← Chapters

အခန်း ၁၂၉၀

Vol. 86 Ch. 1290

အခန်း ၁၂၉၀

Vol. 86 Ch. 1290

အပိုင်း ( 1290 ) ဟွင်းယွမ်နန်းတော်။

လုမင်၏ ခန္ဓာကိုယ်မှ တံဆိပ်ပြားတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လုမင်၏ ဦးခေါင်ထက်တွင်တည်ကာ အလင်းတန်းတစ်ခု ထွက်လာခဲ့၏။

ဟွင်းယွမ်တံဆိပ်ပြား...

လုမင်၏ ခန္ဓာကိုယ်တွင် ရုတ်တရက်ပေါ်လာသော တံဆိပ်ပြားက အမှန်တကယ်ပင် ဟွင်းယွမ်တံဆိပ်ပြား ဖြစ်သည်။

‌ဟေးယွမ်တံဆိပ်ပြားက အဘယ်ကြောင့် ဤအချိန်တွင် ရုတ်တရက် ပေါ်လာရသနည်း။

လုမင် အားသင့်သွားသည်။

ဟွင်းယွမ်တံဆိပ်ပြား ပေါ်လာသည်နှင့်တပြိုင်နက် လုမင်၏တာအိုငါးမျိုးက အလိုအလျောက် လှုပ်ရှားလာသည်။ တာအိုစွမ်းအင်ငါးမျိုးက ဟွင်းယွမ်တံဆိပ်ပြားကို ရစ်ပတ်သွားပြီး ပို၍ တောက်ပလာစေတော့သည်။

"ဝုန်း"

ဟိုင်ယွိ၏ပုဆိန်ခုတ်ချက်က ဟွင်းယွမ်တံဆိပ်ပြား၏ အလင်းတန်းပေါ်သို့ ကျရောက်လာခဲ့သည်။ သို့ရာတွင်၊ တံဆိပ်ပြားမှ အလင်းရောင်က လုံးဝ မလှုပ်ရှားပါ။ ထိုအစား၊ ဟိုင်ယွိမှာ ပြင်းထန်သောစွမ်းအားဖြင့် တွန်းလှန်ခံရပြီး အထပ်ထပ် ဆုတ်သွားခဲ့ရသည်။

ထို့နောက်တွင်၊ ဟွင်းယွမ်တံဆိပ်ပြားက အလင်းတန်းတစ်ခု ဖြာထွက်လာပြီး လုမင်ကို ဖုံးလွှမ်းသွား၏။

လုမင်လည်း အခြားတစ်နေရာသို့ ခေါ်ဆောင်သွားသလို ပြင်းထန်သော ဆွဲငင်အားကို ခံစားလိုက်ရတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

လုမင် အံ့အားသင့်သွားသည်။

"ဝမ်"

ဟင်းလင်းပြင်က ရုတ်တရက် တုန်ခါသွားခဲ့သည်။ လုမင်လည်း ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရ၏။ ထို့နောက်မှာတော့ သူ့အမြင်အာရုံများ မှောင်မိုက်သွားပြီး အဆုံးမဲ့ အမှောင်ထုထဲ ကျရောက်သွားတော့သည်။

လုမင်လည်း ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး အဆုံးမဲ့အကွာအဝေးသို့ သွားနေသည်ဟုသာ ခံစားလိုက်ရသည်။

အချိန်အနည်းငယ်ကြာပြီးနောက်၊ လုမင်ဟာ ပြန်လည်လှုပ်ရှားလာနိုင်သလို ခံစားလိုက်ရသည်။ လုမင်၏ မျက်လုံးများမှလည်း အလင်းရောင်ကို မြင်လာရတော့သည်။

လုမင်လည်း မျက်စိပြန်ဖွင့်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ပတ်၀န်းကျင်က ပြောင်းလဲသွားခဲ့ပြီ။ သူက ရေအောက်မြို့တော်တွင် မရှိတော့ဘဲ ခန်းမကြီးတစ်ခုထဲတွင် ရှိနေခဲ့ပေသည်။

