အခန်း ၁၂၈၈
Vol. 86 Ch. 1288
အပိုင်း ( 1288 ) အုပ်ချုပ်သူဝိညာဉ်လက်နက်များ။
ရေနဂါးအဓိပဓိ အပါအဝင် အဓိပဓိ ဆယ်ပါးစလုံး လေထဲတွင် ခဏချင်း အေးခဲသွားပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
"ဒါ... ဒါက အချိန်နဲ့ဟင်းလင်းပြင်တာအိုပဲ"
ရေနဂါးနှင့် အခြားသူများ၏ မျက်လုံးများက ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားကာ ဟိန်းဟောက်လိုက်ကြသည်။
"သတ်"
လုမင် ဟိန်းဟောက်လိုက်သည်။ သူက လေထဲသို့ လှမ်းတက်ကာ ရေဘဝဲကြီးတစ်ကောင်ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ သူ၏ နဂါးလက်သည်းက ရေဘဝဲ၏လက်တံ ရှစ်ခုကို ဖမ်းကိုင်ကာ ဆုပ်ဖြဲလိုက်၏။ ရေဘဝဲ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းဖြစ်သွားပြီး သွေးများ ဖြာရဲသွားကာ နေရာမှာပင် သေဆုံးသွားတော့သည်။
နောက်ထပ် အဓိပတိတစ်ဦးကို သတ်လိုက်ပြီးနောက် လုမင်က လုံးဝမရပ်တန့်ဘဲ နောက်တစ်ဦးကို ဆက်လက် တိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ လုမင်က ရေနဂါးအဓိပဓိကို ပစ်မှတ်ထားပြီး တိုက်ခိုက်လိုက်၏။
ဟိုင်ယွိနှင့် အခြားသူများ၏ တိုက်ခိုက်မှုများကလည်း အနောက်မှ ရောက်ရှိလာကြသည်။
လုမင်က လဲ့တင်းကိုထိန်းချုပ်ပြီး ဟိုင်ယွိနှင့် အခြားသူများကို တိုက်ခိုက်လိုက်သည်။
"ပါးစပ်ထဲက ကမ္ဘာ"
တစ်ချိန်တည်းမှာပင် တန်တန်သည်လည်း လှုပ်ရှားလာခဲ့၏။ သူ့ပါးစပ်မှ ဖရိုဖရဲ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကလည်း ကြီးမားလာတော့သည်။
တန်တန်က လဲ့တင်းနှင့် ပူးပေါင်းပြီး ဟိုင်ယွိနှင့် အခြား ကျန်းဟိုင်အိမ်တော်မှ အဓိပဓိများကို တားဆီးထားခဲ့သည်။ လုမင်လည်း ရေနဂါးအဓိပဓိကို ဆက်လက်တိုက်ခိုက်လိုက်တော့သည်။
သူဟာ ဤတိုက်ပွဲကို အမြန်အဆုံးသတ်ရမည် ဖြစ်သည်။ ပူဖောင်းလေး၏ အချိန်နှင့်ဟင်းလင်းပြင် ချုပ်လှောင်ခြင်းစွမ်းအားက အကန့်အသတ်ရှိ၏။ အဓိပဓိအများအပြားကို တပြိုင်နက်တည်း ချုပ်နှောင်လိုပါက ကြာကြာ ထိန်းထားနိုင်မည် မဟုတ်ပေ။
နဂါးခြေသည်းကိုးချောင်းက ရေနဂါးအဓိပဓိကို ထိခါနီးတွင်...
