← Chapters

အခန်း ၁၃၀၀

Vol. 87 Ch. 1300

အခန်း ၁၃၀၀

Vol. 87 Ch. 1300

အပိုင်း ( 1300 ) ရေနဂါးအဓိပဓိကို သတ်ခြင်း။

"ဝုန်း... ဝုန်း... ဝုန်း"

ထို့နောက်တွင် နဂါးလက်သည်းများက အဆက်မပြတ် ကုပ်ခြစ်တိုက်ခိုက်လိုက်သည်။

နဂါးလက်သည်းတစ်ခုစီက မတူညီသောတိုက်ခိုက်မှုကို ထုတ်ဖော်ကြ၏။

နဂါးလက်သည်းတစ်ချောင်းက မြေဝါရောင်အလင်းများ ထွန်းတောက်နေသည်။ ယင်းက မြေဓာတ်စွမ်းအင် တာအိုသိုင်း ဖြစ်သည်။

နောက်ထပ် နဂါးလက်သည်းကမူ လှံအလင်းအဖြစ်သို့ ပြောင်းလဲသွားသည့် လျှပ်စီးကြောင်းများနှင့် ပြည့်နေခဲ့၏။ ၎င်းက မိုးကြိုးဓာတ်စွမ်းအင် တာအိုသိုင်း ဖြစ်တော့သည်။

ထို့အပြင် မီးဓာတ်စွမ်းအင် တာအိုသိုင်း၊ လေဓာတ်စွမ်းအင် တာအိုသိုင်းနှင့် ရေဓာတ်စွမ်းအင် တာအိုသိုင်းတို့လည်း ရှိ‌သေးသည်။

ဟွင်းနန်းတော်၏ စမ်းသပ်မှုတွင် လုမင်က တာအိုသိုင်းပညာငါးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ခဲ့သည်။ သူ့အတွက်တော့ ဤအခိုက်တွင် တာအိုသိုင်းပညာငါးခုကို တစ်ပြိုင်နက်တည်း အသုံးပြုခြင်းက ထမင်းစား ရေသောက်သကဲ့သို့ပင်။

နဝမနဂါးက ဟိုင်ယွိနှင့် ရေနဂါးအဓိပဓိကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

"သေ"

ဟိုင်ယွိကလည်း စစ်ပုဆိန်ကိုမြှောက်ပြီး အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ သူ့မျက်လုံးများက ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေတော့သည်။

တစ်ချိန်တည်းမှာပင် ရေနဂါးအဓိပတိမှာလည်း သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လျက် ရှိ၏။

လုမင်က ပြေးတာကိုရပ်ပြီး သူတို့နှင့် အမှန်တကယ် တိုက်ခိုက်ချင်နေသည်။ ယင်းက သူတို့လိုချင်သည့်အတိုင်း အတိအကျပင်။

သူတို့အားလုံး ဝမ်းသာသွားကာ လုမင်ကို တစ်ချက်တည်းဖြင့် ရှင်းပစ်ချင်ခဲ့သည်။

"လုမင် ဘာလုပ်နေတာလဲဟ။ သေတော့မှာပဲ"

"ဒါက ပညာမဲ့ရာကျလွန်းတယ်"

အဝေးမှ ကြည့်နေသူများလည်း ဤမြင်ကွင်းကို‌မြင်တော့ လန့်အော်လိုက်ကြသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သန်မာသော်လည်း ယင်းမှာ သာမန်အ‌ဓိပဓိများသာ ဖြစ်သည်။ ဟိုင်ယွိနှင့် ရေနဂါးအဓိပဓိကတော့ ထိပ်တန်း အဓိပတိများ ဖြစ်၏။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းသည်။ သာမန် အဓိပတိများကို သတ်ရန်က သူတို့အတွက် သိပ်ခက်ခဲမှာ မဟုတ်ပေ။

