← Chapters

အခန်း ၁၂၉၆

Vol. 87 Ch. 1296

အခန်း ၁၂၉၆

Vol. 87 Ch. 1296

အပိုင်း ( 1296 ) အောင်မြင်ခြင်း။

ခန်းမထဲတွင် ထူယီ၊‌ ကျင်းယီနှင့် အခြားသူများက အလင်းစက်လုံးကိုကြည့်ကာ ဂရုတစိုက် စောင့်ကြည့်နေကြသည်။

"ဒါက နောက်ဆုံးအဆင့်ပဲ။ သူအောင်မြင်နိုင်မလား မသိဘူး"

ကျင်းယီ သက်ပြင်းချလိုက်၏။ သူ့မျက်လုံးများက မျှော်လင့်ချက်တို့ ပြည့်နေသော်လည်း အနည်းငယ် စိုးရိမ်လျက်ရှိပေသည်။

"နောက်ဆုံးအဆင့်က အရေးကြီးဆုံးအဆင့်ပဲ။ သမိုင်းမှာ ဒီအဆင့်ကို ရောက်ဖူးသူတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူတို့အားလုံး မအောင်မြင်ခဲ့ဘူး။ တာအိုသိုင်းပညာငါးမျိုးကို တစ်ခုတည်းအဖြစ် မပေါင်းစပ်နိုင်ရင် ဟွင်းယွမ်တာအိုကို အောင်အောင်မြင်မြင် လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူး"

ထူယီက ပြောသည်။

"ဒီကောင်လေးက အစပိုင်းမှာ အကောင်းဆုံးရလဒ် ရှိခဲ့တာပဲ။ သူအောင်မြင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

မီးနီရောင်ရုပ်သေးက ပြောလိုက်သည်။

"မျှော်လင့်ပါတယ်"

တခြားသူများလည်း သက်ပြင်းချလိုက်ကြလေသည်။

..........

တိုက်ပွဲစင်မြင့်တွင်၊ လုမင်က စင်မြင့်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။

"ထပ်လာမယ်"

လုမင် စိတ်ဓာတ်မကျပေ။ သူက တိုက်ပွဲစင်မြင့်ပေါ်သို့ တစ်ဖန် ပြေးတက်သွားခဲ့သည်။ ရုပ်သေးငါးကောင်ကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်၏။ တာအိုသိုင်းပညာငါးခုကို ပေါင်းစပ်ပြီး လုမင်ဆီသို့ တွန်းပို့လာတော့သည်။

လုမင်က တိုက်ခိုက်ရင်း ရုပ်သေးငါးကောင်၏ သိုင်းပညာငါးခု ပေါင်းစပ်ထားပုံကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ သူ့စိတ်ထဲမှာလည်း ယင်းကို တွေးတောဆင်ခြင်နေခဲ့၏။

တာအိုသိုင်းပညာငါးခု၏ စွမ်းအားက ပြင်းထန်လွန်းလှသည်။ နှစ်ကြိမ်လှုပ်ရှားပြီးနောက် လုမင်ဟာ တိုက်ပွဲစင်မှ လွင့်စဉ်သွားပြီး သွေးများ အန်ထွက်ခဲ့လေသည်။

"ထပ်လာမယ်"

"ထပ်လာမယ်"

လုမင်က စိတ်ဓာတ်မကျပေ။ သူ့ဒဏ်ရာများကို လျစ်လျူရှုပြီး ဆက်လက်တိုက်ခိုက်နေခဲ့သည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီ။

အစပိုင်းတွင်၊ လုမင်က လှုပ်ရှားမှုတစ်ခု၊ နှစ်ခုသာ တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင်၊ လုမင်က ပို၍ ပို၍ တားဆီးနိုင်ပြီး သူထိန်းထားနိုင်သည့် အချိန်ကလည်း ပို၍ ရှည်ကြာလာပေသည်။