"နဂါးအမှတ်အသားဓား"
ရေနဂါးအဓိပဓိထံမှ ဟိန်းဟောက်သံနှင့် အနက်ရောင် ဓားတစ်လက်ကို ထွေးထုတ်လိုက်သည်။ ဤအနက်ရောင်ဓားပေါ်တွင် အစစ်အမှန်နဂါးပုံစံများ ရေးထွင်းထားသည်။
ဓားပေါ်လာသည်နှင့် တပြိုင်နက် ဓားချီများက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ဟင်းလင်းပြင်က အနည်းငယ် တုန်လှုပ်သွားပြီး ကြည်လင်သော ပူဖောင်းလေးကို ဖြတ်သန်းသွား၏။ နောက်ဆုံးမှာတော့ ကြည်လင်သော ပူဖောင်းက အက်ကွဲသွားတော့သည်။
ပူဖောင်းကွဲသွားသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ဓားချီက ချုပ်နှောင်မှုမှ လွတ်မြောက်သွားကာ လုမင်ဆီသို့ တိုးဝင်လာခဲ့သည်။
"မကောင်းတော့ဘူး၊ အဲဒါ အုပ်ချုပ်သူဝိညာဥ်လက်နက်ပဲ"
လုမင်၏ မျက်နှာပျက်သွားသည်။ သူသည် ထိပ်တိုက်ရင်မဆိုင်ဝံ့ဘဲ နဝမနဂါးခြေလှမ်းဖြင့် အလျင်အမြန် ဆုတ်လိုက်ရ၏။
"သတ်"
ရေနဂါးအဓိပဓိက နဂါးအမှတ်အသားဓားကို ထိန်းချုပ်ပြီး လုမင်အား ဆက်လက်တိုက်ခိုက်လိုက်တော့သည်။ ဓားအလင်းများက အရပ်ရပ်ကို ဖြာထွက်သွားခဲ့သည်။
လုမင်လည်း လဲ့တင်းကို ထိန်းချုပ်၍ ခုခံရန်သာ တတ်နိုင်ခဲ့သည်။ လဲ့တင်းက တုန်ခါသွားပြီး ကောင်းကင်ကို ပြည့်လျှံနေသော မိုးကြိုးလျှပ်စီးများအား ထုတ်ဖော်လိုက်၏။ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် လဲ့တင်း လွင့်သွားခဲ့ရသည်။
အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်။
ရေနဂါးအဓိပဓိ အသုံးပြုနေသော နဂါးအမှတ်အသားဓားက အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက် ဖြစ်သည်။ ယင်းက ဝိညာဉ်လက်နက်များကြားတွင် အထွတ်အထိပ်အဆင့် တည်ရှိမှုဖြစ်ပြီး ကြောက်စရာစွမ်းအားများ ရှိ၏။
ထို့ထက် အရေးအကြီးဆုံးက၊ အုပ်ချုပ်သူဝိညာဉ်လက်နက်တွင် ဒိုမိန်းတစ်ခု ပါရှိသည်။ အဓိပဓိတစ်ဦးက အုပ်ချုပ်သူဝိညာဉ်လက်နက်အတွင်းမှ ဒိုမိန်းကို ၎င်းတို့၏ ကိုယ်ပိုင် ဒိုမိန်းသန္ဓေဖြင့် အသက်သွင်းသောအခါ၊ စွမ်းအားက ပို၍ပင် ခြောက်ခြားဖွယ်ရာ ဖြစ်တော့သည်။
ထိုစဉ်က၊ ရန်ခွမ်းစုသည် အဓိပဓိနယ်ပယ်နှင့် ဧကရာဇ်ဝိညာဉ်မျှော်စင်ကို အသုံးပြုသောအခါ သူပြသခဲ့သော တိုက်ခိုက်နိုင်စွမ်းက အားအနည်း အုပ်ချုပ်သူနှင့်ပင် ယှဉ်နိုင်ခဲ့သည်။
ထို့ပြင်၊ ရန်ခွမ်းစုက ဤရေနဂါးထက်နိမ့်ကျသည့် နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ကိုသာ နိုးထနိုင်ခဲ့သည်။ သဘာဝအားဖြင့်၊ သူ၏ တိုက်ခိုက်နိုင်စွမ်းက ရေနဂါးအဓိပဓိထက် အားနည်းသည်။
တစ်နည်းဆိုရသော် အုပ်ချုပ်သူ ဝိညာဉ်လက်နက်၏ အကူအညီဖြင့် ရေနဂါးအဓိပတိ ထုတ်လွှတ်သောစွမ်းအားသည် အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အတိအကျပြောရလျှင်၊ ယင်းက သာမန်အုပ်ချုပ်သူတစ်ယောက်ထက်ပင် သာလွန်သွားခဲ့ပြီ။
"တွိ... တွိ..."
