← Chapters

အခန်း ၁၃၁၄

Vol. 88 Ch. 1314

အခန်း ၁၃၁၄

Vol. 88 Ch. 1314

အပိုင်း ( 1314 ) ထျန်းရှအကယ်ဒမီသို့။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်ကို ကျုပ် စော်ကားခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီပါရမီရှင်က ကျုပ်ကို ရှုံးသွားတယ်။ နောက်ပြီးတော့ အခြား ယွမ်လုအင်အားစုကြီးတစ်ခုဖြစ်တဲ့ နဂါးနတ်ဘုရားတောင်ကြားကို ဝင်ရောက်ခဲ့တယ်"

လုမင် ပြောလိုက်သည်။

"တကယ်ပါပဲ"

ရှဲ့လွမ်၏ မျက်လုံးများက တလက်လက် တောက်ပ‌သွားခဲ့သည်။

"စစ်ဦးစီးချုပ်လုက ယွမ်လုရဲ့ အဓိက အင်အားစုကြီးတစ်ခုနဲ့ ဆက်သွယ်နိုင်ခဲ့ပြီ"

အခြား ကျွမ်းကျင်သူများလည်း မျက်လုံးများ ဝင်းလက်သွားကြ၏။

"စစ်ဦးစီးချုပ်လုရဲ့ အရည်အချင်းက အနှိုင်းမဲ့ပါပေတယ်"

တစ်စုံတစ်ယောက်က ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

ဤတစ်ကြိမ်မှာတော့ ယခင်ကထက် ပိုရိုးသားပြီး လေးစားမှုတို့ ရှိခဲ့၏။

ယခင်တစ်ကြိမ်မှာ လုမင်၏ အင်အားကြောင့် ဖြစ်သည်။ ယခုတစ်ကြိမ်မှာတော့ လုမင်၏ အမှတ်အသားကြောင့် ဖြစ်တော့သည်။

လုမင်က ယွမ်လု၏ အဓိကအင်အားစုကြီးတစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ယခုအခါ ဂိုဏ်းတပည့်တစ်ဦး ဖြစ်ခဲ့ပြီ ဖြစ်သည်။ ရှဲ့လွမ်ထက်ပင် သူ၏အထောက်အထားက လူအများကြားတွင် သာလွန်ကောင်းမွန်လာတော့သည်။

လုမင်က လက်တစ်ဖက်ထောင်ပြလိုက်ရာ လူအုပ်ကြီးက တိတ်ဆိတ်သွားသည်။

"ဒီအကြောင်းတွေ အသေးစိတ်ကိုတော့ နောက်မှပြောမယ်။ အခု ကျုပ်တို့ မူလအစီအစဉ်အတိုင်း လုပ်ဆောင်ပြီး ထျန်းရှအကယ်ဒမီကို ကယ်တင်ဖို့ ထျန်းရှအကယ်ဒမီကို သွားရမယ်"

လုမင် ပြောလိုက်သည်။

"မဟုတ်ဘူး စစ်ဦးစီးချုပ်လု၊ မင်းသွားချင်ရင် ငါတို့ မင်းနဲ့လိုက်မယ်။ မင်းတစ်ယောက်တည်း သွားရတာက အန္တရာယ်များတယ်"

လူရိုင်းဧကရာဇ်က ပြောသည်။

"ဟုတ်တယ်၊ ငါတို့ မင်းနဲ့ လိုက်ခဲ့မယ်"

ရန်ခွမ်းစုကလည်း ပြော၏။

"မလိုပါဘူး၊ ခင်ဗျားတို့ ဒီမှာနေပါ။ ကျုပ်ဘာလုပ်နေတယ်ဆိုတာ သိတယ်။ ကျွန်တော်ကိုကျွန်တော် အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူး"

လုမင်က ထိုမျှသာပြောပြီး ထပ်မပြောတော့ပေ။ သူက လက်ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက်မှာတော့ လုမင်က ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

လုမင် ပျောက်ကွယ်သွားသည့်တိုင် လူတိုင်း၏ ရင်ခုန်စိတ်လှုပ်ရှားမှုများကတော့ ငြိမ်သက်သွားခြင်း မရှိသေးပါ။

