← Chapters

အခန်း ၁၂၉၈

Vol. 87 Ch. 1298

အခန်း ၁၂၉၈

Vol. 87 Ch. 1298

အပိုင်း ( 1298 ) ဆုလာဘ်။

အမှန်အတိုင်း ဝန်ခံရလျှင်၊ သူတို့ နှစ်ယောက်က မတွေ့ရသည်မှာ သုံးနှစ်ကျော်ပြီမို့ တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်နေမိသည်။ ယခု ပြန်တွေ့ရသောအခါ ပြောစရာစကား များပေသည်။

နေ့တစ်ဝက်ကြာပြီးနောက် လုမင်၏ နားထဲကို အသံတစ်ခုဝင်လာခဲ့သည်။

"လုမင်၊ မင်းကို မင်းရဲ့ မူလနေရာဆီ လဝက်ကြာရင် ပြန်ပို့ပေးတော့မယ်"

ယင်းက ထူယီ၏အသံပင်။

'လဝက်ကြာရင်လား'

လုမင် အံ့ဩသွားသည်။ မူလက သူသည် ဤနေရာတွင် နှစ်အနည်းငယ်ကြာအောင် လေ့ကျင့်လိုခဲ့သည်။ ဤနေရာတွင် အချိန်စီးဆင််းမှုက ပိုမြန်ဆန်မှုရှိ၏။ ဤသို့သော နေရာကောင်းကို လွဲချော်ခဲ့လျှင် ရင်နာစရာပဲ မဟုတ်လား။

သို့သော်လည်း ယခုအခါ ထူယီက လဝက်သာ ကျန်တော့သည်ဟု ပြောလာသည်။

လုမင်လည်း ဤကိစ္စကို ရှဲ့နျန်ချင်းအား ပြောပြပြီးနောက် တောင်နှင့်မြစ် ပန်းချီကားမှ ထွက်လာခဲ့သည်။

ကျောက်အခန်းထဲတွင် ထူယီကို သူ မတွေ့ရပေ။ ထူယီက တစ်စုံတစ်ခုကို အာရုံခံစားပြီး သူ့အား အသံပို့လွှတ်လိုက်ခြင်း ဖြစ်မည်။

"အကြီးအကဲ ထူယီ၊ ဘာဖြစ်လို့ လဝက်ပဲ ကျန်တော့တာလဲ"

လုမင် မေးလိုက်သည်။ ထူယီ ကြားနိုင်မည်မှန်း သူသိပေသည်။

"ဒီနေရာမှာ အချိန်စီးဆင်းမှုက အရမ်းမြန်ပါတယ်၊ ဒါပေမဲ့ အချိန်ကို အရှိန်ထိန်းထားဖို့ စွမ်းအင်ပမာဏက အများကြီး လိုအပ်တယ်။ အကဲဖြတ်မှုမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီသူတွေ ဒီကိုလာတဲ့အခါတိုင်း၊ အချိန်စီးဆင်းမှုကို မြန်ဆန်စေရတယ်လေ။ အခုတော့ မင်းက ရှေးဦးကစဉ့်ကလျားတာအိုကို အောင်အောင်မြင်မြင် လေ့ကျင့်ပြီးပြီမို့ အချိန်စီးဆင်းမှု မြန်ဆန်ခြင်းက သဘာဝအတိုင်း ရပ်တန့်သွားလိမ့်မယ်။ မဟုတ်ရင်လည်း စွမ်းအင်က ထောက်ပံ့နိုင်တော့မှာ မဟုတ်ဘူး"

ထူယီ၏အသံ ထွက်လာခဲ့သည်။

လုမင် ခေါင်းညိတ်လိုက်၏။ အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ယင်းက ပုံမှန်ပင်။

ယခုအချိန်တွင် အချိန်စီးဆင်းမှုက မြန်လွန်းသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပမာဏကို သုံးစွဲရသောကြောင့် သဘာဝအတိုင်း အချိန်ပြည့် မထိန်းသိမ်းနိုင်ပေ။

အချိန်စီးဆင်းမှုကို အလွယ်တကူ ထိန်းထားနိုင်ပါက အလွန် ကြောက်စရာကောင်းမည် ဖြစ်သည်။ ဤနေရာတွင် နှစ်အနည်းငယ်က ပြင်ပလောကတွင် တခဏသာပင်။ ဤအချိန်စီးဆင်းမှုဖြင့် လူတစ်စုကို ဤနေရာတွင် လေ့ကျင့်ခွင့် ပေးနိုင်ပါက မယုံနိုင်စရာပဲ မဟုတ်လား။

ယင်းက မဖြစ်နိုင်ပါချေ။

ဟွင်းနန်းတော်၏ အခြေခံအုတ်မြစ်ဖြင့်ပင် ယင်းကို ကြာရှည်မထိန်းသိမ်းနိုင်သေးပါ။

"အကြီးအကဲ၊ လဝက်အတွင်း ကျုပ် ထွက်သွားပါမယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပြီ"

