အခန်း ၁၂၈၇
Vol. 86 Ch. 1287
အပိုင်း ( 1287 ) လုမင်ကို ဝိုင်းရံခြင်း။
"ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တာကွာ။ ဒါက ပင်လယ်သားရဲမျိုးနွယ်ရဲ့ ဘိုးဘွားပိုင်မြေကွ။ သန့်စင်တဲ့ဝိညာဉ်ခန္ဓာ ကျင့်စဉ်ကလည်း သဘာဝအတိုင်း ပင်လယ်သားရဲမျိုးနွယ်ပဲ ပိုင်ဆိုင်ရသင့်တယ်"
ရေနဂါးအဓိပဓိက ဟိုင်ယွိကို အေးစက်စက်ဖြင့်စိုက်ကြည့်ပြီး ရယ်မောလိုက်သည်။ သူ့ထံမှ အစွမ်းထက်သော ရောင်ဝါက လုမင်ပေါ်သို့ ကျရောက်လာခဲ့သည်။
ဟိုင်ယွိကလည်း အလားတူပင်။ သူက အစွမ်းထက်အရှိန်အဝါများ ထုတ်ဖော်ရင်း ရေနဂါးအဓိပဓိကို စိုက်ကြည့်လိုက်၏။
သူတို့အမြင်တွင် သူတို့၏ အကြီးမားဆုံးရန်သူက သူတို့အချင်းချင်း ဖြစ်သည်။ လုမင်ကတော့ သန်မာသည့်တိုင် တစ်ယောက်တည်းပင်။ သူတို့က သူ့ကို လုံးဝ အလေးအနက်မထားပေ။
"လုမင်၊ မင်း ဘာဖြစ်လို့ သန်စင်တဲ့ဝိညာဉ်ခန္ဓာကို ငါ့ဆီ မြန်မြန်မပေးသေးတာလဲ။ ဒါဆိုရင် ငါ့ညီလေးကို ရိုက်ခဲ့တဲ့ကိစ္စ လွှတ်ပေးလို့ရတယ်"
ဟိုင်ယွိက အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ တဖြည်းဖြည်းနှင့် သည်းခံနိုင်စွမ်း မရှိတော့ပေ။
"ဟားဟားဟား၊ မင်းက ငါ့ကို ဖိနှိပ်နိုင်မယ်လို့ တကယ်ထင်နေတာလား"
လုမင် ရယ်မောလိုက်သည်။
"မင်းက ငြင်းချင်သေးတာလား။ မင်း တကယ် သေချင်နေတာပဲ"
ဟိုင်ယွိ အော်ဟစ်လိုက်၏။ သူက လုမင်ကို ကြင်နာမှုပြပြီး လွှတ်ထားရန် စိတ်ကူးမရှိပေ။ လုမင်ကို ဦးစွာတိုက်ခိုက်ပြီး ပင်လယ်သားရဲများကို အခွင့်အရေး ပေးမိမည်သာ သူ စိုးရိမ်နေခြင်း ဖြစ်သည်။
"ဟုတ်လား"
လုမင်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။ သူက ကျန်းဟိုင်အိမ်တော်မှ အဓိပတိတစ်ဦးဆီသို့ ရုတ်တရက် ခုန်ဝင်သွားသည်။
"ဝုန်း"
ထိုသို့ ခုန်ဝင်သွားစဉ်အတွင်း နဂါးစွမ်းအင်ကိုးခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက် ပေါ်လာပြီး လုမင်၏ ခန္ဓာကိုယ်အတွင်းသို့ အားကောင်းသော စွမ်းအားတစ်ခု တိုးဝင်လာတော့သည်။
လုမင်က ထိုအဓိပတိဆီသို့ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။ ထိုအခါ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ပုံရိပ်တစ်ခုကလည်း ယောင်ဝါးဝါး ပေါ်လာခဲ့သည်။
"မင်း…"
ထိုအဓိပတိ တုန်လှုပ်သွား၏။ ဤအခြေအနေမျိုးမှာ လုမင်က သူ့ကို ရုတ်တရက် တိုက်ခိုက်လာရန် မမျှော်လင့်ထားကြောင်း ထင်ရှားသည်။ သူက ကမန်းကတန်း ပြန်လည်တိုက်ခိုက်ရန် အစွမ်းကုန်ကြိုးစားလိုက်သည်။
သို့သော်လည်း သူတို့နှစ်ဦး အပြန်အလှန် ထိုးနှက်လိုက်သောအခါ ကျန်းဟိုင်အိမ်တော်မှ အဓိပတိ တုန်လှုပ်သွား၏။ သူဟာ ဒရောသောပါး နောက်ဆုတ်သွားရင်း ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာတော့သည်။