အဓိကကတော့ လုမင်ကြောင့် ဖြစ်သည်။ ယင်းက တုန်လှုပ်စရာကောင်းလွန်းလှပေသည်။

ရှန်းရွှီတိုက်ကြီးကို သွားရောက်စဉ်က လုမင်၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန်နိမ့်ပါးသည်။ သို့သော်လည်း ယခုအခါ သိုင်းအုပ်ချုပ်သူတစ်ပါးကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေပြီ။ သူ၏ တိုးတက်မှုက အံ့ဖွယ်ကောင်းလွန်းသည်။

"မဟုတ်ဘူး၊ ငါတို့ လုမင်ကို တစ်ယောက်တည်း စွန့်စားစေလို့ မဖြစ်ဘူး။ ဧကရီယွဲ့ရှင်း၊ ဧကရာဇ်ထျန်းဖုန်း၊ မင်းတို့ ဒီနေရာကို စောင့်ရှောက်ကြပါ။ လူရိုင်းဧကရာဇ်၊ မိုရဲ့တို့က ငါ့နောက်ကိုလိုက်ပြီး ထျန်းရှအကယ်ဒမီကို တိတ်တဆိတ် သွားကြမယ်။ လုမင် အန္တရာယ်ရှိရင်၊ ငါတို့ သူ့ကိုကူညီရမယ်"

ရှဲ့လွမ် အမိန့်ပေးလိုက်သည်။

"ကျုပ်လည်းလိုက်မယ်"

"နတ်ဆိုးဘိုးဘေး၊ ကျုပ်လည်းလိုက်မယ်!"

ရန်ခွမ်းစုနှင့် ချွီလော့က ပြောလိုက်ကြ၏။

ချွီလော့သည် လုမင်ကြောင့် ဒဏ်ရာရခဲ့သော်လည်း သူ့အရင်းမြစ်ကို မထိခိုက်ခဲ့ပေ။ ထို့ကြောင့်ပင် သူ၏ဝိညာဉ်ခန္ဓာက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဟုတ်ပေသည်၊ ဤသည်ကလည်း လုမင် သက်ညှာပေးခဲ့၍ ဖြစ်သည်။ မဟုတ်ပါက ဤမျှမြန်မြန် ပြန်ကောင်းလာရန် မဖြစ်နိုင်ပေ။

"ကောင်းပြီ၊ အတူတူသွားရအောင်"

ရှဲ့လွမ် ပြောလိုက်သည်။ ထို့နောက်မှာတော့ ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ကျွမ်းကျင်သူတစ်ဖွဲ့ကိုဦးဆောင်ရင်း ထျန်းရှအကယ်ဒမီဆီသို့ ဦးတည်သွားတော့သည်။

.............

ကောင်းကင်အောက်တွင်၊ ထျန်းအကယ်ဒမီတစ်ခုလုံး စီး‌မီးတောက်များ တောက်လောင်နေခဲ့သည်။

ထျန်းရှအကယ်ဒမီ၏ နယ်မြေအများစုကိုတော့ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက သိမ်းပိုက်ထားပြီးပြီ။ အဖြူရောင် ကျောက်စိမ်းနန်းတော် တစ်ခုတည်းသာ မချိုးဖျက်ရသေးခြင်း ဖြစ်သည်။

ကောင်းကင်အထက်၊ လေထဲတွင် ဆိုင်းငံ့ထားသော ကျောက်စိမ်းနန်းတော်က အလင်းများ ပေတစ်သောင်းအထိ ဖြာထွက်နေခဲ့ပေသည်။

ကျောက်စိမ်းနန်းတော်၏ အရပ်ရပ်မှာတော့ အင်အားကြီး တပ်မဟာကြီးက ဝိုင်းထားသည်။

ထိုတပ်မဟာထဲတွင် ကောင်းကင်ဧကဂာဇ်ဘုရားကျောင်းမှ လူများရှိပြီး ကောင်းကင်အလောင်းကောင်ဂိုဏ်းမှ လူများလည်း ရှိသည်။ တောင်ပိုင်းဒေသမှ လူများလည်း ရှိ၏။ အလယ်ပိုင်းတိုက်ကြီးမှ အခြား အင်အားစုကြီးများ၏ လူတချို့ပင် ရှိသေးသည်။

