အခန်း ၁၃၁၂
Vol. 88 Ch. 1312
အပိုင်း ( 1312 ) ချွီလော့နှင့် တိုက်ခိုက်ခြင်း။
"ဟားဟား"
ထိုအချိန်တွင် လုမင်က ရုတ်တရက် ရယ်မောလိုက်သည်။
သူပြန်လာကတည်းက ချွီလော့ဟာ သူ့ကို မရပ်မနား လှောင်ပြောင်နေခဲ့၏။ ထို့ကြောင့်ပင် သူ အနည်းငယ် မပျော်မရွှင်ဖြစ်နေပြီ ဖြစ်သည်။
လုမင်က ချွီလော့ကို အေးစက်စက်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ငါက ကိုယ့်ကိုယ်ကိုယ် ပိုတွက်နေတယ်လို့ ဘယ်မျက်လုံးနဲ့ မင်းမြင်တာလဲ။ နောက်ပြီး မင်းကိုယ်မင်း သိုင်းအုပ်ချုပ်သူတစ်ပါးဖြစ်လို့ ကြီးမြတ်တယ်လို့ ထင်နေတာလား။ ငါ့မျက်လုံးထဲမှာ မင်းက ဖော်ပြဖို့တောင် မထိုက်တန်ဘူး"
"မင်း ဘာပြောလိုက်တယ်ကွ"
ချွီလော့ ဒေါသွက်သွားကာ ရုတ်တရက် ထရပ်လိုက်၏။ သိုင်းအုပ်ချုပ်သူတစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကလည်း လုမင်အပေါ်သို့ ကျရောက်လာတော့သည်။
သို့ရာတွင်၊ လုမင်က တည်ငြိမ်မှုရှိပြီး ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေဆဲ ဖြစ်သည်။
"ချွီလော့၊ ထိုင်နေစမ်း"
ရှဲ့လွမ် ငေါက်လိုက်သည်။
"နတ်ဆိုးဘိုးဘေး၊ ခင်ဗျားလည်း မြင်မှာပါ။ ဒီကောင်လေးက မာနကြီးပြီး အုပ်ချုပ်သူကိုတောင် အလေးအနက်မထားဘူး။ သူ့ကို ထွန်းပေါက်မဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ငါထင်ခဲ့ပေမဲ့ အခုတော့ အထင်မှားခဲ့ပုံရတယ်"
ချွီလော့က ပြောသည်။
"ငါက သိုင်းအုပ်ချုပ်သူတွေကို အထင်မသေးပါဘူး။ မင်းကိုပဲ နှိမ့်ချတာ"
လုမင် လှောင်ပြောင်လိုက်၏။
"မင်းက ငါ့ကို နှိမ့်ချနေတာလား။ ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်။ ရှမ်းဟွမ်တိုက်ကြီးကို ခရီးတစ်ခေါက်ပြီးနောက် မင်း ဘယ်လောက်ထိ တိုးတက်လာမယ်ဆိုတာ ငါ မြင်ချင်မိတယ်။ ဒီလောက် မောက်မာနေရလောက်အောင် မင်းမှာ ဘာများ ရှိလို့လဲ။ ဒီနေ့ နတ်ဆိုးဘိုးဘေးရဲ့ ကိုယ်စား မင်းကို သင်ခန်းစာတစ်ခု ပေးမယ်"
ချွီလော့ ဒေါသထွက်သွားသည်။ သူက ထိုင်ခုံပေါ်မှထကာ လုမင်ဆီသို့ လှမ်းဖိလိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများကလည်း ပို၍ သန်မာလာတော့သည်။ ဘေးဘက်ရှိ အဓိပတိအချို့သည်ပင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အသက်ရှူရခက်သည်ဟု ခံစားခဲ့ရသည်။
"မင်း တိုက်ခိုက်ချင်ရင် အပြင်ထွက်တိုက်ရအောင်"
လုမင်က မတ်တပ်ထရပ်ပြီး ခြေတစ်လှမ်းဆုတ်လိုက်သည်။ ခဏချင်းမှာပင် သူ့ပုံရိပ်က ခန်းမအပြင်ဘက် ကောင်းကင်ပြင်ကို ရောက်လာတော့သည်။
လူအများ အံ့ဩသွားကြသည်။ လုမင် ဘာပြောလိုက်သနည်း။ သူက ချွီလော့ကို တိုက်ခိုက်ချင်သလော။ သူက ချွီလော့ကို အမှန်တကယ် တိုက်ခိုက်ဝံ့သလော။
