← Chapters

အခန်း ၁၂၈၉

Vol. 86 Ch. 1289

အခန်း ၁၂၈၉

Vol. 86 Ch. 1289

အပိုင်း ( 1289 ) တာအိုငါးမျိုးစလုံး ပြီးပြည့်စုံခြင်း။

"ဝုန်း"

ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်၏ အောက်ပိုင်းက မူလခန္ဓာ ဖြစ်သည်။ ယင်းက တားဆီးမရဘဲ နဂါးအမှတ်အသားဓားကို ပိတ်ဆို့လိုက်၏။ ကျောက်စာချပ်က အနောက်ကို ဆုတ်သွားသော်လည်း မပျက်စီးခဲ့ပေ။

'ဟင်၊ ငါ့ရဲ့ မြေတာအိုက အဆင့်တက်တော့မယ်'

ထိုအချိန်တွင် လုမင်၏စိတ်ထဲ လှုပ်ရှားသွားခဲ့သည်။

ယခင်က ပင်လယ်ရေအောက် နက်နဲရာသို့ ဝင်လာကတည်းက သူ၏မြေတာအိုဟာ အဆင့်တက်တော့မလို လက္ခဏာများ ပြသနေပြီဖြစ်သည်။ ယခုမူ၊ အဆက်မပြတ် တိုက်ပွဲများတွင် လုမင်က သူ၏တာ ငါးခုကို အဆုံးစွန်ထိ ထုတ်ဖော်ခဲ့၏။ ထို့အပြင်၊ လုမင်က မြေတာအိုကို ကောင်းစွာခံစားစေနိုင်သော ငရဲဖိနှိပ်ကျောက်စာချပ်ကို အသုံးပြုထားသောအခါ ထိုခံစားချက်က ပို၍ အားကောင်းလာတော့သည်။

"ဝမ်... ဝမ်..."

ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါသွားခဲ့သည်။ လုမင်က သူ့စွမ်းရည်အားလုံးကို အထွတ်အထိပ်ထိ ထုတ်ဖော်လိုက်၏။ တိုက်ခိုက်နေစဉ်အတွင်းမှာပင် လုမင်က မြေတာအိုကို နားလည်ဆင်ခြင်လိုက်သည်။

မြေတာအိုသာ စတုတ္တအဆင့် ပြီးပြည့်စုံခြင်းအဆင့်ကို ဖြတ်ကျော်နိုင်သရွေ့ လုမင်၏ တိုက်ခိုက်နိုင်စွမ်းသည်လည်း တိုးလာမည် ဖြစ်သည်။ ဤနေရာမှ ထိုးဖောက်ထွက်ရန် အခွင့်အလမ်းလည်း ပို၍ များပြားလာလိမ့်မည်။

"တောင်တန်းပင်လယ်ခုတ်ထွင်ခြင်း"

ဟိုင်ယွိ ဟိန်းဟောက်လိုက်သည်။ ဤတိုက်ပွဲတွင်း၌ ဟိုင်ယွိမှာ လုံးဝ သည်းမခံနိုင်တော့ပေ။ သူဟာ လုမင်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

ဤအခိုက်တွင် သူက သူ၏လူသားပုံစံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ သူက အုပ်ချုပ်သူအဆင့် ဧရာမပုဆိန်ကြီးကို ကိုင်ဆွဲကာ လုမင်အား အဆက်မပြတ် ခုတ်ပိုင်းလိုက်တော့သည်။

ဟိုင်ယွိ၏ အဓိကတာအိုမှာ မြေတာအို ဖြစ်သည်။

သူက ပုဆိန်ခုတ်ချက် ထုတ်ဖော်လိုက်သည်နှင့် မြေတာအို၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက လုမင်ကို ချေမှုန်းတော့မလို ကျရောက်လာခဲ့သည်။

