← Chapters

အခန်း ၁၃၀၃

Vol. 87 Ch. 1303

အခန်း ၁၃၀၃

Vol. 87 Ch. 1303

အပိုင်း ( 1303 ) ဒေါသထွက်လွန်း၍ သွေးအန်တော့မည်။

"ဝုန်း"

တိုက်ခိုက်မှု အားလှိုင်းများက မီတာ သောင်းနှင့်ချီ၍ ဖြတ်ကျော်သွားခဲ့သည်။ ပုဆိန်နှင့် နဂါးလက်သည်းတို့ တိုက်မိရာ တောက်ပသော အလင်းတစ်ခုက ရေလှိုင်းဂယက်ကဲ့သို့ အရပ်ရပ်ကို ဖြာထွက်သွား၏။

"ဝုန်း"

ကြီးမားသော လှိုင်းလုံးကြီးများလည်း အောက်ပင်လယ်ပြင်တွင် လှုပ်ခတ်သွားခဲ့သည်။ လှိုင်းလုံးကြီးများက ကမ္ဘာကြီး၏ အဆုံးကဲ့သို့ ကောင်းကင်ယံကို မြင့်မားစွာ ထိုးတက်သွားကြ‌လေသည်။

ဟင်းလင်းပြင်က လုံးဝ ပြိုကျသွားပြီး အမှောင်လေဟာပြင်တစ်ခု ပေါ်လွင်လာခဲ့သည်။ ကောင်းကင်ယံမှ တိမ်တိုက်များလည်း သဲလွန်စမရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကြည့်ရှုနေသူများက ဝေးကွာလွန်းလှသည်။ ထိုသို့မဟုတ်ပါက၊ ဤအင်အားများ ရိုက်ခတ်ခံရလျှင် အဓိပဓိအောက်မှ မည်သူမျှ ရှင်သန်နိုင်မည် မဟုတ်ပေ။

သို့ဖြစ်လျှင်ပင် အတော်များများက ကြောက်လန့်တကြားဖြင့် ထပ်မံ ဆုတ်သွားခဲ့ကြသည်။

"ရွှီး"

ဧရာမပုဆိန်နှင့် နဂါးလက်သည်းတို့ တွေ့ဆုံသည့်နေရာတွင်၊ နဂါးလက်သည်းက တုန်ခါနေသကဲ့သို့ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဝုန်း"

နောက်ဆုံးတွင် လုမင်၏ တိုက်ခိုက်မှုက ဧရာမပုဆိန်နှင့် မယှဉ်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့၏။ နဂါးလက်သည်း ပေါက်ကွဲသွားပြီး နဝမနဂါးက မီတာရာချီအဝေးသို့ လွင့်စဉ်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့်၊ နဝမနဂါးက လုမင်၏ သွေးမျိုးဆက်စွမ်းအားဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ နဂါးလက်သည်းက ပေါက်ကွဲသွားသော်လည်း ချက်ချင်း ပြန်ပေါက်လာပေသည်။

'ဒီလောက်တောင် အားကောင်းတဲ့ စွမ်းအားပဲ။ အုပ်ချုပ်သူ ဝိညာဥ်လက်နက်ကို သိုင်းအုပ်ချုပ်သူတွေ အသုံးပြုတာက အဓိပဓိတွေ နှိုင်းယှဉ်နိုင်တာ မဟုတ်ဘူး'

လုမင်၏ မျက်လုံးအကြည့်က အနည်းငယ် လေးနက်သွားသည်။

ဟိုင်ယွိက အုပ်ချုပ်သူ ဝိညာဥ်လက်နက်ကို အသုံးပြုသောအခါ သူ၏တိုက်ခိုက်နိုင်စွမ်းက သာမန် သိုင်းအုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သို့ရာတွင်၊ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက အသုံးပြုသောအခါမှာတော့ စွမ်းအားက ထိတ်လန့်ဖွယ်ကောင်းအောင် အဆများစွာ အားကောင်းလာတော့သည်။

"လုမင်က ပြိုင်ဘက်မဟုတ်တော့ဘူး"

