← Chapters

အခန်း ၁၃၀၇

Vol. 88 Ch. 1307

အခန်း ၁၃၀၇

Vol. 88 Ch. 1307

အပိုင်း ( 1307 ) သန့်စင်သော ဝိညာဉ်ခန္ဓာ၏ စွမ်းအား။

"ဝူး…"

လုမင် အသက်ပြင်းပြင်းရှူပြီး မျက်လုံးဖွင့်လိုက်သည်။

"ကလစ်"

သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားကြည့်လိုက်ရာ အရိုးမြည်သံ ထွက်ပေါ်လာခဲ့၏။ သူ၏ အရေပြားအပေါ်မှာတော့ ထူထဲသော အညစ်အကြေးအလွှာတစ်ခုက ဖုံးအုပ်ထားတော့သည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ စွမ်းအားပါလိမ့်"

လုမင်ဟာ သူ့ခန္ဓာကိုယ်က ပေါက်ကွဲနိုင်စွမ်းများ ပြည့်နေသည်ကို ခံစားလိုက်ရသည်။ ယင်းက ယွမ်ချီစွမ်းအင်၏ စွမ်းအားမဟုတ်ဘဲ သန့်စင်သော ရုပ်ခန္ဓာစွမ်းအား ဖြစ်ချေသည်။

ထို့အပြင် လုမင်က သူ၏ ချီနှင့် သွေးစွမ်းအင်များက အလွန်အမင်း ကြွယ်ဝလာသည်ဟု ခံစားလိုက်ရသည်။ အတွေးတစ်ခုဖြင့် သူ၏ချီနှင့် သွေးများက သူ့ခန္ဓာကိုယ်မှ ထွက်လာခဲ့၏။ ယင်းက အစွမ်းထက်ပြီး တက်ကြွမှု အပြည့်ရှိသော မီးပြင်းဖိုတစ်ခုကဲ့သို့ လောင်ကျွမ်းသွားတော့သည်။

"လုမင်... ဘယ်လိုလဲ"

ရှဲ့နျန်ချင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး မေးလိုက်သည်။

"တစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ"

လုမင် ပြောလိုက်၏။

သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဉ်က နေ့ချင်းညချင်း မအောင်မြင်နိုင်ပါ။ ယင်းကို ပြီးပြည့်စုံအောင် အဆင့်ဆင့် လေ့ကျင့်သွားရန် လိုအပ်သည်။

ယခုအချိန်တွင် လုမင်က သန့်စင်သောဝိညာဉ်ခန္ဓာကို တစ်ဆယ်ရာခိုင်နှုန်းအထိ လေ့ကျင့်ပြီးပြီဟုသာ ယူဆနိုင်ပေသည်။

"ရှောင်ချင်း၊ မင်း လေ့ကျင့်ပါ။ ငါ စောင့်နေမယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပြီ"

ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်ပြီး သန့်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လမ်းကြောင်းတစ်ရာ့ရှစ်ခု ပေါ်လာခဲ့၏။

လေ့ကျင့်မှု လုပ်ငန်းစဉ်ကတော့ လုမင်နှင့် တူညီသည်။ သူမက ကျောက်ကြမ်းများမှ စွမ်းအင်များကို စုပ်ယူကာ ခန္ဓာကိုယ်ကို သန့်စင်လိုက်လေသည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှဲ့နျန်ချင်း၏ လေ့ကျင့်မှုက ပြီးဆုံးသွားခဲ့သည်။ လုမင်ကဲ့သို့ပင် သူမက တစ်ဆယ်ရာခိုင်နှုန်းအထိသာ လေ့ကျင့်နိုင်ခဲ့ပေသည်။

"အပြင်ထွက်ပြီး သန့်ရှင်းရေးလုပ်ရအောင်"

လုမင် ပြောလိုက်သည်။

သူ့တစ်ကိုယ်လုံးမှာ အညစ်အကြေးအလွှာများ ဖုံးလွှမ်းနေသောကြောင့် တကယ်ကို နေရထိုင်ရ အဆင်မပြေလှပေ။

