← Chapters

အခန်း ၁၃၁၁

Vol. 88 Ch. 1311

အခန်း ၁၃၁၁

Vol. 88 Ch. 1311

အပိုင်း ( 1311 ) တိရီ၏ အကြံအစည်။

တောင်ပိုင်းဒေသ၏ အုပ်ချုပ်သူများသည် တစ်ချိန်က တိရီကို ရှုံးနိမ့်ခဲ့ကြသည်။ ထို့ကြောင့် တောင်ပိုင်းဒေသ တစ်ခုလုံးက တိရီ၏ ထိန်းချုပ်မှုအောက်ကို ကျရောက်ခဲ့ပေသည်။

အရှေ့တိုင်းမှ ကောင်းကင်အလောင်းကောင်ဂိုဏ်းသည်ပင် တောင်ပိုင်းဒေသရှိ အုပ်ချုပ်သူတစ်ပါးမှ တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့က ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် အဆက်မပြတ် တိုက်ခိုက်ခဲ့ကြရခြင်းမှာလည်း လူအများမှ အာရုံမစိုက်စေရန် အာရုံလွှဲထားခြင်းသာ ဖြစ်ချေသည်။

ဤနည်းဖြင့် တိရီဟာ သူ့အင်အားကို လျှို့ဝှက်စွာ တိုးတက်စေနိုင်ပြီး အချိန်တန်သည်နှင့် စစ်ပွဲစတင်နိုင်မည် ဖြစ်သည်။

လွန်ခဲ့သောလအနည်းငယ်က နောက်ဆုံးမှာတော့ တိရီ မထိန်းနိုင်တော့ပါ။ သူဟာ ‌အလယ်ပိုင်းတိုက်ကြီးကို တိုက်ခိုက်ရန် တောင်ပိုင်းဒေသ၏ တပ်များကို ဦးဆောင်ခဲ့သည်။ အချိန်တိုအတွင်းမှာပင် တိရီက အုပ်စိုးရှင် အင်အားစု အများအပြားကို ဖျက်ဆီးခဲ့ပေသည်။

တိရီ၏ အင်အားကလည်း အလွန်အမင်း တိုးတက်လာသည်။ သူဟာ ရှေးဟောင်း သူတော်စင်မင်းဆက် ရှဲ့မိသားစုကို ကူညီပြီး ကောင်းကင်နတ်ဘုရားတပ်မဟာကို ကူညီရန် ကျွမ်းကျင်သူများကိုပင် စေလွှတ်ခဲ့ပေသည်။ တုန်လှုပ်စရာကောင်းသော တိုက်ပွဲကြီးတစ်ခုအပြီးတွင် ကောင်းကင်နတ်ဘုရားတပ်မဟာက ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရပြီး မြောက်ပိုင်းလွင်ပြင်နယ်စပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ သသူတို့က အင်အားကြီးသော ရန်သူများကို ရင်ဆိုင်ရန် ရှဲ့လွမ်နှင့် ပူးပေါင်းခဲ့ပေသည်။

ထို့ကြောင့်ပင် ဤကာလအတွင်း လေထုက မထင်ထားလောက်အောင် တင်းမာနေခဲ့ခြင်း ဖြစ်သည်။ မြောက်ပိုင်းလွင်ပြင်မှ ကျွမ်းကျင်သူများအားလုံးကလည်း အင်အားကြီးသော ရန်သူများ၏ တိုက်ခိုက်မှုကို အချိန်မရွေးကိုင်တွယ်ဖြေရှင်းနိုင်ရန် သားရဲတစ်ရာမျိုးနွယ်တွင် စုဝေးခဲ့ကြသည်။

ထိုစကားများကို ကြားရပြီးနောက် လုမင် အံ့သြသွားမိသည်။

တစ်ချိန်တည်းမှာပင် အချို့အရာများကို သူ နားလည်လာခဲ့၏။

အရှေ့တိုင်းမှ ကောင်းကင်အလောင်းကောင်ဂိုဏ်းက အချိန်တိုလေးအတွင်း အဘယ်ကြောင့် တက်လာနိုင်ပြီး ကောင်းကင်ဧကရာဘုရားကျောင်းနှင့် ယှဉ်ပြိုင်နိုင်သည်ကို သူနားလည်ခဲ့သည်။ အားလုံးက တိရီ၏ စီစဉ်မှုအောက်မှာ ရှိနေသောကြောင့် သူတို့၏အင်အားများ မြန်မြန်ဆန်ဆန် တိုးတက်ခဲ့ခြင်းပင်။

