အခန်း ၁၂၉၇
Vol. 87 Ch. 1297
အပိုင်း ( 1297 ) ဟွင်းယွမ်ကျမ်း။
"လုမင်၊ ဟွင်းယွမ်ကျမ်းက အထဲမှာရှိတယ်၊ ဝင်သွားလိုက်ပါ။ ဟွင်းယွမ်ကျမ်းကို အောင်မြင်အောင် လေ့ကျင့်ပြီးရင် ဒီကနေ ထွက်သွားနိုင်တယ်။ ဒါပေမဲ့ မင်းက မတူညီတဲ့ တာအိုသိုင်းပညာငါးခုကို အောင်မြင်အောင် ပေါင်းစပ်နိုင်ခဲ့ပြီမို့ လေ့ကျင့်ရတာ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး"
ထူယီက တိုက်ပွဲစင်မြင့်နောက်ဘက်ရှိ ကျောက်တံခါးကို ညွှန်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲတို့"
လုမင်လည်း လက်ယှက်ပြကာ ကျောက်တံခါးဆီသို့ လျှောက်သွား၏။
ကျောက်တံခါးကို ပိတ်ထားသော်လည်း လုမင် ရောက်လာပြီးနောက် အလိုအလျောက် ပွင့်သွားခဲ့သည်။
ကျောက်တံခါးအတွင်းမှာတော့ မှုန်မှိုင်းနေ၍ သဲသဲကွဲကွဲမမြင်ရပေ။ လုမင်လည်း မဆိုင်းမတွ လှမ်းဝင်ခဲ့သည်။
လုမင်ဝင် ဝင်လိုက်သည်နှင့် ကျောက်တံခါးသည် အလိုလို ပြန်ပိတ်သွား၏။
ကျောက်တံခါးနောက်တွင် ကြီးမားသော ကျောက်ခန်းကြီးတစ်ခု ရှိသည်။ ကျောက်ခန်းအထက် လေထဲမှာတော့ တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခု ရှိပေသည်။
ထိုရုပ်သွင်က အလွန်မထွားကျိုင်းသလို အရပ်လည်းမရှည်ပေ။ သို့ရာတွင် ၎င်းက ကောင်းကင်ထက် မြင့်မားသကဲ့သို့ ခံစားချက်အား ပေးစွမ်းနေခဲ့သည်။ ၎င်းက မိုးနှင့်မြေကို ထောက်ပံ့ထားနိုင်ပုံရ၏။ ထိုပုံရိပ်က ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အသန်မာဆုံး ဖြစ်ပုံပင်။
ထိုရုပ်သွင်၏ အရှိန်အဝါက လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်အောင် ဖြစ်သည်။ လုမင်လည်း ဤရုပ်သွင်ကို ရင်ဆိုင်ရခြင်းမှာ စကြဝဠာတစ်ခုလုံးကို ရင်ဆိုင်ရသကဲ့သို့ ခံစားလိုက်ရပေသည်။
ထိုစဉ်က၊ လုမင်ဟာ ရွှမ်ထျန်းသူတော်စင်၏ သူတော်စင်နှလုံးသားကို ရင်ဆိုင်ရသောအခါ... တစ်ဖက်လူ၏ ကြီးမားသော အရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ သို့ရာတွင် ထိုရွှမ်ထျန်းသူတော်စင်က ဤရုပ်သွင်၏ရှေ့တွင် ပုရွက်ဆိတ်လေး သို့မဟုတ် ဖုန်မှုန့်အမှုန်အမွှားမျှသာဖြစ်သည်ဟု သူ ခံစားလိုက်ရလေသည်။
ဤအခိုက်တွင် လုမင်၏စိတ်ထဲ အသက်ရှူရပ်သွားသည်ဟုပင် ခံစားလိုက်ရသည်။