လုမင်၏ လက်ရှိအင်အားဖြင့် သာမာန် အဓိပဓိများကို ဖိနှိပ်ရန်မှာ လွယ်ကူသည်။ ထို့အပြင် ဤအဓိပဓိက အလစ်အငိုက် ခံရခြင်းဖြစ်ပြီး လုံးဝ ပြင်ဆင်ထားခြင်းမရှိပေ။
"သတ်"
တစ်ချက်တည်းဖြင့် တစ်ဖက်လူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီးနောက် လုမင်က မာန်သွင်း၍ ဆက်တိုးသွားခဲ့သည်။ နဝမနဂါးသွေးမျိုးဆက်က သူ၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။ လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် နဝမနဂါးအသွင် ပြောင်းလဲလိုက်၏။ နဂါးလက်သည်းကုပ်ချက် ထုတ်ဖော်လိုက်သည်နှင့် ဟင်းလင်းပြင်က ပြိုကျသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ထိုအဓိပဓိကို အသက်ရှူရပ်မတတ် တုန်လှုပ်စေခဲ့သည်။ သူသည် လုမင်ကိုတားဆီးရန် မျှော်လင့်ကာ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အလျင်စလို အသုံးပြုခဲ့၏။
သို့သော်လည်း၊ ကြိုးစားမှုအားလုံးက အချည်းနှီးပင်။
လုမင်၏ နဂါးလက်သည်းများက အဆက်မပြတ် ကျဆင်းလာရာ သွေးမျိုးဆက်ပြိုကျပြီး လူသားအသွင် ပြန်ပြောင်းသွားခဲ့သည်။
"ဝုန်း"
နဂါးလက်သည်းများက ရပ်တန့်မသွားဘဲ ဆက်လက် ဆုပ်ကိုင်လိုက်သည်။
"မဟုတ်ဘူး…"
ထိုလူ အော်ဟစ်လိုက်သည်။ သို့သော်လည်း နောက်အခိုက်တွင် နဂါးလက်သည်းက သူ့ဒန်တျန်ထဲကို ထိုးဖောက် ဝင်ရောက်သွား၏။ ပြင်းထန်သော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ပြိုကွဲစေကာ သူ၏နတ်ဝိညာဉ်သည်ပင် ကွဲကြေပျက်သုဉ်းသွားတော့သည်။
ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံခဲ့ရသည်။
အချိန်တိုအတွင်း အဓိပဓိနယ်ပယ် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားခဲ့ပြီ။
မြန်သည်၊ မြန်လွန်းသည်။ မြန်ဆန်လွန်း၍ ဟိုင်ယွိနှင့် အခြားသူများသည်ပင် အချိန်မီ မတုံ့ပြန်နိုင်တော့ပေ။
"မင်း သေချင်နေတာပဲ"
ဟိုင်ယွိ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် ပုဆိန်တစ်လက်ပေါ်လာပြီး နဝမနဂါးဦးခေါင်းကို ခုတ်ပိုင်းလိုက်၏။
ဤပုဆိန်ခုတ်ချက်က မိုးနှင့်မြေကို ပိုင်းခြားနိုင်ပုံရသည်။ ထိုစွမ်းအားက ကြောက်စရာကောင်းလွန်းလှပေသည်။
အနက်ရောင် ပုဆိန်အလင်းက နဂါးဦးခေါင်းပေါ်သို့ ခဏချင်း ကျရောက်လာခဲ့သည်။
"အတားအဆီးမရှိတဲ့ ကောင်းကင်သိုင်း"
"မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်း"
နဝမနဂါး ခြေသည်းများတွင် အချို့က အတားအဆီးမရှိသော ကောင်းကင်သိုင်းကို အသုံးပြုထားပြီး တချို့က မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကို အသုံးပြုလိုက်သည်။ မိုးကြိုးလျှပ်စီးများက ကောင်းကင်ကို လွှမ်းခြုံသွားခဲ့သည်။ မိုးကြိုးများက လေထဲတွင် ကခုန်နေသော ဖီးနစ်တစ်ကောင်အသွင်ဖြင့် ပုဆိန်အလင်းထံ တိုးဝင်သွား၏။
"ဝုန်း... ဝုန်း..."