"ဝုန်း... ဝုန်း"

အဖြူရောင် ကျောက်စိမ်းနန်းတော်၏ထိပ်ပိုင်းမှာတော့ အုပ်ချုပ်သူ အရှိန်အဝါများနှင့် ရုပ်သွင်နှစ်ခု ရှိနေသည်။

ထိုရုပ်သွင်နှစ်ခုက သိုင်းအုပ်ချုပ်သူများဖြစ်ပြီး ကျောက်စိမ်းနန်းတော်ကို တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေကြသည်။

ကျောက်စိမ်းနန်းတော်အတွင်းမှာလည်း အုပ်ချုပ်သူ အရှိန်အဝါများနှင့် ဆံဖြူ အဘိုးအိုနှစ်ဦး ရှိ၏။ သူတို့နှစ်ဦးက ပူးပေါင်းပြီး အပြင်ဘက်မှ အုပ်ချုပ်သူနှစ်ပါး၏ တိုက်ခိုက်ခြင်းကို တွန်းလှန်နေခဲ့သည်။

"တိုက်ခိုက်ပါ၊ တိုက်ခိုက်ကြ။ ဒီကျောက်စိမ်းနန်းတော်က ကြာကြာမခံတော့ဘူး"

လူအုပ်ကြားတွင် ခရမ်းရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အမိန့်ပေးနေသည်။

လုမင်သာ ဤနေရာမှာ ရှိနေလျှင်တော့ ထိုလူက ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ ရှေးဟောင်းမျိုးနွယ်စု ခြောက်စုထဲမှ တစ်ခုဖြစ်သော ဝမ့်မိသားစုခေါင်းဆောင် ဝမ့်ရှန်ထျန်းဖြစ်မှန်း သူ သေချာပေါက် အသိအမှတ်ပြုလိမ့်မည်။

ယခုအချိန်တွင် သူက လွန်စွာ စိတ်ဓာတ်တက်ကြွနေသည်။

သူဟာ ဧကရာဇ်ရီဝူဟွမ်နောက်သို့ ပထမဆုံး လိုက်ပါသူများထဲမှ တစ်ဦး ဖြစ်၏။ သူက ဧကရာဇ်ရီဝူဟွမ် ယုံကြည်ရသော လက်ထောက်တစ်ဦးလည်း ဖြစ်သည်။ ဧကရာဇ်ရီဝူဟွမ်က သူ၏ စစ်မှန်သောခွန်အားကို ထုတ်ဖော်ပြသပြီးကတည်းက အရှုံးမရှိခဲ့ပေ။ အချိန်ကြာလာလေလေ၊ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက ပို၍အားကောင်းလာလေလေ ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် ပါ၀င်လာသော ကျွမ်းကျင်သူများက သဘာဝအတိုင်း သူ့ထက် အဆင့်အတန်းမြင့်မားခြင်းမရှိပါ။ အုပ်ချုပ်သူများသာလျှင် သူ့ထက် အဆင့်အတန်းမြင့်သည်။ အခြား အဓိပဓိများကတော့ သူ့ထက် နိမ့်ကျ၏။ သူတို့က သူ့အား မျက်နှာသာပေးကာ သူ့အမိန့်ကို နားထောင်ခဲ့ရသည်။

"ဝုန်း... အုန်း"

မရေမတွက်နိုင်သော တိုက်ခိုက်မှုများနှင့် အလင်းတန်းများက အရပ်မျက်နှာအနှံ့မှ ကျောက်စိမ်းဖြူနန်းတော်ကို ပစ်လွှတ်လိုက်ကြသည်။ အဖြူရောင် ကျောက်စိမ်းနန်းတော်က အလင်းများထဲတွင် လုံးဝနစ်မြုပ်နေခဲ့ပေသည်။

"ခုခံတားဆီးကြ"