နောက်ထပ် နှစ်ဝက်ကြာမြင့်ပြီးနောက် လုမင်ဟာ ဆယ်ကြိမ်ထက်မနည်း ထိန်းထားနိုင်ခဲ့သည်။

ထိုအချိန်တွင်၊ နှစ်နှစ်မကုန်မီ ကိုးလခန့်သာ လိုတော့သည်။ လုမင်ကတော့ တာအိုသိုင်းပညာငါးခုကို ယခုထိ မပေါင်းစပ်နိုင်သေးပေ။

တာအိုသိုင်းပညာ ငါးခုတွင် တစ်ခုစီတိုင်းက ထူးခြားသော ကိုယ်ပိုင်စနစ်တစ်ခုစီ ရှိသည်။ တစ်ခုစီက သက်ဆိုင်ရာနည်းလမ်းတွင် နက်နဲစွာ ထုတ်ဖော်ထားကြ၏။ အားလုံးက အလွန်တရာ ထူးခြားလှပေသည်။ ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရန်မှာ အလွန်ခက်ခဲသည်။

"အရင်က တာအိုငါးခုကို ပေါင်းစပ်လိုက်တာဟာ အပေါ်ယံ ပေါင်းစပ်မှုတစ်ခုပဲ ဖြစ်ပုံရတယ်။ အဲဒါက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခု မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုကို လိုချင်ရင် တာအိုငါးခုကို ခွဲထားရမှာ မဟုတ်ဘူး။ အဲဒီအစား တာအိုအသစ်တစ်ခု ဖြစ်လာလိမ့်မယ်"

ဤအချိန်အကြာတွင်၊ လုမင်က သူ၏ တာအိုငါးခုကို ပေါင်းစပ်ခြင်းဟူသည် အပေါ်ယံပေါင်းစပ်မှုတစ်ခုသာဖြစ်ကြောင်း နားလည်လာခဲ့သည်။ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုမှ မိုင်ပေါင်းများစွာ ဝေးကွာနေသေးသည်။

"တာအိုသိုင်းပညာငါးခုကို ပေါင်းစပ်ချင်ရင် တာအိုတွေကို အရင်ဆုံး ပေါင်းစပ်ဖို့လိုတယ်"

လုမင်ဟာ စိတ်ထဲမှ ဖြစ်နိုင်ခြေအားလုံးကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ ထို့နောက် သူ၏ အတွေးအမြင်များကို အတည်ပြုရန် တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လိုက်၏။

"ဝုန်း... ဝုန်း... ဝုန်း"

တိုက်ပွဲစင်မြင့်တွင် တာအိုအလင်းငါးခုက သူ့ပတ်ဝန်းကျင်၌ လှည့်ပတ်နေသည်။ သူက မတူညီသော တာအိုသိုင်းပညာငါးခုကို ထုတ်ဖော်လိုက်၏။ မီး၊ မိုးကြိုး၊ လေ... တို့က ရုပ်သေးငါးကောင်ဆီသို့ တိုးဝင်လာတော့သည်။

သို့သော်လည်း သူ၏ တိုက်ခိုက်မှုက တာအိုသိုင်းပညာငါးခုဖြင့် ပေါင်းစပ်မှုအောက်တွင် ချက်ခြင်းပြိုလဲသွားရသည်။ သူတို့က လုံးဝ မယှဉ်နိုင်ခဲ့ပေ။

သံမဏိကို တို့ဟူးနှင့် ယှဉ်ပြိုင်နေသကဲ့သို့ ဖြစ်သည်။

"ဆက်မယ်"

လုမင်က တာအိုငါးခု၏ သိုင်းပညာငါးခုကို ပေါင်းစပ်ရန် ကြိုးစားခဲ့သည်။

"ဟုတ်တယ်၊ ဒီခံစားချက်ပဲ။ ဒီလမ်းကို ဆက်လျှောက်နေသရွေ့ ငါ နောက်ဆုံးမှာ အောင်မြင်လိမ့်မယ်"

