဖော်လိုက်၏။ သူက ကျောက်စိမ်းအဆောင်ကို ဖမ်းဆီးဆုပ်ကိုင်လိုက်တော့သည်။
"ဒါက သန့်စင်တဲ့ ဝိညာဉ်ခန္ဓာ လေ့ကျင့်နည်းပဲလား"
လုမင် စိတ်လှုပ်ရှားသွားသည်။ သူက ဝိညာဉ်အသိဖြင့် ကျောက်စိမ်းအဆောင်ကို စကင်န်ဖတ်လိုက်၏။ နောက်အခိုက်မှာတော့ လုမင်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ ပေါ်လာတော့သည်။
ဟုတ်သည်၊ ဤကျောက်စိမ်းအဆောင်တွင် သန့်စင်သောဝိညာဉ်ခန္ဓာ လျှို့ဝှက်နည်းလမ်းကို အမှန်တကယ် မှတ်တမ်းတင်ထားခဲ့ပေသည်။ သန့်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်နည်းက သန့်စင်သောဝိညာဉ်ခန္ဓာစွမ်းအား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့အပြင်၊ သန့်စင်သောဝိညာဉ်ခန္ဓာ၏ အခြေခံအုတ်မြစ်ဖြင့်၊ အနာဂတ်တွင် သန့်စင်သောဝိညာဉ်ခန္ဓာကို လေ့ကျင့်ရာတွင် ပိုမိုလွယ်ကူလာလိမ့်မည်။
ယင်းမှာ ပြင်ပကမ္ဘာက ကောလဟာလများအတိုင်း အတူတူဖြစ်သည်။
လုမင် ဝမ်းသာသွားခဲ့သည်။ အကယ်၍ သူသည်သာ သန့်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်နိုင်ခဲ့မည်ဆိုလျှင်၊ သူ၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ တိုးမြင့်လာလိမ့်မည်။ နောင်တွင် သိုင်းအုပ်ချုပ်သူအဖြစ် အဆင့်တက်သောအခါ သူ့အတွက် များစွာလွယ်ကူမည် ဖြစ်သည်။
ထို့အပြင် သန့်စင်သောဝိညာဉ်ခန္ဓာ လေ့ကျင့်မှုနည်းလမ်းကို အရေးကြီးသော အမွေတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ နောင်တွင် သူ့မိသားစုနှင့် သူငယ်ချင်းများလည်း လေ့ကျင့်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် သူတို့လည်း သိုင်းအုပ်ချုပ်သူဖြစ်ရန် အခွင့်အလမ်းများစွာ မြင့်မားပေလိမ့်မည်။
"ဒီခရီးက အလကားတော့ မဟုတ်ဘူး"
လုမင် ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။ သူက သန့်စင်သော ဝိညာဉ်ခန္ဓာ လေ့ကျင့်နည်းကို ဂရုတစိုက်ဖတ်ပြီး အကြောင်းအရာများအား အလွတ်ကျက်လိုက်သည်။ ထို့နောက် ကျောက်စိမ်းအဆောင်ကို သေသေချာချာ သိမ်းထားလိုက်၏။
ထို့နောက်မှာတော့ နန်းတော်ထဲကို လှည့်ပတ်ကြည့်သည့်တိုင် တခြားဘာမှ မတွေ့တော့ပေ။ လုမင်လည်း ကောင်းကင်ပေါ်သို့ တက်လှမ်းကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။
လူလတ်ပိုင်းအမျိုး၏ ခန္ဓာကိုယ်က ပြာများအဖြစ်သို့ ပြောင်းလဲသွားသောအခါ၊ အရိပ်မည်းများသည်လည်း အနက်ရောင်မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး ဘယ်တုန်းကမှ မတည်ရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ကြလေသည်။
"ဝှစ်"
လုမင်လည်း ကောင်းကင်ယံသို့ ခုန်လွှားကာ ရှေးမြို့ဟောင်းမှ ပြေးထွက်လာခဲ့သည်။
မကြာမီ၊ သူက ထွက်ပေါက်ဆီသို့ ပို၍ နီးကပ်လာသည်။
"ဝှစ်... ဝှစ်..."