ကစဉ့်ကလျားအလင်းများ ဖုံးလွှမ်းနေသောကြောင့် ဤပုဂ္ဂိုလ်ကြီး၏ တကယ့်ရုပ်သွင်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါ။ ဝေဝါးဝါး သဏ္ဌာန်ကိုသာ မြင်နေခဲ့ရသည်။
'ဒါက ဟွင်းဧကရာဇ်များ ဖြစ်နိုင်မလား'
လုမင်၏စိတ်ထဲတွင် တွေးနေမိသည်။
အားကောင်းလွန်း၏။ ဟွင်းဧကရာဇ်၏ နယ်ပယ်က လုမင် မခန့်မှန်းနိုင်သောအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထိုပုဂ္ဂိုလ်ကြီးမှာ ကျဆုံးနေခဲ့ပြီ။
ဟွင်းဧကရာဇ် ကျဆုံးသွားပြီဟု ထူယီပြောတာကို လုမင် ကြားဖူးသည်။ ထို့ကြောင့်ပင် သူက အမွေခံတစ်ဦးကို ရှာဖွေနေခြင်း ဖြစ်ချေသည်။
ထိုကဲ့သို့ တန်ခိုးကြီးသည့် တည်ရှိမှုမှာ မည်သို့ ပြိုလဲနိုင်မည်နည်း။ မည်သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်ခဲ့ရသနည်း။
လုမင် မတွေးတတ်တော့ပေ။
သူ့ရှေ့မှ ရုပ်သွင်က ဟွင်းဧကရာဇ်၏ အမှတ်အသား ဖြစ်နိုင်မလား။
လုမင် မှန်းဆလိုက်သည်။
"ငါက ဟွင်းယွမ်ကျမ်းပါ"
ရုတ်တရက်၊ လူရုပ်သွင်က စကားပြောလိုက်သည်။ သူ့အသံက တည်ငြိမ်ပြီး နားထဲတွင် အေးချမ်းစေပေသည်။
"ဟွင်းယွမ်ကျမ်းလား၊ ဒီလူရိပ်က ဟွင်းယွမ်ကျမ်းပဲ"
လုမင် အံ့အားသင့်သွား၏။ ဟွင်းယွမ်က လူသားအသွင်ဆောင်ကာ အားကောင်းသော အရှိန်အဝါများဖြင့် ရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။
"ငါ့ကို ဟွင်းဧကရာဇ်က ချန်ရစ်ခဲ့တာ၊ ဒီမှာပဲ အမွေဆက်ခံမဲ့သူကို စောင့်နေတာ နှစ်အတော်ကြာခဲ့ပြီ။ အခုတော့ ငါ့ရဲ့တာဝန်ပြီးသွားပြီ"
ဟွင်းယွမ်ကျမ်းက ပြောလိုက်သည်။ ထို့နောက်မှာတော့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားကို ဝင်ရောက်သွားတော့သည်။
နောက်အခိုက်တွင်၊ လုမင်က သူ၏ အသိစိတ်ပင်လယ်ထဲမှာ အချက်အလက်များစွာကို ခံစားလိုက်ရသည်။
"ဟွင်းယွမ်ကျမ်း၊ ဟွင်းယွမ်တာအို ကျင့်ကြံနည်းနဲ့ ဟွင်းယွမ်ဒိုမိန်း ကျင့်ကြံနည်း၊ ဒါ့အပြင် ဟွင်းယွမ်တာအိုသိုင်းပညာနဲ့ ဒိုမိန်းသိုင်းပညာတောင် ရှိသေးတယ်"
လုမင်က မျက်လုံးကိုမှိတ်ကာ ဂရုတစိုက် ကြည့်လိုက်သည်။
"ဒါက လျှို့ဝှက်ဆန်းကြယ်လွန်းတာပဲ၊ တကယ်ကို လျှို့ဝှက်လွန်းတယ်"
လုမင်ဟာ ပိုကြည့်မိလေ၊ ပို၍ စိတ်လှုပ်ရှားလာလေလေပင်။
"မဟုတ်သေးဘူး၊ အခု ကျန်တာတွေကို ငါ မဖတ်နိုင်ဘူး၊ ဖတ်ရင်တောင် နားမလည်နိုင်ဘူး။ အခု ငါလုပ်ရမှာ ငါ့ရဲ့ တာအိုငါးခုကို
ရှေးဦးကစဉ့်ကလျားတာအိုအဖြစ် ပြောင်းဖို့ပဲ"
