အခန်း ၁၃၀၈
Vol. 88 Ch. 1308
အပိုင်း ( 1308 ) ကျန်းဟိုင် နတ်ဘုရားမျောက်။
"မွန်းစတားမျိုးနွယ် အုပ်ချုပ်သူ"
မိုးကြိုးကြံ့ အဓိပတိ ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။
"ပထမအဆင့် အုပ်ချုပ်သူပဲ။ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာရဒ့စွမ်းအားကို စမ်းသပ်ဖို့ အဖော်ရပြီ ကောင်းတယ်"
လုမင်၏ မျက်လုံးများက တိုက်ခိုက်ချင်စိတ်တို့ ပေါ်လာသည်။ သူက ကောင်းကင်ယံသို့ ပျံသန်းပြီး မိုင်တစ်ထောင်ရှည်လျားသော ဧရာမလက်ကြီးဆီသို့ ဦးတည်သွားခဲ့သည်။
"ပုရွက်ဆိတ်ကများ ခုခံဝံ့တယ်။ မင်း သေချင်နေတာပဲ"
ပင်လယ်ရေအောက်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့၏။ ကြီးမားသော အမွေးထူလက်ကြီးက လုမင်ကို ဆုပ်ကိုင်လာတော့သည်။
"ပုရွက်ဆိတ်က ဘယ်သူလဲ"
လုမင်က အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ နဂါးကိုးကောင် စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။ သန့်စင်သော ဝိညာဉ်ခန္ဓာကို အသက်သွင်းလိုက်ရာ အဆုံးအစမဲ့ စွမ်းအားများက သူ့ခန္ဓာထဲတွင် ပြည့်နှက်သွားတော့သည်။
"ဝုန်း"
လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လက်သီးချက် ထုတ်ဖော်လိုက်သည်။
လက်သီးချက်က မိုင်တစ်ထောင်ရှိသော ဧရာမလက်ကြီးနှင့် တိုက်မိသွားခဲ့သည်။
ကမ္ဘာကို တုန်လှုပ်စေသော အရှိန်အဟုန်ဖြင့် မိုင်တစ်ထောင်ရှည်လျားသည့် ဧရာမလက်ကြီးက အကန့်အသတ်မဲ့ အပြာရောင်အလင်းများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက်မှာတော့ ရုတ်တရက် လေထဲတွင် ပေါက်ကွဲထွက်ကာ အပိုင်းပိုင်းပြိုကွဲသွားတော့သည်။
"မင်း…"
နက်ရှိုင်းသော ပင်လယ်ထဲမှ မယုံနိုင်စွာ အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပင်လယ်ရေများ လှိုင်းထသွားပြီး ပုံရိပ်တစ်ခု ထိုးတက်လာခဲ့၏။
ယင်းမှာ အမြင့် သုံးမီတာကျော်ရှိပြီး အပြာရောင်အမွေးအမှင်များ ဖုံးအုပ်ထားသည့် မျောက်တစ်ကောင်ဖြစ်သည်။ သူ့ထံမှ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ် အငွေ့အသက်တို့ ထုတ်လွှတ်နေခဲ့၏။ လုမင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း မယုံကြည်နိုင် ဖြစ်သွားတော့သည်။
လုမင်က ဧရာမလက်ကြီးကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူနိုင်ခဲ့သည်အား မယုံကြည်နိုင် ဖြစ်နေပုံရသည်။
"မင်းက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားပဲ ဖြစ်သေးတာ မဟုတ်လား"
လုမင်၏ ကျင့်ကြံခြင်းအခြေခံကို စကင်န်ဖတ်ပြီးနောက် မျောက်ကြီးဟာ ပို၍ပင် မယုံကြည်နိုင် ဖြစ်သွားသည်။
