အခန်း ၁၂၉၉
Vol. 87 Ch. 1299
အပိုင်း ( 1299 ) လက်သီးတစ်ချက်။
"အဲဒီကောင်စုတ် လုမင်၊ သူ တကယ်ကို သစ္စာမဲ့တာပဲ။ သူ မချနိုင်တော့တာနဲ့ ငါတို့ကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်"
လုမင် ပေါ်လာသည်နှင့် တန်တန်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ဆူညံစွာ ပေါက်ကွဲသံများလည်း ရှိ၏။
သို့ပေသော်ငြား၊ နောက်အခိုက်တွင် အသံအားလုံး ပျောက်သွားခဲ့သည်။
လုမင်က လေထဲတွင် ရုတ်တရက် ပေါ်လာခြင်း ဖြစ်၏။ တန်တန်၊ ပူဖောင်းလေး၊ ဟိုင်ယွိ၊ ရေနဂါးအဓိပဓိနှင့် အခြားသူများအားလုံး လုမင်ကို စိုက်ကြည့်လိုက်ကြသည်။
ယခုအချိန်တွင် သူတို့က ဟိုင်ယွိ၊ အခြားသူများနှင့် တိုက်ခိုက်နေသည့် ရှေးမြို့တော်၌ပင် ရှိသေးသည်။
"လခွီး၊ လုမင်... မင်း ထွက်မသွားဘူးပဲ။ ငါက မင်း ငါတို့နှစ်ယောက်ကို ထားခဲ့ပြီး လွတ်မြောက်ဖို့ အခွင့်အရေးယူသွားပြီ ထင်တာ"
တန်တန်က အော်ဟစ်ပြီး လုမင်ဆီသို့ ပြေးလာခဲ့သည်။
"တွိ... တွိ..."
ပူဖောင်းလေးကလည်း အော်လိုက်သည်။ သူ့ခန္ဓာကိုယ်က တဖျတ်ဖျတ်တောက်သွားပြီး လျှပ်တစ်ပြက်အတွင်းမှာပဲ လုမင် ပခုံးပေါ်တွင် ပေါ်လာခဲ့၏။
"ဝှစ်... ဝှစ်... ဝှစ်"
ဟိုင်ယွိ၊ ရေနဂါးအဓိပဓိနှင့် အခြားသူများကတော့ လုမင်ကို ချက်ချင်း ဝိုင်းထားကြတော့သည်။
"လုမင်၊ ငါ ပြောပြီးသွားပြီ။ မင်း ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ သန့်စင်တဲ့ဝိညာဉ်ခန္ဓာ ကျင့်စဉ်ကို အေးအေးဆေးဆေး အပ်ပါ"
ဟိုင်ယွိက အေးစက်စက်ဖြင့် အော်လိုက်သည်။ သူက လက်ထဲတွင် အုပ်ချုပ်သူအဆင့် ပုဆိန်တစ်ချောင်းကို ကိုင်ထားဆဲ ဖြစ်၏။ သူ၏ အရှိန်အဝါများက လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည်။
"သန့်စင်တဲ့ဝိညာဉ်ခန္ဓာ ကျင့်စဉ်က ပင်လယ်သားရဲမျိုးနွယ် ပိုင်ဆိုင်တယ်"
ရေနဂါး အဓိပတိကလည်း ပြောသည်။ နဂါးအမှတ်အသားဓားက သူ့ဦးခေါင်းထက်တွင် လွင့်မျောလျက် ရှိ၏။ ဓားချီများက ဟင်းလင်းပြင်ကို လှီးဖြတ်သွားကြသည်။
"တန်တန်၊ ငါထွက်သွားတာ ဘယ်လောက်ကြာပြီလဲ"
လုမင်က ဟိုင်ယွိ၊ ရေနဂါးအဓိပဓိနှင့် အခြားသူများကို လျစ်လျူရှုကာ တန်တန်ကို မေးလိုက်သည်။
"မကြာပါဘူး၊ အသက်ရှူချိန် တစ်ဒါဇင်လောက်ပဲ၊ ဒါပေမဲ့ ဘယ်လောက်အန္တရာယ်ကြီးလဲ မင်း သိရဲ့လား။ ကံကောင်းထောက်မလို့ ငါ့မှာ လှည့်ကွက်အများကြီးရှိပြီး လွတ်မြောက်နိုင်ခဲ့တာ။ မဟုတ်ရင် ငါသေတာကြာပြီ"
တန်တန်က မကျေမနပ်ဖြင့် အော်လိုက်သည်။
'အသက်ရှူချိန် တစ်ဒါဇင်ပဲရှိတာလား'
စိတ်ထဲမှ လုမင် ရေရွတ်လိုက်၏။
ဟွင်းနန်းတော်တွင် အချိန်စီးဆင်းမှုက အလွန်မြန်သည်။ ဟွင်းနန်းတော်တွင် နှစ်အနည်းငယ်က ပြင်ပလောကတွင် တခဏသာဖြစ်မှန်း သူ သိ၏။ သို့တိုင် သူ့အတွက်တော့ မယုံနိုင်သလို ခံစားနေမိဆဲပင်။
အသက်ရှူချိန် တစ်ဒါဇင်ခန့်ဖြင့် ကမ္ဘာတုန်ဟီးစေနိုင်သော အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့သည်။
"ဟမ့်၊ မင်းကများ ငါတို့ကို လျစ်လျူရှုဝံ့တယ်။ သေချင်နေတာပဲ"
လုမင်က သူတို့ကို လျစ်လျူရှုထားတာမြင်တော့ ဟိုင်ယွိ၏ မျက်လုံးများက အေးစက်သွားသည်။ သူ့ပုဆိန်ကို မြှောက်ပြီး လုမင်ကို ခုတ်ပိုင်းလိုက်၏။
