← Chapters

အခန်း ၁၃၀၁

Vol. 87 Ch. 1301

အခန်း ၁၃၀၁

Vol. 87 Ch. 1301

အပိုင်း ( 1301 ) သိုင်းအုပ်ချုပ်သူ လှုပ်ရှားခြင်း။

"အဓိပတိ၊ သူတို့အားလုံးက အဓိပတိအလောင်းတွေပဲ"

မိုးကြိုးကြံ့ အဓိပတိက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူ့မျက်လုံးများတွင် မယုံကြည်မှုများ ပြည့်သွား၏။ အထူးသဖြင့် ရေနဂါးအဓိပဓိ အလောင်းကို မြင်လိုက်ရသောအခါ ပို၍ပင် တုန်လှုပ်ချောက်ချားသွားတော့သည်။

သားရဲအဓိပဓိအနေဖြင့် ရေနဂါးအဓိပဓိ၏ သွေးထဲတွင် အစစ်အမှန်နဂါးသွေး ကိုးဆယ်ရာခိုင်နှုန်း ပါဝင်ကြောင်း သဘာဝအတိုင်း သူ ခံစားနိုင်သည်။

ထိုကဲ့သို့ တန်ခိုးကြီးသော အဓိပတိများပင် သေခဲ့ကြရ၏။ သူ့ကို လုမင် သတ်လိုက်တာများ ဖြစ်နိုင်မလား။

မိုးကြိုးကြံ့ အဓိပတိဟာ တုန်တုန်ယင်ယင်ဖြင့် လုမင်ကို ကြည့်လိုက်သည်။ လုမင်ထံမှ ဖိအားနှင့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်ကို ခံစားလိုက်ရ၏။ သူ့နှလုံးသားမှာ တုန်လှုပ်ချောက်ချားသွားတော့သည်။

'ဘယ်လောက်ကြာသေးလို့လဲ၊ သူက အရမ်း အစွမ်းထက်နေပြီ'

မိုးကြိုးကြံ့ အဓိပတိလည်း သူ့တစ်ကိုယ်လုံး မထိန်းနိုင်အောင် တုန်လှုပ်နေသလို ခံစားလိုက်ရသည်။

လုမင်က ဘာမျှမပြောဘဲ မိုးကြိုးကြံ့ အဓိပဓိကို စိုက်ကြည့်နေသည်။

မိုးကြိုးကြံ့အဓိပဓိကို ဖိနှိပ်ခဲ့စဉ်က တန်တန်ဟာ သူ့စိတ်ထဲတွင် ကမ္ပည်းရေးထိုးထားခဲ့သည်။ ထို့ကြောင့်ပင် ဤကာလအတွင်း၌ မိုးကြိုးကြံ့အဓိပဓိက တောင်နှင့်မြစ်ပန်းချီကားအတွင်းမှာ နာခံမှုရှိရှိ နေထိုင်ခဲ့ပေသည်။

သို့သော်လည်း လုမင်ဟာ မိုးကြိုးကြံ့အဓိပဓိကို လုံးဝ မယုံကြည်ပေ။ သူက လွတ်မြောက်ရန် အခွင့်အရေးကို အမြဲ ရှာဖွေနေမည် ဖြစ်သည်။

ထိုအတွက်၊ လုမင်က မိုးကြိုးကြံ့ အဓိပဓိကို ခြိမ်းခြောက်ရန် ရည်ရွယ်ကာ ဤအချိန်မှ တမင် ဝင်ရောက်လာခြင်းပင်။

မျှော်လင့်ထားသည့်အတိုင်း၊ အဓိပဓိအလောင်းများစွာကို မြင်ရပြီးနောက် မိုးကြိုးကြံ့အဓိပဓိမှာ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"မိုးကြိုးကြံ့၊ ငါနဲ့အတူ ရန်သူနောက်ကို လိုက်ပါ"

လုမင် ပြောလိုက်သည်နှင့် မိုးကြိုးကြံ့အဓိပတိဟာ ပုတ်သင်ညိုလို ခေါင်းတဆတ်ဆတ်ညိတ်လိုက်လေသည်။