ဆက်တိုက်ပေါက်ကွဲပြီးနောက် နဝမနဂါးခြေသည်းက ပုဆိန်ပေါ်သို့ ကျရောက်လာတော့သည်။
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာတိုင်း လုမင်၏ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားရသည်။ ပေါက်ကွဲမှု ကိုးကြိမ်ပြီးနောက် လုမင်က ခြေကိုးလှမ်း နောက်ဆုတ်သွားခဲ့ရပေသည်။
ဟိုင်ယွိ၏ တိုက်ခိုက်နိုင်စွမ်းက သန်မာလွန်းလှသည်။ သူက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထစေခဲ့သော ပါရမီရှင် ဖြစ်၏။ ထိုသို့သောလူက အဆင့်များစွာကို အလွယ်တကူ ခုန်ကျော်တိုက်ခိုက်နိုင်ကြသည်။ သူတို့က အဆင့်တူများတွင် ပြိုင်ဘက်ကင်းသလောက်ပင်။ ထို့ပြင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် များစွာ သာလွန်သည်။
သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကိုပင် မသုံးဘဲ လုမင်ကို နောက်ဆုတ်စေနိုင်ခဲ့၏။ ထိုမှ သူ၏တိုက်ခိုက်နိုင်စွမ်းက မည်မျှ အားကောင်းသည်ကို မြင်နိုင်သည်။
"သတ်"
လုမင်က သူ၏တိုက်ခိုက်မှုကို ဟန့်တားခဲ့သောအခါ ဟိုင်ယွိထံမှ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။ ကျယ်လောင်စွာ အော်ဟစ်မာန်သွင်းပြီးနောက် လုမင်ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်၏။
"ဝုန်း... ဝုန်း..."
နဝမနဂါးကလည်း ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ နဝမနဂါး၏ ခန္ဓာအစိတ်အပိုင်းတိုင်းက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်လွှတ်နိုင်ပေသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားလှိုင်းများက အောက်ဘက်မှ ရှေးမြို့ဟောင်းကို ကျရောက်သွားခဲ့သည်။ ဘုံဗိမာန်အများအပြားက အင်အားလှိုင်းကြောင့် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။
တခဏအတွင်းမှာပင်၊ နှစ်ယောက်သား ဆယ်ကွက်ထပ်မနည်း အပြန်အလှန် ရင်ဆိုင်ခဲ့ကြသည်။ ဤတွင် လုမင်က အားနည်းချက်ရှိသော်လည်း အချိန်တိုအတွင်း ရှုံးနိမ့်မည်တော့ မဟုတ်ပေ။
"အတူတူ တိုက်ခိုက်ကြစို့"
ဟိုင်ယွိက ကျန်းဟိုင်အိမ်တော်မှ အခြားအဓိပတိများကို အမိန့်ပေးလိုက်သည်။
