← Chapters

အခန်း ၁၂၉၄

Vol. 87 Ch. 1294

အခန်း ၁၂၉၄

Vol. 87 Ch. 1294

အပိုင်း ( 1294 ) တာအိုသိုင်းပညာများ။

အခန်းက ယခင် ကျောက်အခန်းနှင့် မခြားပေ။

ကျောက်အခန်းနံရံများက ကမ္ပည်း စာလုံးများဖြင့် ပြည့်နေခဲ့သည်။ တစ်ခုတည်းသော ခြားနားချက်ဟူ၍ ဤစာလုံးများက မီးသဘောတရား ပြည့်နေခြင်းသာ ရှိပေသည်။

ရှေ့တွင်၊ မီးလျှံနီရောင် အလင်းကန့်လန့်ကာတစ်ခုက သူ့လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သည်။

"ဒီက နံရံတွေပေါ်မှာ မီးတာအိုသိုင်းပညာဖြစ်တဲ့ မူလမီးဓာတ်စွမ်းအင်ကျမ်း ရှိတယ်။ နှစ်ဝက်အတွင်းမှာ မူလမီးတောက်ကျမ်းကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်မှ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်"

ထိုအသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

"ဒီတစ်ခါက မီးတာအိုသိုင်းပညာဖြစ်တဲ့ မူလမီးဓာတ်စွမ်းအင်ကျမ်းပေါ့"

"ဒါက ငါနားလည်ထားတဲ့ တာအိုတွေကို အခြေခံထားတာများလား။ ငါက တာအိုငါးခု နားလည်ထားတာဆိုတော့ တာအိုသိုင်းပညာငါးခု လေ့ကျင့်ရမှာလား"

လုမင်လည်း မှန်းဆလိုက်သည်။

လုမင်က အလင်းကန့်လန့်ကာကိုကြည့်ကာ လျှောက်သွားသည်။ သူက မြေတာအိုကိုလှည့်ပတ်ပြီး လက်သီးနှင့် ထိုးချလိုက်၏။

ပြင်းထန်သော လက်သီးအင်အားက အလန့်ကန့်လန့်ကာကို ထိမှန်သွားသော်လည်း ငြိမ်သက်နေဆဲဖြစ်ကာ လှိုင်းလုံးတစ်ခုမျှပင် ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။

ထို့နောက်တွင် လုမင်က မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်း၊ အတားအဆီးမဲ့သော ကောင်းကင်သိုင်း၊ နဝမနဂါးခြေလှမ်း စသည်တို့သို့ ပြောင်းလဲ ထုတ်ဖော်ကြည့်ခဲ့သည်။ ‌မျှော်လင့်ထားသည့်အတိုင် အားလုံးက အသုံးမဝင်ပေ။ အလင်းကန့်လန့်ကာက အနည်းငယ်မျှပင် မတုန်လှုပ်ခဲ့ပါ။ သူ ဖြတ်သန်းသွားလိုပါက မူလမီးတောက်ကျမ်းကို အမှန်တကယ် နားလည်နိုင်ရန် လိုအပ်သည်။

လုမင်လည်း အများကြီး မစဉ်းစားတော့ဘဲ မူလမီးတောက်သိုင်းပညာကို နားလည်ဆင်ခြင်ရန် ကမ္ပည်းစာလုံးများကို စတင်လေ့လာခဲ့သည်။

ယခင်အတွေ့အကြုံအရ လုမင်ဟာ အခြေအနေကို လျင်မြန်စွာ နားလည်သ‌ဘောပေါက်ခဲ့ပေသည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။

နှစ်လနှင့် ဆယ့်နှစ်ရက်အကြာတွင်...

လုမင်၏ ခန္ဓာကိုယ်က မီးနတ်ဘုရားကဲ့သို့ မီးတောက်မီးလျှံများ လောင်နေခဲ့သည်။ ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရုံဖြင့် မီးတာအိုစွမ်းအားက ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်လိုက်၏။

မူလမီးတောက်ကျမ်းကို သူ အောင်မြင်စွာ လေ့ကျင့်ပြီးသွားပြီ။

"အောင်မြင်တယ်၊ သူ နောက်တစ်ခါ အောင်မြင်သွားပြန်ပြီ။ ဟားဟားဟား"

"ဒါကလည်း သုံးလအတွင်းမှာပဲ ရှိသေးတယ်။ ဒီတစ်ကြိမ်က ‌မူမြေဓာတ်စွမ်းအင်ကျမ်းနဲ့ယှဥ်ရင် သုံးရက်လောက် ချွေတာပြီး နှစ်လနဲ့ ဆယ့်နှစ်ရက်ပဲ ကြာခဲ့တယ်။ မျှော်လင့်ချက်ရှိတယ်၊ ဒီတစ်ခါတော့ မျှော်လင့်ချက်ရှိလာပြီ"