ခန်းမက အလွန်မြင့်မားပြီး ခမ်းနားသည်။ ပတ်ပတ်လည် နံရံများက ရှေးကျသော အငွေ့အသက်တို့ ပြည့်နှက်နေသော ကျောက်တစ်မျိုးဖြင့် တည်ဆောက်ထား၏။ ထို့အပြင် နံရံများပေါ်မှာလည်း ဖရိုဖရဲ မြူခိုးများ လွင့်မျောနေလေသည်ာ ဤမြူခိုးမျိုးက လုမင် တခါမှ မမြင်ဖူးသော အရာဖြစ်သော်လည်း သူ့အား မြင့်မြတ်ပြီး ရှေးကျသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

'ဒါက ဘယ်မှာလဲ။ ဟွင်းယွမ်တံဆိပ်ပြားက ငါ့ကို ဒီကို‌ ခေါ်လာခဲ့တာလား'

လုမင်၏ နှလုံးသားထဲတွင် မေးခွန်းများ ဆက်တိုက်ပေါ်လာခဲ့သည်။

ယခင်က၊ ဟွင်းယွမ်တံဆိပ်ပြားသည် သူ့ဘာသာသူ ရုတ်တရက်ပေါ်လာပြီး မျက်စိမဖွင့်နိုင်အောင် စူးရှသောအလင်းရောင်အား ထုတ်လွှတ်ခဲ့သည်။ ထို့နောက်တွင် ဤနေရာကို ရောက်လာခဲ့၏။ သူဒီမှာ ပေါ်လာရသည့် အကြောင်းရင်းက ဟွင်းယွမ်တံဆိပ်ပြားနှင့် သေချာပေါက် ဆက်စပ်နေရမည်။

သို့ရာတွင်၊ ဟွင်းယွမ်တံဆိပ်ပြားက ထိုအချိန်မှာမှ သူ့ကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်ဆောင်လာရသနည်း။

ဘယ်အကြောင်းကြောင့်နည်း။

ထိုအကြောင်းကို ပိုတွေးလေလေ၊ လုမင်တွင် မေးခွန်းများ ပို၍များလာလေလေ ဖြစ်သည်။

ထို့အပြင် တန်တန်နှင့် ပူဖောင်းလေးက ရှေးဟောင်း ရေအောက်မြို့တော်တွင် ရှိနေဆဲဖြစ်ပြီး မလိုက်လာနိုင်ခဲ့ပေ။ ဟိုင်ယွီနှင့် အခြားသူများကို သူတို့ဘာသာ ရင်ဆိုင်ရပါက မည်သို့နေမည်မှန်း သူမသိပါ။

"တန်တတ်နဲ့ ပူဖောင်းလေးတို့ နှစ်ဦးစလုံးက ထိပ်တန်းစစ်သားရဲဆယ်ကောင်ပဲ။ သူတို့ရဲ့ အသက်ကယ်နည်းလမ်းတွေက သာမန်မဖြစ်နိုင်ဘူး။ အချိန်တစ်ခုထိတော့ သူတို့ အဆင်ပြေသင့်ပါတယ်"

လုမင်လည်း သူ့ကိုယ်သူ ဖြေသိမ့်လိုက်သည်။

ထို့နောက် သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်၏။

ခန်းမက အလွတ်ကြီးဖြစ်ပြီး ဘာမှမရှိပေ။ လူသူအရိပ်အယောင်လည်း မမြင်ရပါ။ ခန်းမရှေ့တွင်သာ ကြီးမားသော တံခါးကြီးတစ်ခု ရှိနေခဲ့သည်။

"တဆိတ်လောက်၊ ဒီမှာ တစ်ယောက်ယောက်ရှိလား"