ပွင့်လင်းမြင်သာသော ပူဖောင်းများ ပေါ်လာပြီး ရေနဂါးအဓိပဓိနှင့် အခြားသူများကို ဖုံးအုပ်ထားခဲ့သည်။ သူတို့အားလုံး နောက်တစ်ကြိမ် အေးခဲသွား၏။
"ခွဲလိုက်စမ်း"
ရေနဂါးအဓိပဓိက ဟိန်းဟောက်ပြီး နဂါးအမှတ်အသားဓားနှင့် ပူဖောင်းကို ချိုးဖြတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏တိုက်ခိုက်နိုင်စွမ်းက မည်မျှပင် အားကောင်းပါစေ၊ ပူဖောင်းမှ လွတ်မြောက်ရန် အချိန်အနည်းငယ် ယူရသေးသည်။ ဤအချိန်က လုမင်အတွက် လုံလောက်သည်ထက် ပိုသည်။
လုမင်က ငါးမန်းအဓိပဓိကို တိုက်ခိုက်လိုက်သည်။ ထိုငါးမန်းကြီးက ပူဖောင်းအောက်တွင် လုံးဝ မလှုပ်ရှားနိုင်ပေ။ လုမင်၏ နဂါးလက်သည်းများကြောင့် သူ့ခန္ဓာကိုယ် ပြိုကွဲသွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
နောက်ထပ် အဓိပတိတစ်ဦး သေဆုံးသွားခဲ့ပြီ။
"ဒုန်း"
ဤအခိုက်အတန့်တွင်၊ ရေနဂါးက ပူဖောင်းအတွင်းမှ လွတ်မြောက်လာပြီး လုမင်အား ဒေါသတကြီးဖြင့် တိုက်ခိုက်လိုက်သည်။
လုမင်က ဆုတ်ခွာသွား၏။ သူက ရေနဂါးအဓိပဓိကို ထိပ်တိုက် ရင်မဆိုင်လိုပေ။
"အားလုံး လူစုခွဲကြ၊ ပိတ်မိနေရင် အချင်းချင်း ကူညီကြ"
ရေနဂါးအဓိပဓိက အော်ဟစ်လိုက်သည်။
အခြား ပင်လယ်သားရဲ အဓိပဓိများလည်း ဖြန့်ကြက်ကာ လုမင်ကို အဝေးမှသာ တိုက်ခိုက်ကြတော့သည်။
သူတို့၏ တိုက်ခိုက်မှုများက ဟင်းလင်းပြင်ကိုဖြတ်သန်းပြီး လုမင်ဆီသို့ ဦးတည်သွားခဲ့သည်။
"သေ"
ထိုအချိန်တွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုက လုမင်ဆီသို့ ဦးတည်လာ၏။ ထိုတိုက်ခိုက်မှုက လုမင်အား လုံး၀ ဖုံးလွှမ်းသွားတော့သည်။
ဤအခိုက်တွင်၊ လုမင်မှာ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားရပြီး ဆံပင်များ ထိုးထိုးထောင်ထောင် ဖြစ်သွားသည်။
မူလက ဟိုင်ယွိသည် သွေးမျိုဆက်ပေါင်းစပ်ခြင်းဖြင့် ပုဆိန်အဖြစ် ပြောင်းလဲထားခဲ့သည်။ သို့သော်လည်း ယခုအခါ၊ ဟိုင်ယွိ၏ ပုဆိန်ဘေးတွင် နောက်ထပ် စစ်ပုဆိန်တစ်ခု ပေါ်လာခဲ့၏။ ထိုပုဆိန်မှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်နေတော့သည်။
အုပ်ချုပ်သူ ဝိညာဉ်လက်နက်၊ နောက်ထပ် အုပ်ချုပ်သူဝိညာဥ်လက်နက်။