"ရှောင်ချင်း၊ အတူတူ အပြင်ထွက်ရအောင်"

လုမင် သူ့လက်ကို ဝှေ့ယမ်းပြီး ရှဲ့နျန်ချင်းနှင့် မိုးကြိုးကြံ့အဓိပဓိကို တောင်နှင့်မြစ်ပန်းချီကားတွင်းမှ ခေါ်ထုတ်လိုက်သည်။

"မိုးကြိုးကြံ့၊ ဟိုမှာသွားချေ"

လုမင်က ရှေးမြို့ဟောင်း၏ ထွက်ပေါက်ကို ညွှန်ပြလိုက်၏။

ထိုအချိန်တွင် ဟိုင်ယွိက ထွက်ပေါက်မှ လွတ်မြောက်နေပြီ ဖြစ်သည်။

"ကောင်းပြီ"

မိုးကြိုးကြံ့၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ လုမင်နှင့် ရှဲ့နျန်ချင်းက မိုးကြိုးကြံ့အဓိပဓိ၏ ခန္ဓာကိုယ်ပေါ်တွင် ရပ်လျက်သား ဆင်းသက်လိုက်၏။ မိုးကြိုးကြံ့ အဓိပတိလည်း ဟိန်းဟောက်ပြီး ရှေးမြို့ဟောင်း၏ ထွက်ပေါက်ဆီသို့ ပျံသန်းသွားတော့သည်။

"ဘုရားရေ၊ လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက သန်မာလွန်းတယ်။ သူက သာမန် သိုင်းအုပ်ချုပ်သူတစ်ပါးနဲ့ ပခုံးချင်းယှဉ် ရပ်တည်နိုင်တယ်၊ ဒါမှမဟုတ် ဖိနှိပ်တာတောင် လုပ်နိုင်လိမ့်မယ်"

"ကြောက်စရာကောင်းလွန်းတယ်။ လုမင်ရဲ့ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုပဲ ရောက်သေးတာပါ။ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ နယ်ပယ်နဲ့မှ မလိုက်၊ အရမ်း ကြောက်စရာကောင်းနေပြီ။ ဒါမျိုးကို တစ်ခါမှ မကြားဖူးဘူး"

"အရေးကြီးဆုံး အချက်ကတော့ လုမင်ရဲ့ အသက်ပဲ။ သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ"

"မကောင်းဆိုးရွားပဲ"

"လုမင်က ဟိုင်ယွိနောက်ကို လိုက်ဖို့များတယ်။ အပြင်ထွက်ပြီး ကြည့်ရအောင်"

ကြည့်ရှုနေသူများ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ သူတို့၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ အချို့သော အဓိပတိနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ထိန်းမနိုင်သိမ်းမရဖြစ်ကာ အော်ဟစ်စပြုလာခဲ့ကြသည်။

လုမင်ကြောင့် ဖြစ်ပေါ်လာသော အတက်အကျများက အံ့ဖွယ်ကောင်းလွန်းလှပေသည်။

ထို့နောက် လူတစ်စုဟာ ရှေးမြို့ဟောင်း၏ ထွက်ပေါက်ဆီသို့ ပြေးသွားခဲ့ကြသည်။

ခဏအကြာတွင် လုမင်က မိုးကြိုးကြံ့အဓိပဓိကိုစီးပြီး ရှေးမြို့ဟောင်း၏ ထွက်ပေါက်ဆီသို့ ရောက်လာသည်။ မိုးကြိုးကြံ့က အရှိန်အဟုန်ဖြင့် ပျံသန်းသွားရာ နောက်အခိုက်တွင် ပင်လယ်ရေအောက်မှာ ပေါ်လာခဲ့၏။

မြို့အတွင်းမှ ထွက်လိုက်သည်နှင့် ကြီးမားသော ဖိအားတစ်ခုက သူတို့အပေါ် ဖိစီးလာတော့သည်။

"ဝုန်း"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ပတ်ဝန်းကျင် ပင်လယ်ရေက လုမင်၏ထိန်းချုပ်မှုအောက်ကို ရောက်လာပုံရ၏။ ရေထုက အလိုအလျောက် ခွဲထွက်သွားပြီး လမ်းကြောင်းတစ်ခု ပေါ်လာတော့သည်။