သူတို့နှစ်ဦးသား တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်လာပြီးနောက် ရေမိုးချိုးရန် ပင်လယ်ထဲသို့ ခုန်ဆင်းခဲ့ကြသည်။

"ဝုန်း"

ပင်လယ်ထဲတွင် လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။

ဤလက်ချက်သီးချက်တွင် ယွမ်ချီစွမ်းအင်နှင့် သွေးမျိုးဆက်စွမ်းအားကို အသုံးမပြုခဲ့ပေ။ ယင်းက ရုပ်ခန္ဓာ၏ စွမ်းအားသက်သက်သာ ဖြစ်သည်။

ပင်လယ်ထဲတွင် ရှေးဦး ဧရာမသားရဲကြီးတစ်ကောင် လှုပ်ရှားသွားခဲ့သလိုပင်။ လုမင်၏ လက်သီးချက်ရှေ့တွင် ပင်လယ်ရေက ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ ပြင်းထန်သော လက်သီးအင်အားက ပင်လယ်ပြင်အတွင်း၌ မိုင်တစ်ရာရှည်လျားသော လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပေသည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ စွမ်းအားလဲ"

လုမင် တိတ်တဆိတ် တုန်လှုပ်သွားမိသည်။

သန့်စင်သော ခန္ဓာကိုယ်အင်အားနှင့် ဤလက်သီး၏ စွမ်းအားက အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုပင် သတ်ပစ်ရန် လုံလောက်သည်ဟု ခံစားခဲ့ရလေသည်။

ဤသည်က သန့်စင်သောဝိညာဉ်ခန္ဓာ၏ တစ်ဆယ်ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ ယင်းကိုသာ တစ်ရာ ရာခိုင်နှုန်းအထိ လေ့ကျင့်နိုင်ပါက ၎င်း၏စွမ်းအားမှာ မထင်မှတ်လောက်အောင် ကြောက်စရာကောင်းလိမ့်မည်။

ထိုအချိန်တွင်၊ သူက အဓိပတိတစ်ဦးကို လက်သီးတစ်ချက်ဖြင့် အလွယ်တကူ သတ်နိုင်မည် ဖြစ်သည်။

ဟုတ်ပေသည်၊ သန့်စင်သော ဝိညာဉ်ခန္ဓာက အဆင့်မြင့်လာလေ လေ့ကျင့်ရ ပို၍ ခက်ခဲလာလေလေပင်။

"ဝုန်း"

လုမင်နှင့် မနီးမဝေးမှာလည်း ရှဲ့နျန်ချင်းက မီတာတစ်ထောင် အမြင့်ရှိသော ရေလှိုင်းကြီးများကို ရိုက်ထုတ်လိုက်သည်။

"သန့်စင်တဲ့ ဝိညာဉ်ခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

လုမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားလာသည်နှင့်အမျှ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကလည်း သဘာဝအတိုင်း အားကောင်းလာလိမ့်မည်။

"သန့်စင်တဲ့ ဝိညာဉ်ခန္ဓာက စစ်မှန်တဲ့ ဝိညာဉ်ခန္ဓာမဟုတ်ဘူး။ ဒါကြောင့် စစ်မှန်တဲ့ ဝိညာဉ်ခန္ဓာလောက်တော့ အံ့ဖွယ် မဟုတ်သေးဘူး။ ဒါပေမဲ့လည်း စွမ်းအားကတော့ တကယ်ကို တုန်လှုပ်စရာပဲ‌လေ။ သိုင်းအုပ်ချုပ်သူတွေက အရမ်းအစွမ်းထက်တာ အံ့သြစရာမဟုတ်တော့ပါဘူး"

လုမင် ပြောလိုက်သည်။

ရေမိုးချိုးပြီးနောက် သူတို့နှစ်ဦးသား မိုးကြိုးကြံ့အဓိပတိ၏ နောက်ကျောပေါ်ကို ပြန်လာခဲ့ကြသည်။

လုမင်နှင့် ရှဲ့နျန်ချင်းက ဆက်လက်လေ့ကျင့်ကြပြီး မိုးကြိုးကြံ့ အဓိပတိကတော့ ရှေ့ကို ခရီးဆက်လာတော့သည်။