သို့ရာတွင်၊ လုမင် မတုန်လှုပ်ပေ။ ထိုအစား သူက တိတ်တဆိတ် ဝမ်းသာသွားခဲ့သည်။

'မင်းကိုသုံးပြီး ငါ ဖြတ်ကျော်ရတော့မှာပဲ'

လုမင်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။ သူက လဲ့တင်းကိုထိန်းချုပ်ပြီး ဟိုင်ယွိကို တိုက်ခိုက်လိုက်၏။

ဤတစ်ကြိမ်မှာတော့ လုမင်က နောက်ဆုတ်ရန် မရွေးချယ်တော့ပါ။ ထိုအစား၊ သူဟာ ဟိုင်ယွိနှင့် ထိပ်တိုက်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။

"ဟားဟားဟား၊ သေစမ်း"

လုမင်က သူ့ကို တိုက်ခိုက်နေသည်အား မြင်ရသောအခါ ဟိုင်ယွိ အလွန်ဝမ်းသာသွားသည်။ သူ့လက်ထဲမှ ပုဆိန်စွမ်းအားက အနည်းငယ် ပို၍အားကောင်းလာခဲ့သည်။

"ဝုန်း"

ပုဆိန်နှင့် လဲ့တင်းတို့ ထိပ်တိုက်တွေ့ဆုံပြီး ပေါက်ကွဲသံကျယ်တစ်ချက် ထွက်ပေါ်လာခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော အင်အားများက လုမင်၏ ခန္ဓာကိုယ်ကိူ ပြင်းထန်စွာ တုန်လှုပ်သွားစေတော့သည်။

"တန်တန်၊ ပူဖောင်းလေး... ပင်လယ်သားရဲတွေကို ခဏလောက် ထိန်းထားပေးကြပါ"

လုမင်က တန်တန်နှင့် ပူဖောင်းလေးကို အသံပို့လွှတ်၍ ပြောလိုက်သည်။

"တွိ...တွိ..."

ပူဖောင်းလေးက ပြဿနာမရှိဟန်ဖြင့် သူ၏ လက်သေးသေးလေးများကို ဝှေ့ယမ်းကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

တစ်ဖက်တွင်၊ တန်တန်က လွန်စွာ နာကြည်းသွား၏။ လုမင်ကို ဤအတွက် လျော်ကြေးပေးရမည်ဟု ညည်းတွားလိုက်သည်။

သို့ရာတွင်၊ တန်တန်နှင့် ပူဖောင်းလေးက ထိပ်တန်း စစ်သားရဲဆယ်ကောင်မှ နှစ်ကောင်ဖြစ်ရန် အမှန်တကယ် ထိုက်တန်သည်။ သူတို့က အပြည့်အဝ အရွယ်မရောက်သေးသော်လည်း ခွန်အားအပြည့်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ သူတို့က ရေနဂါးအဓိပဓိနှင့် အခြားသူများကို အနိုင်မယူနိုင်ခဲ့သော်ငြားလည်း အချိန်တိုတစ်ခုအထိ နှောင့်နှေးစေနိုင်သေးသည်။

လုမင်လည်း စိတ်နှစ်ပြီး ဟိုင်ယွိကို တိုက်ခိုက်လိုက်သည်။

သူက ဟိုင်ယွိကို အသုံးပြုကာ မြေတာအိုအား အဆင့်တက်လိုခဲ့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

လုမင်က ဟိုင်ယွိ၏ အုပ်ချုပ်သူလက်နက်ဖြင့် တိုက်ခိုက်မှုကို လဲ့တင်းနှင့်တားဆီးကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

တိုက်ပွဲတွင်း၌ ဟိုင်ယွိသည် လုမင်ကို အပြတ် ဖိနှိပ်ထားသော်လည်း မသတ်နိုင်သေးပေ။

မျက်စိတစ်မှိတ်အတွင်း တိုက်ကွက် ဒါဇင်ချီကာ ဖလှယ်ခဲ့ကြသည်။

'ရောက်တော့မယ်၊ နီးနေပြီ'