လုမင်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ သို့ရာတွင် မည်သူမျှမရှိဟန်ဖြင့် သူ့အား အကြောင်းပြန်မလာပါ။

လုမင်က မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သော်လည်း အဖြေမထွက်သေးပေ။

လုမင်က ဤနေရာတွင် သက်ရှိသတ္တဝါမရှိဟု တွေးမိသောအခါမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဘယ်နှစ်နှစ်တောင် ရှိပြီလဲ၊ နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာပြီ"

ထိုအသံက ခြောက်သွေ့ပြီး ခံစားချက်လုံးဝကင်းမဲ့နေသကဲ့သို့ပင်။

"အကြီးအကဲ၊ အငယ်လေး လုမင်ကို ဘာဖြစ်လို့ ဒီကိုခေါ်လိုက်တာလဲ သိရနိုင်မလား"

ထိုအသံကိုကြားတော့ လုမင်က လေထဲသို့ လက်ယှက်ပြကာ ပြောလိုက်သည်။

"မင်းက လိုအပ်ချက်တွေနဲ့ ကိုက်ညီတာကြောင့် ဟွင်းယွမ်တံဆိပ်ပြားက ခေါ်ဆောင်လာခဲ့တာပါ"

ခြောက်ကပ်ကပ်အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထို့နောက် လုမင်၏ရှေ့မှ ဟင်းလင်းပြင်က တုန်လှုပ်သွားပြီး ပုံရိပ်တစ်ခု ထွက်လာခဲ့၏။

"ဟင်"

ထိုပုံရိပ်ကိုမြင်တော့ လုမင် အနည်းငယ် ထိတ်လန့်သွားသည်။

အကြောင်းမှာ ထိုရုပ်သွင်က အလွန်ထူးဆန်း၍ ဖြစ်သည်။ ထိုသူက လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သော်လည်း သူ့တစ်ကိုယ်လုံးက ကာကီရောင် ဖြစ်သည်။ သူ့အရေပြားနှင့် ဆံပင်များကတောင် ကျောက်သားမှ ထုဆစ်ထားသလို ကာကီရောင်ပင်။

သို့သော်လည်း ဤကာကီရောင် အမျိုးသားက လုမင်ကို နားမလည်နိုင်လောက်အောင် အစွမ်းထက်မြက်သည်ဟု ခံစားရစေသည်။ ယင်းက ကမ္ဘာကြီးတစ်ခုလုံးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။

ယင်းက မယုံနိုင်စရာကောင်းအောင် အစွမ်းထက်သည့် ကျွမ်းကျင်သူတစ်ဦးဖြစ်မည်မှာ သေချာသည်။ သူ့ခွန်အားက လုမင်၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ။

"မင်း အံ့သြနေစရာ မလိုပါဘူး။ ငါက လူမဟုတ်ဘူး၊ ငါက ရုပ်သေးပဲ"

ကာကီရောင် အမျိုးသားက ပြောလိုက်သည်။

"ရုပ်သေးလား"

လုမင် ထပ်မံ အံ့သြသွားရသည်။

ကာကီရောင်အမျိုးသားက အမှန်ပင် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သော်လည်း သူ့တွင် လူသားတို့၏ အတွေးအမြင်နှင့် ခံစားချက်များ ရှိပုံရသည်။ ထို့အပြင်၊ သူက ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ပြီး ကျင့်ကြံခြင်းအခြေခံက နားမလည်နိုင်ပေ။

မည်သို့သော တည်ရှိမှုက ထိုရုပ်သေးရုပ်ကို ပြုလုပ်နိုင်သနည်း။

"အကြီးမကဲ၊ ဒီနေရာက ဘယ်မှာလဲလို့ မေးပါ‌ရစေ။ ကျုပ်က ဒီမှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ"