"အုပ်ချုပ်သူ ဝိညာဥ်လက်နက်ကို အသုံးပြုထားတဲ့ သိုင်းအုပ်ချုပ်သူတစ်ပါးက အစွမ်းထက်လွန်းတယ်။ လုမင်က တကယ်ကို ပြိုင်ဘက် မဟုတ်တော့ဘူးပဲ"

"ပြီးသွားပြီ။ သူ ဒီနေ့ သေရတော့မှာလား"

လူတော်တော်များများက အော်လိုက်သည်။ ဤတွင် တစ်ချို့က ဝမ်းသာသွားပြီး တချို့ကတော့ သနားကြလေသည်။

"ဟားဟားဟား၊ ငါသိတယ်။ အုပ်ချုပ်သူဝိညာဥ်လက်နက်ကို အသုံးပြုထားတဲ့ သိုင်းအုပ်ချုပ်သူတစ်ပါးက လုမင်ကို လုံးလုံးလျားလျား ဖိနှိပ်နိုင်လိမ့်မယ်။ လုမင်... မင်းက ငါ့ကို သတ်ချင်တာလား။ ငရဲကိုသွားစမ်းပါ"

ဟိုင်ယွိက ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ကြည့်ပြီး အားပါးတရ ရယ်မောလိုက်သည်။

"ပြီးပြီ၊ ပြီးသွားပြီ"

အဝေးမှ မိုးကြိုးကြံ့အဓိပတိလည်း အော်ဟစ်လိုက်၏။

ယခင်က၊ လုမင်သည် မယုံကြည်နိုင်စရာ စွမ်းအားကို ပြသခဲ့ပြီး သိုင်းအုပ်ချုပ်သူတစ်ပါးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့၍ မိုးကြိုးကြံ့အဓိပတိကို အိပ်မက်မက်နေသည်ဟု ထင်မြင်စေခဲ့ပေသည်။

ထိုစဉ်က၊ လုမင် သူ့ကို တိုက်ခိုက်ခဲ့စဉ်တွင် လဲ့တင်းနှင့် သူ့သားရဲကိုသုံးပြီး အနိုင်ယူရန် လိုခဲ့သည်။

ယခုမူ၊ လအနည်းငယ်သာ ရှိသေးသော်လည်း လုမင်က ကိုယ်ပိုင်အင်အားဖြင့် သိုင်းအုပ်ချုပ်သူကိုပင် အနိုင်ယူနိုင်နေပြီ ဖြစ်သည်။ လုမင်သာ သူ့ကို သတ်ချင်ပါက တစ်ချက်ရိုက်ရုံသာ ဖြစ်လိမ့်မည်။

မူလက သူဟာ အနာဂတ်တွင် လုမင်အပေါ်မှာ နာခံမှုရှိရှိ လိုက်နာရန် စိတ်ကူးထားပြီးပြီ ဖြစ်သည်။ သူကဲ့သို့ သူတစ်ယောက်အတွက် လုမင်၏စီးတော် ဖြစ်ရခြင်းမှာ၊ အနာဂတ်တွင် ကောင်းချီးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့သော်လည်း ယခုအချိန်တွင် လုမင်က အရေးနိမ့်သွားကြောင်း မြင်ရသောအခါ သူ့နှလုံးသားက လေးလံသွားခဲ့သည်။

"ဘာကိုပြီးပြီလဲ။ လုမင် ရှုံးမှာ မဟုတ်ဘူး"

ရှဲ့နျန်ချင်းက လုမင်၏ ဦးခေါင်းကိုပိတ်ရိုက်ကာ ကြိမ်းမောင်းလိုက်သည်။

သူမက လုမင်အပေါ်တွင် ယုံကြည်မှုအပြည့်ရှိ၏။ ထို့ပြင် လုမင်က ဒဏ္ဍာရီလာ ကစဉ့်ကလျားတာအိုကို လေ့ကျင့်ထားပြီးကြောင်းလည်း သူမ သိသည်။ လုမင်က ယခုအချိန်ထိ ကစဉ့်ကလျားတာအိုကို အသုံးမပြုရသေးပါ။