ဟိုင်ယွိသည်လည်း အုပ်ချုပ်သူ ဝိညာဥ်လက်နက်ကို ကိုင်စွဲထားသည်။ သူ၏ ကျင့်ကြံခြင်းဖြင့်၊ သူ့အင်အားက ရေနဂါးအဓိပဓိထက် အားနည်းတော့မည် မဟုတ်ပေ။
ယခင်က သူသည် အုပ်ချုပ်သူဝိညာဉ်လက်နက်ကို လျှိုထားခဲ့သည်။ သူဟာ ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်ဖော်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့၏။
သူက တစ်ချက်တည်းဖြင့် လုမင်ကို သတ်ပစ်ချင်ခဲ့သည်။
လုမင်လည်း လဲ့တင်းကို အလျင်အမြန် ထိန်းချုပ်၍ ခုခံလိုက်သည်။ သို့သော်လည်း လုမင်၏ ကျင့်ကြံခြင်းအခြေခံက အားနည်းနေဆဲပင်။ လဲ့တင်းက အစွမ်းထက်သော်လည်း သူ့စွမ်းအားကို များများစားစား မထုတ်နိုင်ပါ။ စစ်ပုဆိန်၏ ခုတ်ချက်ကြောင့် အဝေးသို့ လွင့်စဉ်သွားခဲ့သည်။
စစ်ပုဆိန်ကမူ မရပ်တန့်ဘဲ လုမင်အား ဆက်လက် ခုတ်ပိုင်းလာခဲ့သည်။
"ဒီကိုယ်တော်ကို ကြည့်ထား"
တန်တန်က အော်ဟစ်ပြီး သူ၏ ခြေလက်များကို လိပ်ခွံထဲသို့ ပြန်ဆွဲထုတ်သွင်းလိုက်သည်။ လိပ်ခွံက တဖျတ်ဖျတ်လက်ပြီး စစ်ပုဆိန်ကို ပိတ်ဆို့ရန် ပြေးထွက်သွား၏။
"ဒုန်း"
စစ်ပုဆိန်က လိပ်ခွံကို ခုတ်ထစ်ပြီး တန်တန်ကို အဝေးသို့ လွင့်သွားစေခဲ့သည်။ သို့သော်လည်း တန်တန်၏ ပိတ်ဆို့မှုက လုမင်အတွက် အခွင့်အရေးတစ်ခု ရခဲ့သည်။ သူက နဝမနဂါးခြေလှမ်းကိုသုံးပြီး အလင်းတန်းကဲ့သို့ဆုတ်ခွာကာ ဟိုင်ယွိ၏ တိုက်ခိုက်မှုအား ရှောင်တိမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ပူဖောင်းလေးက ဟိုင်ယွိကို ဖုံးအုပ်ထားသည့် ပူဖောင်းတစ်ခုထွေးထုတ်လိုက်၏။
ဟိုင်ယွိလည်း ဟိန်းဟောက်ပြီး အုပ်ချုပ်သူဝိညာဉ်လက်နက်ဖြင့် ပူဖောင်းကို အစွမ်းကုန် ခုတ်ပိုင်းလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ရေနဂါးအဓိပဓိနှင့် အခြားပင်လယ်သားရဲများ၏ တိုက်ခိုက်မှုများ ကျရောက်လာခဲ့သည်။
အဓိပတိများစွာနှင့် အုပ်ချုပ်သူဝိညာဥ်လက်နက်များရှိသော အသန်မာဆုံး အဓိပတိနှစ်ပါးတို့ကို အဆက်မပြတ် ရင်ဆိုင်ရသောအခါ လုမင် မောပန်းနွမ်းနယ်ပြီး အခက်ကြုံလာသည်။
ထို့အပြင် တစ်ဖက်လူများကလည်း ခံရပါများတော့ နပ်သွား၏။ အားလုံးက အဝေးကြီးသို့ လူစုခွဲသွားသည်။ ပူဖောင်းလေး၏ အချိန်နှင့်ဟင်းလင်းပြင်စွမ်းရည်က ဤမျှကြီးမားသော ဧရိယာကို မလွှမ်းခြုံနိုင်သေးပါ။ တစ်ချိန်တည်းတွင် လူတစ်ဦး၊ နှစ်ဦးသာ လွှမ်းခြုံနိုင်သည်။