ကောင်းကင်ဘုရင်တံဆိပ်ပြားအတွက် တိုက်ခိုက်ခဲ့စဉ်ကလည်း အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသက ငြိမ်သက်နေကာ မလှုပ်ရှားခဲ့ပေ။ ထိုအချိန်ကတော့ လုမင်နှင့် အခြားလူများဟာ ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ ယခုတော့ ယင်းက အဓိပ္ပာယ်ရှိပေသည်။

အရှေ့တိုင်းနှင့် တောင်းပိုင်းဒေသက အခြေခံအားဖြင့် တိရီ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ထို့ကြောင့်ပင် တိရီမှ အမိန့်မပေးပါက အရှေ့တိုင်းနှင့် တောင်ပိုင်းဒေသတို့ဟာ လှုပ်ရှားလိမ့်မည် မဟုတ်ပေ။

"တိရီနဲ့ တောင်ပိုင်းဒေသရဲ့ ကျွမ်းကျင်သူတွေ ပူးပေါင်းခဲ့မယ်ဆိုရင်တောင် ဒီလောက် အားကောင်းတာတော့ မဖြစ်သင့်ဘူး။ အလယ်ပိုင်းတိုက်ကြီးရဲ့ အုပ်စိုးရှင်အင်အားစုတွေ ပေါင်းလိုက်မယ်ဆိုရင်လည်း သူတို့မှာ သိုင်းအုပ်ချုပ်သူတွေ အများကြီးရှိနိုင်တယ်။ တိရီက ဘယ်လိုလုပ်ပြီး အလွယ် အနိုင်ယူနိုင်မလဲ။ နောက်ပြီးတော့ ကောင်းကင်နတ်ဘုရားတပ်မဟာက နက်နဲတဲ့ အခြေခံအုတ်မြစ်ရှိတယ်။ တိရီက သန်မာပေမဲ့ သူနဲ့ယှဉ်နိုင်တဲ့ ကျွမ်းကျင်သူတွေတော့ ရှိမှာပဲ။ သူက ဘယ်လိုလုပ်ပြီး အလွယ်တကူ အနိုင်ယူနိုင်မှာလဲ"

လုမင်က သံသယတစ်ခုကို ထုတ်မေးလိုက်သည်။

တိရီ၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းသော်လည်း တောင်ပိုင်းမှ အုပ်ချုပ်သူများ ပါဝင်ခဲ့လျှင်ပင် သိုင်းအုပ်ချုပ်သူ များစွာရှိမည် မဟုတ်ပေ။ ခုနစ်ခုထက် မပိုနိုင်ပါ။ အလယ်ပိုင်းတိုက်ကြီးမှ ပိုမိုအားကောင်းသော အုပ်စိုးရှင် အင်အားစုတချို့ဆိုလျှင် သိုင်းအုပ်ချုပ်သူ နှစ်ဦး သို့မဟုတ် ထို့ထက်မက ရှိသည်။ သို့ဖြစ်၍ အုပ်စိုးရှင် အင်အားစုအများအပြား ပါ၀င်လာပါက အလွယ်တကူ ဖျက်ဆီးခံရမည် မဟုတ်ပေ။

"ဘာလို့လဲဆိုတော့ တိရီရဲ့ အကူအညီတွေ ရောက်လာလို့ပဲ။ တိရီရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီး အုပ်ချုပ်သူဝိညာဉ်လက်နက်လည်း ရှိတယ်။ အရေးကြီးဆုံးကတော့ ကြောက်စရာကောင်းတဲ့ တန်ခိုးရှင်နှစ်ယောက် တိရီအနားမှာ ပေါ်လာခဲ့တာပဲ။ သူတို့ကလည်း အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွေ ဖြစ်တဲ့အပြင် အုပ်ချုပ်သူဝိညာဉ်လက်နက်တွေ ရှိနေကြတယ်"