ထူယီ၏အသံ ထွက်လာခဲ့သည်။

"အခု၊ ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်လိုက်တာပေါ့"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ယခုအခါ၊ သူ၏ တာအိုများက စတုတ္တအဆင့် ပြီးပြည့်စုံခြင်းမှ ကစဉ့်ကလျားတာအိုအဖြစ် ပြောင်းလဲသွားခဲ့သည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံကိုလည်း ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မြှင့်တင်နိုင်ပြီ ဖြစ်သည်။

အချိန်လဝက်က ကျောက်ကြမ်းများကို သန့်စင်ပြီး လုမင်၏ ကျင့်ကြံခြင်းအခြေခံကို တိုးတက်စေရန် လုံလောက်သည်။

သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နဝမနဂါးသွေးမျိုးဆက်နှင့် ကျောက်ကြမ်း အပုံလိုက်ကြီး ပေါ်လာခဲ့သည်။ သူက ကျောက်ကြမ်းဆယ်သန်းကို တစ်ခါတည်း ဝါးမျိုပြီး စတင် သန့်စင်လိုက်၏။

လုမင်လည်း ကျောက်ကြမ်းအများအပြားကို အဆက်မပြတ် သန့်စင်ပြီး ယွမ်ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ အဆင့်တက်နိုင်ရန် ကြိုးစားလိုက်တော့သည်။

ကျောက်ကြမ်းဆယ်သန်းကို သန့်စင်ပြီးနောက် နောက်ထပ်ဆယ်သန်းကို ဝါးမျိုလိုက်သည်။

ဆယ်သန်းပြီး ဆယ်သန်း...

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက် ကြာသွားပြီ။ လုမင်က ကျောက်ကြမ်း စုစုပေါင်း သန်းတစ်ရာကို ဝါးမြိုသန့်စင်ပြီးသွားပြီ ဖြစ်သည်။

ဤမျှကြီးမားသော ကျောက်ကြမ်းပမာဏက ပမာဏကြီးသည့် ယွမ်ချီစွမ်းအင်အဖြစ် ပြောင်းလဲကာ နယ်ပယ်အလွှာကို စတင်တိုက်ခိုက်လာတော့သည်။

"ဝုန်း"

လုမင်၏ ခန္ဓာကိုယ်အတွင်းမှ အားကောင်း‌သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ သူ၏ ဒန်တျန်အတွင်းမှ နတ်ဘုရားဝိညာဉ်က အဆုံးမဲ့အလင်းများဖြင့် တောက်ပလာခဲ့၏။ ယင်းက တကယ့်လူတစ်ယောက်အသွင် ပြောင်းလာတော့သည်။

လုမင်၏ ကျင့်ကြံခြင်း‌အခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုး အထွတ်အထိပ်မှ၊ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ချိုးဖြတ်သွားခဲ့သည်။

‌နောက်ဆုံးတွင် လုမင်၏ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ။ နောက်တစ်ဆင့်ကတော့ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် ဖြစ်သည်။

အရာအားလုံးက အုပ်ချုပ်သူနယ်ပယ်အတွက် ပြင်ဆင်နေခြင်းပင်။

အုပ်ချုပ်သူအဖြစ် ဖြတ်ကျော်ခြင်းလုပ်ငန်းစဉ်တွင်၊ တစ်ဦးတစ်ယောက်က ဒိုမိန်းသန္ဓေကို ဦးစွာနားလည်ပြီး အဓိပဓိ ဖြစ်လာမည် ဖြစ်သည်။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်ကတော့ ဝိညာဉ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။

လုမင်လည်း သူ့ခန္ဓာကိုယ်ထဲမှ အလွန်ကြွယ်ဝသော ယွမ်ချီစွမ်းအင်များကို ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာခဲ့၏။

ယခုအခါ၊ သူ၏ တိုက်ခိုက်နိုင်စွမ်းက ဘယ်လောက်တောင် အားကောင်းနေသနည်း။

လုမင်လည်း သူ့ကိုယ်သူ နားမလည်နိုင်သောကြောင့် အလွန်သိချင်နေခဲ့သည်။

"အပြင်ထွက်ဖို့ အချိန်တန်ပြီ"

လုမင်လည်း ပြုံးပြီး ကျောက်အခန်းတံခါးဆီသို့ လျှောက်သွားသည်။ ကျောက်တံခါးက အလိုလိုပွင့်လာပြီး လုမင် ထွက်လာခဲ့၏။

