အခန်း ၁၃၀၆
Vol. 88 Ch. 1306
အပိုင်း ( 1306 ) ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် အဆင့်တက်ခြင်း။
လုမင်က တန်တန်နှင့် ပူဖောင်းလေးကို ဂရုမစိုက်တော့ပါ။ သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုပေါ်လာပြီး ရှဲ့နျန်ချင်းကိုပေးကာ ပြောလိုက်သည်။
"ရှောင်ချင်း၊ ဒါက သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်ပါ။ မင်း ဒါကိုယူပြီး အရင် လေ့လာလိုက်ချေ"
"သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်၊ ကမ္ဘာပေါ်မှာ ဒီလို လျှို့ဝှက်ကျင့်စဥ်တွေ တကယ်ရှိတာလား"
ရှဲ့နျန်ချင်း၏ မျက်လုံးများက စူးစမ်းလိုစိတ် ပေါ်လာသည်။ သူမက ကျောက်စိမ်းပြားကိုယူပြီး သေသေချာချာ ကြည့်လိုက်၏။ ခဏအကြာတွင်၊ ရှဲ့နျန်ချင်း၏ မျက်လုံးများက အံ့အားသင့်နေသည့် အရိပ်အမြွက်တို့ လှစ်ဟလာတော့သည်။
"အံ့သြစရာကောင်းတယ်၊ တကယ်ကို အံ့သြစရာပါပဲ။ ငါသာ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကို လေ့ကျင့်ခဲ့မယ်ဆိုရင် အနာဂတ်မှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ဖို့ အခက်အခဲတွေ အများကြီး လျော့ကျသွားလိမ့်မယ်"
ရှဲ့နျန်ချင်း အသက်ပြင်းပြင်းရှူလိုက်သည်။
"ရှောင်ချင်း၊ ငါတို့က ရှမ်းဟွမ်တိုက်ကြီးကို ကိုယ့်ဘာသာ ပြန်ရမှာဆိုတော့ အချိန်နည်းနည်း ကြာလိမ့်မယ်။ ဒီအချိန်ကိုသုံးပြီး လေ့ကျင့်ကြတာပေါ့"
လုမင် ပြောလိုက်၏။
"အင်း၊ အဆင်ပြေပါတယ်"
ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်ပြပြီးနောက် တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဝင်ကာ သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဥ်ကို စတင်လေ့လာလိုက်တော့သည်။
လုမင်ကမူ မိုးကြိုးကြံ့အဓိပဓိ၏ နောက်ကျောပေါ်မှာပင် တင်ပျဉ်ခွေထိုင်ကာ ဆက်နေခဲ့သည်။ သူက နဝနနဂါး သွေးမျိုးဆက်ကို ထုတ်ဖော်ကာ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ သူက အဓိပဓိ သွေးအနှစ်သာရ ကိုးစက်ကို စုပ်ယူကာ စတင်သန့်စင်လိုက်တော့သည်။
လုမင်ဟာ မူလက သူ့ဘာသာသူ ခရီးထွက်ရန် စီစဉ်ခဲ့သော်လည်း ယခုတော့ အချိန်လိုနေပြီ ဖြစ်သည်။
သွေးအနှစ်သာရကို သန့်စင်ရန်က အချိန်လိုအပ်၏။ သန့်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်ရန်ကလည်း အချိန်လိုသေးသည်။ တာ သန့်ရှင်းသော ဝိညာဉ်ခန္ဓာကို ပြုစုပျိုးထောင်ရန်လည်း အချိန်လိုအပ်သည်။ သူ့အတွက် တာအိုသိုင်းပညာငါးခုကို နားလည်ရန်လည်း အချိန်လိုပေသည်။