ကျောက်စိမ်းနန်းတော်တွင် ထျန်းရှအကယ်ဒမီ၏ တပည့်များနှင့် အကြီးအကဲများက အော်ဟစ်လိုက်ကြသည်။ သူတို့က ကျောက်စိမ်းနန်းတော်၏ ဝင်္ကပါများနှင့် ပူးပေါင်းကာ အတတ်နိုင်ဆုံး ခုခံ တိုက်ခိုက်ခဲ့ပေသည်။

"ဝုန်း... ဒုန်း"

သို့သော်လည်း ပြင်ပမှ တိုက်ခိုက်မှုများက အဆက်မပြတ် ထွက်ပေါ်လာနေသည်။ အကြိမ်တိုင်းတွင် ကျောက်စိမ်းနန်းတော်က တုန်လှုပ်သွား၏။ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် ကြာကြာထိန်းထားနိုင်မှာ မဟုတ်ပေ။

"ထျန်းရှအကယ်ဒမီ၊ မင်းတို့ကို မြန်မြန် အညံ့ခံဖို့ ငါ အကြံပေးတယ်။ အခု အရှင်မင်းကြီး တိရီက လူတစ်သောင်းအထက်က သူရဲကောင်း ဖြစ်နေပြီ။ ကောင်းကင်ဘုံရဲ့ အမိန့်နဲ့ ရှမ်းဟွမ်တိုက်ကြီးကို ပေါင်းစည်းဖို့ ရည်မှန်းထားတာ။ မင်းတို့ ခေါင်းမာမာနဲ့ ဆက်ခုခံနေရင် အဆုံးမှာ သေရလိမ့်မယ်"

ဝမ့်မိသားစုဘိုးဘေး၏အသံက အောင်နိုင်သူတစ်ဦးပမာ ထွက်ပေါ်လာခဲ့သည်။

"ဟမ့်၊ တိရီက ရည်မှန်းချက်ကြီးလွန်းတယ်။ သူက ရှမ်းဟွမ်တိုက်ကြီးကို အုပ်ချုပ်ချင်တယ်ပေါ့။ ဒါက အိပ်မက်မက်နေတာပဲ"

"ငါတို့ ထျန်းရှအကယ်ဒမီက အညံ့ခံတာထက် အသေခံလိုက်မယ်"

ကျောက်စိမ်းနန်းတော်မှ အသံများကို ကြားရ၏။

ဝမ့်မိသားစုဘိုးဘေး၏ မျက်နှာက မည်းမှောင်သွားကာ အေးစက်စက်ဖြင့် အော်လိုက်သည်။

"မင်းတို့က ကိုယ့်ရဲ့ အကန့်အသတ်ကို တကယ်မသိဘူးပဲ။ ငါ မင်းကို အခွင့်အရေးပေးပြီးပြီ၊ ဒါပေမဲ့ မင်းတို့က ဒါကို ဘယ်လို မြတ်နိုးရမှန်းမသိဘူး။ ဒီလိုဆိုမှတော့ သေလမ်းကိုသာ သွားကြတော့၊ ဆက်ပြီး တိုက်ခိုက်ကြ"

"ဝုန်း... အုန်း... ဒိုင်း"

ထောင်ပေါင်းများစွာသော တိုက်ခိုက်မှုများနှင့် အလင်းတန်းများက ကျောက်စိမ်းဖြူနန်းတော်ဆီသို့ ပျံသန်းသွားကြသည်။ တိုက်ပွဲက ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခဲ့ပေသည်။

ဤအခိုက်တွင်၊ ထျန်းရှအကယ်ဒမီ၏မြောက်ဘက် မိုင်တစ်ထောင်တွင် ဟင်းလင်းပြင်က အက်ကွဲသွားပြီး လုမင် ထွက်ပေါ်လာခဲ့သည်။

"ကြည့်ရတာ ငါ အရမ်းနောက်မကျသေးပါဘူး"

လုမင်က အဝေးကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။ ထို့နောက်မှာတော့ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စစ်မြေပြင်ဆီသို့ ဦးတည်သွားတော့သည်။

မိုင်တစ်ထောင်ကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားခဲ့သည်။

"ဘယ်သူလဲ၊ ရပ်လိုက်စမ်း"

