အခန်း ၁၃၁၇
Vol. 88 Ch. 1317
အပိုင်း ( 1317 ) သိုင်းအုပ်ချုပ်သူနှစ်ဦးကို တစ်ယောက်တည်း တိုက်ခိုက်ခြင်း။
အမှောင်ကမ္ဘာမှ တတိယ ငရဲဧကရာဇ် မျက်နှာပျက်သွားပြီး အလျင်စလို ပြန်ဆုတ်သွားသည်။
"တောင်တန်းကျိုးဧကရာဇ်၊ အတူတူတိုက်ခိုက်ကြရအောင်"
တတိယ ငရဲဧကရာဇ် အော်ဟစ်လိုက်၏။
ကောင်းကင်တွင် နောက်ထပ် သိုင်းအုပ်ချုပ်သူတစ်ပါး ရှိသေးသည်။ ထိုသူက အလယ်ပိုင်းတိုက်ကြီးမှ အုပ်စိုးရှင် အင်အားစု၏ ဧကရာဇ် ဖြစ်သည်။ ယခင်က သူသည် တိရီဖက်သို့ ကျရောက်သွား၍ ယခုအခါ ငရဲဧကရာဇ်နှင့်အတူ ထျန်းရှအကယ်ဒမီကို လာရောက်တိုက်ခိုက်ခြင်းပင်။
ယခုတစ်ကြိမ်တွင် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ သိုင်းအုပ်ချုပ်သူနှစ်ပါးသာ ရောက်ရှိလာခဲ့သည်။
"သတ်"
တောင်တန်းကျိုးဧကရာဇ်က ခန္ဓာကိုယ် ထွားကျိုင်းပြီး အရပ်သုံးမီတာကျော် ရှိသည်။ သူ့လက်ထဲတွင် ဓားကြီးတစ်လက်ကို ကိုင်ဆွဲထားကာ လုမင်အား ခုတ်ပိုင်းလိုက်၏။
တစ်ချိန်တည်းမှာပင်၊ တတိယ ငရဲဧကရာဇ်က သူ၏ဒဏ်ရာများကို ကုသရင်း လုမင်ကိုလည်း တိုက်ခိုက်နေတော့သည်။
သိုင်းအုပ်ချုပ်သူနှစ်ပါးက လုမင်ကို တိုက်ခိုက်ရန် ပူးပေါင်းခဲ့ကြသည်။
"ဝုန်း... ဝုန်း"
လုမင်က လက်သီးနှစ်ချက် ဆက်တိုက် ထုတ်လိုက်သည်။ သူ့လက်သီးတွင် ကစဉ့်ကလျားဖြစ်ခြင်းတို့ ပါဝင်နေခဲ့၏။
သို့သော်လည်း ဤသည်မှာ ကစဉ့်ကလျားတာအို မဟုတ်ပေ။ လုမင်က တာအိုသိုင်းပညာငါးခုကို ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်။
လက်သီးချက်က သိုင်းအုပ်ချုပ်သူ နှစ်ဦး၏ နယ်မြေနှစ်ခုကို ဦးစွာ ထိမှန်သွားခဲ့သည်။ နယ်မြေနှစ်ခုက လုမင်၏ တိုက်ခိုက်မှုကို အဆက်မပြတ် ဖျက်ဆီးပစ်လိုက်၏။ မမြင်နိုင်သော တိုက်ခိုက်မှုများက လုမင်ကို ဆက်လက်တိုက်ခိုက်လာတော့သည်။
လုမင်၏ လက်သီးချက် ထိမှန်သောအခါ တာအိုနယ်မြေများက တုန်ခါသွားခဲ့သည်။ လုမင်က တာအိုနယ်မြေအတွင်းသို့ ဝင်ရောက်ကာ သိုင်းအုပ်ချုပ်သူနှစ်ပါးနှင့် တိုက်ခိုက်ခဲ့သည်။
တောင်တန်းကျိုးဧကရာဇ်က ကိုယ်ခန္ဓာ ထွားကျိုင်းပြီး အင်အားကြီးမားစွာဖြင့် တိုက်ခိုက်မှုကြောင့် နာမည်ကျော်ကြားပေသည်။ သို့သော်လည်း လုမင်နှင့် အပြန်အလှန် ထိုးနှက်ပြီးနောက် နောက်ဆုတ်ရန် ဖိအားပေးခံရဆဲပင်။ အကယ်၍ တတိယငရဲဧကရာဇ်၏ အကူအညီကြောင့် မဟုတ်ပါက လုမင်ဟာ သူ့ကို တိုက်ရိုက် အနိုင်ယူနိုင်သည်။
သို့သော်လည်း အချုပ်အားဖြင့် လုမင်ဟာ တိုက်ပွဲအစတွင် အသာစီးရနေသေးသည်။
"လုမင်... အဲဒါက လုမင်ပဲ"
ထျန်းရှအကယ်ဒမီ၏ ကျောက်စိမ်းနန်းတော် အတွင်း၌ လူတစ်စု ရပ်နေသည်။ သူတို့ထဲတွင်၊ လုမင်နှင့် ရင်းနှီးသူများဖြစ်သော ခုန်းရှင်းနှင့် စန္ဒကူးနတ်သမီးတို့ ရှိ၏။