ဟွင်းယွမ်ကျမ်း၏ မှတ်တမ်းများအရ၊ တာအိုသိင်းပညာငါးခုကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ခြင်းဖြင့် ကစဉ့်ကလျား တာအိုသိုင်းပညာဖြစ်သော ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို လေ့ကျင့်နိုင်မည် ဖြစ်သည်။
ယင်းက ကစဉ့်ကလျား တာအိုသိုင်းပညာဖြစ်၍ သူ့စွမ်းအားမှာ အလွန် ကြောက်စရာကောင်း၏။ လုမင်လည်း သဘာဝအတိုင်း မျှော်လင့်နေတော့သည်။
ထို့ကြောင့်ပင် လုမင် အချိန်ကုန်သက်သာပြီး တာအိုသိုင်းပညာနှင့် လျှို့ဝှက်ကျင့်စဥ်များကို လေ့ကျင့်နိုင်စေရန် မိုးကြိုးကြံ့အဓိပတိကို မြန်မြန်သွားဖို့ ပြောခဲ့သည်။
နဝမနဂါးလည်း အဓိပဓိ သွေးအနှစ်သာရကိုးစက်ကို မျိုချပြီး လျင်မြန်စွာ သန့်စင်ခဲ့လေသည်။
လုမင်၏ လက်ရှိ ကျင့်ကြံခြင်းဖြင့် အဓိပဓိ သွေးအနှစ်သာရ ကိုးစက်ကို တစ်ပြိုင်နက်တည်း သန့်စင်ခြင်းက ပြဿနာမရှိပါ။ ထို့အပြင်၊ သန့်စင်မှုအမြန်နှုန်းက ယခင်ကထက် များစွာပို၍ မြန်ဆန်နေပြီ ဖြစ်သည်။
နာရီအနည်းငယ်အတွင်းမှာပင် အဓိပဓိ သွေးအနှစ်သာရကိုးစက်ကို အပြည့်အဝ သန့်စင်ပြီးသွားသည်။
ငရဲဖိနှိပ်ကျောက်စာချပ်၏ ရှစ်ခုမြောက် ရွှေရောင်ချက္ကရက ပို၍ တောက်ပလာသော်လည်း မတိုးတက်ခဲ့ပေ။
လုမင်လည်း နောက်ထပ် အဓိပဓိ သွေးအနှစ်သာရ ကိုးစက်ကို ဆက်လက်ထုတ်ယူပြီး သန့်စင်လိုက်သည်။
ဤသို့ဖြင့် လုမင်က သွေးအနှစ်သာရများကို စိတ်နှစ်ပြီး သန့်စင်ခဲ့သည်။
တစ်ရက်အကြာတွင် လုမင်က အဓိပဓိခြောက်ပါး၏ သွေးအနှစ်သာရများကို သန့်စင်ပြီးသွားပြီ။ သူ၏ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က မတိုးတက်သေးသော်လည်း သိပ်မလိုတော့ဟု ခံစားခဲ့ရသည်။
သတ္တမမြောက် အဓိပဓိ အသွေးအနှစ်သာရကိုးစက်ကို ထုတ်ယူလိုက်၏။ နဂါးဝမနဂါးက ပါးစပ်ကိုဟလိုက်ပြီး သွေးအနှစ်သာရ ကိုးစက်ကို စုပ်ယူလိုက်တော့သည်။
ကြီးမားသော သွေးအနှစ်သာရစွမ်းအင်များကို သွေးစွမ်းအားအဖြစ် စဉ်ဆက်မပြတ် ပြောင်းလဲခဲ့ပြီး ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်နှင့် ပေါင်းစပ်ခဲ့သည်။
"ဝမ်"
ခဏအကြာတွင် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က တုန်ခါလာသည်။ မူလ ရွှေရောင်ချက္ကရ ရှစ်ခုကို အခြေခံပြီး ချက္ကရအသစ်တစ်ခုပေါ်လာခဲ့၏။
နဝမမြောက် ချက္ကရ၊ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က နောက်ဆုံးတွင် အဆင့်ကိုးသို့ ရောက်ရှိသွားတော့သည်။