လူတော်တော်များများက သူတို့ နားကြားမှားသည်ဟု ထင်နေခဲ့ကြသည်။
လုမင်က သူ့ပုံရိပ်ကို ထိန်းထားသော်လည်း ဝိညာဉ်နတ်ဘုရား နယ်ပယ်၌သာ ရှိနေသေးကြောင်း သူတို့ မြင်နေရဆဲပင်။ ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ လူငယ်တစ်ဦးက သိုင်းအုပ်ချုပ်သူတစ်ပါးကို အမှန်တကယ် တိုက်ခိုက်လိုသလော။
သူက ရူးသွပ်သူ သို့မဟုတ် အလွန်မောက်မာသူ ဖြစ်နိုင်သည်။
"ဟားဟားဟား၊ မင်းတို့မြင်တယ်နော်။ ဒီကောင်လေးက မာနကြီးပြီး နားမလည်တတ်ဘူး။ ငါ သူ့ကို သင်ခန်းစာပေးရတော့မယ်"
ချွီလော့က ဒေါသတကြီးဖြင့် ရယ်မောကာ ပြောလိုက်သည်။
လုမင်က သူ့ကို စိန်ခေါ်ဝံ့၏။ ဝိညာဉ်နတ်ဘုရားတစ်ပါးမှ စိန်ခေါ်ခံရခြင်းမှာ သူ့အတွက် ကြီးစွာသော စော်ကားမှုတစ်ခု ဖြစ်သည်။
လုမင် သင်ခန်းစာတစ်ခု သင်ပေးရတော့မည်။
သို့သော်၊ ဤအရာအားလုံးက လုမင်ကို အဆက်မပြတ် ရန်စခြင်း၏ ရလဒ်ဖြစ်သည်ဟု သူ မထင်ခဲ့ပေ။
လေထု တုန်ခါမှုနှင့်အတူ ချွီလော့က ခန်းမအပြင်ဘက် လေထဲသို့ ရောက်ရှိလာခဲ့သည်။
"အပြင်ထွက်ကြည့်ရအောင်"
"ဝှစ်... ဝှစ်... ဝှစ်"
ပင်မခန်းမထဲမှ ကျွမ်းကျင်သူများလည်း အမြန်ထွက်ကာ လေထဲတွင် ရပ်လိုက်ကြသည်။
"လုမင်..."
ရန်ခွမ်းစုလည်း စိုးရိမ်နေသောအကြည့်ဖြင့် ပင်မခန်းမထဲမှ ပြေးထွက်လာခဲ့လေသည်။
"လုမင်..."
ရှဲ့လွမ်၏ မျက်လုံးများမှာတော့ ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။ လုမင်အပေါ် သူ၏ နားလည်မှုအရ၊ လုမင်ဟာ မာနကြီးသူ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လုမင်သည် သူ ယုံကြည်မှုမရှိသူတစ်ဦးကို ဘယ်တော့မှ မတိုက်ခိုက်ခဲ့ပါ။
ယခုတော့ သူက အံ့ဖွယ်အမှုများ ဖန်တီးပြီး သိုင်းအုပ်ချုပ်သူကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်လော။
ခန်းမထဲမှ ထွက်လာချိန်တွင် ရှဲ့လွမ်၏ မျက်လုံးများက မျှော်လင့်ချက်တို့ ပြည့်နှက်နေခဲ့သည်။
"ကြည့်ကြစမ်း၊ အဲဒါက ဘယ်သူလဲ"
"အဲဒါ ဧကရာဇ်ချွီလော့ပဲ၊ နောက်တစ်ယောက်ကတော့ လုမင်... စစ်ဦးစီးချုပ် လုပဲ"
"ဘာတွေဖြစ်နေတာလဲ။ နတ်ဆိုးဧကရာဇ် ချွီလော့က စစ်ဦးစီးချုပ်လုနဲ့ တိုက်ခိုက်တော့မဲ့ပုံရတယ်"
"ဘယ်လိုပဲဖြစ်ဖြစ်၊ နတ်ဆိုးဧကရာဇ် ချွီလော့က သိုင်းအုပ်ချုပ်သူပဲလေ။ စစ်ဦးစီးချုပ်လုက ဘယ်လိုလုပ်ပြီး သူ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"
ကောင်းကင်တွင် ကျွမ်းကျင်သူများစွာတို့ စုရုံးရောက်ရှိလာသဖြင့် အငွေ့အသက်များမှာ ပို၍ တုန်လှုပ်ဖွယ်ရာ ဖြစ်လာခဲ့သည်။ သားရဲတစ်ရာမျိုးနွယ်မှ အခြားလူများလည်း လှုပ်ရှားမှုများကို သတိပြုမိသောကြောင့် လှမ်းမျှော်ကြည့်လိုက်ကြ၏။ သူတို့ထဲတွင် တချို့က မယုံကြည်နိုင်ကြပေ။
ကောင်းကင်အမြင့်တွင်...