"ဝူ"

လုမင်၏ နည်းလမ်းကြောင့် မိုးကြိုးကြံ့အဓိပတိ တစ်ဖန် ထိတ်လန့်သွားမိသည်။ ထို့နောက်မှာတော့ ဟိန်းဟောက်ကာ အရှိန်ပြင်းပြင်းဖြင့် ပျံတက်သွားတော့သည်။

လုမင်၏ အကူအညီဖြင့် မိုးကြိုးကြံ့အဓိပဓိ၏ အရှိန်က အလွန်မြန်သည်။ လျှပ်စီးလက်သကဲ့သို့ ရေမျက်နှာပြင်ကို ပျံတက်သွား၏။ ခဏအကြာတွင် မီတာသုံးသိန်းနက်သော ပင်လယ်ရေအောက်မှ ပင်လယ်ရေမျက်နှာပြင်သို့ ပြေးထွက်လာတော့သည်။

ပင်လယ်ရေအောက်မှ တက်လာသည်နှင့် ကောင်းကင်တစ်ခွင်လုံး လူများ ပြည့်နေတာကို လုမင် တွေ့လိုက်ရသည်။

လုမင် ပေါ်လာသည်နှင့် အကြည့်အားလုံးက သူ့အပေါ်ကို ကျရောက်လာခဲ့၏။

သို့သော်လည်း လုမင်၏ မျက်လုံးများကတော့ သူတို့ထဲမှ တစ်ယောက်ကိုသာ စိုက်ကြည့်နေသည်။

ယင်းက ဟိုင်ယွိ။

ပင်လယ်ထဲမှ အပြေးအလွှား ထွက်လာပြီးသော်လည်း ဟိုင်ယွိက ထွက်မပြေးပေ။ ဤအခိုက်တွင် သူက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အေးတိအေးစက် ကြည့်နေသည်။

"လုမင်၊ ငါ့ညီ ဟိုင်ထျန်း ဘယ်လိုလဲ"

ဟိုင်ယွိ လှမ်းအော်လိုက်သည်။

"သူက ငါ့ကို သတ်ချင်နေမှတော့ မင်းဘယ်လိုထင်လို့လဲ။ စိတ်မပူပါနဲ့၊ မင်းကိုလည်း သူ့ဆီကို ချက်ချင်း ပို့လိုက်မယ်"

လုမင် လှောင်ပြောင်လိုက်သည်။

သူ့စကားကြောင့် ပတ်ဝန်းကျင်မှလူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။

"ဘာ၊ အခုလေးတင် ထိတ်လန့်တကြား မျက်နှာထားနဲ့ ဟိုင် ပြေးလာတာကို တွေ့လိုက်ရတာ...၊ ဒါက သူ့ကြောင့်လား"

"ဘယ်လိုဖြစ်ရတာလဲ။ လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အားကောင်းပေမဲ့ ဟိုင်ယွိရဲ့ ပြိုင်ဘက်ဖြစ်ဖို့တော့ မဖြစ်နိုင်ဘူးလေ"

"ထူးဆန်းတယ်၊ တကယ်ပဲ ဘယ်သူက သန့်ရှင်းတဲ့ဝိညာဉ်ခန္ဓာ ကျင့်စဉ်ကို ရရှိသွားခဲ့တာလဲ"

ယခင်က အပြင်ဘက်တွင် စောင့်နေကြသော လူများဟာ ကြောက်ရွံ့နေသော မျက်နှာဖြင့် ပင်လယ်တွင်းမှ ဟိုင်ယွိ ပြေးထွက်လာသည်ကို မြင်

ခဲ့ရသည်။ ထိုစဉ်က သူတို့အားလုံး အလွန်အံ့သြသွားကြ၏။ ဟိုင်ယွိ၏ ကျင့်ကြံခြင်းအခြေခံဖြင့် ဘယ်လိုလုပ်ပြီး ထိုသို့ ဖြစ်နိုင်ပါသနည်း။