"ကျန်းဟိုင် နတ်ဘုရားမျောက်တစ်ကောင်ပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်။ သူ့ကို အင်အားစမ်းရအောင် ပြိုင်ဘက်အဖြစ် ရွေးချယ်တာက ရွေးချယ်မှုကောင်းတစ်ခုပဲ"
မျောက်ဝံကို အကဲခတ်ပြီးနောက် လုမင်၏မျက်လုံးများက စိတ်ဝင်စားမှုတို့ ပေါ်လာခဲ့သည်။
ကျန်းဟိုင် မျောက်ဝံက နတ်သားရဲတစ်မျိုး ဖြစ်ချေသည်။
သို့သော်လည်း ကျန်းဟိုင် နတ်ဘုရားမျောက်ဝံသည် သိုင်းအုပ်ချုပ်သူ မဖြစ်မီက သွေးသန့်စင်သော သားရဲတစ်ကောင် ဟုတ်ပုံမရပေ။ ထိုအစား၊ သိုင်းအုပ်ချုပ်သူဖြစ်လာပြီးမှ ပင်လယ်ပြင်ကို ဖိနှိပ်နိုင်သော နတ်ဘုရားသားရဲ မျောက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ဟန်တူသည်။ ထို့ကြောင့် သူနှင့် အမှန်တကယ် သွေးသန့်စင်သော နတ်ဘုရားသားရဲကြားမှာတော့ ကြီးမားသော ခြားနားချက်တစ်ခု ရှိသေးသည်။
"မင်းဘာပြောလိုက်တယ်၊ မင်းကများ ငါ့ကို တိုက်ခိုက်ရေးအဖော်အဖြစ် ခေါ်သွားချင်တာလား။ မင်း ပုရွက်ဆိတ်ကောင်... သေချင်နေတာလား"
လုမင်၏စကားကို ကြားရပြီးနောက် ကျန်းဟိုင် နတ်ဘုရားမျောက် ဒေါသတကြီး ဖြစ်သွားသည်။ သူက ရှေ့ကို ခြေတစ်လှမ်းတိုးသည်။ အဆုံးမဲ့ပင်လယ်ရေများက သူ့အမိန့်ကို နာခံပုံရ၏။ အဆုံးမဲ့ပင်လယ်ရေက မိုင်တစ်ထောင်ရှည်လျားသော ဧရာမ တုတ်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ကျန်းဟိုင် နတ်ဘုရားမျောက်က တုတ်ကို လက်ထဲတွင်ကိုင်ပြီး လုမင်ဆီသို့ ရိုက်ချလိုက်သည်။
"မင်းလက်မခံရင်၊ မင်း လက်ခံတဲ့အထိ ငါရိုက်မယ်!"
လုမင်က အနည်းငယ်ပြုံးပြီး သူ၏ တတိယသွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သည်။ လုမင်က သူ့ခွန်အားကို တိုးမြင့်ရန် တတိယသွေးမျိုးဆက်မှ စွမ်းအားကို ဆွဲယူခဲ့၏။
သွေးမျိုးဆက်ပေါင်းစပ်ခြင်းနှင့် ကစဉ့်ကလျားတာအိုကိုတော့ လုမင်က အသုံးမပြုသေးပါ။
"ဝုန်း"
လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။
ဝုန်း"
လေထုက တုန်ခါပြီး ပင်လယ် ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။
လုမင်၏လက်သီးက ပင်လယ်ရေမှ သိပ်သည်းထားသော ဧရာမတုတ်ကြီးကို ကွဲထွက်သွားစေခဲ့၏။
"ဝှစ်"
လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသက်သွင်းလိုက်သည်။ အကြွင်းမဲ့ အမြန်နှုန်းဖြင့် သူ့ပုံရိပ်က ကျန်းဟိုင် နတ်ဘုရားမျောက်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွား၏။
ကျန်းဟိုင် နတ်ဘုရားမျောက်၏ အမူအရာပြောင်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက အပြာရောင်အလင်းတန်းများ ထုတ်လွှတ်လာပြီး လုမင်ဆီသို့ တိုးဝင်သွား၏။