"လုမင်၊ မင်းက အရည်အချင်းရှိတာကို ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ မာနကြီးလွန်းတယ်၊ ဒီနေ့ ဘယ်သူကဘာမှန်း မင်းသိအောင် ငါပြမယ်"
ချွီလော့က ပြောဆိုကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် မိုးနှင့်မြေက သူနှင့်အတူ ပဲ့တင်ထပ်ကာ တုန်ခါသွားပုံရ၏။ ကြီးစိုးသော အရှိန်အဝါတစ်ခုက လွှမ်းခြုံသွားရာ လူများစွာတို့ တုန်ယင်ပြီး ချွေးများ စီးကျလာတော့သည်။
အားနည်းသော ကျင့်ကြံသူတချို့ဆိုလျှင် ကောင်းကင်တာအိုကို ရင်ဆိုင်ရသကဲ့သို့ ဒူးထောက်ကျသွားသည်။
သို့သော်လည်း၊ လုမင်ကတော့ လေထဲတွင် တည်တည်ငြိမ်ငြိမ် ရပ်နေဆဲပင်။ သူ့ခန္ဓာကိုယ်ကတည် တည်ငြိမ်လွန်းပြီး မျက်တောင်ပင်မခတ်ပါ။
"ဒီကမ္ဘာကြီး မင်းထင်ထားတာထက် အများကြီး ပိုကြီးတယ်။ ရှမ်းဟွမ်တိုက်ကြီးဆိုတာ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ယွမ်လုတစ်ခုလုံးမှာ အဆင့်တစ် သိုင်းအုပ်ချုပ်သူက အဆင့်နိမ့်တဲ့ ဖြစ်တည်မှုတစ်ခုပဲ။ အဆင့်တစ်သိုင်းအုပ်ချုပ်သူပဲ ဖြစ်သေးတာတောင် ဒီလောက်ထောင်လွှားနေတယ်။ မင်းရဲ့အောင်မြင်မှုတွေ ဒီမှာပဲ ရပ်သွားလိမ့်မယ်"
လုမင်ထံမှ တည်ငြိမ်ပြီး ထူးခြားမှုမရှိသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"တိတ်စမ်း၊ ငါ့အောင်မြင်မှုတွေက မင်းအကဲဖြတ်လို့ရတာ မဟုတ်ဘူး"
လုမင်၏ စကားကြောင့် ချွီလော့ ဒေါသထွက်သွားသည်။ မာန်သွင်းသံနှင့်အတူ သူက ပထမဆုံး လှုပ်ရှားခဲ့၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်သည်းများနှင့် ဖမ်းဆုပ်လိုက်သည်။ အနက်ရောင် နတ်ဆိုးစွမ်းအင်များနှင့် လက်သည်းကြီးက လုမင်ကို ဖမ်းဆုပ်လာတော့သည်။
အဓိပဓိတစ်ပါးပင်လျှင် ဤလက်သည်းကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်သည်။
သို့သော်လည်း လုမင်ကတော့ မလှုပ်ရှားခဲ့ပေ။ တိုက်ခိုက်မှုကို သူ မမြင်ဘဲ လက်သည်းကြီးအား ဖမ်းဆုပ်ခွင့်ပြုထားသကဲ့သို့ပင် ဖြစ်သည်။
"လုမင်က ဘာဖြစ်လို့ ပြန်မတိုက်ခိုက်တာလဲ"
"သူကြောက်လို့လား၊ ဒါမှမဟုတ် ဖိနှိပ်ခံထားရတာ ဖြစ်နိုင်လား။ သိုင်းအုပ်ချုပ်သူတစ်ပါးက အရမ်း ကြောက်စရာကောင်းတာပဲ။ မိုးနဲ့မြေကိုတောင် ချုပ်နှောင်ထားနိုင်တယ်။ လုမင်က ပြန်တိုက်ခိုက်ချင်နိုင်ပေမဲ့ သူ့ခန္ဓာကိုယ်ကို မလှုပ်နိုင်တော့ဘူး"
ဤမြင်ကွင်းကို ကြည့်ပြီး လူတော်တော်များများ မှန်းဆလိုက်ကြသည်။
"လုမင်၊ မြန်မြန်ရှောင်လိုက်"
ရန်ခွမ်းစု စိုးရိမ်လာသည်။
သို့သော်၊ လုမင်က မလှုပ်ရှားသေး။
'ဟမ့်၊ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပုရွက်ဆိတ်က ငါ့ကို တရားဟောဝံ့တယ်။ ငါသူ့ကို သင်ခန်းစာတစ်ခုပေးရမယ်။ ငါသူ့ကိုမသတ်ဘဲ အရိုးနည်းနည်းလောက် ချိုးမယ်ဆိုရင် နတ်ဆိုးဘိုးဘေးလည်း ငါ့ကိုအပြစ်မတင်နိုင်လောက်ဘူး'
ချွီလော့က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ သူ့ထံမှ နတ်ဆိုးအရှိန်အဝါများက ပို၍ အားကောင်းလာသည်။