"လုမင်ရဲ့ နားလည်နိုင်စွမ်းက မြင့်မားလွန်းတယ်။ ဒီတစ်ခါတော့ တကယ်ကို မျှော်လင့်ချက်ရှိပြီပဲ"

ခန်းမထဲတွင် ထူယီ၊ ရွှေယီနှင့် တခြားသူများက အားတက်သရော ဝိုင်းအော်လိုက်ကြသည်။

ယခင်တုန်းက တာအိုသိုင်းပညာကို အလျင်မြန်ဆုံး လေ့ကျင့်နိုင်သူဟာ သုံးလခွဲကြာခဲ့သည်။

သို့ရာတွင်၊ လုမင်ကတော့ ပထမကျမ်းအတွက် နှစ်လခွဲသာ အသုံးပြုခဲ့ရသည်။ ဒုတိယကျမ်းအတွက်ဆိုလျှင် ပထမကျမ်းထက် ပို၍မြန်ပြီး သုံးရက်စော၍ အောင်မြင်ခဲ့ပေသည်။ ယင်းက အခြားသူများကို လုံးဝ သာလွန်ခဲ့သည်။

အချိန်ပိုနည်းလေလေ၊ အလားအလာပိုကောင်းလေ ဖြစ်သည်။ သို့မှသာ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မည်။

"ဝုန်း"

လုမင်က မူလမီးဓာတ်စွမ်းအင်ကျမ်းဖြင့် လက်ညိုးတစ်ချက်ညွှန်လိုက်သည်။ မီးတာအိုစွမ်းရည်က သူ့လက်ချောင်းထိပ်သို့ စိမ့်ဝင်သွားပြီး မီးလျှံနီရောင် အလင်း မျက်နှာပြင်ကို ထိလိုက်၏။ အလင်းမျက်နှာပြင်က ခဏချင်း ကွဲအက်ကာ ပျောက်ကွယ်သွားတော့သည်။

လုမင်လည်း ပြုံးရုံပြုံးပြီး ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။

လုမင် မျှော်လင့်ထားသည့်အတိုင်းပင်။ မကြာမီ အခြား ကျောက်အခန်းတစ်ခုသို့ သူ ထပ်မံရောက်ရှိလာခဲ့သည်။

ဤကျောက်ခန်းနံရံများမှာလည်း စာလုံးများ ထွင်းထုထားတာ ရှိ၏။ ကျောက်ခန်း၏ အဆုံးမှာလည်း အလင်းမျက်နှာပြင်တစ်ခု ရှိနေခဲ့ပေသည်။

ဤတစ်ကြိမ်တွင်၊ လေတာအိုသိုင်းပညာ... မူလလေဓာတ်စွမ်းအင်ကျမ်းကို နားလည်ရန် လိုအပ်သည်။

လုမင်လည်း အချိန်မဖြုန်းတော့ဘဲ ချက်ချင်း နားလည်ဆင်ခြင်လိုက်လေသည်။

ဤတစ်ကြိမ်တွင် လုမင် အသုံးပြုသည့်အချိန်က နှစ်ရက်တိုသွားသည်။ ယခုတစ်ခါမှာ၊ မူလ‌လေဓာတ်စွမ်းအင်ကျမ်းကို အောင်မြင်စွာ နားလည်ပြီး ဤအဆင့်ကို ကျော်ဖြတ်ရန် နှစ်လနှင့် ဆယ်ရက်သာ အသုံးပြုခဲ့သည်။

မကြာမီ၊ နောက်တစ်ဆင့်သို့ သူ ရောက်လာတော့သည်။

ယခုတစ်ကြိမ်က ရေတာကို၊ မူလရေဓာတ်စွမ်းအင်ကျမ်း ဖြစ်သည်။

ဤတစ်ခါမှာလည်း နှစ်ရက် ပို၍တိုသွားသည်။ သူဟာ ဤအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ရန် နှစ်လနှင့် ရှစ်ရက်သာ အသုံးပြုခဲ့ရပေသည်။

ထို့နောက် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သည်။ မိုးကြိုးတာအိုသိုင်းပညာ၊ မူလမိုးကြိုးဓာတ်စွမ်းအင်ကျမ်းကို လေ့ကျင့်ခဲ့ရ၏။

ယခင် တာအိုသိုင်းပညာ လေးခုနှင့်ယှဉ်လျှင် မိုးကြိုးတာအိုသိုင်းပညာက ပို၍ ရိုးရှင်းသည်။ အကြောင်းမှာ လုမင်က မိုးကြိးနတ်ဘုရားပေါက်ကွဲခြင်း မိုးကြိုးတာအိုသိုင်းပညာအား လေ့ကျင့်ထားခဲ့သောကြောင့်ပင်။ သူဟာ မိုးကြိုးတာအိုသိုင်းပညာကို လေ့ကျင့်ရာတွင် အတွေ့အကြုံ ပို၍ ရှိခဲ့သည်။ ထို့ကြောင့်ပင် လေ့ကျင့်ရသည်မှာလည်း ပို၍ လွယ်ကူခဲ့ပေသည်။