ပင်လယ်ရေအောက်တွင်၊ ဟိုင်ယွိပင် မယှဉ်နိုင်သော အစွမ်းထက် သားရဲတချို့ ပေါ်လာသည်သု အားလုံးက ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း ယခုတော့ ဟိုင်ယွိဟာ လုမင်ကြောင့် ကြောက်လန့်တကြားဖြင့် ထွက်ပြေးလာပုံရသည်။

"ငါ့ကျန်းဟိုင်အိမ်တော်က လူတွေကို မင်း ဘယ်လိုတောင် သတ်ရဲတာလဲ။ မင်းကို ခေါင်းဖြတ်ပြီး အပြစ်ပေးသင့်တယ်"

ထိုအချိန်တွင် ဟိုင်ယွိအနားမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

အပေါ်ကို လှမ်းကြည့်လိုက်ပြီးနောက် လုမင် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

ရွှေခရမ်းရောင် ၀တ်စုံဝတ် အဘိုးကြီးတစ်ယောက် ဟိုင်ယွိဘေးမှာ ရပ်နေသည်။

အစောပိုင်းက ထိုအဘိုးကြီးဟာ သူ့အရှိန်အဝါကို ထိန်းချုပ်ထား၍ သာမန်အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသောကြောင့် လုမင် သတိမပြုမိခဲ့ပေ။

ယခုမူ စကားသံနှင့် အဘိုးကြီး၏ ခန္ဓာကိုယ်မှ ကြီးစိုးသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး လုမင်အပေါ် ဖိနှိပ်လာခဲ့ပြီ ဖြစ်သည်။

"အုပ်ချုပ်သူ"

လုမင် ရေရွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ဟိုင်ယွိ ဘာကြောင့် ထွက်မပြေးသွားမှန်း သူနားလည်ခဲ့၏။ ဤနေရာ၌ ကျန်းဟိုင်အိမ်‌တော်မှ အုပ်ချုပ်သူတစ်ပါး ရှိနေသည်။

ယင်းက တကယ့် သိုင်းအုပ်ချုပ်သူပင်။

"မကောင်းတော့ဘူး၊ သိုင်းအုပ်ချုပ်သူပဲဟ။ ပြေးမှ"

ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ အရှိန်အဝါကို ခံစားမိသည်နှင့် တပြိုင်နက်၊ လုမင်၏ ခြေဖဝါးအောက်မှ မိုးကြိုးကြံ့အဓိပတိက အလန့်တကြား အော်ဟစ်ကာ လှည့်ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

"ဖြောင်း"

လုမင်က မိုးကြိုးကြံ့အဓိပဓိကို ဦးခေါင်းပေါက်မတတ် တစ်ချက် ပိတ်ရိုက်လိုက်သည်။ မိုးကြိုးကြံ့အဓိပတိလည်း ဦးခေါင်းတစ်ခုလုံး မူးနောက်သွားလေသည်။

"ဘာလို့ပြေးတာလဲ၊ ဒါက သိုင်းအုပ်ချုပ်သူတစ်ပါးပဲလေ။ မင်း ဘာဖြစ်လို့ အရမ်းကြောက်နေတာလဲ"

လုမင်က မိုးကြိုးကြံ့အဓိပဓိကိုကြည့်ကာ ပြစ်တင်ပြောဆိုလိုက်သည်။

"ဒါပေမဲ့... ဟိုင်က အုပ်ချုပ်သူကို..."

မိုးကြိုးကြံ့ အဓိပတိဟာ လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားခဲ့သည်။ သို့သော်လည်း လုမင်၏အကြည့်ကြောင့် အလွန်ကြောက်လန့်သွားပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွား၏။ နောက်ဆုံးမှာတော့ မပြေးသာဘဲ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးကို နိုးနိုးကြားကြားဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

လုမင်က သေခြင်းတရားကို တောင့်တလျှင်ပင် သူ့ကိုပါ ဆွဲမချမိစေရန် ဆုတောင်းရင်း နှလုံးသားထဲမှသာ တိတ်တဆိတ် ငိုကြွေးလိုက်သည်။