"သူ မရှုံးသေးဘူးလား"

မိုးကြိုးကြံ့ အဓိပတိမှာ အနည်းငယ် သံသယဖြစ်သွားသည်။

"သေစမ်း"

ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက လက်ထဲတွင် စစ်ပုဆိန်ကိုကိုင်ပြီး ခုတ်ပိုင်းလိုက်သည်။ ဧရာမ ပုဆိန်ကြီးက ဟင်းလင်းပြင်ကို ထက်ခြမ်းခွဲသွား၏။ အံ့မခန်းကြီးမားသော စွမ်းအားက လုမင်ကို လုံးလုံးလျားလျား ဖုံးအုပ်ထားသောကြောင့် ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။

'ရှေးဦး ကစဉ့်ကလျားတာအိုကို အသုံးမပြုဘဲ ဘယ်လောက်ဝေးဝေးသွားနိုင်မလဲ ကြည့်ရအောင်'

လုမင်၏ မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ လှစ်ဟလာခဲ့သည်။

သူ့ဦးခေါင်းထက်တွင် လဲ့တင်းပေါ်လာသည်။ လဲ့တင်းက တောင်တစ်လုံးကဲ့သို့ ကြီးမားလာပြီး စစ်ပုဆိန်ဆီသို့ ပြေးသွားသည်။ တချိန်တည်းမှာပင် နဝမနဂါးက ပြေးတက်သွားပြီး နဂါးလက်သည်းတစ်ချောင်းနှင့် ကုပ်ဆွဲလိုက်၏။ ထိုလက်သည်းတွင် တာအိုငါးခုကိုလည်း ပေါင်းစပ်ထားခဲ့သည်။

"ဒုန်း"

လဲ့တင်းက ပုဆိန်ခုတ်ချက်ကို ပထမဆုံး ရင်ဆိုင်ရသည်။ ယင်းက ပုဆိန်နှင့် ထိပ်တိုက်တွေ့သောအခါ အဝေးသို့ လွင့်စဉ်သွား၏။ ထိုစဉ်မှာပင် လုမင်၏ တိုက်ခိုက်မှုက ရောက်ရှိလာပြီး စစ်ပုဆိန်ပေါ်သို့ ကျရောက်လာတော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး လုမင် နောက်ပြန်ဆုတ်သွားရပြန်သည်။ သို့သော်လည်း၊ ဤတစ်ကြိမ်တွင်၊ လဲ့တင်းက ပုဆိန်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားသွားသောကြောင့် နောက်ဆုံးအကြိမ်ကထက် အခြေအနေ ပို၍ ကောင်းခဲ့သည်။

"ထပ်လာမယ်"

လုမင်က လဲ့တင်းကို ထိန်းချုပ်ပြီး ထပ်မံတိုက်ခိုက်ခဲ့သည်။

လုမင်က ရှေးဦးကစဉ့်ကလျားတာအိုကို အသုံးမပြုသေးပါ။ ထိုအစား သူ့ကိုထောက်ပံ့ရန် လဲ့တင်းကို အသုံးပြုခဲ့သည်။ သူက ရွှေခရမ်းရောင်ဝတ် အဘိုးကြီးနှင့် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲရန် တာအိုငါးခုကို အဓိက အသုံးပြုခဲ့ပေသည်။

ဤသို့ဖြင့် လုမင်က အနည်းငယ် နိမ့်ကျနေသေးသော်လည်း တစ်ဖက်သတ် အခြေအနေမဟုတ်ဘဲ ဖြစ်ခဲ့သည်။

သူတို့နှစ်ယောက်က အပြင်းအထန် တိုက်ခိုက်ကြ၍ မိုင်ပေါင်းသောင်းချီ ပတ်၀န်းကျင်က သူတို့၏ စစ်မြေပြင် ဖြစ်လာခဲ့ပေသည်။

ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။

အောက်မှ ကျွန်းကလေးမှာလည်း ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် တိုက်ရိုက်ပေါက်ကွဲကာ ပြာများအဖြစ်သို့ ပြောင်းလဲပြီး ပင်လယ်ပြင်မှ ပျောက်ကွယ်သွားခဲ့ပြီ။