ဤအခိုက်တွင် ရေနဂါးအဓိပဓိနှင့် ကျန်သူများက အဝေးမှသာ ကြည့်နေကြပြီး မလှုပ်ရှားသေးပေ။ ဤအရာက ဟိုင်ယွိကို အလွန်ဖိအားများစေသည်။ သူက အင်အားခြွေတာရန် လုမင်ကိုအမြန်သတ်ပြီး သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဉ်အား ဆုပ်ကိုင်ထားချင်ပေသည်။
"ဝှစ်... ဝှစ်... ဝှစ်"
အခြား အဓိပတိများလည်း လှုပ်ရှားလိုက်ကြသည်။ အားကောင်းသော တိုက်ခိုက်မှုများက လုမင်ပေါ်သို့ ကျရောက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဟိုင်ယွိ၏ ဦးခေါင်းထက်တွင် ပုဆိန်ကြီးတစ်လက် ပေါ်လာသည်။ ပုဆိန်ကြီးပေါ်တွင် ရွှေရောင်အလင်းစက်ကိုးခု တောက်ပနေခဲ့၏။ ယင်းက သူ၏ သွေးမျိုးဆက် ဖြစ်သည်။
ဟိုင်ယွိက အလင်းတန်းတစ်ခုကဲ့သို့ သူ၏ သွေးမျိုးဆက်ထဲကို ဝင်ရောက်သွားခဲ့သည်။ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး ပုဆိန်အဖြစ် ပြောင်းလဲခဲ့၏။ ထိုအခါ သူ့အင်အားက ပို၍အားကောင်းလာပြီး လုမင်ကို ခုတ်ပိုင်းလိုတော့သည်။
"ဂျိန်း..."
လုမင်၏ ဦးခေါင်းထက်တွင် မိုးကြိုး ဒယ်စောက်အိုးတစ်ခု ပေါ်လာသည်။ ဒယ်စောက်အိုးက လျင်မြန်စွာ ကျယ်ပြန့်လာပြီး ဟိုင်ယွိ၏ စစ်ပုဆိန်နှင့် တိုက်မိသွားခဲ့သည်။
"ဒုန်း"
လဲ့တင်းနှင့် စစ်ပုဆိန်တို့ တိုက်မိသောအခါ ဟင်းလင်းပြင်က ရေလှိုင်းကဲ့သို့ လှိုင်းထလာခဲ့သည်။ ထောင်ပေါင်းများစွာသော လျှပ်စီးကြောင်းများလည်း ထွက်ပေါ်လာခဲ့၏။ လဲ့တင်းက ဟိုင်ယွိ၏စစ်ပုဆိန်ကို အခိုင်အမာ ပိတ်ဆို့ထားကာ အနောက်ကိုပင် လွင့်စေခဲ့တော့သည်။
ထို့နောက်တွင် နဝမနဂါးက အမြီးရိုက်ချက်ထုတ်ဖော်ပြီး အဓိပဓိများစွာ၏ တိုက်ခိုက်မှုအား ဖျက်ဆီးပစ်လိုက်သည်။
"သတ်"
ထို့နောက် နဝမနဂါးက ဟိန်းဟောက်ပြီး နဂါးလက်သည်းကုပ်ချက်များ ထုတ်ဖော်လိုက်သည်။ ကောင်းကင်ယံတွင် တံဆိပ်တော်တံခါးသုံးခုပေါ်လာပြီး အဓိပဓိတစ်ပါးကို ဖုံးအုပ်သွား၏။ ထို့နောက်မှာတော့ လဲ့တင်းကိုထိန်းချုပ်ပြီး ထိုအဓိပဓိကို တိုက်ခိုက်လိုက်တော့သည်။
ထိုအဓိပဓိမှာ အော်ဟစ်ရန်ပင် အချိန်မရှိဘဲ လဲ့တင်း၏ မိုးကြိုးပင်လယ်အောက်၌ အပိုင်းပိုင်းကွဲသွားရသည်။
နောက်ထပ် အဓိပတိတစ်ပါးလည်း အသတ်ခံလိုက်ရပြီ။
"ချီးပဲ၊ လုမင်... မင်းဒီနေ့သေရမယ်"
ဟိုင်ယွိက ရူးသွပ်သွားသလို ဟိန်းဟောက်လိုက်။ ကျန်းဟိုင်အိမ်တော်မှ အဓိပဓိများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံခဲ့ရ၏။ ဒေါသထွက်လွန်း၍ သူ ရူးသွပ်တော့မည်။