ရှဲ့လွမ်က လွန်စွာလေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဘယ်လို"

လုမင် အံ့သြသွား၏။

တိရီ၏ဘေးတွင် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူနှစ်ယောက် ရှိနေသည်။

အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်က ရှမ်းဟွမ်တိုက်ကြီးတွင် အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။ လုမင် ရှန်းရွှီတိုက်ကြီးသို့ မသွားမီကဆိုလျှင် အဆင့်နှစ် သိုင်းအုပ်ချူပ်သူနယ်ပယ် အထွတ်အထိပ်တွင် ရှိနေသူက ရှဲ့လွမ်နှင့် တိရီသာ ရှိသေးသည်။

ယခုမူ၊ တိရီ၏အနားတွင် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူနှစ်ဦး ပေါ်လာပြီ ဖြစ်သည်။ ယင်းက မည်သို့ဖြစ်နိုင်ပါသနည်း။

ပို၍ တုန်လှုပ်စရာကောင်းတာက သုတို့နှစ်ဦးကလည်း အုပ်ချုပ်သူအဆင့် ဝိညာဉ်နက်များကို ထိန်းချုပ်ထားကြခြင်း ဖြစ်သည်။

အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်များက အလွန်ရှားပါးပြီး သိုင်းအုပ်ချုပ်သူတိုင်း မပိုင်ဆိုင်နိုင်‌ပေ။

တစ်ချိန်တည်းမှာပင်၊ လုမင်က ရှမ်းဟွမ်တိုက်ကြီး၏ လက်ရှိအခြေအနေကို နားလည်ခဲ့သည်။

တိရီ၏ ပတ်ဝန်းကျင်တွင် သိုင်းအုပ်ချုပ်သူများစွာ မရှိသော်လည်း တိုက်ခိုက်မှုအင်အားက သန်မာလွန်းပေသည်။

တိရီနှင့် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူ နှစ်ဦးတည်းက ရှမ်းဟွမ်တိုက်ကြီး၏ အုပ်ချုပ်သူများစွာကို သုတ်သင်နိုင်သည်။ သူတို့ကို မည်သူကမှ တွန်းလှန်နိုင်မည် မဟုတ်ပေ။

ယခုတော့ မြောက်လွင်ပြင်မှ လေထုက အလွန် သိမ်မွေ့ပြီး တင်းမာနေသည်မှာ အံ့သြစရာ မဟုတ်တော့ပါ။

မြောက်ပိုင်းလွင်ပြင်မှာက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ဟူ၍ ရှဲ့လွမ်သာ ရှိသည်။

"အခု တိရီရဲ့ တပ်တွေက အလယ်ပိုင်းတိုက်ကြီးရဲ့ အုပ်စိုးရှင် အင်အားစုတချို့ကို တိုက်ခိုက်နေတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ သူတို့က ထျန်းရှအကယ်ဒမီကို ဝိုင်းနေတယ်လို့ ကြားတယ်။ အခု ထျန်းရှအကယ်ဒမီ အန္တရာယ်ရှိနေပြီ"

ရှဲ့လွမ် ပြောလိုက်၏။

"ထျန်းရှအကယ်ဒမီလား"

လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပပြီး တိုက်ခိုက်လိုစိတ်တို့ ပြင်းပြလာခဲ့သည်။

"လုမင်... မင်းဘယ်လိုထင်လဲ"

ရှဲ့လွမ်က မေးသည်။

"ကယ်မယ်၊ ထျန်းရှအကယ်ဒမီကို ကယ်တင်ရမယ်"

လုမင် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဟားဟားဟား၊ ကယ်ရမယ်ပေါ့။ လုမင်... ငါတို့က သူတို့ကို ဘယ်လိုလုပ်ပြီး ကယ်တင်နိုင်မလဲ။ အခု တိရီမှာ အစွမ်းထက် ကျွမ်းကျင်သူတွေ အများကြီးရှိနေပြီမို့ ကိုယ့်ကိုကိုယ်တောင် ကာကွယ်ဖို့ မလွယ်ဘူး။ ငါတို့က သူတို့ကို ဘယ်လိုလုပ်ပြီး ကယ်တင်နိုင်မှာလဲ"