ထို့အပြင်၊ သူတို့မှာက အုပ်ချုပ်သူ ဝိညာဥ်လက်နက်များလည်း ရှိသည်။ အုပ်ချုပ်သူဝိညာဥ်လက်နက်များနှင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက သာမန် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်နှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည်။

လုမင်က သူတို့ကို အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ချင်နေသည်။

"ဝုန်း... ဝုန်း... ဝုန်း"

နောက်ဆုံးတွင် လုမင်၏ တိုက်ခိုက်မှုက ရေနဂါးအဓိပဓိ၊ ဟိုင်ယွိတို့၏ တိုက်ခိုက်မှုများနှင့် ထိပ်တိုက်တွေ့သွားသည်။

ထိုအချိန်တွင် ပြင်းထန်သော အင်အားလှိုင်းက မိုင်ပေါင်း သောင်းနှင့် ချီကာ ဖြတ်ကျော်သွား၏။ အောက်ဘက်ရှိ ရှေးမြို့ဟောင်းမှ မရေမတွက်နိုင်သော အဆောက်အဦများ ပြိုကျပြီး ပြာဖြစ်သွားတော့သည်။

"မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ"

အဝေးမှကြည့်နေသူများလည်း ပါဝင်ပတ်သက်မိမည်ကို စိုး၍ အလောတကြီး နောက်ဆုတ်သွားကြသည်။

"ဘုရားရေ၊ ကြည့်ကြစမ်း... လုမင်က အသာစီးရနေပြီ"

ရုတ်တရက်၊ တစ်စုံတစ်ယောက်က အော်လိုက်သည်။

အားလုံး ကမန်းကတန်း လှည့်ကြည့်လိုက်သောအခါ ဒယီးဒယိုင်ဖြင့် နောက်ပြန်ဆုတ်သွားရသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏။

ဆုတ်ခွာသွားသော ပုံရိပ်နှစ်ခုက အမှန်တကယ်ပင် ရေနဂါးအဓိပဓိနှင့် ဟိုင်ယွိ ဖြစ်တော့သည်။

ယင်းက မည်သို့ ဖြစ်နိုင်ပါအံ့နည်း။

ဟိုင်ယွိနှင့် ရေနဂါးအဓိပဓိတို့က ပူးပေါင်းခဲ့ကြသည်။ ထို့ပြင် သူတို့နှစ်ဦးက အုပ်ချုပ်သူ ဝိညာဉ်လက်နက်များကို အသုံးပြုထား၏။ သို့တိုင်၊ လုမင်ကို မယှဉ်သာဘဲ နှစ်ဦးစလုံး ဆုတ်သွားရသေးသည်။

ကိုယ့်မျက်စိနှင့် မမြင်ရပါက အရိုက်ခံရလျှင်ပင် ယုံမှာမဟုတ်ပေ။

"မဖြစ်နိုင်ဘူး"

"ဒါက ဘယ်လိုဖြစ်တာလဲ"

ဟိုင်ယွိနှင့် ရေနဂါးအဓိပဓိလည်း မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။

သူတို့ နှစ်ယောက်စလုံး မယုံနိုင်ပေ။ လုမင်က ဘယ်လိုများ ဤမျှ သန်မာနိုင်သနည်း။

ယခင်က လုမင်ဟာ သူတို့၏ပြိုင်ဘက် မဟုတ်ပေ။ သူ့ကို လုံးလုံးလျားလျား ဖိနှိပ်ထားခဲ့သည်။ သူ့သားရဲနှစ်ကောင်နှင့်ပင် သူတို့၏ ပြိုင်ဖက်ဖြစ်ရန် ဝေးကွာနေသေးသည်။

သို့သော်လည်း၊ လုမင်ဟာ ခဏတာမျှ ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာချိန်မှာတော့ သူ၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့၏။ သာမန် အဓိပဓိများကို အလွယ်တကူ သတ်နိုင်သည်။ ယခုအခါ၊ သူက သားရဲများ သို့မဟုတ် ဝိညာဉ်လက်နက်များကို အားကိုးခြင်းမရှိဘဲ သူတို့ကို အမှန်တကယ် ချေမှုန်းနိုင်ခဲ့ပြီ။ ဘာများ ဖြစ်နေပါသနည်း။ လုမင်က သူ့ခွန်အားကို အမြဲ ဖုံးကွယ်ထားခဲ့တာများလား။