စစ်ပုဆိန်ခုတ်ချက်က မိုးနှင့်မြေကို အက်ကွဲသွားစေခဲ့သည်။ ပုဆိန်က ကြောက်မက်ဖွယ်အင်အားများကို သယ်ဆောင်ရင်း လုမင်ပေါ်ကို ကျရောက်လာခဲ့၏။
"ဒုန်း"
လုမင်က စစ်ပုဆိန်ခုတ်ချက်ကို လဲ့တင်းနှင့် ဆက်လက် ပိတ်ဆို့ထားခဲ့သည်။
သို့ရာတွင် စစ်ပုဆိန်သာ လွင့်စဉ်သွားခဲ့ရဆဲပင်။
"ဝုန်း"
နဝမနဂါးက လေထဲကို ထိုးတက်သွားခဲ့သည်။ လုမင်က ဆက်လက်မတိုက်ခိုက်တော့ဘဲ အလျင်အမြန် ထွက်သွား၏။
နောက်ဆုံးတွင်၊ ရန်သူ အဓိပဓိများက များလွန်းသည်။ ထို့ကြောင့် လုမင်ဟာ ဤနေရာမှ ပထမဆုံးထွက်ခွာရန် စီစဉ်ခဲ့ပေသည်။
"အချိန်တန်ပြီ၊ တိုက်ခိုက်ကြစို့၊ ဒီကောင်လေးကို လွတ်မြောက်ခွင့်မပြုနိုင်ဘူး"
မနီးမဝေးတွင် တိုက်ပွဲကို စောင့်ကြည့်နေသည့် ရေနဂါးအဓိပတိက ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က မီတာတစ်ထောင်ရှည်လျားသော အနက်ရောင် ရေနဂါးကြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။ သူက လုမင်ကို လှမ်းကြည့်လိုက်သည်။
အခြားသော ပင်လယ်သားရဲများသည်လည်း ၎င်းတို့၏ ပုံစံအစစ်အမှန်ကို ပြောင်းလဲကာ လုမင်အား တိုက်ခိုက်ခဲ့ကြသည်။
အဓိပဓိများစွာက အတူတူတိုက်ခိုက်သောအခါ ဒိုမိန်းသန္ဓေများစွာ ထွက်ပေါ်လာခဲ့၏။ ဒိုမိန်းစွမ်းအားက ပတ်ဝန်းကျင်ကို ချိတ်ပိတ်ကာ လုမင်၏ လွတ်မြောက်ရာလမ်းကြောင်းတိုင်းကို လုံးလုံးလျားလျား ပိတ်ဆို့ထားတော့သည်။
အထူးသဖြင့် ရေနဂါးအဓိပဓိ ဖြစ်သည်။ သူသည် အလွန်အစွမ်းထက်ပြီး ဟိုင်ယွိထက်ပင် အားနည်းသူမဟုတ်ပေ။ အဓိပဓိများစွာ အတူတကွ တိုက်ခိုက်ခြင်းကြောင့် လုမင်ဟာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားခဲ့ရသည်။
"သတ်"
ဟိုင်ယွိက အော်ဟစ်လိုက်သည်။ ရေနဂါးအဓိပဓိ၊ ကျန်လူများနှင့်အတူ လုမင်ကို တိုက်ခိုက်လိုက်သည်။
"ပူဖောင်းလေး"
ထိုအချိန်တွင် လုမင်က ခပ်တိုးတိုး အော်လိုက်သည်။
"တွိ...တွိ..."
လုမင်ပခုံးပေါ်မှ ပူဖောင်းလေးက အော်ဟစ်လိုက်၏။ ဖောက်ထွင်းမြင်နိုင်သော ဧရာမပူဖောင်းများက ရေနဂါးအဓိပဓိနှင့် အခြားသူများအနီးမှ ရုတ်ချည်း ထွက်ပေါ်လာကာ ပင်လယ်သားရဲ အဓိပဓိဆယ်ဦးကို တစ်ပြိုင်နက်တည်း ဖုံးအုပ်သွားတော့သည်။