လုမင်လည်း စိတ်အတွေးများကို စုစည်းပြီး ဟွင်းယွမ်ကျမ်းကို စတင်ဖတ်ရှူလိုက်သည်။ ယင်းက ရှေးဦးကစဉ့်ကလျားတာအို လေ့ကျင့်နည်း၏ အခြေခံအကျဆုံး အပိုင်းတစ်ခုပင်။
ရှေးဦးကစဉ့်ကလျားတာအိုသည် မတူညီသော တာအိုငါးခု သို့မဟုတ် ထို့ထက်ပိုသော တာအိုများကို ရှေးဦးကစဉ့်ကလျား တာအိုအဖြစ်သို့ ပြောင်းလဲရန် ဖြစ်သည်။
ရှေးဦးကစဉ့်ကလျားတာအိုက အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းမှာ ကမ္ဘာပေါ်ရှိ တာအိုအားလုံး၏ မူလအစ ဖြစ်၏။ ရှေးဦးကစဉ့်ကလျားတာအိုကို အောင်မြင်စွာ လေ့ကျင့်ပြီးနောက် အခြား
တာအိုများအဖြစ်သို့လည်း ပြောင်းလဲနိုင်မည် ဖြစ်သည်။
ဥပမာအားဖြင့် ရှေးဦးကစဉ့်ကလျားတာအိုကို အောင်မြင်စွာ လေ့ကျင့်ပြီးနောက် သတ်ဖြတ်ခြင်းတာအို၊ ဖျက်ဆီးခြင်းတာအို၊ သွေးတာအို၊ လျှပ်စီးတာအို စသည်ဖြင့် ပြောင်းလဲနိုင်သည်။ အသန်မာဆုံး တာအိုများအဖြစ်သာ ပြောင်းလဲမရခြင်း ဖြစ်ချေသည်။ ဥပမာအားဖြင့် ဟင်းလင်းပြင်တာအို၊ အချိန်တာအို စသည်တို့ ဖြစ်သည်။
လုမင်လည်း ဟွင်းယွမ်ကျမ်းကို သေသေချာချာ ဖတ်လိုက်သည်။ ထို့နောက်မှာတော့ တင်ပျဉ်ခွေထိုင်ကာ စတင်လေ့ကျင့်လိုက်တော့သည်။
လုမင်က တာအိုငါးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဟွင်းယွမ်ကျမ်းကို လေ့ကျင့်ရသည်မှာ သူ့အတွက် များစွာ မခက်ခဲပေ။ ယခင်လေ့ကျင့်မှုနှင့် စမ်းသပ်မှုများက ဟွင်းယွမ်တာအိုကို လေ့ကျင့်ရန်အတွက် လမ်းခင်းပေးခဲ့ခြင်းဟု ဆိုနိုင်သည်။
သုံးရက်အကြာတွင်၊ တာအိုအလင်းရောင်ငါးခုက လုမင်ကို ဝန်းရံပြီး ဆူပွက်လာခဲ့သည်။
ခုနစ်ရက်ကြာသောအခါ တာအိုအလင်းငါးခုက အနည်းငယ် မှုန်ဝါးလာခဲ့၏။
လဝက်ကြာပြီးနောက် တာအိုငါးခုစလုံးက အပြည့်အဝ ရောယှက်သွားကာ မူရင်းအရောင်များကိုပင် မမြင်နိုင်တော့ပေ။
နှစ်လအကြာတွင် လုမင်၏ ပတ်ဝန်းကျင်က မှုန်မှိုင်းပြီး ဖရိုဖရဲဖြစ်လာခဲ့သည်။
တာအိုငါးခု ပျောက်ကွယ်သွားပြီးနောက် လုမင်၏ခန္ဓာကိုယ်မှာ ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး မြင့်မြတ်သော တာအိုက အစားထိုးသွားတော့သည်။
ရှေးဦးကစဉ့်ကလျားတာအို၊ တာအိုများ၏ ဧကရာဇ်။ နောက်ဆုံးတွင် လုမင်က ယင်းကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင်၊ ၎င်းက စတုတ္ထအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေခဲ့ပြီ။