ဟိုင်ယွိ၊ ရေနဂါးအဓိပဓိနှင့် အခြားသူများသည် ဖြစ်ပျက်နေသည့်အရာများကို လိုက်မမီတော့သလို ခံစားလိုက်ရသည်။

"သူက သူ့ရဲ့တိုက်ပွဲစွမ်းရည်ကို တိုးမြင့်ဖို့အတွက် လျှို့ဝှက်နည်းလမ်းတစ်မျိုးကို အသုံးပြုခဲ့တာ ဖြစ်ရမယ်။ ငါတို့ ပူးပေါင်းပြီးတိုက်ရင် သူကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး"

ဟိုင်ယွိက ရေနဂါးအဓိပဓိကို အော်ပြောလိုက်သည်။

"သတ်"

"သတ်"

ထို့နောက် ဟိုင်ယွိနှင့် ရေနဂါးအဓိပဓိက ပူးပေါင်းပြီး လုမင်ကို တိုက်ခိုက်လိုက်၏။

"ဟုတ်လား"

လုမင်၏ မျက်လုံးများက အေးစက်သော အပြုံးများဖြင့် တောက်ပလာသည်။ လဲ့တင်းက သူ့ဦးခေါင်းထက်မှာ ပေါ်လာပြီး ဟိုင်ယွိကို တိုက်ခိုက်လိုက်၏။ လုမင်ကိုယ်တိုင်ကမူ ရေနဂါးအဓိပဓိကို တိုက်ခိုက်လိုက်တော့သည်။

"ဝှစ်"

ဤတစ်ကြိမ်တွင် လုမင်က လက်သည်းကုပ်ချက် တစ်ချက်သာ ထုတ်ဖော်ခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်၊ လုမင်က တာအိုသိုင်းပညာငါးမျိုးကို ပေါင်းစပ်ထား၏။

တာအိုသိုင်းပညာငါးခုကို ပေါင်းစပ်လိုက်သောအခါ သူ့စွမ်းအားက ရုတ်ခြည်း မြင့်တက်လာတော့သည်။

နဂါးလက်သည်းက ရေနဂါးအဓိပဓိ၏ နဂါးအမှတ်အသားဓားနှင့် တိုက်မိသွားသည်။

"ချွမ်"

နဂါးအမှတ်အသားဓားက ပြင်းထန်စွာ တုန်ခါသွားသည်။ ဓားစွမ်းအင်များ ပျောက်ကွယ်သွားပြီး အဝေးကို လွင့်စဉ်သွား၏။

"မကောင်းတော့ဘူး"

ရေနဂါးအဓိပဓိ မျက်နှာပျက်သွားပြီး ကမန်းကတန်း ဆုတ်လိုက်သည်။ သို့သော်၊ များစွာ နောက်ကျသွားခဲ့ပြီ။ လုမင်၏ တိုက်ခိုက်မှုက ထပ်မံကျရောက်လာခဲ့သည်။

ယင်းက တာအိုသိုင်းပညာငါးခုကို ပေါင်းစပ်ထားသည့် နောက်ထပ် တိုက်ခိုက်မှုတစ်ခုပင်။

ရေနဂါးအဓိပဓိက သူ၏ နဂါးလက်သည်းကို ဆန့်ထုတ်ကာ အစွမ်းကုန် တားဆီးရန် ကြိုးစားခဲ့သည်။ သို့သော်၊ လုမင်၏ နဂါးလက်သည်းနှင့် ထိတွေ့သောအခါ ပေါက်ကွဲသွား၏။ လုမင်၏ နဂါးလက်သည်းက မရပ်တန့်ဘဲ ရေနဂါးအဓိပဓိ၏ ခန္ဓာကိုယ်ကိုပါ ဖြတ်၍ ထိုးဖောက်သွားတော့သည်။