အဆုံးတွင်၊ လုမင်က မူလမိုးကြိုးဓာတ်စွမ်းအင်ကျမ်းကို အောင်မြင်စွာ လေ့ကျင့်ပြီး ဤအဆင့်ကို ကျော်ဖြတ်ရန် နှစ်လသာ အသုံးပြုခဲ့ရသည်။

"ဂုဏ်ယူပါတယ်၊ မင်း ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ"

လုမင်က ပဉ္စမမြောက် အလင်းမျက်နှာပြင်ကို ဖြတ်သွားသောအခါ ယခင်ကအသံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

အစမှ အဆုံးထိ၊ လုမင်ဟာ တစ်နှစ်မပြည့်မီတွင် ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီး အစွမ်းထက်သော သိုင်းပညာငါးခုကိုလည်း လေ့ကျင့်နိုင်ခဲ့သည်။

"တကယ်ကို အမြတ်ထွက်တာပဲ။ ဒီတစ်ခေါက် ဟွင်းယွမ်ကျမ်းကို မရလိုက်ရင်တောင် ငါ အမြတ်ရနေတုန်းပဲ"

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ဤတာအိုသိုင်းပညာငါးခုက ပြင်ပကမ္ဘာတွင် အဖိုးမဖြတ်နိုင်သော သိုင်းပညာများ ဖြစ်သည်။ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကဲ့သို့သော တာအိုသိုင်းပညာများက ၎င်းတို့နှင့် နှိုင်းယှဉ်၍မရပါ။ ၎င်းတို့ တစ်ခုစီက အဆင့်မြင့် တာအိုသိုင်းပညာများ ဖြစ်ကြသည်။

လုမင်သာ ဤတာအိုသိုင်းပညာများကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပါက၊ သူ၏တိုက်ခိုက်နိုင်စွမ်းများ တဟုန်ထိုး တိုးတက်လာလိမ့်မည်။

"ဆက်ကြရအောင်၊ ဟွင်းယွမ်ကျမ်းကို ငါ ရရမယ်"

လုမင်က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

စမ်းသပ်မှုတစ်ခုမှာပင် ထိုမျှ အံ့ဖွယ်ကောင်းသော သိုင်းပညာငါးခုကို သင်ယူနိုင်ခဲ့သည်။ အကယ်၍ ဟွင်းယွမ်ကျမ်းကို ရရှိခဲ့လျှင် ပို၍ မယုံနိုင်စရာဖြစ်လိမ့်မည်။ လုမင်၏ နှလုံးသားက ပြင်းပြစွာ ပူလောင်သွားခဲ့သည်။

ရှေ့ကို ဆက်လျှောက်လာပြီး ခဏကြာသောအခါ၊ သူ့ရှေ့တွင် အလင်းရောင် လင်းလက်သွားခဲ့သည်။ တိုက်ပွဲစင်မြင့်တစ်ခုကို လုမင် ရောက်လာခဲ့၏။

တိုက်ပွဲစင်မြင့်က မီတာတစ်ရာကျော် ကျယ်ဝန်းသည်။

"တိုက်ပွဲစင်မြင့်... ဒါက တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်မှာလား'

လုမင် မျက်ခုံးပင့်လိုက်သည်။

"ဝမ်... ဝမ်... ဝမ်..."

တိုက်ပွဲစင်မြင့်ပေါ်သို့ လုမင် ခြေချလိုက်သည်နှင့် သူ့ရှေ့တွင် လူငါးယောက် ရုတ်တရက် ပေါ်လာခဲ့၏။

ဤလူငါးယောက်စလုံးက အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး အမျိုးသားများဖြစ်သော်လည်း သူတို့၏ အသားအရောင်ကတော့ ကွဲပြားသည်။

အနီရောင်၊ မြေဝါရောင်၊ မိုးပြာရောင်နှင့် အပြာရောင် ရှိသည်။

သူတို့က လုမင် ယခင်က မြင်ခဲ့ဖူးသည့် ထူယီနှင့် အလွန်ဆင်တူပေသည်။ သူတို့ကလည်း ရုပ်သေးရုပ်များ ဖြစ်ပုံရသည်။

"နောက်ဆုံးအဆင့်၊ မြေတာအိုသိုင်းပညာ၊ မီးတာအိုသိုင်းပညာ၊ မိုးကြိုးတာအိုသိုင်းပညာ၊ လေဝာာအိုသိုင်းပညာနဲ့ ရေတာအိုသိုင်းပညာတို့ကို အသုံးပြုပြီး ရုပ်သေးငါးခုကို အနိုင်ယူပါ။ အခြား သိုင်းပညာတွေကိုသုံးရင် အကျုံးမဝင်ဘူး"