"ဝုန်း... ဝုန်း"
အကြိမ်ရေအနည်းငယ် ဆက်တိုက် လှုပ်ရှားပြီးနောက်၊ ကျန်းဟိုင် နတ်ဘုရားမျောက်ဝံ၏ ပါးစပ်မှ သွေးများ အန်ထွက်လာကာ မီတာတစ်ထောင်ခန့်အထိ လွင့်စဉ်သွားတော့သည်။
ဤကျန်းဟိုင် နတ်ဘုရားမျောက်၏ တိုက်ခိုက်နိုင်စွမ်းက အုပ်ချုပ်သူဝိညာဉ်လက်နက်နှင့် ရွှေခရမ်းရောင်ဝတ် အဘိုးကြီးကို မဆိုထားနှင့်၊ ပုံမှန်အချိန်က ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလောက်ပင် မသန်မာပါ။
တစ်ဖက်တွင်၊ သန့်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်ပြီးနောက် လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ပို၍ အားကောင်းလာခဲ့သည်။ သူ့အတွက် သွေးမျိုးဆက်ပေါင်းစပ်ခြင်း သို့မဟုတ် ကစဉ့်ကလျားတာအိုကို အသုံးမပြုလျှင်ပင်၊ ကျန်းဟိုင် နတ်ဘုရားမျောက်ကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့ပြီ။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုများ ဒီလောက် သန်မာနိုင်မှာလဲ"
ကျန်းဟိုင် နတ်ဘုရားမျောက်၏ နှလုံးသားထဲတွင် မယုံကြည်နိုင်မှု၊ မေးခွန်းများနှင့် ပြည့်နှက်သွားခဲ့သည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးက ဤမျှကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းအား မည်သို့ရရှိနိုင်မည်ကို အမှန်တကယ် နားမလည်နိုင်ပေ။
"ပြေး"
မတုံ့ဆိုင်းတော့ဘဲ ကျန်းဟိုင်နတ်ဘုရားမျောက်က လှည့်ထွက်ပြေးလိုက်သည်။ သူက ပင်လယ်တွင်းသို့ ပြန်ဆင်းပြေးရန် ခြေလှမ်းပြင်လိုက်၏။
"မင်းမလွတ်နိုင်ဘူး"
လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုလိုက်သည်။ သူ့ပုံရိပ်က ကျန်းဟိုင် နတ်ဘုရားမျောက်ဝံအနီးသို့ ခဏချင်း ချဉ်းကပ်လာခဲ့၏။
ဤလက်သီးချက်တွင် တာအိုသိုင်းပညာငါးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကျန်းဟိုင် နတ်ဘုရားမျောက်၏ တကိုယ်လုံးကို အေးခဲသွားစေခဲ့သည်။ သူ မလွတ်မြောက်နိုင်တော့ဘူးဟု ခံစားလိုက်ရ၏။
သူက ဟိန်းဟောက်ပြီး ခုခံရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာဖြင့်၊ သူက လုမင်၏ တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ခဲ့ပေ။ သူ့ခန္ဓာက မိုင်ထောင်ချီကာ လွင့်စဉ်သွားရင်း ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။ သူ့ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာကာ အရှိန်အဝါများ အားနည်းသွားတော့သည်။ ကြ