လုမင်က နှိမ့်ချစွာ မေးလိုက်သည်။

"ဒါက ဟွင်းယွမ်ဂိုဏ်းရဲ့ ဟွင်းယွမ်နန်းတော်ပါ။ နောက်ပြီး ငါ့နာမည်က ထူယိလို့ ခေါ်တယ်"

ကာကီရောင် အမျိုးသားက ရှင်းပြလိုက်သည်။

"ဟွင်းယွမ်ဂိုဏ်း၊ ဒါက ဟွင်းယွမ်ဂိုဏ်းပဲ"

လုမင်၏ မျက်လုံးများက လှုပ်ရှားသွားသည်။ နတ်ဘုရားအပျက်အယွင်းမှ နန်းတော်ကိုလည်း ဟွင်းယွမ်ဂိုဏ်းနှင့်ပတ်သက်သည့် အချိန်ဟင်းလင်းပြင်နန်းတော်ဖြစ်သည်ဟု တန်တန်မှ ပြောခဲ့ဖူးပေသည်။

ဤနေရာကလည်း ဟွင်းယွမ်ဂိုဏ်း ဖြစ်နေသည်။

ဟုတ်ချေပြီ၊ ကမ္မတိုက်ပွဲကလည်း ဟွင်းယွမ်ဂိုဏ်းနှင့် ဆက်စပ်နေရမည်။

"အကြီးအကဲထူယီ၊ ယွမ်လောက မဟုတ်တော့ဘူးလား မဟုတ်လား"

လုမင် မေးလိုက်သည်။

"ဟုတ်တယ်၊ ဒီနေရာက ကောင်းကင်ဘုံပဲ"

ထူယိက ပြောသည်။

"ကောင်းကင်ဘုံ"

လုမင် အံ့သြသွား၏။ သို့ဆိုလျှင် ဟွင်းယွမ်တံဆိပ်ပြားက သူ့အား ယွမ်လောကမှ ကောင်းကင်လောကသို့ ခဏချင်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

"မင်းမှာ မေးစရာတွေ အများကြီးရှိမှန်း ငါသိပါတယ်။ ငါ မင်းကို ရှင်းပြမယ်"

"မင်းက ဟွင်းယွမ်တံဆိပ်ပြားကို ကမ္မတိုက်ပွဲကနေ ရရှိခဲ့တာ ဖြစ်မှာပါ။ ဟွင်းယွမ်တံဆိပ်ပြားကို ရယူနိုင်တဲ့သူတွေက အများကြီးမရှိဘူး။ အလားအလာ အရမ်းကောင်းတယ်လို့ ယူဆသူတွေသာ ဟွင်းယွမ်တံဆိပ်ပြားကို ရရှိနိုင်မှာ"

"ပြီးတော့ မင်းက မိုးနဲ့မြေရဲ့ မတူညီတဲ့ တာအိုငါးမျိုးကို လေ့ကျင့်ထားသင့်တယ်။ ဒါ့ပြင်၊ တာအိုငါးခုစလုံးက စတုတ္ထအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ ဒါကြောင့်ပဲ ဟွင်းယွမ်တံဆိပ်ပြားက အသက်ဝင်လာပြီး ဟွင်းယွမ်နန်းတော်ထဲကို ခေါ်ဆောင်လာခဲ့တာပဲ"

"ဒီမှာ မင်း စမ်းသပ်မှုခံယူရလိမ့်မယ်။ စမ်းသပ်မှုကို အောင်မြင်ရင် ဟွင်းယွမ်ကျမ်းကို ရရှိနိုင်ပြီး မင်းနားလည်ထားတဲ့ တာအိုငါးခုကိုလည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်မှာ။ အဲဒီအချိန်ကစပြီး အထွတ်အထိပ်ဖြစ်တဲ့ ဟွင်းယွမ်တာအို(ရှေးဦး ကစဉ့်ကလျားတာအို)အဖြစ် ပြောင်းလဲသွားလိမ့်မယ်"

