အခန်း ၁၃၀၂
Vol. 87 Ch. 1302
အပိုင်း ( 1302 ) သိုင်းအုပ်ချုပ်သူနှင့် တိုက်ပွဲ။
မတူညီသော စွမ်းရည်ရှိသည့် ဒိုမိန်းများက မတူညီသော အကျိုးသက်ရောက်မှုများကို ထုတ်ပေးနိုင်သည်။ သို့ရာတွင် ၎င်းတို့၏ အဖျက်စွမ်းအားကလည်း အံ့မခန်း ဖြစ်၏။
ဤသည်မှာ မြေတာအိုနယ်မြေ ဖြစ်သည်။ ယင်းမှာ ရန်သူကို ထောင်ချောက်ဆင်နိုင်ရုံသာမက ကြောက်မက်ဖွယ်ကောင်းသော ထိုးစစ်စွမ်းရည်လည်း ရှိသည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်မှ တစ်စုံတစ်ယောက်သာ နယ်မြေထဲတွင် ပိတ်မိသွားပါက နောက်ပြန်မဆုတ်နိုင်ဘဲ တစ်ဖက်လူ၏ တိုက်ခိုက် သတ်ဖြတ်ခံရမှာ ဖြစ်သည်။
"ဖွင့်"
လုမင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံနှင့် နဂါးစွမ်းအားကိုးခု ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက်မှ စွမ်းအားများကို ဆွဲယူအသုံးပြုခဲ့၏။
"ဝုန်း"
လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လက်ဝါးစောင်းခုတ်ချက်ကို ထုတ်ဖော်လိုက်သည်။
"ဒုန်း"
ဤလက်ဝါးစောင်းက ကမ္ဘာပေါ်ရှိ အထက်ဆုံး ကောင်းကင်ဓားသွားကဲ့သို့ပင်။ ဓားချက် ကျရောက်လာသည်နှင့် မိုးနှင့်မြေ ကွဲသွားရမည် ဖြစ်သည်။ အလွန်တရာ အားကြီးသော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှေခရမ်းရောင်ဝတ်လူကြီး၏ မြေတာအိုနယ်မြေကို လုမင်က အပေါက်တစ်ပေါက် ထိုးဖောက်သွား၏။
ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ့ပုံရိပ်က လှုပ်ရှားသွားပြီး ဒိုမိန်းထဲတွင် ပေါ်လာသည်။ သူက လုမင်ကို လက်ညိုးညွှန်ပြလိုက်၏။
"သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်တစ်ယောက်ရဲ့ အစွမ်းသတ္တိကို ငါမြင်ချင်စမ်းပါရဲ့"
လုမင်၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များက ဆူပွက်လာသည်။ သူက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားတစ်ပါး၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်၏။ လုမင်က လက်ဝါးစောင်းခုတ်ချက် ထပ်မံထုတ်ဖော်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ သူ့လက်ဝါးစောင်းက အဘိုးကြီး၏လက်ချောင်းနှင့် တွေ့ဆုံသွားတော့သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေတာအိုနယ်မြေက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လုမင်လည်း သူ့ဆီသို့ တိုးဝင်လာသော ကြောက်မက်ဖွယ် အင်အားတစ်ခုကို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်က တုန်ခါပြီး လေထဲတွင် ဆုတ်သွားရတော့သည်။
သို့ရာတွင်၊ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလည်း ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။
'ဒါက ဝိညာဉ်ခန္ဓာပဲ။ ဘယ်လောက်တောင် အစွမ်းထက်တဲ့ စွမ်းအားပါလိမ့်'
လုမင်လည်း စိတ်ထဲမှတွေးရင်း အသက်ပြင်းပြင်းရှူလိုက်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်များက အမှန်တကယ် ထူးကဲသည်။ ခရမ်းရောင်ရွှေရောင်ဝတ် အဘိုးကြီး၏ ကျင့်ကြံခြင်းအခြေခံက အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင်သာ ရှိသေးသည်။ သို့ရာတွင် သူ၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်တစ် သိုင်းအုပ်ချုပ်သူများကြားမှာပင် အားကောင်းသူဟု ဆိုနိုင်သည်။ လုမင်လည်း ယခင်တိုက်ခိုက်မှုတွင် အနည်းငယ် အားနည်းချက် ရှိခဲ့ပေသည်။
သို့သော်လည်း၊ လုမင်က သူ၏ တိုက်ခိုက်နိုင်စွမ်းကို အပြည့်အ၀ မထုတ်ဖော်သေးပါ။