ရှဲ့နျန်ချင်းက တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်ကာ သန်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်ရန် အာရုံစိုက်ခဲ့သည်။

လုမင်ကလည်း သန့်စင်သော ဝိညာဉ်ခန္ဓာကို နေ့စဉ်နှင့်အမျှ အချိန်တစ်ခုပေးကာ လေ့ကျင့်ခဲ့၏။ တာအိုသိုင်းပညာငါးခုကိုလည်း အချိန်ယူပြီး လေ့ကျင့်ရသေးသည်။

အချိန်ကြာလာသည်နှင့်အမျှ လုမင်ဟာ ကဏ္ဍပေါင်းစုံတွင် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကြာမြင့်သွားခဲ့ပြီ။

မိုးကြိုးကြံ့အဓိပဓိ၏ အရှိန်အဟုန်ဖြင့် ရှန်းရွှီတိုက်ကြီးမှ ရှမ်းဟွမ်တိုက်ကြီးသို့ ပျံသန်းသွားရန် အနည်းဆုံး လေးလ အချိန်ယူရမည် ဖြစ်သည်။ ယခုမှ ရက်နှစ်ဆယ်ပဲ ရှိသေးပေရာ သွားရမည့်လမ်းက အဝေးကြီးရှိသေးသည်။

တန်တန်နှင့် ပူဖောင်းလေးကတော့ ရတနာများကို ရှာဖွေရန် ပင်လယ်၏ နက်နဲရာသို့ ရံဖန်ရံခါ သွားတတ်ကြသည်။ ဤကာလအတွင်း၌ သူတို့ပါးစပ်က မအားလပ်ရပေ။ မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များကို စားသောက်နေခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဆေးရနံ့များဖြင့် ပြည့်နေတော့သည်။

လဝက်အတွင်း လုမင်၏ သန့်စင်သော ဝိညာဉ်ခန္ဓာဟာ သုံးဆယ်ရာခိုင်နှုန်း ပြည့်သွားသည်။

သူ၏ ရုပ်ခန္ဓာတစ်ခုတည်းကို အားကိုးပြီး တိုက်ခိုက်လျှင်ပင်၊ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို လက်သီးတစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရစေနိုင်သည်။

ထိုအချိန်တွင် လုမင်က လေ့ကျင့်ခြင်းကို ခေတ္တရပ်လိုက်၏။

"ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာ အခြေခံ ခိုင်မာနေပါပြီ။ ငါ့အနေနဲ့ အဓိပဓိအဆင့်ကို ဖြတ်ကျော်ဖို့တောင် ကြိုးစားနိုင်တယ်။ ဒါပေမဲ့ အဓိပဓိအဆင့်ကို ဖြတ်ကျော်မယ်ဆိုရင် ဒိုမိန်းသန္ဓေပုံစံကို နားလည်ဆင်ခြင်ဖို့ လိုအပ်တယ်လေ။ ဒိုမိန်းသန္ဓေကို နားလည်ဆင်ခြင်မယ်ဆိုရင် ငါ့ရဲ့တာအိုကို နတ်ဘုရားဝိညာဉ်နဲ့ ပေါင်းစည်းဖို့ လိုအပ်တယ်။ အခုထိတော့ ငါ့မှာ ခံစားချက် အရိပ်အမြွက်တောင် မရှိသေးဘူး"

"နင်ယွမ်ဆေးလုံးက ငါ့ကို ကူညီပေးနိုင်မလား ကြည့်ရအောင်"

လုမင်၏ အတွေးတစ်ခုဖြင့် သူ့လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာခဲ့သည်။

နင်ယွမ်ဆေးလုံးသည် ယွမ်လုအင်အားစုကြီး၏ တပည့်ရွေးချယ်မှုတွင် ပါဝင်စဉ်က သူရရှိခဲ့သော နင်ယွမ်ဆေးလုံး ဖြစ်သည်။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားတစ်ပါးသာ နင်ယွမ်ဆေးလုံးကို ရရှိခဲ့ပါက၊ ဒိုမိန်းသန္ဓေသားပုံစံကို တည်ဆောက်ပြီး အဓိပဓိအဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်းများစွာ တိုးလာပေလိမ့်မည်။

