← Chapters

အခန်း ၁၂၉၂

Vol. 87 Ch. 1292

အခန်း ၁၂၉၂

Vol. 87 Ch. 1292

အပိုင်း ( 1292 ) လုမင် သတ်ဖြတ်ခြင်း။

"လင်လင်၊ မင်းမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်လို့ ကြားတယ်။ ငါလည်း သူနဲ့ အတူသောက်ပါရစေ"

ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က လမ်းလျှောက်လာကာ ပြုံးပြလိုက်သည်။

"ရတာပေါ့ ပဉ္စမဖိုးဖိုး"

ကလေးမလေးက ပြုံးလိုက်၏။

ဤရွာသူရွာသားများက ပွင့်လင်းပြီး ရိုးသားသည်။ မည်သူကမျှ အကြံအစည်များ မရှိပါ။ သူတို့၏ အပြုံးများက အလွန် သန့်စင်သည်။ လုမင်လည်း သူတို့၏ ရိုးသားမှုများ ကူးစက်ခံရပြီး ပြုံးလိုက်မိလေသည်။ သူက နို့လက်ဖက်ရည်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ အတော်မွှေးပြီး ချိုလေသည်။

"အစ်ကိုကြီး... အရသာရှိလား"

ကလေးမလေးက မျက်လုံးဝိုင်းဝိုင်းလေးနှင့် ကြည့်ပြီး မေးလိုက်သည်။

"အရသာရှိတယ်"

လုမင် ပြုံးလိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ကလေးမလေးက ပျော်ရွှင်စွာဖြင့် ပြုံးပြီး ထခုန်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များမှ ခေါင်းလောင်းသံများက သာယာစွာ မြည်သွားခဲ့လေသည်။

ဤတောင်ပေါ်ရွာမှ လူများက အတော်ကလေး ရိုးသားသည်။ လုမင် ရောက်ရှိလာခြင်းက လူအများကို ဆွဲဆောင်ခဲ့သော်လည်း အများစုမှာ အလွန်ရိုးရှင်းပြီး ရိုးသားကြပေသည်။ သူတို့က လုမင်ကို ရိုးရိုးသားသားပြုံးပြီး နှုတ်ဆက်ခဲ့ကြသည်။

'ဒီပုံရိပ်ယောင်က ဘာကိုစမ်းသပ်မှာလဲလို့ ငါသိချင်မိတယ်'

နို့လက်ဖက်ရည်သောက်ရင်း လုမင်၏ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့သည်။

ရုတ်တရက်၊ လေထဲတွင် တိုးလျသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကလေးတစ်ယောက်က ဓားချွန်ထက်တစ်လက်နှင့် လုမင်ကို ထိုးလိုက်သလို၊ အသံက အလွန်တိုးလျ၏။

သို့သော်လည်း၊ လုမင်၏ ကျင့်ကြံခြင်းဖြင့် ရှင်းရှင်းလင်းလင်း ကြားနိုင်သေးသည်။

လင်လင်၏ လက်ထဲတွင် ဓားမြှောင်တစ်လက်ကိုကိုင်ပြီး လုမင်၏ဝမ်းဗိုက်အား ထိုးလိုက်ခြင်း ဖြစ်သည်။

ဤအခိုက်တွင် ကောင်မလေးက ဖြူစင်ပြီး ရိုးသားသူတစ်ဦး လုံးဝ မဟုတ်တော့ပေ။ သူမ၏မျက်နှာက ရက်စက်မှုအပြည့်နှင့် ကြမ်းကြုတ်လှသည်။

"သတ်"

ကလေးမလေးက အော်ဟစ်ပြီး လုမင်ကို ဓားမြှောင်နှင့် တည့်တည့်ထိုးလိုက်၏။

လုမင်လည်း အနည်းငယ် နောက်ပြန်ဆုတ်သွားပြီး ကလေးမလေး၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။

"သတ်"

သူ့နောက်မှ အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ကလေးမလေး၏ မိခင်ဖြစ်သော ကြင်နာတတ်သည့် အမျိုးသမီးကလည်း၊ ရက်စက်ကြမ်းကြုတ်စွာဖြင့် ဓားကိုင်ပြီး လုမင်ကို ထိုးလိုက်၏။

ထို့နောက်မှာတော့ ညာဘက်မှ ကလေးမလေး၏ ပဉ္စမအဘိုးကလည်း ဓားတစ်လက်ကိုထုတ်ကာ လုမင်အား ခုတ်ပိုင်းလာတော့သည်။