သို့တိုင် ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ စိတ်ထဲမှာ ပြင်းထန်စွာ တုန်လှုပ်သွားရသည်။
'ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်ပါလိမ့်။ သူက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူကော ဟုတ်သေးရဲ့လား'
ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ မျက်လုံးများက လေးနက်မှုတို့ ပြည့်သွားသည်။
တစ်ဖက်မှာလည်း ကြည့်ရှုနေသူများမှာ လွန်စွာ ထိတ်လန့်သွား၏။
လုမင်က သိုင်းအုပ်ချုပ်သူတစ်ဦးကို အမှန်တကယ် တိုက်ခိုက်နိုင်သည်။ သူက အုပ်ချုပ်သူ၏ တာအိုနယ်မြေထဲတွင် ရှိနေသော်လည်း ထိုသိုင်းအုပ်ချုပ်သူကို ရင်ခိုက်နိုင်နေဆဲပင်။ ယင်းက မယုံနိုင်စရာကောင်းလွန်းသည်။
"ထပ်လာမယ်"
လုမင်က ခြေလှမ်းပြင်းပြင်းဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အားယူလိုက်သည်။ ထို့နောက် သူ့ပုံရိပ်က ရွှေခရမ်းရောင်ဝတ် အဘိုးကြီးဆီကို ထိုးတက်သွားသည်။
ထိုသို့ ပြေးသွားစဉ်အတွင်း နဝမနဂါးသွေးမျိုးဆက် ပေါ်လာခဲ့၏။ လုမင်က သွေးမျိုးဆက် ပေါင်းစပ်ခြင်းဖြင့် နဝမနဂါးအသွင် ပြောင်းလဲလိုက်တော့သည်။
"ဝုန်း... ဝုန်း"
နဝမနဂါးအသွင်ပြောင်းလဲပြီးနောက် သူ၏ နဂါးလက်သည်းများက တာအိုသိုင်းပညာအမျိုးမျိုးဖြင့် ထုတ်ဖော်လိုက်သည်။
'သိုင်းပညာ အများကြီးကို တပြိုင်နက်တည်း အသုံးပြုနေတယ်'
ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏မျက်နှာက လေးနက်သွားခဲ့သည်။ အလင်းရောင် တစ်ချက်လက်ပြီး သူ့လက်ပေါ်တွင် ဝိညာဉ်လက်နက် လက်အိတ်တစ်စုံ ပေါ်လာခဲ့၏။
ဟုတ်ပေသည်၊ ယင်းက အုပ်ချုပ်သူ ဝိညာဉ်လက်နက် မဟုတ်ပါ။ ယင်းမှာ သာမန် အဆင့်ကိုး ဝိညာဉ်လက်နက်တစ်ခုမျှသာ ဖြစ်သည်။
အုပ်ချုပ်သူ ဝိညာဉ်လက်နက်က သာမန်လူများ ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ပါ။ သိုင်းအုပ်ချုပ်သူ တော်တော်များများတွင် အုပ်ချုပ်သူ ဝိညာဉ်လက်နက် တစ်ခု ရှိခဲသည်။
ဝိညာဉ်လက်နက် လက်အိတ်ကို ဝတ်ဆင်ပြီးနောက် ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ ခန္ဓာကိုယ်က အနည်းငယ် ဖောင်းကြွလာသည်။ သူ့ကြွက်သားများ လှုပ်ရှားသွားပြီး အရေပြားပေါ်၌ မြေဝါရောင်အလင်းများ ပေါ်လာခဲ့၏။ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက သူ၏ ဝိညာဉ်ခန္ဓာစွမ်းအားကို ထုတ်ဖော်ကာ လက်သီးချက်အချို့ကို အဆက်မပြတ် ထုတ်ဖော်လိုက်တော့သည်။
လက်သီးတစ်ချက်စီ၏ စွမ်းအားက ယခင်လက်ချောင်းများ၏ စွမ်းအားထက် များစွာ ပို၍ အားကောင်းလာခဲ့သည်။
နဝမနဂါး၏ နဂါးလက်သည်းများနှင့် လက်သီးချက်များက ထိပ်တိုက်တွေ့သွားသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့၊ ထိပ်တိုက်တွေ့ဆုံမှုတွင် ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ့တစ်ကိုယ်လုံး တုန်ခါနေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ မြေဝါရောင်အလင်းများပင် တုန်လှုပ်သွား၏။
"ဝုန်း... ဝုန်း...ဝုန်း"
အနည်းငယ် ရင်ဆိုင်ပြီးနောက် ရွှေခရမ်းရောင်ဝတ် အဘိုးကြီးမှာ တိုက်ရိုက် လွင့်စဉ်သွားတော့သည်။ သူဟာ လေထဲတွင် မီတာထောင်ဂဏန်းခန့်ထိ ဆုတ်ခွာသွားရသည်။ သူ၏ လွင့်စဉ်မှုကြောင့် လေထဲတွင် ရှည်လျားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။
သို့ရာတွင်၊ လုမင်၏ ခန္ဓာကိုယ်ကတော့ လုံးဝ မလှုပ်ရှားခဲ့ပေ။
"ဒါက..."