လုမင်လည်း မတုံ့ဆိုင်းတော့ဘဲ နင်ယွမ်ဆေးလုံးကို မျိုချကာ စတင်သန့်စင်လိုက်သည်။

နှစ်ရက်အကြာမှာတော့၊ လုမင်၏ မျက်လုံးများက စိတ်ပျက်မှု အရိပ်အယောင်တို့ဖြင့် ပြန်ဖွင့်လာတော့သည်။

"အသုံးမဝင်ဘူး၊ တကယ် အသုံးမဝင်ဘူး"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

နင်ယွမ်ဆေးလုံးကို သန့်စင်ပြီးနောက် ယင်းမှာ လုံးဝအကျိုးသက်ရောက်မှုမရှိသည်ကို တွေ့ရှိခဲ့ရသည်။

မူလက နင်ယွမ်ဆေးလုံးဟာ လုမင်၏ တာအိုကိုဖြန့်ကျက်ပြီး ဒိုမိန်းသန္ဓေသားပုံစံကိုဖန်တီးရန် နတ်ဘုရားဝိညာဉ်နှင့် ပေါင်းစပ်စေနိုင်သည်။

သို့ရာတွင်၊ နင်ယွမ်ဆေးလုံး တစ်လုံးကို သန့်စင်ထားသည့်တိုင် လုမင်၏ တာအိုအမှတ်အသားက လုံးဝ မလှုပ်ရှားခဲ့ပေ။

"မှတ်တမ်းတွေအရတော့ တာအိုက အားကောင်းလေလေ၊ ဒိုမိန်းသန္ဓေကို လေ့ကျင့်ဖို့က ပိုခက်ခဲလေပဲတဲ့။ အခုတော့ ဒါက အမှန်ဖြစ်ပုံရတယ်"

လုမင် ရေရွတ်လိုက်သည်။

ကစဉ့်ကလျားတာအိုက အလွန်အားကောင်းမှန်း သူ သိ၏။ နင်ယွမ်ဆေးတစ်လုံးတည်းက အကျိုးသက်ရောက်မှု သိပ်မရှိပေ။ လုမင်သာ ဒိုမိန်းသန္ဓေကို လေ့ကျင့်လိုပါက အခြား တာအိုများထက် အဆပေါင်း ဒါဇင်ချီ သို့မဟုတ် ရာချီ၍ပင် ခက်ခဲလိမ့်မည်။

"တဖြည်းဖြည်းပေါ့ကွာ"

လုမင်လည်း ခေါင်းခါယမ်းပြီး အဓိပဓိအဆင့်သို့ ဖြတ်ကျော်ရန် စိတ်ကူးကို ခေတ္တစွန့်လွှတ်လိုက်ရသည်။ သူက သန့်စင်သော ဝိညာဉ်ခန္ဓာနှင့် တာအိုသိုင်းပညာကို လေ့ကျင့်ရန် အာရုံစိုက်ခဲ့ပေသည်။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ ပင်လယ်ပြင်ကိုဖြတ်ပြီး လုမင် ထွက်ခဲ့သည်ပင် နှစ်လကြာသွားပြီ။

နှစ်လကြာ ကြိုးစားလုပ်ဆောင်ပြီးနောက်၊ တာအိုသိုင်းပညာငါးခုက စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ဟုတ်ပေသည်၊ အဆင့်မြင့်လာလေလေ၊ ဖြတ်ကျော်ရန် ပို၍ ခက်ခဲလာလေလေပင်။

သန့်စင်သော ဝိညာဉ်ခန္ဓာကို လေးဆယ်ကျော် ငါးဆယ်ရာခိုင်နှုန်းနီးပါးအထိ လေ့ကျင့်ပြီးသွားပြီ ဖြစ်သည်။