ဟိုင်ယွိ၏ မြေတာအို အကူအညီဖြင့်၊ လုမင်သည် သူ၏မြေတာအိုအပေါ် နားလည်သဘောပေါက်မှုက အဆက်မပြတ် နက်ရှိုင်းလာနေပြီး အချိန်မရွေးဖြတ်ကျော်နိုင်ပြီဟု ခံစားခဲ့ရသည်။

'မြေကြီး၊ မြေကြီးမှာ အားလုံးပါဝင်တယ်။ အသက်တွေကို မွေးနိုင်တယ်၊ အရာခပ်သိမ်းကို မွေးဖွားပေးနိုင်တယ်၊ လေးလံပြီးတော့ နက်နဲတယ်...'

လုမင်၏ စိတ်အတွေးများက အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။

ထိုအချိန်တွင်၊ လုမင်နှင့် အခြားသူများ တိုက်ခိုက်နေသည့်နေရာမှ မနီးမဝေးတွင် ပုံရိပ်များစွာ ပေါ်လာသည်။

သူတို့အားလုံးက ဤနေရာသို့ ဝင်ရောက်လာခဲ့ကြသူများ ဖြစ်၏။ သူတို့က အဆင့်မြင့် ဝိညာဉ်နတ်ဘုရားများဖြစ်ပြီး အဝေးမှသာ စောင့်ကြည့်နေခဲ့ကြပေသည်။

ဤအခိုက်အတန့်တွင် သူတို့အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

"ဒါက လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းပဲလား။ တကယ့်ကို ထိတ်လန့်စရာပဲ"

"အသန်မာဆုံး မျိုးဆက်သစ်ပါရမီရှင်ဖြစ်ရင်တောင် ဒါက အားကောင်းလွန်းတယ်။ ဟိုင်ယွိနဲ့ ရေနဂါးဘုရင်တို့က အုပ်ချုပ်သူလက်နက်တွေကို အသုံးပြုထားတဲ့အပြင် အခြား အဓိပဓိ တစ်ဒါဇင်ကျော်ကလည်း ပူးပေါင်းတိုက်ခိုက်နေသေးတယ်။ ဒါတောင်မှ သူ့ကို မဖိနှိပ်နိုင်သေးဘူး"

"ကြောက်စရာကောင်းတယ်၊ ကြောက်စရာကောင်းလွန်းတယ်။ ဒါ့အပြင် လုမင်ရဲ့ သားရဲနှစ်ကောင်ကလည်း ကြောက်စရာကောင်းလောက်အောင်ကို အစွမ်းထက်ကြတယ်"

ကြည့်ရှုသူများ အံ့သြတကြီးအော်ဟစ်လိုက်ကြသည်။ သူတို့က လုမင်ကို အံ့အားသင့်စွာဖြင့် ကြည့်နေကြ၏။

ဟုတ်သည်၊ အခြား အတွေးအမြင်များနှင့် အဓိပဓိများလည်း ရှိသေးသည်။

"သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်က လုမင်ရဲ့လက်ထဲကို ကျ‌ရောက်သွားပုံပဲ။ လုမင် အခုထက်ပိုပြီး သန်မာစေဖို့ မျှော်လင့်တယ်။ သူနဲ့ ဟိုင်ယွိတို့ နှစ်ယောက်စလုံး ဒဏ်ရာပြင်းပြင်းထန်ထန်ရကုန်ရင် အကောင်းဆုံးပဲ။ အဲဒီအချိန်ကျမှ အကျိုးအမြတ်ကို ဝင်ယူလိုက်ရင် ပြတ်ပြီ"