"ဝမ်"
လုမင်က ရှေးဦးကစဉ့်ကလျားတာအို ရစ်ပတ်နေသော လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သူက လေထဲကို တောက်ထုတ်လိုက်ရာ ဟင်းလင်းပြင်လှိုင်းတွန့်ကလေးများ ပေါ်လာခဲ့၏။
ဤအရာက ကောင်းကင်ကမ္ဘာဖြစ်ပြီး ဟင်းလင်းပြင်က အလွန်တည်ငြိမ်သည်။ ယင်းက ရှန်းရွှီတိုက်ကြီးထက် အဆပေါင်းများစွာ ပိုတည်ငြိမ်ပေသည်။ ယခင်က လုမင်သည် သူ့ခွန်အားရှိသမျှကို အသုံးပြုထားသော်လည်း ဟင်းလင်းပြင်ကို မခွဲနိုင်ခဲ့ပေ။ ယခုမူ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုဖြင့် ဟင်းလင်းပြင်က တုန်ခါသွားရပြီ ဖြစ်သည်။
"ဒီစွမ်းအားက တုန်လှုပ်စရာပဲ။ ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအခြေခံနဲ့ ရှေးဦးကစဉ့်ကလျားတာအိုအရ သိုင်းအုပ်ချုပ်သူတစ်ပါးကိုတောင် တိုက်ခိုက်နိုင်သင့်တယ် မဟုတ်လား။ ငါက သိုင်းအုပ်ချုပ်သူကို ဖိနှိပ်ဖို့တောင် ဖြစ်နိုင်တယ်"
လုမင် မှန်းဆလိုက်သည်။ သူ့မျက်လုံးများက တုန်လှုပ်မှုတို့ ပေါ်လာခဲ့၏။ ယင်းက မိမိကိုယ်ကို ယုံကြည်မှု၊ အလွန်ခိုင်မာသည့် ယုံကြည်မှုတစ်ခုပင်။
လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုး အထွတ်အထိပ်တွင်သာ ရှိသေးသည်။ သို့တိုင် လုမင်က အုပ်ချုပ်သူတစ်ပါးကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်ဟု ယုံကြည်မှုရှိသည်။ ယင်းကိုသာ တခြားသူများ သိပါက လုမင်အား အရူးတစ်ယောက်ဟု လှောင်ပြောင်ရယ်ကြမည် ဖြစ်သည်။
သို့သော်လည်း ယခုအခါ လုမင်က ထိုကဲ့သို့ ခံစားချက်မျိုး အမှန်တကယ် ခံစားနေခဲ့ရပေသည်။
ယခင်က သိုင်းအုပ်ချုပ်သူတစ်ပါးကို ဆန့်ကျင်ရန် တန်တန်၊ ပူဖောင်းလေးနှင့် အခြားအရာများ အကူအညီကို ယူရသည်။ ယခုမူ၊ လုမင်က အခြား အကူအညီများမယူဘဲ အုပ်ချုပ်သူတစ်ပါးကို ဖိနှိပ်နိုင်မည်ဟုပင် ယုံကြည်လာခဲ့ပြီ။
"ရှောင်ချင်း ဘယ်လိုနေမလဲ မသိဘူး။ ငါ ဒီကိုရောက်နေတာ သုံးနှစ်ကျော်ပြီဆိုပေမဲ့ ပြင်ပကမ္ဘာမှာ ခဏတာပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရှောင်ချင်းက ငါ့ရဲ့ တောင်နဲ့မြစ် ပန်းချီကားထဲမှာ ရှိနေတာ။ သူ့ရဲ့ အချိန်ကလည်း ငါနဲ့ အတူတူပဲလား မသိဘူး"