'လုမင်က တကယ်ကြီး မပြေးဘူး'

အခြားသူများ၏ နှလုံးသားထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာသည်။

"သိုင်းအုပ်ချုပ်သူတစ်ပါးကို ရင်ဆိုင်ရရင် သူ မလွတ်မြောက်နိုင်မှန်း သိတယ်။ အဲဒါကြောင့် သူ မပြေးတော့တာပဲ"

တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်၏။

"ဟားဟားဟား၊ ငါက ဟိုင်ထျန်းကို သတ်ပြီးပြီ၊ ဟိုင်ယွိကိုလည်း သတ်ပစ်ဦးမှာ။ မင်း ငါ့ကို တားဆီးချင်ရင် မင်းမှာ အရည်အချင်း ရှိ၊ မရှိ အပေါ်မှာ မူတည်တယ်"

လုမင်က လှောင်ရယ်လိုက်သည်။

"လေကြီးမိုးကြီးနဲ့"

ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက အေးစက်စက်ဖြင့်‌ အော်ဟစ်လိုက်၏။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ လုမင်ကို လျှော့မတွက်ဝံ့ပေ။

ဟိုင်ယွိက လုမင်၏ တိုက်ခိုက်နိုင်စွမ်းအကြောင်း အကြမ်းဖျင်း ပြောပြထားပြီးပြီ ဖြစ်သည်။

အုပ်ချုပ်သူဝိဉာဉ်လက်နက်ကို ထိန်းချုပ်ထားသည့် ဟိုင်ယွိက မည်မျှအစွမ်းထက်သည်ကို သူကောင်းကောင်းသိသည်။ သူ့ထက် အားနည်းလျှင်ပင် သိပ်ကွာခြားမည် မဟုတ်ပေ။ သို့တိုင်၊ လုမင်က ဟိုင်ယွိကို ဖိနှိပ်နိုင်သောကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ မည်မျှ အားကောင်းသည်ကို တွေးကြည့်နိုင်သည်။

"စကားများတယ်၊ မင်းငါ့ကို ဘယ်လိုတားဆီးမလဲ ကြည့်ရသေးတာပေါ့။ သတ်"

လုမင်က တစ်ဖက်လူနှင့် အပိုစကားများ ပြောဆိုရန် စိတ်မ၀င်စားပေ။ သူက အေးစက်စက် ငေါက်ငမ်းပြီး ရှေ့တစ်လှမ်းတိုးကာ ဟိုင်ယွိဆီသို့ ဦးတည်လိုက်သည်။

"အတင့်ရဲလိုက်တာ၊ မင်းဘယ်လောက်သန်မာလဲဆိုတာ ငါကြည့်ချင်စမ်းတယ်။ မြေကမ္ဘာဒိုမိန်း"

ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက လက်ဖဝါးကိုဆန့်ကာ လေထဲသို့ ဖိချဟန်ပြုလိုက်၏။ မြေဝါရောင် စက်ဝိုင်းတစ်ခုက ဖြန့်ကားလာပြီး လုမင် ကို ဖုံးအုပ်သွားတော့သည်။

ဒိုမိန်း၊ ဤသည်မှာ တကယ့်ဒိုမိန်းဖြစ်ပြီး အဓိပဓိများ၏ ဒိုမိန်းသန္ဓေပုံစံ မဟုတ်ပေ။

ဒိုမိန်း၏အရှိန်က အံ့မခန်း ဖြစ်သည်။ ပေါ်လာသည်နှင့်တပြိုင်နက် လုမင်ကို ဖုံးအုပ်လိုက်၏။

ရုတ်တရက်၊ လုမင်ဟာ သူ့ခန္ဓာကိုယ်အပေါ်သို့ ကျရောက်လာသော ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရသည်။ ယင်းမှာ ရာနှင့်ချီသော တောင်ကြီးများ သူ့အပေါ်ကို ကျရောက်နေသကဲ့သို့ ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဖျက်ဆီးခြင်း အင်အားတစ်ခုက လုမင်ဆီသို့ တိုးဝင်လာတော့သည်။

All Chapters