"အချိန် ကန့်သတ်ချက်က နှစ်နှစ်"

လုမင်၏ စိတ်ထဲမှာ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးအဆင့်တွင် သူက ဤရုပ်သေးငါးကောင်ကို နှစ်နှစ်အတွင်း အနိုင်ယူရန်သာလိုသည်။

လုမင်၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

"ဝှစ်"

ပုံရိပ်ငါးခုထဲမှ တစ်ခုက လုမင်ကို ခုန်ဝင်တိုက်ခိုက်လိုက်၏။

ဤပုံရိပ်က မြေဝါရောင်ဖြစ်ပြီး မြေတာအိုသိုင်းပညာအား အသုံးပြုထားသည်။

ထိုပုံရိပ်က လက်သီးဖြင့် ထိုးချလိုက်ရာ မူလမြေဓာတ်စွမ်းအင်ကျမ်း စွမ်းအားများက လေထဲတွင် ပြည့်နှက်သွားခဲ့သည်။ ယင်းက လုမင်အပေါ်တွင် ပြင်းထန်သော ဖိအားတစ်ခု သက်ရောက်စေခဲ့၏။

ဤရုပ်သေး၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် အားနည်းသည်မဟုတ်ပေ။ မြေတာအိုသိုင်းပညာဖြင့် သူက ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်ခဲ့သည်။

"ဝုန်း"

လုမင်ထံမှ ယွမ်ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ မူလမြေဓာတ်စွမ်းအင်ကျမ်း စွမ်းအားက လေထဲတွင် ပြည့်နှက်သွား၏။ သူကလည်း မူလမြေဓာတ်စွမ်းအင်ကျမ်းကို အသုံးပြုကာ ရုပ်သေးကို ထိုးနှက်လိုက်တော့သည်။

လက်သီးနှစ်လုံး ထိပ်တိုက်မိသောအခါ၊ လုမင်က သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာသော အင်အားများကို ခံစားလိုက်ရသည်။

လုမင်၏ ခန္ဓာကိုယ်က တုန်ယင်ပြီး နောက်ဆုတ်သွားခဲ့ရလေသည်။

'သူ့ရဲ့ ‌မူလမြေဓာတ်စွမ်းအင်ကျမ်း ကျွမ်းကျင်မှုက ငါ့ထက်သာလွန်တယ်'

လုမင်၏ မျက်လုံးများက စူးရှလာခဲ့သည်။

"ဝုန်း"

မြေဝါရောင်ရုပ်သေးက ခြေတစ်ချက်ဆောင့်နင်းပြီး လုမင်နောက်သို့ ခုန်လိုက်လာသည်။ သူသည် တောင်တစ်လုံးကဲ့သို့ လေးလံသော လက်သီးချက်ကို ထုတ်ဖော်လိုက်၏။

'မရဘူး'

လုမင် တွေးလိုက်သည်။ သူတို့က အင်အားတူညီသော်လည်း၊ လုမင်၏ မြေဓာတ်စွမ်းအင်ကျမ်း နားလည်မှုက ပြိုင်ဘက်လောက် မမြင့်မားသေးပါ။ သူက တစ်ဖက်လူ၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။

အခြားသော သိုင်းပညာများကို အသုံးပြုလျှင်လည်း ထိရောက်မှုရှိမည် မဟုတ်ပါ။

"ဂါး..."

နဂါးစွမ်းအင်ကိုးခု ပေါက်ကွဲခြင်းနှင့်အတူ လုမင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့သည်။

နဂါးစွမ်းအင်များ ပေါက်ကွဲလိုက်သည်နှင့် လုမင်၏အင်အားက သိသိသာသာ တိုးလာခဲ့၏။ သူက မူလမြေဓာတ်စွမ်းအင်ကျမ်းကို အသုံးပြုပြီး လက်သီးချက် ထုတ်ဖော်လိုက်တော့သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် လုမင်၏ အမူအရာ ပြောင်းသွားခဲ့ရသည်။

မြေဝါရောင်ရုပ်သေးကလည်း နဂါးစွမ်းအားများ ပေါက်ကွဲထုတ်ဖော်လာခဲ့သည်။ ထို့နောက် လုမင်ထက် အားမနည်းသောအင်အားဖြင့် လက်သီးချက် ထုတ်ဖော်လိုက်၏။ ထိုအခါ အားကောင်းသည့် ‌မူလမြေဓာတ်စွမ်းအင်ကျမ်းဖြင့် လုမင်ကို လွှမ်းမိုးနေပြန်တော့သည်။

All Chapters