လူတိုင်း အံ့အားသင့်သွားကြပြန်သည်။
သိုင်းအုပ်ချုပ်သူက အမှန်တကယ် အားနည်းနေခဲ့၏။ သူ့မှာ မီတာတစ်ထောင်ခန့်အထိပင် လွင့်စဉ်သွားခဲ့ရသေးသည်။
"သိုင်းအုပ်ချုပ်သူတစ်ပါးရဲ့ အင်အားက ဒါပဲလား။ မင်းက တိုက်ချင်မှတော့ မင်းကို ငရဲပြည် အရင်ပို့လိုက်မယ်"
လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ၏ နဂါးခန္ဓာက တွန့်လိမ်လှုပ်ရှားပြီး ရွှေခရမ်းရောင်ဝတ် အဘိုးကြီးကို လိုက်လံတိုက်ခိုက်တော့သည်။
"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ"
ရွှေခရမ်းရောင်အဘိုးကြီးလည်း ဆူပွက်သွားသော သွေးများကို ဖိနှိပ်လိုက်ရသည်။ သူ့စိတ်ထဲမှာလည်း ထိတ်လန့်တုန်လှုပ်သွား၏။
သူ၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်တစ် သိုင်းအုပ်ချုပ်သူများကြားတွင်ပင် အားကောင်းသည်ဟု ဆိုနိုင်သော်လည်း၊ ယခုအခါ ပြီးပြည့်စုံသောဝိညာဉ်နတ်ဘုရားနယ်ပယ်ရှိ လူငယ်တစ်ဦးကိုပင် မယှဉ်နိုင်တော့ပါ။ ယင်းက စိတ်ကူးကြည့်ရန် ခက်ခဲသည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးက ဤမျှလောက် အစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်းမျိုး မည်သို့ရှိနိုင်မည်နည်း။
သာမာန် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားသာ ဖြစ်ပါက၊ သူက တစ်ချက်တည်းဖြင့် အများကြီးကို သတ်နိုင်သည်။
လုမင်က သူ့ကို တိုက်ခိုက်လာနေသည်အား မြင်ရသောအခါ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလည်း အင်အားအပြည့်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်ရသည်။
"ဝုန်း... ဝုန်း... ဝုန်း"
နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ သို့သော်လည်း နဝမနဂါးအဖြစ် ပြောင်းလဲပြီးနောက် လုမင်၏ ခွန်အားမှာ လွန်စွာ ကြီးမားလာခဲ့ပြီ။ ထို့အပြင်၊ နဂါးလက်သည်းများက မတူညီသော တာအိုသိုင်းပညာများကို ထုတ်ဖော်ထားခဲ့သည်။ အချို့ နဂါးလက်သည်းများက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကိုပင် အသုံးပြုထားခဲ့ကြသေးသည်။
ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက အစွမ်းကုန် ကြိုးစားသော်လည်း နဝမနဂါးကို မယှဉ်နိုင်ဘဲ အားနည်းချက် ရှိနေခဲ့သည်။
အနည်းငယ် လှုပ်ရှားပြီးနောက် လုမင်၏ နဂါးလက်သည်းများက အဘိုးကြီးကို ကုပ်ဆွဲလိုက်သည်။
အကယ်၍၊ ဤအဘိုးကြီးသာ ကာကွယ်ရေး အထူးပြုသော မြေကမ္ဘာ ဝိညာဉ်ခန္ဓာကို မလေ့ကျင့်ခဲ့ပါက၊ တစ်ခါတည်း သေသွားနိုင်သည်။ ယခုတောင် သူ့တစ်ကိုယ်လုံး ပူလောင်သော ဝေဒနာ ခံစားရပြီး ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာတော့သည်။
ဤအခိုက်တွင် ပင်လယ်ရေက လှိုင်းထပြီး လူတော်တော်များများ ပြေးထွက်လာခဲ့သည်။
သူတို့က ပင်လယ်အောက်ခြေမှ ရှေးမြို့ဟောင်းထဲသို့ ဝင်ရောက်သွားခဲ့ကြသော ကျွမ်းကျင်သူများ ဖြစ်ချေသည်။