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က စူးရှသောအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ အငွေ့အသက်များကလည်း ပို၍ အားကောင်းလာပေသည်။
လုမင်ဟာ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်၏ အရှိန်အဝါက နဝမနဂါး သွေးမျိုးဆက်ထက် လုံးဝကျော်လွန်သွားသည်ဟု ခံစားမိခဲ့သည်။
"ငရဲဖိနှိပ်ကျောက်စာချပ်မှာ နဝမနဂါးထက် သာလွန်ပြီး အံ့ဖွယ်ကောင်းတဲ့ နောက်ခံရှိပုံရတယ်'
လုမင်လည်း သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။
သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ်သို့ ပြောင်းလဲသွားပါက၊ သူ့စွမ်းအားမှာ နဝမနဂါးထက် ပိုမိုအားကောင်းလာမည်ဟု လုမင် ခံစားခဲ့ရပေသည်။
'ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ မူလခန္ဓာက စိတ်ကူးမယဉ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်ရမယ်။ ငါ့မှာ အပိုင်းအစတစ်ခုပဲရှိသေးတာ စိတ်မကောင်းစရာပဲ။ တကယ်လို့ ငါသာ အပြည့်အဝ ရယူနိုင်ရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ'
လုမင်၏ မျက်လုံးများက မျှော်မှန်းချက်ဖြင့် ပူလောင်နေခဲ့သည်။
ယခင် ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစကို သူရှာတွေ့နိုင်ခြင်းက အခြားအပိုင်းအစများလည်း ကမ္ဘာပေါ်တွင် ရှိနေဆဲဖြစ်ကာ ၎င်းတို့ကို ရှာတွေ့ရန် အခွင့်အရေးရှိမည်ဟူသော အဓိပ္ပာယ်ပင်။
မကြာမီပင်၊ သွေးအနှစ်သာရ စွမ်းအင်များကို လုံး၀ သန့်စင်ပြီးသွားသည်။
"ကောင်းတယ်၊ သွေးမျိုးဆက်နှစ်ခုစလုံးက အဆင့်ကိုးကို ရောက်နေပြီပဲ။ ဒါက အမြင့်ဆုံးအဆင့် ဖြစ်နေပြီ။ အခု သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကို နားလည်ဆင်ခြင်ဖို့ အချိန်တန်ပြီ"
"ဝှစ်၊ ဝှစ်"
ဤအခိုက်တွင် အရိပ်နှစ်ခုက ပင်လယ်ပြင်မှ ပျံထွက်လာပြီး မိုးကြိုးကြံ့အဓိပဓိ၏ နောက်ကျောပေါ်သို့ ဆင်းသက်လိုက်ကြသည်။ တန်တန်နှင့် ပူဖောင်းလေးတို့ ဖြစ်ချေသည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးက ဝိညာဉ်ဆေးပင်များကို ကိုင်၍ အေးအေးလူလူ စားနေသည်။
"အဆင့်ကိုး ဝိညာဉ်ဆေးပင်၊ ရေဝိညာဉ်ဂျင်ဆင်း"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
တန်တန်နှင့် ပူဖောင်းလေးတို့ စားသုံးနေသော ဝိညာဉ်ရေးဆေးပင်က အဆင့်ကိုး ဝိညာဉ်ရေးဆေးပင်ဖြစ်သော ရေဝိညာဉ်ဂျင်ဆင်းများပင်။
သူတို့နှစ်ဦးသည် လွန်ခဲ့သည့်ရက်ကတည်းက ပင်လယ်ထဲသို့ ရံဖန်ရံခါ အပြေးအလွှားသွားကာ ရတနာများကို ရှာဖွေရင်း စိတ်လွတ်လက်လွတ် စားသောက်ခဲ့ကြသည်။