မအောင်မြင်သေးသော်လည်း လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

နောက်ဆုံးတွင် လမ်းကြောင်းမှန်ကို ရှာတွေ့လိုက်ရသလို ခံစားလိုက်ရ၏။

လမ်းကြောင်းမှန်ကို ရှာတွေ့သရွေ့ နောက်ဆုံးတွင် အောင်မြင်နိုင်လိမ့်မည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားခဲ့သည်။ လဝက်ကြာပြီးနောက် လုမင် အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ ယခုတစ်ကြိမ်တွင် တာအိုလေးခု၏ သိုင်းပညာလေးခုသာ ပေါ်လာခဲ့၏။ တာအိုတစ်ခုက ပျောက်သွားခြင်းမဟုတ်ဘဲ တာအိုနှစ်ခုကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့၍ ဖြစ်တော့သည်။

"ဟားဟားဟား၊ နောက်ဆုံးတော့ ပထမခြေလှမ်းကို အောင်မြင်ခဲ့ပြီ"

လုမင် ဝမ်းသာသွားသည်။

အချိန်အတော်ကြာပြီးနောက် ပထမခြေလှမ်းကို သူ လှမ်းနိုင်ခဲ့ပြီ။

ယခုအခါ သူက တာအိုနှစ်ခုကို ပေါင်းစပ်ထားပြီးပြီ ဖြစ်သည်။ တာအို သုံးခု၊ လေးခု သို့မဟုတ် ငါးခုကို မပေါင်းစည်းမီ အချိန်တစ်ခုသာ လိုလိမ့်မည်။

"ဆက်မယ်၊ ဆက်လုပ်မယ်"

လုမင် စိတ်လှုပ်ရှားစွာဖြင့် ဆက်လက် တိုက်ခိုက်ခဲ့သည်။

ခန်းမထဲမှာလည်း ထူယီ၊ ကျင်းယီနှင့် အခြားသူများမှာ စိတ်လှုပ်ရှားလွန်းလို့ ထခုန်လုနီးပင်။

"အောင်မြင်တယ်၊ သူအောင်မြင်သွားတယ်။ သူက တာအိုနှစ်ခုကို ပေါင်းစပ်ထားပြီးပြီ၊ အောင်မြင်မှုက သိပ် မဝေးတော့ဘူး"

"သမိုင်းမှာ ပထမဆုံး၊ သမိုင်းတစ်လျှောက် ပထမဆုံးပဲ။ ဘယ်သူကမှ ဒီအဆင့်ကို မရောက်ဖူးဘူး။ အခု မျှော်လင့်ချက်ရှိလာပြီ"

"ဟားဟားဟား၊ အရှင်ရဲ့ အမွေအတွက် နောက်ဆုံးမှာ ဆက်ခံသူရှိလာခဲ့ပြီလား"

ကျင်းယီနှင့် အခြားသူများ ရယ်မောလိုက်ကြသည်။ သူတို့အားလုံး အလွန်ပျော်ပြီး စိတ်လှုပ်ရှားနေခဲ့လေသည်။

ပထမ တာအိုနှစ်ခုသည် ပေါင်းစပ်ရန် အတော်လေးလွယ်ကူသော်လည်း နောက်ပိုင်းရောက်လေ၊ ခက်ခဲလေ ဖြစ်သည်။

သို့သော်လည်း လုမင်က လမ်းကြောင်းမှန်ကို ရှာတွေ့ခဲ့၏။ သူ့တွင် ပြတ်သားသော ပန်းတိုင်တစ်ခုရှိ၍ အချိန်နှင့်အမျှ တိုးတက်နေတော့မည် ဖြစ်သည်။