ဤပုဆိန်ခုတ်ချက်၏ စွမ်းအားက အုပ်ချုပ်သူအဆင့်သို့ လုံးလုံးလျားလျား ရောက်ရှိသွားကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
"တန်တန်၊ ပူဖောင်းလေး၊ ငါ့နောက်လိုက်ခဲ့"
လုမင် ပြောလိုက်သည်။ ထို့နောက် လေတာအိုကို ထုတ်ဖော်ခဲ့၏။
ရှေးဦးကစဉ့်ကလျားတာအိုက အခြား တာအိုများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
"လေဓာတ်စွမ်းအင် တာအိုသိုင်း"
လုမင်၏ ပုံရိပ်က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူက ဟိုင်ယွိ၏ ပုဆိန်ခုတ်ကို ရှောင်တိမ်းလိုက်၏။ ထို့နောက် ဟိုင်ယွိနောက်ဘက် အခြားသော အဓိပတိဆီသို့ ဦးတည်သွားတော့သည်။
လေဓာတ်စွမ်းအင် တာအိုသိုင်းက လှုပ်ရှားမှုအပေါ် အဓိကထားသော သိုင်းပညာတစ်ခု ဖြစ်သည်။ ယင်းကို အသုံးပြုသောအခါ လူရုပ်သွင် ခြေရာခံ၍မရနိုင်တော့ပေ။
ဟိုင်ယွိ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက်၊ လုမင်က ကျန်းဟိုင်အိမ်တော်၏ အခြား အဓိပဓိများရှေ့တွင် ပေါ်လာခဲ့သည်။
"သတ်"
လုမင်က အော်ဟစ်ပြီးနောက် ယွမ်ချီစွမ်းအင်များကို ပေါက်ကွဲလိုက်၏။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုကာ လက်သီးချက် ထုတ်ဖော်လိုက်တော့သည်။
"တိုက်ခိုက်၊ အတူတူတိုက်ခိုက်ကြ"
အဓိပတိ တစ်ယောက်က အော်ဟစ်လိုက်သည်။ လုမင်၏ လက်သီးချက်ကြောင့် သူ ထိတ်လန့်သွား၏။ သူက လုမင်ကို တိုက်ခိုက်ရန် သွေးမျိုးဆက် ပေါင်းစပ်ခြင်းကို ချက်ချင်း အသုံးပြုလိုက်တော့သည်။
"ဝုန်း"
လုမင်၏လက်သီးချက် ကျရောက်လာသည်နှင့် ထိုအဓိပဓိ၏ သွေးမျိုးဆက်ပေါင်းစပ်ခြင်းမှာ ချက်ချင်း ပျက်စီးသွားခဲ့သည်။ သူ၏ မူလခန္ဓာက ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ သူ၏ မူလခန္ဓာပါ လေထဲတွင် အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။
"အိုး၊ ဘုရားရေ"
"သူက အဓိပတိကို လက်သီးတစ်ချက်နဲ့ ထိုးသတ်လိုက်တာ"
အဝေးမှ ကြည့်နေကြသူများပါ လန့်ဖျတ်သွားကြသည်။ တချို့ကလည်း ဗလုံးဗထွေးနှင့် အော်လိုက်ကြလေသည်။
ထိတ်လန့်စရာကောင်းသည်၊ ကြောက်စရာကောင်းလွန်း၏။ အဓိပဓိတစ်ပါးကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်ရန် မည်သို့သော တိုက်ခိုက်နိုင်စွမ်းမျိုး လိုအပ်ပါမည်နည်း။ လုမင်က အုပ်ချုပ်သူတစ်ပါး ဖြစ်နေလေသလား။
"မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ"
ယင်းကိုမြင်တော့ အခြား အဓိပဓိများလည်း လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားကြသည်။ သူတို့ သွေးပျက် ချောက်ချားကာ အော်ဟစ်ပြီး အရူးအမူး ဆုတ်သွား၏။
"မင်းတို့ သွားလို့မရဘူး"
လုမင်၏ မျက်လုံးများကမူ အေးစက်စက် သတ်ဖြတ်ချင်စိတ်ဖြင့် တလက်လက် တောက်နေတော့သည်။
လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုပြီးနောက် လုမင်၏ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ လျင်မြန်သည်။ တခဏအတွင်းမှာပင် အဓိပဓိတစ်ဦးရှေ့တွင် ပြန်ပေါ်လာပြီး လက်သီးဖြင့် ထိုးချလိုက်၏။
"အား..."
စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရသည်။ ထိုအဓိပဓိက လုမင်၏ တိုက်ခိုက်မှုကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ လက်သီးချက်အောက်တွင် သူ၏ ခုခံမှု အားလုံးက တို့ဟူးကဲ့သို့ ပျော့လွန်းသည်။ လုမင်၏ အလွယ်တကူ ချိုးဖျက်ခံရကာ လေထဲမှာပင် သေဆုံးသွားတော့သည်။
"ဒုတိယ"
လုမင်က ရေရွတ်ပြီး တတိယမြောက်လူကို တိုက်ခိုက်လိုက်သည်။
လုမင်က ကစဉ့်ကလျားတာအိုကို အသုံးမပြုသေးပါ။ သို့ရာတွင်၊ သူ၏ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွား၍ တိုက်ခိုက်နိုင်စွမ်း များစွာ တိုးတက်လာခဲ့သည်။ ဤသာမန် အဓိပတိများကို သတ်ခြင်းက ကြက်များ၊ ခွေးများကို သတ်ခြင်းကဲ့သို့ ဘာမျှမခက်ခဲပေ။
"ဝုန်း... ဝုန်း"
လုမင်၏ပုံရိပ်က အဆက်မပြတ် လှုပ်ရှားနေပြီး လက်သီးချက်များ ထုတ်ဖော်လိုက်သည်။ လက်သီးတစ်ချက်စီက အဓိပဓိတစ်ပါးကို အသက်နှုတ်ယူသွား၏။
မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် ကြည့်ရှုသူများကိုပင် ကျောရိုးထဲထိ အေးစိမ့်သွားစေခဲ့သည်။
ထိုသူများက ရှန်းရွှီတိုက်ကြီးတွင်ပင် မြင့်မားပြီး တန်ခိုးကြီးမားသော ကျွမ်းကျင်သူများအဖြစ် သတ်မှတ်ခံရသည့် အဓိပတိများ ဖြစ်ကြသည်။ သို့သော်လည်း ယခုအခါ ၎င်းတို့က လုမင်၏ သတ်ဖြတ်ခြင်းကို အနည်းငယ်ပင် ခံနိုင်ရည်မရှိသော အားပျော့သည့် ကြက်ကလေးများနှင့် မခြားတော့ပေ။
"ခွေးတိရစ္ဆာန်၊ မပြေးနဲ့...၊ ငါနဲ့ လာပြီး တိုက်ခိုက်စမ်း"
ဟိုင်ယွိ၏ မျက်လုံးများက နီရဲနေကာ ဟိန်းဟောက်လိုက်သည်။ ၎င်းတို့သည် ကျန်းဟိုင်အိမ်တော်မှ အဓိပဓိများ ဖြစ်ကြ၏။ သို့သော်လည်း သူတို့ထဲမှ အများစုမှာ ရှေ့ဆင့်နောက်ဆင့် အသတ်ခံနေကြရပြီ။ သို့ဖြစ်ပေရာ သူ့နှလုံးသားက သွေးစက်စက်ယိုစီးနေတော့သည်။
သူဟာ လုမင်ကိုတိုက်ခိုက်ရန် အုပ်ချုပ်သူဝိညာဉ်လက်နက်ကို ထိန်းချုပ်ထားသော်လည်း လုမင်က သူနှင့်ရင်ဆိုင်ခြင်းမပြုပေ။ လုမင်က ဟိုင်ယွိကို ရှောင်ပြီး သာမန် အဓိပတိများကို သတ်ဖြတ်ရန်သာ အာရုံစိုက်ခဲ့သည်။
"ဝုန်း"
နောက်ထပ် လက်သီးတစ်ချက်နှင့် အဓိပတိ တစ်ယောက် အသတ်ခံခဲ့ရသည်။
လုမင်က ဟိုင်ယွိ ခေါ်ဆောင်လာသော အဓိပတိငါးဦးကို သတ်ခဲ့ပြီးသွားပြီ။ ယခင်လူများကို ထည့်တွက်လိုက်ပါက ငါးဦးကျော်သွားပြီ ဖြစ်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
အဝေးမှ တိုက်ပွဲကိုကြည့်နေသော ဟိုင်ထျန်းလည်း မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ဤအရာအားလုံးကို အိပ်မက်ဖြစ်ရန် မျှော်လင့်ပြီး သူ့မျက်လုံးများကိုပင် အပြင်းအထန် ပွတ်သပ်လိုက်၏။