ချွီလော့က အထင်မြင်သေးမှုတို့ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။

ကျန်လူများလည်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။ သူတို့၏သဘောထားက ချွီလော့နှင့် မခြားနားသည်မှာ ထင်ရှားသည်။

ရန်ခွမ်းစုကတော့ တစ်ခုခုပြောချင်ပုံရသော်လည်း အဆုံးတွင် ရပ်သွားခဲ့၏။ သူ့တွင် လုမင်ကို ပြောစရာရှိပုံရသော်လည်း အဆုံးမှာတော့ မပြောဖြစ်ခဲ့ပေ။

"နှုတ်ခမ်းမရှိရင် သွားတွေအေးလာမယ်ဆိုတာ လူတိုင်း အတိအကျ နားလည်နိုင်မှာပါ။ ထျန်းရှအကယ်ဒမီကလည်း အားမနည်းဘူးဆိုတာ အားလုံး သိသင့်တယ်။ တိရီသာ ထျန်းရှအကယ်ဒမီကို အောင်နိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့အင်အား ပိုပြီး အားကောင်းလာလိမ့်မယ်။ ဒါပေမဲ့ ထျန်းရှအကယ်ဒမီကို ကယ်တင်ပြီး ပူးပေါင်းခဲ့မယ်ဆိုရင်တော့ တိရီကို တိုက်ခိုက်ဖို့အတွက် အင်အား ပိုရလာလိမ့်မယ်"

လုမင် ပြောလိုက်သည်။

"ဒါက အမှန်တရားဆိုပေမဲ့ အကြောင်းပြချက်ပဲရှိတဲ့ အမှန်တရားပါပဲ။ တကယ်တမ်းဆိုရရင် ငါတို့ရဲ့အင်အားက မလုံလောက်ဘူး။ ငါတို့ရဲ့ အစွမ်းအစနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်တောင် အကောင်းဆုံးကြိုးစားမှ ရှင်သန်ဖို့ အခွင့်အလမ်း ရနိုင်မှာ။ ငါတို့ သူတို့ကို ကယ်တင်ရင်း တိရီကို တိုက်ခိုက်မယ်ဆိုရင်...၊ ရှုံးနိမ့်မှုအတွက် မင်း လုမင် တာဝန်ယူမှာလား"

ချွီလော့ လှောင်ပြောင်လိုက်၏။

"အဲဒီလိုဖြစ်ရင် ငါ တာဝန်ခံမယ်"

လုမင် ပြောလိုက်သည်။

"မင်းတာဝန်ယူမှာလား၊ ဟားဟားဟား...၊ ရယ်စရာကောင်းလိုက်တာ။ လုမင်... ငါ ရှင်းရှင်းပဲပြောမယ်၊ ဒါကို တာဝန်ယူရမယ်ဆိုရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ။ မင်းက နတ်ဆိုးဘိုးဘေးနဲ့ မဟာမိတ်ဖွဲ့ထားတယ်ဆိုပေမဲ့ ဒီကမ္ဘာကြီးမှာ ခွန်အားက အခရာပဲ။ မင်းမှာ အင်အားမရှိရင် ထိန်းထိန်းသိမ်းသိမ်း ပြုမူတာက ပိုကောင်းမယ်"

ချွီလော့က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ဤစကားများက လုမင်ကို တိုက်ရိုက် နှိမ့်ချလိုက်ခြင်းပင်။

ရှဲ့လွမ်လည်း ချွီလော့ကို တရားလွန်သွားပြီဟုထင်သောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း၊ ယခု ထျန်းရှအကယ်ဒမီကို ကယ်တင်ရန်ကတော့ သူလည်း သဘောမတူလိုသောကြောင့် ခဏတာမျှ စဉ်းစားပြီးသောအခါ စကားမပြောဖြစ်တော့ပါ။

"လုမင်၊ မင်း ထျန်းရှအကယ်ဒမီကို ကယ်တင်ချင်ရင် မင်းကိုယ်တိုင်လုပ်မှရမယ်။ တကယ်လို့ တိရီ လာတိုက်ခိုက်ရင်တောင် ငါတို့က ဘာမှလုပ်မှာမဟုတ်ဘူး"