သူတို့ ပြေးထွက်လာသည်နှင့် တပြိုင်နက်၊ လုမင်နှင့် ရွှေခရမ်းရောင်ဝတ် အဘိုးကြီးတို့ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရပေရာ အံ့သြသွားကြသည်။
"အဲဒါ သိုင်းအုပ်ချုပ်သူပဲ"
"ဘုရားရေ၊ လုမင်က သိုင်းအုပ်ချုပ်သူတစ်ပါးကို လုံးလုံးလျားလျား ဖိနှိပ်ထားတယ်။ အုပ်ချုပ်သူက ဒဏ်ရာတောင်ရနေပြီ"
အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။
ရှေးမြို့ဟောင်းတွင် လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို သူတို့ မြင်ဖူးကြသည်။ သို့သော်လည်း လုမင်ကြောင့် သိုင်းအုပ်ချုပ်သူတစ်ပါး ဒဏ်ရာရရှိခြင်းကို မြင်ရသောအခါ လွန်စွာ တုန်လှုပ်သွားကြမိဆဲပင်။
"ဝုန်း... ဝုန်း... ဝုန်း"
တိုက်ပွဲက ဆက်လက်ဖြစ်ပွားခဲ့သည်။ ဆယ်ကွက်ထက်မနည်း လှုပ်ရှားပြီးနောက် ရွှေခရမ်းရောင်ဝတ် အဘိုးကြီး သွေးအန်ထွက်သည်အထိ ရိုက်ခံရတော့သည်။ သူ့ဆံပင်များ ဖရိုဖရဲဖြစ်ပြီး အတော်လေး သရုပ်ပျက်သွားသည်။
လုမင်က သူ့ကို လုံး၀ ဖိနှိပ်ခဲ့သည်။ သူ့တွင် ဒိုမိန်းနှင့် ဝိညာဉ်ခန္ဓာရှိလျှင်တောင် အသုံးမဝင်သေးပေ။ လုမင်၏ ခွန်အားက ကြီးမားလွန်း၍ သူ့ကို လုံးလုံးလျားလျား ကျော်လွန်သွားခဲ့သည်။
"ဒါကိုအဆုံးသတ်ဖို့အချိန်တန်ပြီ"
လုမင်က ငေါက်ငမ်းပြီး တိုက်ခိုက်လိုက်သည်။ ဤနဂါးလက်သည်းတွင် တာအိုသိုင်းပညာငါးခု ပေါင်းစပ်ထားပြီး ကစဉ့်ကလျား အလင်းတန်းတစ်ခု လင်းလက်သွား၏။
ဤလက်သည်းက ရွှေခရမ်းရောင်ဝတ် အဘိုးကြီးကို ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ခံစားရစေတော့သည်။
"ခုတ်"
ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် စစ်ပုဆိန်တစ်လက် ရုတ်တရက် ပေါ်လာသည်။ စစ်ပုဆိန်က လျင်မြန်စွာ ကြီးမားလာပြီး ဧရာမပုဆိန်အဖြစ်သို့ ပြောင်းလဲသွား၏။ ပုဆိန်မှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အုပ်ချုပ်သူ အရှိန်အဝါများလည်း ထွက်ပေါ်လာတော့သည်။
အုပ်ချုပ်သူဝိညာဉ်လက်နက်၊ ယင်းက အုပ်ချုပ်သူ ဝိညာဉ်လက်နက် တစ်ခုပင်။ ဤစစ်ပုဆိန်က ဟိုင်ယွိအသုံးပြုခဲ့သော ပုဆိန် ဖြစ်သည်။
ဟိုင်ယွိက ရွှေခရမ်းရောင်ဝတ် အဘိုးကြီးကို အုပ်ချုပ်သူဝိညာဉ်လက်နက်အား ပေးအပ်ထားပြီး ဖြစ်ပုံရသည်။ ဟိုင်ယွိက ယုံကြည်မှုအပြည့်နှင့် ဤနေရာတွင်ဆက်နေတာ အံ့သြစရာ မရှိတော့ပါ။
အုပ်ချုပ်သူဝိညာဉ်လက်နက်ကို သိုင်းအုပ်ချုပ်သူမှ အသုံးပြုခြင်းက အဓိပဓိများ အသုံးပြုခြင်းနှင့် လုံးဝ ခြားနားသည်။
အဓိပဓိတစ်ပါးက အုပ်ချုပ်သူဝိညာဉ်လက်နက်ကို အသုံးပြုနိုင်သော်လည်း စစ်မှန်သောစွမ်းအားကို မထုတ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သိုင်းအုပ်ချုပ်သူတစ်ပါးမှ အသုံးပြုပါက အလွန်ကြောက်စရာကောင်းမည် ဖြစ်သည်။
ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက မိုးနှင့်မြေကို ခွဲထုတ်နိုင်သကဲ့သို့ ပုဆိန်ခုတ်ချက်အား ထုတ်ဖော်လိုက်သည်။
"ဝုန်း"
ပုဆိန်ခုတ်ချက်မှ ပုဆိန်အလင်းက နဝမနဂါး၏ နဂါးလက်သည်းနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။