သူတို့၏ အင်အားများက သာမန်လူများကဲ့သို့ အလွန် အားနည်းသော်လည်း လုမင်ကို အလွန်မုန်းတီးပုံရကာ သတ်ပစ်ချင်နေပုံပေါ်သည်။

လုမင်လည်း တိုက်ခိုက်မှုအားလုံးကို အလွယ်တကူ ရှောင်တိမ်းခဲ့သည်။

သို့ရာတွင် သူတို့က နောက်မဆုတ်ဘဲ လုမင်ကို ဆက်လက်တိုက်ခိုက်ခဲ့ပေသည်။

"သတ်"

ကလေးမလေးနှင့် မိသားစုအပြင် အခြားရွာသားများကလည်း ၎င်းတို့၏လက်နက်များကို ထုတ်ကာ လုမင်အား တိုက်ခိုက်လိုက်ကြသည်။

"မင်းတို့ ဘာလုပ်နေတာလဲ"

လုမင် အော်လိုက်သည်။

သို့ရာတွင် မည်သူမျှ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သွေးစွန်းနေသော မျက်လုံးများဖြင့် လုမင်ကို တိုက်ခိုက်လိုက်ကြသည်။

လုမင်က ဆုတ်သွားသည့်တိုင် သူတို့က ဆက်လက်တိုက်ခိုက်နေဆဲပင်။

မူလ ရိုးသားသော တောင်ရွာလေးမှ ရွာသားများက လုမင်ကို ရူးသွပ်သွားသလို တိုက်ခိုက်လိုက်ကြသည်။ သူတို့က လက်နက်မျိုးစုံဖြင့် လုမင်ကို အဆက်မပြတ် တိုက်ခိုက်ကြတော့သည်။

လုမင်လည်း တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး လေထဲသို့ ပျံတက်ကာ ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း အင်အားတစ်ခုဖြင့် တားဆီးခံခဲ့ရကာ မပျံသန်းနိုင်တော့ပေ။

"သတ်"

ရွာသားများက ပိုများလာခဲ့သည်။ အားလုံးက နီရဲနေသော မျက်လုံးများဖြင့် လုမင်ကို တိုက်ခိုက်ကြတော့သည်။

"ချွင်... ချွင်..."

ကလေးမလေး လင်လင်က ရှေ့သို့ ပြေးလာပြီး လုမင်၏ဗိုက်ကို ဓားမြှောင်ဖြင့် ထိုးလိုက်သည်။

လုမင်က ထပ်ခါတလဲလဲ ရှောင်တိမ်းနေသော်လည်း ရွာသားများက တိုးများလာကာ နေရာတိုင်းတွင် ဝိုင်းထားကြတော့သည်။

လုမင်၏ မျက်လုံးများလည်း ပို၍ အေးစက်လာခဲ့သည်။

"ငါက အပြစ်မဲ့သူတွေကို မသတ်ပါဘူး၊ ဒါပေမဲ့ မင်းတို့က ငါ့ကို သတ်ချင်နေတာဆိုရင်တော့ မလွန်တော့ဘူး။ ငါ့ရန်သူဖြစ်လို့ မင်းကိုသတ်ရမယ်"

"သတ်"

လုမင်က 'သတ်'ဟူသော စကားလုံးကို ပြောလိုက်သည်နှင့် လုမင်၏ ခန္ဓာကိုယ်မှ အေးစက်စက် သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်လာတော့သည်။ လုမင်၏လက်ထဲတွင် လှံရှည်တစ်ချောင်း ပေါ်လာခဲ့သည်။ လှံရှည်က ယိမ်းနွဲ့သွားပြီး ကောင်းကင်ယံတွင် လှံရိပ်များဖြင့် ပြည့်နေတော့သည်။

"ရွှပ် ရွှပ်..."

လှံရှည်ဖြင့် ပထမဆုံး ထိုးဖောက်ခံရသူက ကလေးမလေး ဖြစ်သည်။ လှံအလင်းက သူမ၏နဖူးကို ထိုးဖောက်ကာ မြေပြင်ပေါ်တွင် သံမှိုကဲ့သို့ စိုက်ဝင်သွားတော့သည်။

ထို့နောက်တွင် အမျိုးသမီနှင့် ရိုးသားသော ပဉ္စမမြောက် အဘိုး ဖြစ်သည်။

ကြင်နာပြီး ရိုးသားသော လူကိုလည်း လုမင်က သတ်ဖြတ်ခဲ့၏။

အစပိုင်းတွင် လုမင် တုန်လှုပ်သွားမိသည်။ သို့သော်လည်း မကြာမီ၊ သူ့အကြည့်များက အေးစက်မှု၊ အထင်အမြင်သေးမှုများဖြင့် အစားထိုးလာတော့သည်။