"ဂါး"

ရေနဂါးအဓိပဓိ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများက အဆုံးမရှိသော အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့၏။ သူက လွတ်မြောက်ရန် ရုန်းကန်နေသေးသော်လည်း နဝမနဂါး၏ အခြားနဂါးလက်သည်းများက သူ့ထံရောက်ရှိနေပြီ ဖြစ်သည်။

နဝမနဂါးလက်သည်းများက အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားကို သယ်ဆောင်ပြီး ရေနဂါးအဓိပဓိ၏ ဦးခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။

"ဝုန်း... ဝုန်း..."

ခုနစ်ကြိမ်၊ ရှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲပြီးနောက်တွင် ရေနဂါးအဓိပဓိ၏ ဦးခေါင်းက ပေါက်ကွဲသွားခဲ့သည်။

ရေနဂါးအဓိပဓိ ကျဆုံးသွားခဲ့ပြီ။

ရေနဂါးအဓိပဓိသည် အစစ်အမှန်နဂါးသွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်းရှိပြီး အုပ်ချုပ်သူ ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားသော်လည်း လုမင်၏ အသတ်ခံခဲ့ရဆဲ ဖြစ်သည်။

'ငါသာ ရှေးဦး ကစဉ့်ကလျားတာအိုကိုသုံးရင် ရေနဂါးအဓိပဓိကိုသတ်ဖို့ ပိုပြီး လွယ်ကူလိမ့်မယ်'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

လုမင်က ရှေးဦးကစဉ့်ကလျားတာအိုကို အသုံးမပြုခဲ့ပေ။ အများစုမှာ ၎င်းကို မိုးကြိုးတာအို၊ လေတာအို စသည်တို့အဖြစ်သို့ ပြောင်းလဲသွားရုံသာ ဖြစ်သည်။

ရှေးဦးကစဉ့်ကလျားတာအိုသည် လုမင်အတွက် ဝှက်ဖဲ ဖြစ်၏။ လွန်စွာ အရေးကြီးသော အခိုက်အတန့် မဟုတ်ပါက လုမင်သည် ၎င်းကို အလွယ်တကူ အသုံးပြုမည်မဟုတ်ပေ။

"မကောင်းတော့ဘူး"

တစ်ဖက်တွင် ဟိုင်ယွိက လဲ့တင်းကို တိုက်ခိုက်ရင်း ရေနဂါးအဓိပဓိ သတ်ခံရသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ သူ အလွန်ထိတ်လန့်သွားပြီး သေးပါကျမတတ် ဖြစ်သွား၏။ ဤအခိုက်အတန့်တွင် သူ့စိတ်ထဲမှာ လွတ်မြောက်ရန် အတွေးတစ်ခုသာရှိသည်။ လုမင်နှင့် တတ်နိုင်သမျှ ဝေးဝေးသို့ ပြေးရပေလိမ့်မည်။

ဟိုင်ယွိလည်း ရှေးမြို့ဟောင်း၏ ထွက်ပေါက်ဆီသို့ အရူးအမူး ပြေးထွက်သွားတော့သည်။

"အစ်ကို... အစ်ကိုကြီး၊ ကျုပ်ကို ခေါ်ပါဦး"

အဝေးမှ ဟိုင်ထျန်းက ကြောက်လန့်တကြား အော်လိုက်သည်။

သို့သော်လည်း ဟိုင်ယွိဟာ အလွန်တရာ ကြောက်လန့်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူ့အသက်ကို ကယ်တင်ရန်သာ ဆန္ဒရှိ၏။ ဟိုင်ထျန်းကို သူ မည်သို့ ဂရုစိုက်နိုင်မည်နည်း။ သူက ဘာမျှ မကြားရဟန်ဆောင်ကာ ဆက်လက် ပြေးထွက်သွားတော့သည်။