အဓိပဓိတစ်ဦးက တီးတိုး ရေရွတ်လိုက်သည်။

ဟုတ်သည်၊ ထိုသို့ တွေးတောသူက ထိုအဓိပဓိတစ်ဦးတည်း မဟုတ်ပါ။ အခြားသော အဓိပဓိများမှာလည်း အလားတူ အတွေးမျိုး ရှိကြသည်။

ဤအဓိပဓိများက တစ်ဦးစီ၊ သို့မဟုတ် နှစ်ဦးတစ်ဖွဲ့ သီးခြား ဝင်ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က ဟိုင်ယွိ သို့မဟုတ် ရေနဂါးအဓိပဓိတို့အတွက် ပြိုင်ဘက်မဟုတ်ပေ။ အကယ်၍ သန့်စင်သော ဝိညာဉ်ခန္ဓာ လေ့ကျင့်နည်းသာ ဟိုင်ယွိ သို့မဟုတ် ရေနဂါးအဓိပဓိတို့၏ လက်ထဲသို့ ကျရောက်သွားခဲ့ပါက၊ သူတို့အတွက် မျှော်လင့်ချက်ရှိမည် မဟုတ်ပေ။

သို့သော်လည်း၊ သူတို့နှစ်ဖက်စလုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိစေနိုင်ပါက သူတို့အတွက် မျှော်လင့်ချက်အချို့ရှိမည် ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ လုမင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ။ မျိုးဆက်သစ်လူငယ်တွေကြားမှာ ဒီလောက်ထက်မြက်တဲ့သူ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ ငါ လက်မခံနိုင်ဘူး"

မလှမ်းမကမ်းတွင် ဟိုင်ထျန်းက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူ့မျက်လုံးများက မနာလိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။

သူ အလွန်တုန်လှုပ်သွားသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူ့အင်အားကို အကြိမ်ကြိမ် ကျော်လွန်သွားခဲ့သည်။

..........

ဤအခိုက်တွင် ပင်လယ်‌ထဲရှိ ကိုးခုမြောက်ကျွန်းတွင် လူပင်လယ်ကြီးတစ်ခု ရှိနေသည်။

ပင်လယ်ရေအောက်ကို နက်နက်မကူးနိုင်သော ကျင့်ကြံသူများက ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ကြပေသည်။

သူတို့က ပင်လယ်ရေအောက်ကို မငုပ်နိုင်သောကြောင့် သန့်စင်သောဝိညာဉ်ခန္ဓာကျင့်စဉ် တကယ်ရှိ၊မရှိ သိရှိရန် ဤနေရာ၌ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"ဝမ်"

ထိုအချိန်တွင် ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲသွားပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။

ယင်းက‌ ရွှေခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ဆံပင်ဖြူ အဘိုးအို ဖြစ်၏။ သူပေါ်လာသည်နှင့် တပြိုင်နက် ကြောက်ခမန်းလိလိ ဖိအားတစ်ခုက ပျံ့နှံ့လာတော့သည်။ ထိုဖိအားမှာ သူတို့အပေါ်မှ ဖိချထားသော တောင်ကြီးတစ်လုံးကဲ့သို့ လူများကို အသက်ရှုရခက်စေသည်။

"အုပ်ချုပ်သူ၊ အဲဒါ သိုင်းအုပ်ချုပ်သူပဲ"

"သူ့ရဲ့ ၀တ်စားဆင်ယင်မှုကို ကြည့်ရရင်၊ သူက ကျန်းဟိုင်အိမ်တော်ရဲ့ အုပ်ချုပ်သူပဲ။ အရင်က ကျန်းဟိုင်အိမ်တော်ရဲ့ အကြီးဆုံးသားရောက်လာတယ်၊ အခုဆိုရင် သိုင်းအုပ်ချုပ်သူကိုယ်တိုင် ရောက်လာပြီ"

လူတော်တော်များများက အော်လိုက်ကြသည်။ သူတို့က ရွှေခရမ်းရောင်ဝတ် အဘိုးအိုကို ကြောက်လန့်တကြားဖြင့် ကြည့်လိုက်ကြလေသည်။