ဝေးကွာသောကောင်းကင်ယံမှာတော့ မရေမတွက်နိုင်သော လူရုပ်သွင်များ မတ်တပ်ရပ်ကာ စစ်မြေပြင်ကို စိုက်ကြည့်နေကြသည်။ သူတို့အားလုံး အခိုက်အတန့်တိုင်းကို လက်လွတ်မခံချင်သလို အသက်ပင် ပြင်းပြင်းမရှူနိုင်ကြပေ။

အဓိပဓိအချို့ဆိုလျှင် စူးစိုက်စိုက်စိုက်ကြည့်ရင်း မျက်လုံးများ တောက်ပလာခဲ့သည်။

သိုင်းအုပ်ချုပ်သူများ အစွမ်းကုန် တိုက်ခိုက်ခြင်းမှာ မြင်ရခဲလှ၏။ ယင်းက သူတို့ကို စိတ်အားထက်သန်လာစေသည်။

မကြာမီ၊ သူတို့နှစ်ယောက်က လှုပ်ရှားမှုပေါင်း တစ်ရာကျော် အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

"ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ဟားဟားဟား"

လုမင် ရယ်မောလိုက်သည်။

ဤတိုက်ပွဲတွင်၊ လုမင်က ကစဉ့်ကလျားတာအိုမှလွဲ၍ အစွမ်းကုန် အသုံးပြုခဲ့ပေသည်။ သူဟာ သူ့ခွန်အားကို အပြည့်အ၀ အသုံးချပြီး သူ့နှလုံးသားကို ကျေနပ်စေခဲ့သည်။

ဤကာလအတွင်း၌ သူဟာ အလွန်လျင်မြန်စွာ တိုးတက်ခဲ့သော်လည်း သူ၏ အခြေခံအုတ်မြစ်က အနည်းငယ် မတည်မငြိမ် ဖြစ်ခဲ့သည်။ ဤတိုက်ပွဲအပြီးမှာတော့ သူ၏ အခြေခံက ကျောက်တောင်ကြီးကဲ့သို့ တည်ငြိမ်ကာ ခိုင်မာလာတော့သည်။

တစ်ချိန်တည်းမှာပင်၊ တိုက်ပွဲအတွင်း၌ လုမင်ဟာ သူ၏ တာအိုသိုင်းပညာငါးခုအပေါ် နားလည်သဘောပေါက်မှုက ပိုမိုနက်ရှိုင်းလာသည်ဟု ခံစားခဲ့ရသည်။ ယင်းက အချိန်မရွေး ဖြတ်ကျော်သွားတော့မည်ကဲ့သို့ပင်။

ထို့အပြင် လုမင်က ၎င်းတို့ကို ပေါင်းစပ် အသုံးပြုခဲ့သည်။ အဆင့်တက်သည်နှင့် တာအိုသိုင်းပညာငါးခုစလုံး ဖြတ်ကျော်ပြီး စတုတ္ထအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

တာအိုသိုင်းပညာငါးခုစလုံး စတုတ္ထအဆင့်သို့ ရောက်ရှိသည်နှင့် ၎င်းတို့၏ စွမ်းအားများ သိသိသာသာ တိုးလာမည်မှာ သေချာသည်။

'သေစမ်း၊ ဝိညာဉ်နတ်ဘုရား ပုရွက်ဆိတ်တစ်ကောင်က ဒီလောက် တုန်လှုပ်စရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းမျိုး ဘယ်လို ရှိနိုင်တာလဲ'

တိုက်ပွဲ အချိန်ကြာလာလေလေ၊ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးမှာ ပို၍ ထိတ်လန့်လာလေလေပင်။

'ဒီကောင်လေးကို သတ်ရမယ်၊ မဟုတ်ရင် အဆုံးမဲ့ ဘေးဒုက္ခတွေ ကြုံလိမ့်မယ်။ ငါ သူ့ကို အချိန်ဆွဲထားမယ်၊ သိုင်းအုပ်ချုပ်သူတစ်ယောက်အနေနဲ့ ငါ့ရဲ့ စွမ်းအင်က သူ့ထက်ပိုများပြီး အကန့်အသတ်မရှိတာ သေချာတယ်။ ဒါကြောင့် ငါက ငါက ပိုပြီး အချိန်ကြာကြာ တိုက်ခိုက်နိုင်တယ်'

ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက စဉ်းစားလိုက်သည်။ ထို့နောက်မှာတော့ လုမင်ကို ဆက်လက် တိုက်ခိုက်ပြန်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်ယောက်သား တိုက်ကွက် တစ်ဒါဇင်ကျော် ဖလှယ်ခဲ့ကြသည်။

ရုတ်တရက်၊ လုမင်၏ နဂါးလက်သည်းကုပ်ချက် စွမ်းအားက ယခင်ကထက် ပိုမိုမြင့်မားလာခဲ့၏။

"ဟားဟားဟား၊ ငါ ဖြတ်သွားပြီ။ ငါ့ရဲ့ တာအိုသိုင်းပညာ အဆင့်တက်သွားပြီ"

လုမင် အလွန်ဝမ်းသာသွားသည်။

ပြင်းထန်သော တိုက်ပွဲတစ်ခုပြီးနောက်၊ လုမင်၏ တာအိုသိုင်းပညာ ငါးမျိုးစလုံးက ဖြတ်ကျော်ပြီး စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"ဝုန်း"

ဤရင်ဆိုင်မှုတွင် လုမင် ဆုတ်ခွာသွားသော်လည်း၊ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလည်း တွန်းလှန်ခံလိုက်ရတော့သည်။

လုမင်သည် အစပိုင်းတွင် အားနည်းခဲ့သော်လည်း ယခုအခါ လဲ့တင်း၏ အကူအညီဖြင့် ရွှေခရမ်းရောင်အဘိုးကြီးကို လက်ရည်တူ တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

"အား၊ သေစမ်း"

ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလည်း လုမင်၏ သိုင်းပညာ အဆင့်တက်ခြင်းကို သဘာဝအတိုင်း ခံစားသိရှိခဲ့သည်။ သူ့စိတ်ထဲမှ ဟိန်းဟောက်ရင်း ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါး ဖြစ်သွားတော့သည်။

ပြင်းထန်သောတိုက်ပွဲတစ်ခုအပြီးတွင် သူက လုမင်ကို မသတ်နိုင်သည့်အပြင် အဆင့်တက်နိုင်ရန်ပင် ကူညီပေးခဲ့သည်။ ယင်းက မည်သို့ အဆင်ပြေမည်နည်း။ သူ့ရင်ဘတ်တစ်ခုလုံး တင်းကျပ်ပြီး သေချင်စော်နံသွားသည်။

စိတ်ပျက်စရာကောင်းလွန်းပေသည်။

လုမင်ကို မသတ်နိုင်ဘဲ ကူညီပေးသလို ဖြစ်သွားသည်။

"ဟားဟားဟား၊ ငါမင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... ဒီတိုက်ပွဲကို ဒီမှာပဲ အဆုံးသတ်သင့်တယ်"

လုမင် ရယ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများက ကစဉ့်ကလျားအဖြစ် ပြောင်းသွားသည်။

လဲ့တင်းကလည်း အနည်းငယ်တုန်ခါပြီးနောက် လျင်မြန်စွာ ကျုံ့သွားကာ လုမင် မျက်ခုံးနှစ်ခုကြားကို ဝင်ရောက် ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် လုမင်က လူသားအသွင်သို့ ပြန်လည် ပြောင်းလဲလိုက်တော့သည်။

လုမင်က လဲ့တင်းကို သိမ်းပြီး လူသားအသွင် ပြန်ပြောင်းလိုက်သည်။ သူက ရွှေခရမ်းရောင်ဝတ် အဘိုးအိုကြီးဆီသို့ လျှောက်သွား၏။

"သူ ဘာလုပ်နေတာလဲ"

ဘေးမှ ကြည့်နေသူများ အနည်းငယ် မှင်တက်သွားကြသည်။

All Chapters