ချွီလော့ ပြောလိုက်သည်။

"ငါ လုမင်နဲ့ လိုက်ခဲ့မယ်"

ရန်ခွမ်းစုက ရုတ်တရက် ပြောလိုက်သည်။

"ငါ လုမင်နဲ့ လိုက်ခဲ့မယ်"

"ငါလည်းလိုက်မယ်"

ထို့နောက်တွင် အသံနှစ်သံက ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ သူတို့က သားရဲတစ်ရာမျိုးနွယ်မှ လူရိုင်းဧကရာဇ်နှင့် ဟန်ချင်းတောင်ဂိုဏ်း၏ ဧကရီယွဲ့ရှင်း ဖြစ်တော့သည်။

"မရဘူး၊ မင်းတို့ကိုလည်း လိုက်ခွင့်မပေးနိုင်ဘူး။ မင်းတို့က အခု ငါတို့နဲ့ တစ်လှေတည်းအတူတူ စီးနေတာ၊ မင်းတို့သွားရင် ငါတို့ ခွန်အားတွေ လျော့သွားလိမ့်မယ်၊ အဲဒါက တိရီကို အခွင့်အရေး ပေးလိုက်သလိုပဲ"

ချွီလော့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"မင်း…"

လူရိုင်းဧကရာဇ်၊ ရန်ခွမ်းစုနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားကြသည်။

"မင်း သွားစရာ မလိုပါဘူး၊ ငါတစ်ယောက်တည်းက ထျန်းရှအကယ်ဒမီကို ကယ်တင်ဖို့ လုံလောက်ပြီ"

လုမင် ရုတ်တရက် ပြောလိုက်သည်။ လူတိုင်း အံ့ဩသွားကြ၏။

လုမင် တစ်ယောက်တည်းက ထျန်းရှအကယ်ဒမီကို ကယ်တင်နိုင်မှာလား။

အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

"ဟားဟားဟား၊ လုမင်...၊ ရှန်းရွှီတိုက်ကြီးကို ရောက်သွားပြီးနောက် မင်းရဲ့စိတ်တွေ ပြောင်းလဲသွားပုံပဲ။ မင်းက ပိုပိုပြီး အလိုက်မသိ ဖြစ်လာတယ်။ ယွမ်လုရဲ့ အဓိက ဂိုဏ်းခွဲကြီးတွေက ပါရမီရှင်တွေကိုတောင် စော်ကားဝံ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး"

ချွီလော့ ရယ်မောလိုက်သည်။

ချွီလော့သည် ယခင်က လုမင်၏အမိန့်ကို နာခံခဲ့ရသည်အား တွေးမိသောအခါ စိတ်မသက်မသာ ခံစားခဲ့ရသည်။

ထိုအချိန်က၊ လုမင်ကို ယွမ်လုဂိုဏ်းကြီးသို့ ဝင်ရောက်နိုင်မည်ဟု တွေးကာ အနာဂတ်ကို မျှော်မြင်ခဲ့ပေသည်။ ထို့ကြောင့်ပင် သူက လုမင်ကို နာခံခြင်း ဖြစ်သည်။

သူသည် မြင့်မားသော သိုင်းအုပ်ချုပ်သူတစ်ပါးဖြစ်သော်လည်း အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦးကို နာခံခဲ့ရသည်။ ယင်းက အမြဲ အဆင်မပြေသလို ခံစားခဲ့ရပေသည်။

ယခုမူ၊ လုမင်က လုံးဝ ချုပ်တည်းမှုမရှိတော့ဘဲ ယွမ်လုအင်အားစုကြီးမှ ပါရမီရှင်ကိုပင် စော်ကားဝံ့နေပြီ ဖြစ်သည်။ သူ၏ ရှေ့ဆက်ရမည့်လမ်းကလည်း ပြတ်တောက်သွားခဲ့ပြီ။ ထို့ကြောင့်ပင်၊ သဘာဝအတိုင်း သူ့အတွင်းစိတ်များကို ဖုံးကွယ်မထားတော့ဘဲ လုမင်ကို နာခံတော့မည်မဟုတ်ပေ။

All Chapters