"သတ်"

"သတ်"

လှံအလင်းက လေထုကို ဖြတ်သန်းသွားခဲ့သည်။ ဤရွာသားများ လုံးဝ မခံနိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် သတ်ခံလိုက်ရ၏။ အလောင်များက တောင်ပေါ်ရွာကို ဖုံးလွှမ်းကာ ဤငြိမ်းချမ်းသောနယ်မြေလေးကို အနီရောင်သွေးများဖြင့် အကျည်းတန်သွားစေတော့သည်။

လုမင်က တောင်ပေါ်ရွာမှ ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားသည်။

သို့ရာတွင်၊ အရပ်ရပ်မှ လုမင်ကို တိုက်ခိုက်နေသော ရွာသူရွာသားများ ရှိနေဆဲပင်။ နောက်ဆုံးတွင် သူတို့အားလုံး အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

တောင်ပေါ်မှ ထွက်လာခဲ့ပြီးနောက် လုမင်ဟာ ပိုကြီးမားသောမြို့ကို တွေ့လိုက်ရသည်။

လူတော်တော်များများက လုမင်ကိုမြင်သောအခါ နီရဲနေသော မျက်လုံးများဖြင့် ကြည့်ပြီး အော်ဟစ်ကြ၏။

"လူသတ်သမား၊ အပြစ်မဲ့သူကို သတ်လိုက်တာ၊ သူ့ကိုသတ်"

မြို့ထဲမှာလည်း လုမင်ကို တိုက်ခိုက်သူများ များပြားလာခဲ့သည်။

လုမင်လည်း ရွေးစရာလမ်းမရှိတော့ဘဲ အားလုံးကို သတ်ပစ်လိုက်လေသည်။

လေထဲတွင် သွေးနံ့များက လှိုင်ထနေပြီး မြေပေါ်မှာလည်း အလောင်းများ သန်းချီကာ ရှိနေခဲ့သည်။

လုမင် ဘယ်နေရာကိုသွားသွား၊ လုမင်ကို မြင်ရသူတိုင်းက သတ်ချင်ခဲ့ကြသည်။ ထို့ကြောင့်။ လုမင်လည်း သူတို့ကို သတ်ခဲ့ရပေသည်။

တဖြည်းဖြည်းနှင့်၊ လုမင်၏ မျက်လုံးများက နီရဲလာခဲ့သည်။ အေးစက်သော သတ်ဖြတ်ချင်စိတ်များလည်း သူ့ခန္ဓာမှ ထွက်ပေါ်လာခဲ့၏။ သူ့မျက်လုံးတွေက အေးစက်သည်ထက် အေးစက်လာတော့သည်။

..........

အပြင်ဘက်မှ ခန်းမထဲတွင် ထူယီက သူ့ရှေ့က စက်လုံးတစ်ခုကို စိုက်ကြည့်နေသည်။

စက်လုံးပေါ်မှာတော့ လုမင်၏ မြင်ကွင်းက ပေါ်နေခဲ့၏။

ရုတ်တရက် လေဟာပြင်က လှုပ်ခတ်သွားပြီး ထူယိဘေးတွင် ရွှေရောင်ရုပ်ပုံတစ်ခု ပေါ်လာခဲ့သည်။

"ကျင်းယီ"

ထူယီ ခေါင်းညိတ်လိုက်သည်။

"သူ ဘယ်လိုနေလဲ။ ပထမအဆင့်ကိုတောင် မကျော်နိုင်ဘူးလား"

ကျင်းယီက မေးသည်။

"မသိဘူး၊ ပထမအဆင့်က အရမ်းခက်ပါတယ်။ ကျင့်ကြံသူတစ်ဦးဖြစ်လာရင် စိတ်ပျော့လို့မရဘူး။ ရန်သူနဲ့တွေ့တဲ့အခါ ဘာပဲဖြစ်ဖြစ် သတ်ရမယ်။ ဒါက မဖြစ်မနေလုပ်ရမဲ့အရာပဲ။ စိတ်ပျော့ရင် ရန်သူလက်ထဲမှာပဲ သေလိမ့်မယ်"