ချက်ခြင်းပင်၊ လက်သည်းကြီးက လုမင်၏ခေါင်းကို ကုပ်မိလုနီး ဖြစ်လာခဲ့၏။
ဤအခိုက်မှာပင် လုမင်က နောက်ဆုံးတွင် လှုပ်ရှားလာတော့သည်။
လုမင်၏ လှုပ်ရှားမှုသည် အလွန်ရိုးရှင်းသည်။ ရိုးရှင်းသော လက်သီးတစ်ချက်ကို သူ ထုတ်ဖော်လိုက်၏။
"ဝုန်း"
ဟင်းလင်းပြင်က တို့ဟူးကဲ့သို့ အလွယ်တကူ ပေါက်ကွဲသွားခဲ့သည်။ ချွီလော့ သိပ်သည်းထားသော လက်သည်းကြီးလည်း လုမင်၏ လက်သီးချက်အောက်တွင် ပေါက်ကွဲကာ ဘယ်တုန်းကမှ မတည်ရှိသလို ပျောက်ကွယ်သွားတော့သည်။
"ဒါက... "
ကြည့်နေသူအားလုံး ရုတ်တရက် တုန်လှုပ်သွားကြသည်။
လုမင်၏ ပေါ့ပေါ့ပါးပါး လက်သီးချက်က ချွီလော့၏ နတ်ဆိုးစွမ်းအင်မှ စုဖွဲ့ထားသော လက်သည်းကြီးကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့ပေသည်။
ချွီလော့က သူ၏ စစ်မှန်သော စွမ်းရည်ကို လုံးဝ အသုံးမပြုသော်လည်း အဓိပဓိများကို ထိခိုက်စေနိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း လုမင်ကိုတော့ လွယ်လွယ်ကူကူ ရှုံးနိမ့်ခဲ့၏။
ယင်းက မည်သို့ဖြစ်သနည်း။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ဤအဆင့်ကို ရောက်နေပါပြီကော။
တုန်လှုပ်စရာကောင်းလွန်းသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ လက်သီးလဲ။ သူ့ရဲ့ စွမ်းအားက အကန့်အသတ်မရှိဘူး၊ အထူးသဖြင့် သူ့ရုပ်ခန္ဓာရဲ့ စွမ်းအားပဲ။ အင်မတန် တုန်လှုပ်စရာကောင်းတယ်။ အဲဒါက ဝိညာဉ်ခန္ဓာကို ပေါက်ကွဲနေတယ်လို့ ဘာဖြစ်လို့ ငါ ခံစားမိတာလဲ"
လူရိုင်းဧကရာဇ်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
"ငါလည်း ဒီလိုပဲ ခံစားရတယ်"
အခြားသော အုပ်ချုပ်သူများလည်း ပြောလိုက်ကြလေသည်။
"လုမင်"
ရှဲ့လွမ်၏ မျက်လုံးများလည်း တောက်ပလာခဲ့သည်။
ရန်ခွမ်းစု၏ မျက်လုံးများကတော့ ပို၍ပင် တောက်ပလာတော့သည်။
"မင်းမှာ အရည်အချင်းရှိသားပဲ။ ထပ်လာမယ်"
ချွီလော့ ဟိန်းဟောက်လိုက်သည်။ လုမင်၏ ဟန့်တားခံရခြင်းကြောင့် သူ အရှက်ရသွားကာ သူ့စိတ်ထဲတွင် ဒေါသများဖြင့် ပို၍ ပူလောင်လာတော့သည်။
"ဝမ်"
နတ်ဆိုးဒိုမိန်းက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားကာ လုမင်ကို ဖုံးအုပ်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများ ဖောင်းကြွလာပြီး လက်သီးတစ်ချက် ထုတ်ဖော်လိုက်တော့သည်။
ဤသက်သီးချက်တွင် ဒိုမိန်းစွမ်းအားနှင့် သူ၏ ဝိညာဉ်ခန္ဓာစွမ်းအားများ ပါဝင်သည်။ ယင်း၏စွမ်းအားက ယခင်လှုပ်ရှားမှုထက် ဆယ်ဆ ပိုမိုအားကောင်းလာပေသည်။
ချွီလော့ အုပ်ချုပ်သူတစ်ပါး၏ စွမ်းအားကို ပြသခဲ့ပြီး သူ၏ အင်အားအမှန် ထုတ်ဖော်နေပြီ ဖြစ်သည်။
"ဝုန်း"
လုမင်၏ ခန္ဓာကိုယ်ထဲမှ နဂါးဟိန်းသံနှင့် နဂါးစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက် ထွက်ပေါ်လာခဲ့၏။ လုမင်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအားအရိပ်အမြွက်တို့ စီးဝင်လာတော့သည်။