တစ်ချက်တည်းဖြင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သည်။
"ငါ့ဆီမှာ အညံ့ခံပါ။ မဟုတ်ရင် သေရမယ်"
လုမင်က မိုင်ထောင်ချီ အကွာအဝေးကို ခဏချင်းဖြတ်ကျော်သွားခဲ့သည်။ သူက ကျန်းဟိုင် နတ်ဘုရားမျောက်အရှေ့တွင် ပြန်ပေါ်လာကာ အေးစက်စက်ဖြင့် ကြည့်လိုက်၏။
အထူးသဖြင့်၊ လုမင်က တတိယသွေးမျိုးဆက်၏ စွမ်းအားကို ဆွဲယူထားချိန်မှာ ဖြစ်သည်။ သူ၏ အေးစက်ပြီး ကြောက်စရာကောင်းလွန်းသော သတ်ဖြတ်ချင်စိတ်က ကျန်းဟိုင် နတ်ဘုရားမျောက်၏ တကိုယ်လုံးကို အေးစက်ပြီး တုန်ယင်သွားစေခဲ့ပေသည်။
"ငါ အညံ့ခံမယ်၊ ငါ အရှုံးပေးပါတယ်"
အဆုံးတွင်၊ ကျန်းဟိုင် နတ်ဘုရားမျောက်မှာ အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ရသည်။
"မင်းရဲ့ခန္ဓာကိုယ်မှာ တားမြစ်ကမ္ပည်းတစ်ခု ရေးထွင်းထားရမယ်။ မဟုတ်ရင် ငါ စိတ်ချမှာမဟုတ်ဘူး။ တန်တန်၊ အခု မင်းအလှည့်ကိုရောက်ပြီ"
လုမင်
"ကောင်းပြီ"
တန်တန်က ကျန်းဟိုင် နတ်ဘုရားမျောက်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။ ကျန်းဟိုင် နတ်ဘုရားမျောက် အကူအညီမဲ့နေခဲ့၏။ သို့သော်လည်း သူ့အသက်က လုမင်၏လက်ထဲတွင် ရှိနေခြင်းဖြစ်ရာ တန်တန်ကို တားမြစ်ကမ္ပည်း ရေးထွင်းခွင့် ပြုလိုက်ရုံသာ တတ်နိုင်တော့သည်။
"လုမင်၊ ဒီကျန်းဟိုင် နတ်ဘုရားမျောက်ရဲ့ အိမ်တော်က ပင်လယ်ရေအောက် နက်နဲရာမှာ ရှိတာ။ သူ့မှာ ရတနာတွေ အများကြီးရှိတယ်"
တန်တန်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
"တွိ... တွိ"
ပူဖောင်းလေးကလည်း သူ့လက်သေးလေးများကို အားတက်သရော ဝှေ့ယမ်းပြ၏။ သူ၏ နှာခေါင်းဖျားမှ ပူဖောင်းအကြီးတစ်ခုနှင့် အသေးတစ်ခုက ကြီးလိုက်သေးလိုက် ဖြစ်နေတော့သည်။
"ဒီကောင် တန်တန်ကတော့ ပူဖောင်းလေးကို ဖျက်ဆီးလိုက်ပြီ"
လုမင် ဆွံ့အသွားခဲ့သည်။
"ပလုံ... ပလုံ"
တန်တန်နှင့် ပူဖောင်းလေးက စိတ်မရှည်စွာဖြင့် ပင်လယ်ရေအောက်ကို ပြေးဆင်းကြသည်။
ကျန်းဟိုင် နတ်ဘုရားမျောက်လည်း ဘာမျှ မတတ်နိုင်ခဲ့ပေ။ လုမင်ကို အညံ့ခံပြီးပြီမို့ သူ့အိမ်တော်မှ ရတနာများ ကွယ်ပျောက်သွားတော့မည်မှာ သေချာသည်။
"လမ်းပြပါ။ ငါလည်း သွားကြည့်ရမယ်"
လုမင်က ကျန်းဟိုင် နတ်ဘုရားမျောက်ကို အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ"
ကျန်းဟိုင် နတ်ဘုရားမျောက်လည်း ဦးညွတ်ကာ ပြန်ဖြေလိုက်၏။ ထို့နောက်မှာတော့ လုမင်နှင့် ကျန်းဟိုင် နတ်ဘုရားမျောက်က ပင်လယ်ထဲသို့ အတူတကွ ဝင်ရောက်လာတော့သည်။
ပင်လယ် ရေနက်ပိုင်းထဲတွင်၊ မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည့် တောင်ကြီးတစ်လုံး ရှိသည်။