လုမင် ချဉ်းကပ်လာသည်နှင့် အော်သံများ ထွက်ပေါ်လာသည်။

အနက်ရောင်ဝတ်စုံဝတ် လူတစ်စုက လုမင်ကို စိုက်ကြည့်လိုက်၏။

"တောင်ပိုင်းက လူတွေ"

လုမင်၏ မျက်လုံးများက အေးစက်စက်အလင်း လင်းလက်ပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

တောင်ပိုင်းမှ လူများ၏ အထောက်အထားက မှတ်မိလွယ်ပေသည်။

"ဟေ့ကောင်၊ ရပ်လိုက်စမ်း။ မင်း သေချင်နေပြီ"

တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ငေါက်ငမ်းပြီး လုမင်ကို ဓားဖြင့် ခုတ်လိုက်သည်။

လုမင်က သူ့လက်ဝါကိုဖြန့်ပြီး လေထဲကို ဖမ်းဆုပ်လိုက်သည်။ သူ့လက်ဖဝါးမှ ဝါးမျိုခြင်း စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့၏။ ဝါးမျိုခြင်းစွမ်းအားက တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ဖုံးအုပ်သွားရာ သူ့ခန္ဓာကိုယ်က လေထဲမှာတောင့်တင်းပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ထို့နောက်တွင် သူ၏ သွေးအနှစ်သာရ၊ ယွမ်ချီစွမ်းအင်တို့အားလုံးက သူ့ခန္ဓာကိုယ်မှ လုမင်၏လက်ဖဝါးထဲသို့ ပျံထွက်သွားသည်ကို သွေးပျက်ချောက်ချားဖွယ်ရာ မြင်လိုက်ရသည်။

ဤထူးဆန်းသောမြင်ကွင်းကြောင့် ကြောက်လန့်ကတြားဖြင့် သူ အော်ဟစ်လိုက်၏။

သို့သော်လည်း အသက်ရှူချိန်အနည်းငယ်အတွင်း သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လာကာ အသက်ဓာတ် လက္ခဏာများ အားလုံး ပျောက်ကွယ်သွားတော့သည်။

"ဒါက ဘယ်လိုမိစ္ဆာနည်းလမ်းမျိုးပါလိမ့်။ ငါတို့ အတူတူတိုက်ခိုက်ပြီး ဒီလူကို သတ်လိုက်ကြစို့"

ဘေးနားမှ အခြားလူများလည်း ဤမြင်ကွင်းကို မြင်သောအခါ မျက်လုံးပြူးကျယ်သွားကြသည်။ ထို့နောက်မှာတော့ သူတို့က ကြွေးကြော်ကာ လုမင်အား တိုက်ခိုက်ကြတော့သည်။

"ဝါးမျိုလော့"

လုမင် ရေရွတ်လိုက်သည်။ ပိုမိုပြင်းထန်သော ဝါးမျိုခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဤလူအုပ်စုကို ဖုံးအုပ်သွား၏။ သူတို့အားလုံး သွေ့ခြောက်သော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

"ရန်သူ တိုက်ခိုက်တယ်၊ ရန်သူ တိုက်ခိုက်တယ်"

ထိတ်လန့်တကြား အော်သံများ ထွက်ပေါ်လာခဲ့သည်။ လုမင်ကို တွေ့သွားပြီးနောက် လူများ ပိုများလာကာ တိုက်ခိုက်လိုက်၏။

လုမင်က မိမိအိမ်ခြံဝင်းတွင် လမ်းလျှောက်နေသလို လေထဲမှ ပုံမှန်အတိုင်း လျှောက်သွားသည်။ ဝါးမျိုခြင်း စွမ်းအင်ကိုတော့ ပေါက်ကွဲကာ ဖြန့်ကျက်ထား၏။ သူဖြတ်သွားရာ လမ်းတစ်လျှောက်တွင် မမ်မီကဲ့သို့ သွေ့ခြောက်နေသော အလောင်းများသာ ကျန်ရစ်ခဲ့တော့သည်။

All Chapters