ပူဖောင်းလေးက အချိန်နှင့်ဟင်းလင်းပြင်တာအိုကို ကျွမ်းကျင်သောကြောင့် မိုးကြိုးကြံ့အဓိပဓိကို လိုက်မမီမှာလည်း စိုးရိမ်စရာမလိုပါ။ မိုးကြိုးကြံ့အဓိပဓိက မည်မျှပင် လျင်မြန်စွာ ပြေးနေပါစေ ပူဖောင်းလေးက လိုက်မီနိုင်သည်။
မကြာမီ၊ အဆင့်ကိုး ဝိညာဉ်ဆေးပင် ရေဝိညာဉ်ဂျင်ဆင်းကို သူတို့နှစ်ယောက် စားသုံးပြီးသွားသည်။ သူတို့၏ ခန္ဓာကိုယ်များက ကြွယ်ဝသော ဝိညာဉ်ရေးဆေးရနံ့များ ထွက်ပေါ်လာခဲ့၏။
ရေဝိညာဉ်ဂျင်ဆင်းအပြင် အခြား ဝိညာဉ်ဆေးပင်များစွာလည်း သူတို့ဗိုက်ထဲသို့ ရောက်သွားကြပြီဖြစ်ကြောင်း ထင်ရှားသည်။
ပင်လယ်ထဲတွင် ရတနာများက ကုန်းမြေထက် ဆယ်ဆကျော် ပို၍ များပြားသည်။
ကုန်းပေါ်တွင် လူသား ကျင့်ကြံသူများက တူးဖော်မှုများ ရှိခဲ့သော်လည်း ပင်လယ်ထဲမှာတော့ လူသားကျင့်ကြံသူများ သိပ်မရှိပါ။ အလွန်ဆုံး ပင်လယ်သားရဲတချို့သာ ရှာဖွေစားသောက်ခဲ့ကြသည်။ သို့သော်လည်း အကြွင်းအကျန်များက အများအပြား ရှိသေးသည်။
နှစ်ယောက်သား အားပါးတရ စားသောက်ခဲ့ကြသည်။
"ကောင်လေး၊ နောက်မှ ဆက်လိုက်ရအောင်"
တန်တန်က မျက်လုံးများကို မှေးစင်းပြီး ပူဖောင်းလေးကို ကြည့်လိုက်သည်။
"တွိ... တွိး"
ပူဖောင်းလေးလည်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။ သူ ရှူထုတ်လိုက်သော ပူဖောင်းများသည်ပင် ကြွယ်ဝသော ဝိညာဉ်ဆေးပင် အငွေ့အသက်တို့ကို သယ်ဆောင်လာတော့သည်။
"ဒီနှစ်ကောင်တော့..."
လုမင်လည်း ပြုံးပြီး တောင်နှင့်မြစ် ပန်းချီကားသို့ ဝင်လိုက်သည်။ မိုးကြိုးကြံ့အဓိပဓိ၏ နောက်ကျောမှာတော့ တောင်နှင့်မြစ် ပန်းချီကားတစ်ခုသာ ကျန်တော့သည်။
တောင်နှင့်မြစ် ပန်းချီကားသို့ ဝင်ရောက်လာပြီးနောက် လုမင်က ရှဲ့နျန်ချင်းဘက်သို့ ရောက်လာသည်။ လုမင်၏ အငွေ့အသက်ကိုခံစားမိတော့ ရှဲ့နျန်ချင်းကလည်း သူ၏ လေ့ကျင့်မှုကို အဆုံးသတ်လိုက်လေသည်။
"ရှောင်ချင်း၊ မင်းရဲ့ နားလည်မှုက ဘယ်လိုလဲ"
လုမင် မေးလိုက်သည်။
"အဆင်ပြေပါတယ်၊ ဒါပေမဲ့ နားလည်ရလွယ်သလောက် လေ့ကျင့်ဖို့ကတော့ ခက်တယ်။ အမှန်တကယ် လေ့ကျင့်မယ်ဆိုရင် ပိုပြီးတော့တောင် ခက်သေးတယ်"
ရှဲ့နျန်ချင်းက ပြောသည်။
"တကယ်ပါပဲ"
လုမင် ခေါင်းညိတ်လိုက်၏။
သူသည်လည်း သန့်စင်သောဝိညာဉ်ခန္ဓာ ကျင့်စဉ်အားလုံးကို အလွတ်ကျက်ခဲ့သည်။ ရှဲ့နျန်ချင်းပြောသည့်အတိုင်း လုံးလုံးလေ့ကျင့်ရန် မလွယ်ပေ။
သန့်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်ခြင်းက စွမ်းအင်ပမာဏများစွာကို စားသုံးသောကြောင့် အခြေခံအုတ်မြစ်အဖြစ် ကျောက်ကြမ်းအမြောက်အမြား လိုအပ်သည်။