ယင်းက ကျန်းဟိုင် နတ်ဘုရားမျောက်၏ နေအိမ် ဖြစ်ချေသည်။
တောင်ပေါ်တွင် အစွမ်းထက် ပင်လယ်သားရဲအချို့ရှိသော်လည်း သူတို့အားလုံးကို တန်တန်နှင့် ပူဖောင်းလေးတို့က သတ်ဖြတ်ခဲ့ကြသည်။ သူတို့နှစ်ဦးက ဝိညာဉ်ဆေးပင်များကို အသဲအသန်ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်နေကြတော့သည်။
"ဟားဟားဟား၊ ဒါက နှစ်တစ်သိန်း သက်တမ်းရှိတဲ့ သစ်သီးအရည်ပဲ"
ရုတ်တရက်၊ တန်တန်၏ ရယ်သံကို ကြားလိုက်ရသည်။
လုမင်နှင့် ကျန်းဟိုင် နတ်ဘုရားမျောက်လည်း တောင်ပေါ်ကို ဆင်းသက်လာခဲ့၏။ တောင်ထိပ်တွင် ရေကန်ငယ်တစ်ခုကို မြင်ရသည်။ ရေကန်တွင်းမှာတော့ ကြည်လင်သောအပြာရောင် အရည်များဖြင့် ပြည့်နေခဲ့၏။ ထိုအရည်များက အလွန်ကြွယ်ဝသော အသက်ဓာတ်တို့ ထုတ်လွှတ်နေခဲ့သည်။
ထိုအချိန်တွင် တန်တန်နှင့် ပူဖောင်းလေးက ရေကန်ထဲတွင် လူးလိမ့်ကာ အရည်များကို အငမ်းမရ သောက်နေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ကျန်းဟိုင် နတ်ဘုရားမျောက် အသည်းကွဲသွားတယ်။ သူ့အသည်း၊ အဆုတ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးက တဆစ်ဆစ် နာကျင်နေတော့သည်။
ဤအရည်များကို သူကိုယ်တိုင်ပင် မသုံးရက်ပေ။ ယခုမူ တန်တန်နှင့် ပူဖောင်းလေးက လောင်းထည့်နေသကဲ့သို့ သောက်မျိုနေကြပြီ ဖြစ်သည်။
လုမင်သာ ဤနေရာမှာမရှိလျှင် သူ ရူးသွပ်သွားလိမ့်မည်။
'ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့ ငါလေးလဲ'
ကျန်းဟိုင် နတ်ဘုရားမျောက်လည်း လုမင်နှင့် တွေ့ဆုံရခြင်း၏ ကံဆိုးမှုကို တိတ်တဆိတ် ငိုကြွေးလိုက်လေသည်။ အနာဂတ်တွင် သူ၏လွတ်လပ်မှုကို ဆုံးရှုံးမည်ဖြစ်ပြီး တစ်သက်တာစုဆောင်းထားသည့် စည်းစိမ်ဥစ္စာအားလုံးကိုလည်း တန်တန်နှင့် ပူဖောင်းလေးက ယူငင်သွားတော့မည် ဖြစ်သည်။
'မင်းတို့ နှစ်ယောက် ငါ့အတွက် ချန်ထားပေးပါဦး'
လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူက ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ သစ်သီးအရည်များကို ကျောက်စိမ်းပုလင်းထဲသို့ စုပ်ယူလိုက်၏။ ပုလင်းထဲကို အပြည့်ထည့်ပြီးနောက် လုမင် ရပ်လိုက်တော့သည်။
လုမင်က ကျေနပ်သွား၍မဟုတ်ဘဲ ရေကန်ထဲမှ အရည်တစ်စက်မကျန် ကုန်စင်သွားခဲ့၍ ဖြစ်သည်။ ထိုအရည်များက တန်တန်နှင့် ပူဖောင်းလေး၏ ဝမ်းဗိုက်ထဲသို့ ရောက်သွားခဲ့လေသည်။
"ဘယ်လောက်တောင် အလေအလွင့်များသွားပါလိမ့်နော်"
လုမင်၏ နှလုံးသားက နာကျင်သွားခဲ့သည်။
ဤသစ်သီးရည်က အသက်ရေထက်ပင် ပိုအဖိုးတန်သော ရတနာတစ်ခု ဖြစ်သည်။ သစ်သီးရည်တစ်စက်ပင် ရှာရခက်ပြီး ၎င်း၏တန်ဖိုးကလည်း တိုင်းတာ၍မရပေ။