အပြင်မှ တတိုက်ပွဲစင်မြင့်မှာတော့ ထူယီ၊ ကျင်းယီနှင့် အခြားသူများ ရှိနေကြဆဲပင်။

လုမင် ထွက်လာတာကိုမြင်သောအခါ ထူယီ၊ ကျင်းယီနှင့် အခြားသူများ၏ မျက်နှာများက အပြုံးပန်းများ ဝေသွားသည်။ ထို့နောက် သူတို့က လုမင်အား ရုတ်တရက် ဦးညွှတ်လိုက်၏။

"လက်အောက်ငယ်သားတွေက သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်"

လုမင် အံ့သြသွားသည်။ သူက ထူယီနှင့် တခြားသူများကို အမြန်ဖေးမလိုက်လေသည်။

"အကြီးအကဲတို့ ဘာလုပ်နေတာလဲ။ မြန်မြန်ထပါ"

"သခင်လေး၊ မင်းက ဟွင်းဧကရာဇ်ရဲ့ အမွေကို ရရှိပြီး ကစဉ့်ကလျားတာအိုကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခဲ့ပါပြီ။ ဒါက မင်းဟာ ငါတို့ရဲ့ သခင်လေးဖြစ်လာတဲ့ အဓိပ္ပာယ်ပါပဲ"

ထူယီက ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။

ထူယီနှင့် အခြားသူများ၏ ကျင့်ကြံခြင်းက လုံးဝ နားမလည်နိုင်ပေ။ လုမင်လည်း သူတို့ကို လုံးဝမတားနိုင်တော့ဘဲ ဒူးထောက်ခွင့်ပေးလိုက်ရသည်။

ဂါရဝပြုပြီးမှ ထူယီနှင့် အခြားသူများ ထရပ်လိုက်လေသည်။

"အကြီးအကဲတို့၊ ဟွင်းနန်းတော်မှာ ခင်ဗျားတို့ပဲ ကျန်ခဲ့တာလား"

လုမင် စိတ်ဝင်တစား မေးလိုက်သည်။

"ဟင်း...၊ အဲဒီတုန်းက တိုက်ပွဲမှာ ဟွင်းနန်းတော်ရဲ့ တန်ခိုးရှင်တွေအားလုံး ကျဆုံးခဲ့ရတယ်။ ငါတို့ ရုပ်သေးရုပ်တွေပဲ ကျန်ခဲ့တာပါ၊ ဒါပေမဲ့ အများကြီး မကျန်တော့ဘူး"

ထူယီ သက်ပြင်းချလိုက်သည်။

"ဒါဆို ခင်ဗျားတို့အားလုံး ကျုပ်နဲ့ အပြင်သွားလို့ရမလား"

လုမင်လည်း မျှော်လင့်တကြီးဖြင့် မေးလိုက်၏။

ထူယီနှင့် အခြားသူများမှာ နားမလည်နိုင်သော ကျင့်ကြံခြင်းအခြေခံများ ရှိကြသည်။ သူနှင့်အတူ အပြင်ထွက်နိုင်ပါက တိရီကိုသတ်ဖြတ်ပြီး နတ်ဘုရားအပျက်ယွင်းကိုပင် အလွယ်တကူ ရှင်းပစ်နိုင်လိမ့်မည်။

ကံမကောင်းစွာဖြင့်၊ ရလဒ်က လုမင်ကို စိတ်ပျက်သွားစေခဲ့သည်။

"မရဘူး"

ထူယီ၊ ကျင်းယီနှင့် အခြားလူများက ခေါင်းယမ်းလိုက်ကြသည်။

"သခင်လေး၊ ဟွင်းဧကရာဇ်က နောက်ဆုံးစကားတစ်ခွန်း ချန်ခဲ့တယ်။ အမွေဆက်ခံသူက သူတော်စင်အဆင့်ကိုရောက်မှ ငါတို့ ထွက်ခွာနိုင်လိမ့်မယ်။ အဲဒီမတိုင်ခင်မှာ ငါတို့ ထွက်သွားလို့မရဘူး၊ ဒါကြောင့် မင်းကိုလည်း အများကြီး မကူညီနိုင်ဘူး"

ထူယီက ရှင်းပြလိုက်သည်။

လုမင် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ ဟွင်းဧကရာဇ်က အမွေခံများကို ထူယီနှင့် အခြားသူများအပေါ် အလွန်အမင်း အားကိုးပြီး ကြိုးစားလိုစိတ်များ ဆုံးရှုံးမည်ကို စိုးရိမ်ပုံရသည်။ ထို့ကြောင့်ပင် ထိုသို့သော စည်းမျဉ်း ချမှတ်ခဲ့ခြင်း ဖြစ်ပေမည်။

လုမင်၏ စိတ်ပျက်နေသော အမူအရာကိုမြင်တော့ ထူယီက ခဏစဉ်းစားကာ ပြောလိုက်သည်။

"သခင်လေး၊ ငါတို့ မင်းကို မကူညီနိုင်သေးပေမဲ့ စမ်းသပ်မှုမှာ မင်းက ကောင်းကောင်း စွမ်းဆောင်နိုင်တာကြောင့် ဆုလာဒ်တော့ ရပါလိမ့်မယ်"