လုမင်၏ ခွန်အားသည်လည်း အဆက်မပြတ် တိုးတက်လာတော့သည်။

ရှဲ့နျန်ချင်း၏ သန့်စင်သော ဝိညာဉ်ခန္ဓာကလည်း လုမင်နှင့်တူညီပြီး ငါးဆယ်ရာခိုင်နှုန်းနီးပါး ရှိသည်။ သန့်စင်သော ဝိညာဉ်ခန္ဓာ၏ အဆက်မပြတ် တိုးတက်မှုများကြောင့် ရှဲ့နျန်ချင်း၏ ကျင့်ကြံကလည်း တိုးတက်လာပေသည်။ သူမက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ဝင်ရောက်လာခဲ့သည်။

ဟွင်းယွမ်နန်းတော်တွင် သုံးနှစ်ကျော်ကြာ လေ့ကျင့်ပြီးကတည်းက သူမ၏ ကျင့်ကြံခြင်းဟာ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်နယ်ပယ် အဆင့်ကိုး၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ယခုတော့ သန့်စင်‌သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်ပြီးနောက်၊ သဘာဝအတိုင်း ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို သူမ ဝင်ရောက်သွားတော့သည်။

ထိုနေ့တွင်၊ လုမင် လေ့ကျင့်နေတုန်း အပြင်ဘက်မှ လှုပ်ရှားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ လုမင်လည်း တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်လာခဲ့၏။

"လခွီးပဲ၊ ငါက မင်းရဲ့ ဝိညာဉ်ဆေးပင်လေး နည်းနည်းကိုပဲ ခိုးယူခဲ့တာလေ။ မင်း ငါ့နောက်ကို ဘယ်လိုတောင် လိုက်ဝံ့တာလဲ"

တန်တန်က အော်ဟစ်လိုက်သည်။ သူက ပူဖောင်းလေးနှင့်အတူ ပင်လယ်ရေပြင်ပေါ်သို့ ထိုးတက်ကာ လုမင်ဆီသို့ ပျံသန်းလာကြတော့သည်။

"ဝုန်း"

ပင်လယ်ရေက မြင့်တက်လာပြီး မိုင်တစ်ထောင်အတွင်း ပင်လယ်ရေများ ရွေ့လျားသွားခဲ့သည်။ ထို့နောက်တွင်၊ အမွေးထူထူ လက်ကြီးတစ်ဖက်က ပင်လယ်ပြင်မှ ထွက်လာပြီး ပူဖောင်းလေးနှင့် တန်တန်တို့ကို ဖမ်းဆုပ်လိုက်တော့သည်။

အမွှေးရှည်လက်ကြီးက မိုင်ထောင်ချီကာ ရှည်လျားသည်။ ရှည်လျားသော အမွှေးများဖြင့် ဖုံးလွှမ်းထားပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

အုပ်ချုပ်သူ၊ ဤသည်က သိုင်းအုပ်ချုပ်သူတစ်ဦး၏ အရှိန်အဝါ ဖြစ်တော့သည်။

"မင်းကများ ငါ့ရဲ့ ဆေးပင်တွေကို ခိုးဝံ့တယ်။ သေစမ်း"

ပင်လယ်ကြမ်းပြင်မှ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်လာသည်။ ဧရာမလက်ကြီးက အရှိန်ပြင်းပြင်းနှင့် တန်တန်နှင့်ပူဖောင်းလေးကို ဖမ်းဆုပ်လိုက်၏။

"တွိ... တွိ"

ပူဖောင်းလေးက ကြည်လင်သော ပူဖောင်းလေးကို ထုတ်ဖော်ကာ ဟင်းလင်းပြင်လျှောက်လမ်းတစ်ခု ဖွင့်လိုက်သည်။ သူက တန်တန်နှင့်အတူ ဟင်းလင်းပြင်လျှောက်လမ်းထဲကို ပြေးဝင်သွား၏။ ချက်ခြင်းပင် မိုးကြိုးကြံ့အဓိပဓိ၏ နောက်ကျောတွင် ပေါ်လာတော့သည်။

လက်ကြီးက မရပ်တန့်ဘဲ မိုးကြိုးကြံ့ အဓိပဓိကို လှမ်းဆွဲလိုက်သည်။

All Chapters