"အကိုကြီး…"

ဟိုင်ထျန်း စိတ်ပျက်အားငယ်စွာဖြင့် အော်လိုက်သည်။

"ဝမ်"

လုမင်က သူ၏ လူသားပုံစံသို့ ပြန်ပြောင်းလဲပြီး ဟိုင်ထျန်းကို လှမ်းကြည့်လိုက်သည်။

ဟိုင်ထျန်း သေမတတ် ကြောက်သွားပြီး ဆက်အော်လိုက်၏။

"လု... လုမင်၊ မင်းဘာလုပ်မလို့လဲ။ ငါ့အဖေက ကျန်းဟိုင်စစ်သူကြီးနော်။ မင်း ငါ့ကို သတ်လို့မရဘူး၊ မင်းငါ့ကိုသတ်ရင် မင်းလည်းသေမှာပဲ..."

ဟိုင်ထျန်း အော်လိုက်သည်။ ယခုအချိန်မှာပင်၊ သူက လုမင်ကို ခြိမ်းခြောက်ရန် ကြိုးစားနေဆဲပင်။

"ဝှစ်"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လှံအလင်းက ဟိုင်ထျန်း၏ ဒန်တျန်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ၏ နတ်ဘုရားဝိညာဉ် ကွဲအက်သွားတော့သည်။

"မင်း၊ မင်း..."

လုမင်ကို စိုက်ကြည့်ရင်း ဟိုင်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လုမင်ကို ဤမျှ ရဲတင်းမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူက ဘာမျှပြန်မပြောဘဲ တစ်ချက်တည်း သတ်ပစ်လိုက်သည်။

ဟိုင်ထျန်း၏ အသက်စွမ်းအားက ခဏချင်း ပျောက်ကွယ်သွား၏။

ပင်လယ်နတ်ဆိုးသားရဲများနှင့် ကျန်းဟိုင်အိမ်တော်မှ အခြားလူများကတော့ ထွက်ပြေးသွားကြပြီ။

လုမင်က ဟိုင်ယွိ ထွက်ပြေးသွားသည့် လမ်းကြောင်းကို တစ်ချက်သာ ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ဝါးမှ ပြင်းထန်သော စုတ်ယူအားတစ်ခု ထွက်ပေါ်လာပြီး အဓိပဓိ အလောင်းအားလုံးကို ဆွဲယူသွား၏။

လုမင်၏ မျက်ခုံးနှစ်ခုကြားမှ တောင်နှင့်မြစ်ပန်းချီကားက ပျံထွက်သွားကာ အဓိပဓိ အလောင်းအားလုံးကို ကောက်ယူသွားတော့သည်။

ထိုအဓိပဓိအလောင်းများတွင် သွေးအနှစ်သာရများ ရှိသည်။ လုမင်၏ ငရဲဖိနှိပ်ကျောက်စာချပ်ကို အဆင့်မြှင့်တင်ရန်အတွက် သွေးအနှစ်သာရများ လိုအပ်နေဆဲဖြစ်၍ မဖြုန်းတီးနိုင်ပေ။

အဓိပဓိအလောင်းများကို စုဆောင်းပြီးနောက် လုမင်က အတွေးတစ်ခုဖြင့် တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ခဲ့သည်။

တောင်နှင့်မြစ်ပန်းချီကားအတွင်းတွင် အဓိပဓိအလောင်းများစုပုံနေသည့် တောင်ထွတ်တစ်ခု ရှိ၏။ ဘေးမှာတော့ ရှဲ့နျန်ချင်းနှင့် မိုးကြိုးကြံ့အဓိပဓိက ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြတော့သည်။

အထူးသဖြင့် မိုးကြိုးကြံ့ အဓိပတိမှာ မျက်လုံးများ ပေါက်ထွက်လုမတတ် ပြူးကျယ်နေခဲ့သည်။

All Chapters