ထိုအချိန်တွင် လေထုကွဲအက်သံကို ကြားလိုက်ရသည်။ လုမင်ရှေ့တွင် ပုံရိပ်များစွာပေါ်လာပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
စုစုပေါင်း လူ ဆယ်ယောက် ရှိသည်။ ထိုအထဲတွင် တစ်ယောက်က ဟိုင်ထျန်းဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဟိုင်ယွိပင်။ ဟိုင်ယွိနှင့်ဟိုင်ထျန်း ဦးဆောင်လာသည့် အဓိပဓိရှစ်ပါးလည်း ရှိသည်။
အဓိပဓိကိုးပါးက လုမင်၏လမ်းကို ပိတ်ဆို့ထားလိုက်ကြချေပြီ။
"လုမင်၊ သန့်စင်တဲ့ဝိညာဉ်ခန္ဓာကျင့်စဉ်ကို လွှဲပြောင်းပေးလိုက်ပါ"
ဟိုင်ထျန်းက လုမင်ကို လောဘကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။
အကယ်၍ သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဉ်သာ ကျန်းဟိုင်အိမ်တော်ကဲ့သို့ အင်အားစုကြီးလက်ကို ရောက်ခဲ့ပါက၊ ကြောက်မက်ဖွယ်ကောင်းသော အခန်းကဏ္ဍမှ ပါဝင်လာမည်မှာ သေချာသည်။ နောက်ထပ် ကျွမ်းကျင်သူနှင့် အုပ်ချုပ်သူ အများအပြား ပေါ်လာကြလိမ့်မည်။
"သန့်စင်တဲ့ဝိညာဉ်ခန္ဓာကျင့်စဥ်ကို ငါရရှိခဲ့တယ်လို့ မင်းကို ဘယ်သူပြောလဲ"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက သန့်စင်သောဝိညာဉ်ခန္ဓာကျင့်စဉ်ကို ရရှိခဲ့ကြောင်း ဝန်မခံပေ။
"ဟမ့်၊ ကျောက်စိမ်းအဆောင်ဆီကို မင်းပြေးသွားတာ လူတိုင်းမြင်တာပဲ။ မင်းပဲ ရသွားတာ ဖြစ်မယ်၊ အခု ချက်ချင်း လွှဲပေးပါ။ မဟုတ်ရင် ငါတို့က မင်းကိုသတ်ပြီးမှ မင်းရဲ့သိုလှောင်လက်စွပ်ကို ယူလိုက်မယ်"
ဟိုင်ထျန်းက အေးစက်စက်ဖြင့် အော်လိုက်သည်။
လုမင်က အရိပ်မည်းများစွာကို ဆွဲဆောင်သွား၍ သူတို့လွတ်မြောက်ရန် အခွင့်အလမ်းရခဲ့ခြင်းကိုတော့ သူက လုံးဝ ဂရုမစိုက်ပါ။ လုမင်က အရိပ်မည်းများကိုဆွဲဆောင်ပြီး သူတို့ကို လွတ်မြောက်စေခြင်းမှာ လုမင် လုပ်သင့်သည့် အရာဖြစ်သည်။ ယင်းက လုမင်အတွက် ဂုဏ်ယူစရာပင်။
ယခုလည်း သန့်စင်သောဝိညာဉ်ခန္ဓာကျင့်စဉ်ကို လွှဲပြောင်းပေးရမည် ဖြစ်သည်။ မဟုတ်ပါက သူသေရလိမ့်မယ်။
"သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဥ်က ငါတို့ ပင်လယ်သားရဲမျိုးနွယ်ပိုင်ဆိုင်တယ်"
ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ကြားလိုက်ရသည်။ ပုံရိပ်များ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပြီး လုမင် အနီးပတ်ဝန်းကျင်တွင် ပေါ်လာခဲ့၏။
၎င်းမှာ ရေနဂါးအဓိပတိနှင့် ပင်လယ်သားရဲမျိုးနွယ်၏ အခြား အဓိပဓိများ ဖြစ်သည်။ စုစုပေါင်း ဆယ်ယောက်ခဲ့ရှိပေသည်။
ယခုအခါ ပင်လယ်သားရဲမျိုးနွယ်က လူသားအသွင်သို့ ပြောင်းလဲထားသော်လည်း သူတို့၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
"ချီးပဲ"
ဟိုင်ယွီနှင့် အခြားသူများ ရေရွတ်လိုက်ကြသည်။ သူတို့က ရေနဂါးအဓိပတိနှင့် အခြားသူများကို အနည်းငယ် ကြောက်ရွံ့ဟန်ဖြင့် ကြည့်လိုက်၏။
"သူက လူသားမျိုးနွယ်ဝင်တစ်ဦးပဲ။ သူရရှိထားတဲ့ သန့်စင်တဲ့ဝိညာဉ်ခန္ဓာ လေ့ကျင့်မှုနည်းလမ်းကလည်း ငါတို့လူသားမျိုးနွယ်နဲ့ပဲ သက်ဆိုင်သင့်တယ်"
ဟိုင်ယွိက ပြောလိုက်သည်။