ထူယိက အသေးစိတ် ရှင်းပြလိုက်သည်။

"ဟွင်းယွမ်တာအို... ကမ္ဘာပေါ်တွင် ဟွင်းယွမ်တာအိုက တကယ်ရှိတာလား"

လုမင် အံ့အားသင့်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ဟွင်းယွမ်တာအိုအကြောင်းကို သူ ကြားဖူး၏။ ယင်းက အမြင့်မြတ်ဆုံး တာအိုတစ်ခု ဖြစ်သည်။

ဒဏ္ဍာရီအရ လောကစကြဝဠာကြီးသည် ကစဉ့်ကလျားဖြစ်ခြင်းမှ ဆင်းသက်လာသည်။ ဟွင်းယွမ်အိုက အချိန်နှင့် ဟင်းလင်းပြင်ထက် သာလွန်သော တာအိုတစ်ခု ဖြစ်ချေသည်။

အချိန်နှင့်ဟင်းလင်းပြင်က တာအိုများ၏ ဘုရင်များဖြစ်လျှင် ဟွင်းယွမ်တာအိုက တာအိုများ၏ ဧကရာဇ် ဖြစ်သည်။

လုမင်သည် ဟွင်းယွမ်တာအိုကို ဒဏ္ဍာရီတစ်ခုသာဖြစ်သည်ဟု အမြဲတွေးခဲ့သည်။ ဤကဲ့သို့သော တာအိုမျိုး ကမ္ဘာပေါ်တွင် အမှန်တကယ် တည်ရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထို့အပြင် ထူယိ၏အဆိုအရ လုမင်သာ စမ်းသပ်မှုအောင်မြင်သရွေ့ ဟွင်းယွမ်ကျမ်းကို ရရှိပြီး ဟွင်းယွမ်တာအိုအား လေ့ကျင့်နိုင်မည် ဖြစ်သည်။

လုမင်၏ နှလုံးသားက မထိန်းချုပ်နိုင်ဘဲ အခုန်မြန်လာတော့သည်။

"ဟွင်းယွမ်ကျမ်းကို ဟွင်းယွမ်ဂိုဏ်းရဲ့ အသန်မာဆုံး ပုဂ္ဂိုလ်ကြီးက ဖန်တီးထားခဲ့တာပါ။ ဒါက ဟွင်းယွမ်တာအိုကို လေ့ကျင့်စေနိုင်တယ်။ သိုင်းအုပ်ချုပ်သူဖြစ်လာပြီးရင်တော့ ဟွင်းယွမ်တာအိုနယ်မြေအဖြစ် ပြောင်းလဲသွားမှာပေါ့။ ဒါက ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး လျှို့ဝှက်ကျမ်းတစ်ခုပဲ။ ဒါပေမဲ့ ဟွင်းယွမ်ကျမ်းကို လေ့ကျင့်ချင်ရင် ပထမဆုံးအနေနဲ့ မတူညီတဲ့ တာအိုငါးမျိုးကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ရလိမ့်မယ်"

"ကိုင်း၊ အခု မင်းနားလည်ထားတဲ့ တာအိုတွေ ငါ့ကိုပြပါဦး။ ငါကြည့်ပါရစေ"

ထူယိက ပြောလိုက်သည်။

"ကောင်းပြီ"

လုမင် အမြန်ခေါင်းညိတ်လိုက်၏။ တာအိုငါးမျိုးက ပေါ်ထွက်လာပြီး လုမင်၏ ခန္ဓာကိုယ်တဝိုက်တွင် အလင်းငါးရောင် ဖြာထွက်ကာ ပြိုးပြိုးပြက်ပြက် တောက်ပနေတော့သည်။

တာအိုငါးခုက တစ်ခုနှင့်တစ်ခု ပေါင်းစပ်ထားသော်လည်း အလွန်လျှို့ဝှက်ဆန်းကြယ်လှသော စိတ်ဆန္ဒဖြင့် ခွဲခြားနိုင်သည်။

All Chapters