အချိန်များ တစ်လပြီးတစ်လ ကုန်လွန်သွားခဲ့သည်။

နှစ်နှစ်အချိန်ကလည်း နီးကပ်လာခဲ့ပြီ။

လုမင်သည်လည်း အောင်မြင်မှု ကြီးကြီးမားမား ရခဲ့သည်။

သူဟာ တာအိုသုံးခုမှ တာအိုလေးခုအထိ အောင်မြင်စွာ ပေါင်းစပ်ခဲ့သည်။ နောက်ဆုံးမှာတော့ နှစ်နှစ်မပြည့်မီပင် တာအိုငါးခု၏ တာအိုသိုင်းပညာငါးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်တော့သည်။

"ဝုန်း"

လှုပ်ရှားမှုတစ်ခုနှင့် ကစဉ့်ကလျား စွမ်းမင်များက လေထဲတွင် ပြည့်သွားသည်။ ကြောက်စရာကောင်းသော အဖျက်စွမ်းအားက ရုပ်သေးငါးကောင်၏ တိုက်ခိုက်မှုများကို ချေဖျက်ကာ ဆက်လက် တိုက်ခိုက်လိုက်၏။

"ဝုန်း... ဝုန်း... ဝုန်း"

ရုပ်သေးငါးကောင်စလုံး တိုက်ပွဲကွင်းပြင် အပြင်ဘက်ကို လွင့်စဉ်သွားခဲ့သည်။

ရုပ်သေးငါးကောင်က တာအိုငါးခု၏ သိုင်းပညာငါးခုကို ပေါင်းစပ်ထားသော်လည်း လူငါးဦးမှ ပေါင်းစပ်ခြင်း ဖြစ်သည်။ သို့ရာတွင်၊ လုမင်က လူတစ်ဦးဖြစ်ပြီး ပေါင်းစပ်မှုမှုကလည်း ပို၍သန့်စင်ကာ အားကောင်းသည်။ သူ ထုတ်ဖော်နိုင်သော စွမ်းအားကလည်း သဘာဝအတိုင်း ပို၍ အားကောင်းခဲ့ပေသည်။

"ဟားဟားဟား၊ သူအောင်မြင်ပြီ... သူအောင်မြင်သွားပြီ"

"သွားကြည့်ရအောင်"

ထူယီ၊ ကျင်းယီနှင့် အခြားသူများလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ ထို့နောက်တွင် ခန်းမထဲမှ ထွက်သွား၏။ နောက်အခိုက်မှာတော့ လုမင်ရှိသော တိုက်ပွဲကွင်းပြင်မှ လေဟာပြင်က ကွဲအက်သွားပြီး ထူယီနှင့် တခြားသူများ ထွက်လာတော့သည်။

"အကြီးအကဲ ထူယီ"

ထူယီကိုမြင်တော့ လုမင် အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် လက်ယှက်ပြီး ဦးညွှတ်ကာ ကျင်းယီနှင့် အခြားလူများကို ကြည့်လိုက်၏။

"ဟားဟားဟား၊ လုမင်... သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး။ မင်း စမ်းသပ်မှုတွေအားလုံးကို အောင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ဟွင်းယွမ်ကျမ်းကို လေ့ကျင့်ဖို့အတွက် အရည်အချင်း ပြည့်မီပြီ။ လာလာ... ငါ မင်းကို မိတ်ဆက်ပေးမယ်။ ဒါက ကျင်းယီ၊ လဲ့ယီ..."

ထူယီက လွန်စွာ စိတ်လှုပ်ရှားနေဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။ သူက ကျင်းယီ၊ အခြားသူများနှင့်လည်း လုမင်ကို မိတ်ဆက်ပေးခဲ့လေသည်။

"လုမင်က အကြီးအကဲတွေကို နှုတ်ခွန်းဆက်ပါတယ်"

လုမင်သည် ကျင်းယီနှင့် အခြားသူများက ရုပ်သေးများဖြစ်မှန်း သိသော်လည်း လေးလေးစားစား ဦးညွှတ်နေဆဲ ဖြစ်သည်။