လုမင် တွေးလိုက်သည်။ ထို့နောက် သူ၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပပြီး တောင်နှင့်မြစ် ပန်းချီကား ထွက်ပေါ်လာခဲ့သည်။ လုမင်လည်း တောင်နှင့်မြစ်ပန်းချီကားအတွင်းကို ဝင်ရောက်သွား၏။
"လုမင်"
လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် သူ့ရှေ့တွင် ရှဲ့နျန်ချင်း ပေါ်လာခဲ့သည်။ ရှဲ့နျန်ချင်းက လုမင်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်၏။
"လုမင်၊ ဘာတွေဖြစ်နေတာလဲ၊ နင် ငါ့ကို လာမတွေ့တာ သုံးနှစ်ကျော်ပြီနော်"
ရှဲ့နျန်ချင်းက လုမင်ကို စိတ်ဆိုးဟန်ဖြင့် စိုက်ကြည့်နေသည်။ သို့သော်လည်း သူမ၏ မျက်လုံးများမှာတော့ ပြင်းပြသော တောင့်တမှု ခံစားချက်တစ်ခု ရှိနေလေသည်။
'သုံးနှစ်ကျော်သွားပြီလား၊ တောင်နဲ့မြစ်ပန်းချီကားမှာလည်း အချိန်က ငါနဲ့ ထပ်တူကျနေတာပေါ့'
လုမင် တွေးလိုက်မိသည်။
"ရှောင်ချင်း၊ ဒါက ဒီလိုပါ..."
ချက်ချင်းပဲ လုမင်ဟာ ဤကိစ္စကို အသေးစိတ်ရှင်းပြလိုက်သည်။
"ဒီတော့ ဒီလိုပေါ့..."
အကြောင်းစုံ သိရပြီးနောက် ရှဲ့နျန်ချင်း အံ့ဩသွားမိသည်။
"ရှောင်ချင်း၊ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အများကြီး တိုးတက်သွားပြီပဲ"
လုမင်ဟာ ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုး၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လုမင်ကဲ့သို့ပင်၊ သူမက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ခြေတစ်လှမ်းသာ ဝေးတော့သည်။
"ဟမ့်၊ ဒါပေါ့။ ငါတစ်ယောက်တည်းဖြစ်နေတော့ ပျင်းပျင်းနဲ့ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့တာ။ အခု သုံးနှစ်ကျော်ကြာတော့ ငါ့ရဲ့တိုးတက်မှုက သဘာဝအတိုင်း မြန်တာပဲ"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"တောင်းပန်ပါတယ် ရှောင်ချင်း"
လုမင်လည်း ရှဲ့နျန်ချင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ သူက ရှဲ့နျန်ချင်း၏ အနီရဲရဲ နှုတ်ခမ်းကို နမ်းလိုက်၏။
နှုတ်ခမ်းချင်း ဆုံလိုက်သောအခါ ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်ကလေးက အနည်းငယ် တုန်ခါသွားသည်။ ထို့နောက်မှာတော့ အားအင်များ ဆုံးရှုံးသွားသကဲ့သို့ လုမင်ကို သူအလိုရှိသည့်အတိုင်း ပြုလုပ်ခွင့်ပေးလိုက်တော့သည်။
အချိန်အတော်ကြာမှ နှုတ်ခမ်းများ ကွဲကွာသွားခဲ့သည်။