"ဟားဟားဟား၊ လုမင်... မင်းနဲ့မတွေ့တာ ခဏပဲရှိသေးပေမဲ့ ဒီလောက်တိုးတက်လာမယ်လို့ မမျှော်လင့်ထားဘူး။ မင်းက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်သွားပြီပဲ"
တန်တန်က လုမင်၏ ပခုံးပေါ်တွင်ရပ်ကာ ဝမ်းသာအားရ ရယ်မောလိုက်သည်။
"အခု မင်းတို့အလှည့်"
လုမင်က ရေနဂါးအဓိပဓိနှင့် အခြားပင်လယ်သားရဲများကို ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
"ဆုတ်၊ ဆုတ်ကြ၊ ငါ့နောက်ကို လိုက်ခဲ့ကြ"
ရေနဂါးအဓိပဓိ မျက်နှာပျက်သွား၏။ လုမင်ကို စိုက်ကြည့်ရင်း နဂါးအမှတ်အသားဓားက လေထဲတွင် ပျံဝဲလာတော့သည်။
သို့သော်လည်း လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုထားကာ လျှပ်စီးလက်သကဲ့သို့ ဖြစ်နေခဲ့သည်။ သူက ရေနဂါးအဓိပဓိကို ရှောင်တိမ်းကာ အခြား အဓိပဓိများကို တိုက်ခိုက်လိုက်သည်။
"ပူးပေါင်းကြ၊ အတူတူ ပူးပေါင်းပြီး တိုက်ခိုက်ကြ"
ပင်လယ်သားရဲတစ်ကောင်က အခြားအဓိပတိများနှင့် လုမင်ကို အတူတူတိုက်ခိုက်ရန် မျှော်လင့်ကာ အော်ဟစ်လိုက်၏။
ကံမကောင်းစွာဖြင့်၊ လုမင်၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းက ၎င်းတို့ထက်အဆများစွာ သာလွန်သွားခဲ့သည်။
"ဝုန်း"
လက်သီးချက်က အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က ကျရောက်လာခဲ့၏။ ထိုအဓိပဓိမှာ အော်ဟစ်ရင်း ပွဲချင်းပြီး သေဆုံးသွားတော့သည်။
လုမင်က အနိုင်ယူနိုင်သော စစ်နတ်ဘုရားကဲ့သို့ ပြိုင်ဘက်ကင်းနေခဲ့သည်။
"ဂါး"
နဂါးဟိန်းသံနှင့်အတူ လုမင်က နဝမနဂါးအသွင် ပြောင်းလဲလိုက်သည်။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက်ကို ထုတ်ဖော်လိုက်ရာ သူ့စွမ်းအားက ပို၍ ကြောက်စရာကောင်းသွား၏။
နဂါးလက်သည်းများက အဆက်မပြတ် ကုပ်ဆွဲရင်း အရာအားလုံးကို ဆုပ်ဖြဲကာ ပင်လယ်သားရဲ အဓိပဓိအမြောက်အမြားကို တိုက်ရိုက်သတ်ပစ်လိုက်တော့သည်။
အချိန်အနည်းငယ်အတွင်းမှာပင် ပင်လယ်သားရဲ အဓိပဓိ လေးယောက် အသတ်ခံခဲ့ရသည်။
"သူ့ကို သတ်"
ဟိုင်ယွိက သူ၏စစ်ပုဆိန်နှင့် ပြေးလာသည်။
"သတ်"
ရေနဂါးအဓိပဓိကလည်း လုမင်ကို သတ်ဖြတ်ချင်စိတ်ဖြင့် ဟိန်းဟောက်ပြီး တိုက်ခိုက်လိုက်၏။
သူတို့နှစ်ဦးသား ပူးပေါင်းကာ လုမင်ကို သူ့ဆီသို့ ဦးတည်လာတော့သည်။
"အခု မင်းတို့နဲ့ အကြွေးရှင်းဖို့ အချိန်တန်ပြီ"
ဤတစ်ကြိမ်တွင်၊ လုမင်က မရှောင်တိမ်းတော့ဘဲ ဟိုင်ယွိနှင့် ရေနဂါးအဓိပဓိကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။