"ဟားဟားဟား၊ သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဟွင်းယွမ်ကျမ်းကို လေ့ကျင့်မှု အောင်မြင်တဲ့အခါ မင်းက ဧကရာဇ် ငါတို့သခင်ရဲ့ ဆက်ခံသူဖြစ်သလို ငါတို့ရဲ့ အရှင်သခင်လည်း ဖြစ်လိမ့်မယ်"

ကျင်းယီမှာ ပါးစပ်ပင် မစေ့နိုင်အောင် ရယ်မောနေတော့သည်။

"သခင်လား"

လုမင် အံ့သြသွားသည်။

"လုမင်၊ ငါ မင်းကို သေသေချာချာ ရှင်းပြပေးပါ့မယ်။ ဟွင်းယွမ်ဂိုဏ်းရဲ့ ဟွင်း(ကစဉ့်ကလျား)နန်းတော်ပဲ။ နန်းတော်ရှင်ကတော့ ဟွင်းဧကရာဇ်ပဲလေ။ ဟွင်းဧကရာဇ်က ဟွင်းယွမ်ဂိုဏ်းရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေထဲက တစ်ယောက်ပဲ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက မိုးနဲ့မြေကြားမှာ တုနှိုင်းမယှဉ်သာဘူး"

"မင်းသာ ဟွင်းယွမ်ကျမ်းကို အောင်မြင်အောင် လေ့ကျင့်နိုင်ရင် ဟွင်းဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်ပြီး၊ ငါတု့ရဲ့ အရှင်သခင်လည်း သဘာဝအတိုင်း ဖြစ်လိမ့်မယ်"

ထူယီက ရှင်းပြလိုက်သည်။

"ဟွင်းနန်းတော်ရှင်က ဟွင်းယွမ်ဂိုဏ်းရဲ့ အကြီးအကဲလား။ ဟွင်းယွမ်ဂိုဏ်းမှာ အချိန်ဟင်းလင်းပြင် ဝိညာဉ်နန်းတော်လည်း ရှိသေးတယ် မဟုတ်လား"

လုမင် စိတ်ဝင်တစား မေးလိုက်၏။

"အချိန်ဟင်းလင်းပြင် ဝိညာဉ်နန်းတော်အကြောင်း မင်းသိတာလား။ ဟုတ်ပါတယ်၊ ဟွင်းယွမ်ဂိုဏ်းမှာ နန်းတော်ကိုးခု ရှိတယ်။ အချိန်ဟင်းလင်းပြင် ဝိညာဉ်နန်းတော်က ဟွင်းယွမ်ဂိုဏ်းရဲ့ နန်းတော်ကိုးခုထဲက တစ်ခုပဲ။ အချိန်ဟင်းလင်းပြင် ဝိညာဉ်နန်းတော်ရဲ့ နန်းတော်ရှင်ကတော့ ထိပ်တန်းစစ်သားရဲ ဆယ်ကောင်ထဲက အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ပဲလေ။ သူက ကမ္ဘာ့ထိပ်သီး တန်ခိုးရှင်တစ်ဦးပါပဲ။ ဒါပေမဲ့ ဟွင်းဧကရာဇ်ထက်တော့ နည်းနည်း အားနည်းသေးတယ်"

ထူယီက ရှင်းပြလေသည်။ ဟွင်းအရှင်သခင်အကြောင်း ပြောသောအခါ သူ့မျက်နှာက ဂုဏ်ယူမှုနှင့် မာနတို့ ပြည့်နှက်သွားခဲ့သည်။

'ဟွင်းဧကရာဇ်က ဒီလောက်တောင် အစွမ်းထက်တာလား။ သူက ထိပ်တန်း စစ်သားရဲ ဆယ်ကောင်ထက်တောင် အားကောင်းတယ်"

လုမင် တိတ်တဆိတ် အံ့ဩသွားလေသည်။ တချိန်တည်းမှာပင် ဟွင်းယွမ်ကျမ်းကို ပို၍ မျှော်လင့်လာခဲ့သည်။

All Chapters