သိုင်းအုပ်ချုပ်သူပင်လျှင် ရောက်လာပြီ ဖြစ်သည်။

ရွှေခရမ်းရောင် ၀တ်စုံဝတ် အဘိုးကြီးက ပေါ်လာပြီးနောက် ပတ်ပတ်လည်ကို ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်သည်။ သို့ရာတွင်၊ သူက ပင်လယ်ထဲသို့မဆင်းဘဲ လေထဲတွင် ငြိမ်သက်စွာ ရပ်နေတော့သည်။

..........

ပင်လယ်ရေအောက်မှ ရှေးမြို့ဟောင်းတွင်... လုမင်နှင့် ဟိုင်ယွိက တိုက်ကွက်အနည်းငယ် ဆက်လက် ဖလှယ်ခဲ့ကြသည်။

"လုမင်၊ ငါတို့ နည်းလမ်းရှာပြီး ဖောက်ထွက်ရမယ်။ ငါတို့ ဆက်မထိန်းနိုင်တော့ဘူး"

တန်တန်က သူ့လက်များကို ဝှေ့ယမ်းနေရင်း အော်ဟစ်လိုက်သည်။ ကမ္ပည်းအမျိုးမျိုး ပျံ့နှံ့သွားပြီး လေထဲတွင် ဧရာမဝင်္ကပါကြီးများ ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာပင်၊ တန်တန်က လျှို့ဝှက်ဆန်းကြယ်ပြီး ထူးကဲသော သိုင်းပညာအမျိုးမျိုးကိုလည်း အသုံးပြုခဲ့သည်။

'ရတော့မယ်'

လုမင်၏ မျက်လုံးများက ပို၍ ပို၍ တောက်ပလာခဲ့သည်။

ရုတ်တရက်…

သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအိုအရောင်ငါးခုကြားတွင် မြေဝါရောင် တာအိုက ရုတ်တရက် မြင့်တက်လာခဲ့၏။ ၎င်း၏စွမ်းအားက တိုးတက်လာပြီး အခြားတာအိုလေးခုကို မီသွားတော့သည်။

နောက်ဆုံးတွင်၊ မြေတာအိုက ဖြတ်ကျော်ပြီး အဆင့်လေး ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤနည်းဖြင့် လုမင်၏ တာအိုငါးခုစလုံးက အဆင့်လေး ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားခဲ့သည်။

"ဝုန်း"

တာအိုစွမ်းအားငါးခုက လဲ့တင်းနှင့်ပေါင်းစပ်ကာ ဟိုင်ယွိနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ပေါက်ကွဲသံနှင့်အတူ လုမင် နောက်ပြန်ဆုတ်သွား၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင် လုမင်၏ အခြေအ‌နေက ယခင်ကထက် ပိုကောင်းလာတော့သည်။

"မင်း ဖြတ်ကျော်သွားရင်တောင် ဘာဖြစ်လဲ။ မင်း သေရဦးမှာပဲ"

ဟိုင်ယွိက ပုဆိန်ကိုမြှောက်ကာ အော်ဟစ်ပြီး လုမင်အား ဆက်လက်တိုက်ခိုက်လိုက်သည်။

"တန်တန်၊ ပူဖောင်းလေး... လုံလောက်ပြီ။ ဖောက်ထွက်ဖို့ အဆင်သင့်ပြင်ထားတော့"

လုမင်က တန်တန်နှင့် ပူဖောင်းလေးဘက်သို့ ရောက်သွားသည်။ သူက ပူဖောင်းလေး၏ ဟင်းလင်းပြင်လျှောက်လမ်းနှင့် အတူတူထွက်သွားရန် ပြင်ဆင်လိုက်၏။

သို့သော်လည်း၊ ဤအခိုက်အတန့်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်သွားတော့သည်။

All Chapters