ထိုသို့ပြောပြီးနောက် ထူယီက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အနားတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

၎င်းက ထူယီနှင့်ဆင်တူသော မြေဝါရောင် ရုပ်သွင် ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက ရုပ်သေးတစ်ခုဖြစ်မှန်း သိလိမ့်မည်။

"သခင်လေး၊ ဒီရုပ်သေးက ထူချမ်လို့ ခေါ်တယ်။ သူ့မှာ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းသတ္တိရှိတယ်။ သူက မင်းနဲ့အတူ ခေတ္တထွက်သွားပြီး ကူညီနိုင်ပါတယ်"

ထူယီက ပြောသည်။

"အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်အဆင့်လား"

လုမင်၏ မျက်လုံးများ တောက်ပလာသည်။

ယင်းက မဆိုးပေ။ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်အဆင့်က ရှမ်းဟွမ်တိုက်ကြီးတွင် ထိပ်သီးတန်ခိုးရှင် ဖြစ်ပြီး တိရီနှင့် နှိုင်းယှဉ်နိုင်သည်။

"သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်"

ထူချမ်က လုမင်ကို ဦးညွှတ်လိုက်သည်။

"ကောင်းပြီ၊ ထူချမ်... လောလောဆယ် ဂူလှိုဏ်ရတနာထဲ ဝင်လိုက်ပါ"

လုမင်က ထူချမ်ကို တောင်နှင့်မြစ် ပန်းချီကားထဲသို့ ထည့်လိုက်သည်။

"ဝှစ်"

ထိုအချိန်တွင် တံဆိပ်ပြားတစ်ခုက လုမင်၏ ဦးခေါင်းထက်သို့ လွင့်ပျံလာသည်။ ယင်းက ဟွင်းယွမ်တံဆိပ်ပြားပင်။

"သခင်လေး၊ ဒီဟွင်းယွမ်တံဆိပ်ပြားကို ကောင်းကောင်း သိမ်းဆည်းထားလိုက်ပါ။ အနာဂတ်မှာ ဟွင်းယွမ်ဂိုဏ်းရဲ့ ဆက်ခံသူ ရာထူးအတွက် မင်း ယှဉ်ပြိုင်နိုင်လိမ့်မယ်"

ထူယီ ပြောလိုက်သည်။

"ဟွင်းယွမ်ဂိုဏ်းရဲ့ ဆက်ခံသူလား"

လုမင် အံ့သြသွား၏။

"ဟုတ်တယ်၊ ဟွင်းယွမ်တံဆိပ်ပြားကို ရရှိသူတိုင်းက အနာဂတ်မှာ ဟွင်းယွမ်ဂိုဏ်းရဲ့ ဆက်ခံသူရာထူးအတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးများပြီး ဟွင်းယွမ်ဂိုဏ်းကို အမွေဆက်ခံဖို့ အခွင့်အရေးလည်း ရှိတယ်။ အဲဒီအချိန်ကျရင် ဟွင်းနန်းတော်အပြင် အခြား နန်းတော်ရှစ်ခုက ဟွင်းယွမ်ဂိုဏ်း ဆက်ခံသူရဲ့ အမိန့်ကို နာခံရလိမ့်မယ်"

ထူယီက ရှင်းပြလိုက်သည်။

လုမင် အံ့အားသင့်သွား၏။ ဟွင်းယွမ်တံဆိပ်ပြားတွင် ထိုသို့သောအသုံးပြုမှု ရှိဦးမည်ဟု သူမျှော်လင့်မထားပေ။

လုမင်လည်း ဟွင်းယွမ်တံဆိပ်ပြားကို အမြန်သိမ်းဆည်းလိုက်သည်။

"သခင်လေး၊ မင်းကိုပြန်ပို့ရတော့မယ်"

ထူယီက ကျင်းယီ၊ အခြားသူများနှင့် ပူးပေါင်းပြီး ဟင်းလင်းပြင်လမ်းကို ဖွင့်လိုက်သည်။ လုမင်လည်း သူ့ခန္ဓာကိုယ်က တင်းကျပ်လာသည်ကို ခံစားလိုက်ရ၏။ သူ၏ အမြင်အာရုံများ မည်းမှောင်သွားကာ အမှောင်ထဲသို့ ထိုးကျသွားတော့သည်။

အချိန်မည်မျှ ကြာသွားပြီမသိ၊ အလင်းရောင်ကို မြင်လာခဲ့ရသည်။ တစ်ချိန်တည်းမှာပဲ တန်တန်၏ ကျယ်လောင်သော အသံကို လုမင် ကြားလိုက်ရတော့သည်။

All Chapters