"ဒါပေမဲ့ အဆုံးမဲ့ သတ်ဖြတ်မှုတွေ၊ အလောင်းတောင်တန်းနဲ့ သွေးပင်လယ်ကြားမှာ စိတ်က အမြဲ ကြည်လင်နေရမယ်။ မူလ နှလုံးသားနဲ့ အသိစိတ်ကို ထိန်းထားရမယ်။ တချို့လူတွေက အဆုံးမဲ့ သတ်ဖြတ်မှုကြားမှာ တဖြည်းဖြည်း ပြောင်းလဲသွားကြတယ်။ နောက်ဆုံးမှာတော့ သူတို့က အသိစိတ်မရှိတဲ့ လူသတ်စက်တစ်ခုပဲ ဖြစ်လာလိမ့်မယ်"

ထူယီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်တယ်၊ လူတွေက လွယ်လွယ်နဲ့ လမ်းပျောက်သွားတတ်တယ်"

ကျင်းယီလည်း ခေါင်းညိတ်လိုက်လေသည်။

ရုတ်တရက် လေဟာပြင်က လှုပ်ရှားသွားပြီး နောက်ထပ် ပုံရိပ်တချို့ ပေါ်လာပြန်သည်။ ထူယိကဲ့သို့ပင် သူတို့အားလုံးက ရုပ်သေးများဖြစ်ကြသော်လည်း အရောင်အသွေး ကွဲပြားကြပေသည်။

သူတို့က လဲ့ယီ၊ မူယီနှင့် ရွှေယီတို့ ဖြစ်သည်။

ထိုပုံရိပ်များက ပေါ်လာသည်နှင့် မျက်တောင်မခတ်ဘဲ စက်လုံးကို စိုက်ကြည့်လိုက်ကြသည်။

"ဒီကောင်လေး ကျော်လွှားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ နှစ်ပေါင်းများစွာကြာနေပြီ"

ရွှေယီက သက်ပြင်းတစ်ချက်ချလိုက်သည်။ အားလုံးက သူ့ကိုကြည့်လိုက်သော်လည်း တခြားဘာမှ မပြောပေ။

လုမင်၏ သတ်ဖြတ်မှုက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

သူ့မျက်လုံးများက နီရဲလာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ချင်စိတ်များကလည်း ပို၍ အားကောင်းလာတော့သည်။

"သတ်၊ သတ်၊ သတ်။ အရာအားလုံးကို သတ်လိုက်"

သူ့စိတ်ထဲတွင် အဆုံးမဲ့သတ်ဖြတ်မှုများပြုရန် အဆက်မပြတ် ဟိန်းဟောက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ဤသတ်ဖြတ်ချင်စိတ်မျိုးက ပြင်ပကမ္ဘာမှ လုမင်အပေါ် ချမှတ်ထားတာမျိုးမဟုတ်ဘဲ သူ့နှလုံးသားထဲမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ တတိယသွေးမျိုးဆက်ပင်လျှင် လုမင်ကို မကူညီနိုင်ခဲ့ပေ။

"ဖိနှိပ်"

ရုတ်တရက် လုမင်၏စိတ်ထဲမှာ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယင်းက ငရဲဖိနှိပ်ကျောက်စာချပ်မှ ထွက်ပေါ်လာသော အသံပင်။

လုမင်လည်း တစ်ချက်တုန်သွားပြီးနောက် သူ့စိတ်ထဲမှာ ကြည်လင်ပြတ်သားမှု အရိပ်အယောင်များ ပြန်ရလာခဲ့သည်။

"မဟုတ်ဘူး၊ ငါက လုမင်... ငါ့ဘဝမှာ ရန်သူတွေကိုပဲ သတ်တယ်။ အပြစ်မဲ့သူတွေကို မသတ်ဘူး။ ရန်သူတွေက ဘယ်လောက်ပဲ သတ်ပစ်ရပါစေ၊ သူတို့က ရန်သူတွေ ဖြစ်နေတုန်းပဲ။ တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး။ သတ်ချင်ရင်တောင် သတ်ထိုက်သူတွေကိုပဲ သတ်ပစ်မယ်"

လုမင်၏ အသိစိတ်က သိသိသာသာ ပြောင်းလဲလာပြီး သူ့မျက်လုံးများလည်း တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။

နောက်ဆုံးတွင် သူ့စိတ်က လွတ်ငြိမ်းသွားပြီး တင်ပျဉ်ခွေထိုင်လိုက်၏။

အပြင်ဘက်မှ ထိုတိုက်ခိုက်မှုများက လုမင်အပေါ်သို့ ကျရောက်လာခဲ့သည်။ သို့ရာတွင် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပြီး လုမင်အား အနည်းငယ်မျှ မထိခိုက်နိုင်ခဲ့ပေ။

All Chapters