ကြီးမားသော စွမ်းအင်ပမာဏနှင့် အခြေခံအုတ်မြစ်အဖြစ်ထားကာ ခန္ဓာကိုယ်ကို ဆင့်ကဲပြောင်းလဲနိုင်သည်။ ယင်းမှ သေမျိုးခန္ဓာကိုယ်ကို ကျော်လွန်ကာ ဝိညာဉ်ခန္ဓာ၏ စွမ်းအားတစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်ပေသည်။
ဤလုပ်ငန်းစဉ်က နေ့ချင်းညချင်း လုပ်ဆောင်၍ မရပါ။ တစ်ဆင့်ပြီးတစ်ဆင့်၊ မှန်မှန်ကန်ကန်နှင့် သေချာလုပ်ရန် လိုအပ်သည်။
နှစ်ယောက်သား နားလည်ဆင်ခြင်ခဲ့လေသည်။ သုံးရက်ခန့်ကြာသောအခါ လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ကျောက်ကြမ်းအပုံလိုက်ကြီး ထုတ်ဖော်လိုက်သည်။
လုမင်က တင်ပျဉ်ခွေထိုင်ကာ သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဥ်ကို လှည့်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ထူးဆန်းသော မျဉ်းကြောင်းများ ပေါ်လာခဲ့၏။ ယင်းက သွေးကြောများ ဖြစ်ပုံရပြီး စုစုပေါင်း တစ်ရာ့ရှစ်ခု ရှိခဲ့သည်။
ဤသည်မှာ သန့်စင်သောဝိညာဉ်ခန္ဓာ၏ အထူး လည်ပတ်မှု လမ်းကြောင်းပင်။
"ဝုန်း... ဝုန်း"
လုမင်၏ အတွေးတစ်ခုဖြင့် ကျောက်ကြမ်းအပုံကြီးက ပေါက်ကွဲသွားခဲ့သည်။ ယွမ်ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့၏။ လုမင်က ပါးစပ်ဟပြီး စွမ်းအင်များကို စုပ်ယူလိုက်သည်။ ထို့နောက်မှာတော့ သန့်စင်သောဝိညာဉ်ခန္ဓာ ကျင့်စဉ်၏ နည်းလမ်းအရ သူ့ခန္ဓာကိုယ်ကို စတင်သန့်စင်လိုက်တော့သည်။
"ဝမ်"
အနည်းဆုံး ကျောက်ကြမ်းတစ်သိန်း၏ စွမ်းအင်များကို လုမင် ဝါးမျိုခဲ့သည်။ သန့်စင်သော ဝိညာဉ်ခန္ဓာ ကျင့်စဉ် နည်းလမ်းအတိုင်း လှည့်ပတ်ပြီးနောက် လုမင်၏ခန္ဓာကိုယ်က ပို၍ သန်မာလာခဲ့သည်။
လုမင်၏ ခန္ဓာကိုယ်က အဆင့်ကိုးဖြစ်ပြီး ခန္ဓာကိုယ်၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ဤအချိန်တွင် သူ့ခန္ဓာက ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီး တိုးတက်လာတော့သည်။
အဆင့်ကိုးက သေမျိုးခန္ဓာ၏ အကန့်အသတ် ဖြစ်သည်။ ယခုမူ၊ သူက သေမျိုးခန္ဓာမှ ဝိညာဉ်ခန္ဓာအဖြစ်သို့ စတင် ပြောင်းလဲနေခဲ့ပြီ။
ယွမ်ချီစွမ်းအင်များကို ဆက်လက် စုပ်ယူနေသည်နှင့်အမျှ လုမင်၏ ခန္ဓာကိုယ်ကလည်း ပြောင်းလဲလာခဲ့သည်။
နာရီအနည်းငယ်ကြာပြီးနောက်၊ ကျောက်ကြမ်းတစ်သိန်း၏ စွမ်းအင်များကို လုံးဝသန့်စင်ပြီးသွားလေသည်။ ထိုအခါ နောက်ထပ် ကျောက်ကြမ်းတစ်သိန်းကို မျိုချလိုက်သည်။
ဤနည်းဖြင့် လုမင်သည် စုစုပေါင်း ကျောက်ကြမ်း တစ်သန်းကို ဝါးမျိုခဲ့၏။ ထိုအချိန်တွင် လုမင် ရပ်တန့်သွားတော့သည်။