လူတစ်ယောက်ကို ချုပ်လှောင်လိုက်၍ လုမင်က သတ်ချင်သော်လည်း အခြားလူများမှ ချက်ချင်း ကယ်ဆယ်ခဲ့ပေသည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုပေါင်း တစ်ဒါဇင်ကျော်ကလည်း ဟင်းလင်းပြင်ကိုဖြတ်၍ တိုက်ခိုက်လာပြန်သည်။ ဤသို့ဖြင့် လုမင်မှ တခြားသူများကိုသတ်ရန် အချိန်မပေးခဲ့ပေ။
ရလဒ်အနေဖြင့် လုမင်၊ တန်တန်နှင့် ပူဖောင်းလေးက အတူတကွ လုပ်ဆောင်ခဲ့ကြသော်လည်း တစ်ဖက်လူများကို မယှဉ်သာဘဲ အခြေအနေ ဆိုးလာခဲ့သည်။
ထို့ပြင် ရန်သူများက များလွန်း၏။ စုစုပေါင်း အဓိပတိ နှစ်ဆယ်နီးပါးရှိပြီး ထိုအထဲမှ နှစ်ဦးဆိုလျှင် ထိပ်တန်းအဓိပတိများ ဖြစ်သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်ခမန်းလိလိအဆင့်သို့ ရောက်နေပြီ။ အုပ်ချုပ်သူဝိညာဥ်လက်နက်များကိုပါ ပေါင်းထည့်ခြင်းဖြင့် သိုင်းအုပ်ချုပ်သူနှစ်ဦးက ပါဝင်တိုက်ခိုက်နေသကဲ့သို့ ဖြစ်ခဲ့သည်။
ဤသို့ ကျွမ်းကျင်သူများစွာက ပူးပေါင်းလှုပ်ရှားသောအခါ သဘာဝအတိုင်း လုမင်တို့က သူတို့နှင့် မယှဉ်သာတော့ပေ။
သာမန် သိုင်းအုပ်ချုပ်သူပင်လျှင် သူတို့၏ ပြိုင်ဘက်မဖြစ်ဘဲ ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။ လုမင်တို့အဖွဲ့က ဤမျှ တောင့်ခံနိုင်သည်ကပင် အံ့သြစရာကောင်းနေပြီ။
သို့သော်လည်း ယင်းကဲ့သို့ ဆက်သွားပါက လုမင်အတွက် ပို၍ ဆိုးရွားလာမည် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တိုက်ကွက် ဒါဇင်ချီကာ ဖလှယ်ခဲ့ကြသည်။
ထိုအချိန်တွင် နဝမနဂါးသွေးမျိုးဆက်ပေါ်ရှိ အလင်းများက မှေးမှိန်စပြုလာတော့သည်။
"သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားတွေ ကုန်တော့မယ်"
"သတ်၊ သူသေမှာ သေချာတယ်"
ဟိုင်ယွိနှင့် အခြားသူများ ဝမ်းသာသွားကြသည်။
"ဝုန်း"
ဤအခိုက်မှာပင် နဝမနဂါး သွေးမျိုးဆက်က ပြိုကျသွား၏။ သို့သော်လည်း ဟိုင်ယွိ၊ ရေနဂါးအဓိပဓိနှင့် အခြားသူများ မပြုံးနိုင်မီတွင် ကျောက်စာချပ်တစ်ခု ပေါ်လာပြီး အရွယ်အစား လျင်မြန်စွာ ကြီးထွားလာပြန်တော့သည်။
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်။