ဆေးဘုရင်တောင်ကြားက သိုင်းအုပ်ချုပ်သူများ မရှိပါ။ ဤသို့ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် သူတို့ကိုယ်သူတို့ ကာကွယ်ရန် ခက်ခဲသည်။
သို့သော်လည်း ဆေးဘုရင်တောင်ကြားနှင့် ထျန်းရှအကယ်ဒမီက ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့၏။ ထို့ကြောင့် ဆေးဘုရင်တောင်ကြားက ထျန်းရှအကယ်ဒမီသို့ ဝင်ရောက်ခဲ့ကာ ထျန်းရှအကယ်ဒမီသို့ ပြောင်းရွှေ့ခဲ့လေသည်။
ယခုလေးတင် စကားပြောလာသူက ခုန်းရှင်း ဖြစ်သည်။ အဝေးသို့ လှမ်းမျှော်ကြည့်ရင်း သူ့လေသံက မယုံနိုင်မှုတို့ ပြည့်နေခဲ့လေသည်။
"လုမင်၊ သူမသေသေးဘူးပဲ။ ဒါက အရမ်း တုန်လှုပ်စရာကောင်းတယ်။ လုမင်က သိုင်းအုပ်ချုပ်သူတွေကို ဖိနှိပ်နိုင်နေပြီတဲ့လေ၊ နောက်ပြီးတော့ သိုင်းအုပ်ချုပ်သူနှစ်ယောက်တောင်"
စန္ဒကူး နတ်သမီး၏ လှပသော မျက်လုံးများမှာလည်း ဝိုင်းစက်သွားခဲ့သည်။ သူမ၏လေသံက တုန်လှုပ်မှုတို့ ပြည့်နေခဲ့ပေသည်။
ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ တပ်များ ထျန်းရှအကယ်ဒမီကို တိုက်ခိုက်သည်မှာ ရက်အနည်းငယ်ကြာနေပြီ ဖြစ်သည်။ မူလအခြေအနေအတိုင်း ဆက်လက်လုပ်ဆောင်မည်ဆိုပါက၊ ဖောက်ဖျက်ခြင်းမခံရမီ အချိန်တစ်ခုသာ ဖြစ်လိမ့်မည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏တပ်များ ရုတ်တရက် ဖရိုဖရဲဖြစ်ကြောင်း တွေ့ရှိသောအခါ၊ သူတို့ဟာ ကောင်းကင်နတ်ဘုရားတပ်မဟာ သို့မဟုတ် မြောက်ပိုင်းလွင်ပြင်မှ ရှဲ့လွမ် စေလွှတ်လိုက်သော စစ်ကူများဟု ထင်မြင်ခဲ့ကြသည်။ သို့ရာတွင် စစ်ကူက လူငယ်တစ်ဦးတည်းသာ ဖြစ်ကြောင်း သူတို့ တွေ့ရှိခဲ့ရ၏။
မယုံကြည်နိုင်စရာကောင်းအောင် ဤလူငယ်က အမှန်တကယ် လုမင် ဖြစ်နေသည်။ လုမင်က ရှန်းရွှီတိုက်ကြီးတွင် သေဆုံးသွားကြောင်း ကောလဟာလများ ထွက်ပေါ်နေခဲ့သည် မဟုတ်လော။
ထို့ထက် လုမင်ပြသနေသော တိုက်ခိုက်နိုင်စွမ်းက သူတို့ကို ပို၍ပင် တုန်လှုပ်စေခဲ့သည်။
"ဘယ်လောက်တောင် ရှားပါးလိုက်တဲ့ ပါရမီရှင်ပါလဲ"
ခုန်းရှင်း အနားမှ ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်လည်း သက်ပြင်းချလိုက်သည်။
ဤဆံပင်ဖြူ အဘိုးကြီးက ထျန်းရှအကယ်ဒမီ၏ သိုင်းအုပ်ချုပ်သူ နှစ်ဦးထဲမှ တစ်ဦး ဖြစ်ချေသည်။
"ဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ၊ ကျွန်မတို့ လုမင်နဲ့ ပူးပေါင်းပြီး ကောင်းကင်ဧကရာဇ်ဘုရားကျောင်းရဲ့ တပ်မဟာကို တိုက်ခိုက်အနိုင်ယူသင့်ပြီလို့ထင်တယ်"
စန္ဒကူးနတ်သမီးက အကြံပြုလိုက်သည်။
"ခဏစောင့်ပါဦး"
ထျန်းရှအကယ်ဒမီ၏ သိုင်းအုပ်ချုပ်သူတစ်ပါးက ပြောလိုက်သည်။
"ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက ငါတို့ ထျန်းရှအကယ်ဒမီကို တိုက်ခိုက်တဲ့နေရာမှာ သိုင်းအုပ်ချူပ်သူနှစ်ပါးတည်း စေလွှတ်ခဲ့တာ မဟုတ်ဘူး။ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ သိုင်းအုပ်ချုပ်သူတွေ ရှိနိုင်သေးတယ်။ အခု လုမင်က အသာစီးရနေတာပဲလေ၊ အလျင်စလို လှုပ်ရှားစရာ မလိုတော့ပါဘူး။ ရန်သူရဲ့ အခြေအနေကို မြင်ပြီးမှ လှုပ်ရှားရင်လည်း သိပ်နောက်ကျမှာ မဟုတ်ဘူး"
"အင်း"
ခုန်းရှင်း၊ စန္ဒကူးနတ်သမီးနှင့် အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။
အမှန်ပင်၊ လုမင်က အသာစီးရနေပြီဖြစ်သောကြောင့် စိုးရိမ်သင့်သောသူများက သူတို့မဟုတ်ဘဲ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ လူများ ဖြစ်သင့်သည်။ အကယ်၍ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ သိုင်းအုပ်ချုပ်သူများ အမှောင်ထဲတွင် ပုန်းအောင်းနေသေးပါက၊ အကြာကြီး ထိန်းထားနိုင်တော့မည် မဟုတ်ပေ။
မြောက်ဘက်ပိုင်းမှ မိုင်ထောင်ချီဝေးသော လေဟာပြင်ထဲတွင် ရှဲ့လွမ်နှင့် ကျန်သူများ ပုန်းကွယ်ပြီး လှမ်းကြည့်နေကြသည်။
လုမင်က ချွီလော့ကို အနိုင်ယူပြီးဖြစ်သော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို မြင်ရသောအခါ အံ့အားသင့်မှုတို့ကို မဖုံးကွယ်နိုင်သေးပေ။
"နတ်ဆိုးဘိုးဘေး၊ ကျုပ်တို့ အခုလှုပ်ရှားပြီး ကောင်းကင်ဧကရာဇ်ဘုရားကျောင်းရဲ့ လူတွေကို ရှင်းပစ်သင့်လား"
မိုရဲ့က မေးသည်။
"ခဏစောင့်ပါဦး၊ အမှောင်ထဲမှာ ကောင်းကင် ဧကရာဇ် ဘုရားကျောင်းရဲ့ ပညာရှင်တွေ ပုန်းအောင်းနေနိုင်တယ်။ အခြေအနေအရ ငါတို့ ဆောင်ရွက်သင့်တယ်"
ရှဲ့လွမ် ပြောလိုက်သည်။
"ဝုန်း... ဝုန်း"
ကောင်းကင်အမြင့်တွင် ပုံရိပ်သုံးခုက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်။
ထိပ်တိုက် ရင်ဆိုင်လိုက်တိုင်း ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းလုံးများက အားနည်းသူအချို့၏ နားစည်များတွင် ဟီးထနေကာ သူတို့ခန္ဓာကိုယ်များ တုန်ခါပြီး သွေးအန်ခဲ့ရသည်။
ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ တပ်များလည်း စစ်မြေပြင်နှင့် ပို၍ဝေးကွာစေရန် အထပ်ထပ် ဆုတ်ခွာသွားကြသည်။
"ဝုန်း"
လုမင်က မတူညီသော တာအိုသိုင်းပညာငါးခုကို ထုတ်ဖော်ထားခဲ့သည်။ သူက တောင်တန်းကျိုးဧကရာဇ်၏ ဓားကို ပြင်းပြင်းထန်ထန် ထိုးနှက်မိလိုက်၏။ တောင်တန်းကျိုးဧကရာဇ်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါကာ လွင့်စဉ်သွားတော့သည်။
ယင်းနောက် လုမင်က ဘယ်ဘက်ဘက်ဖြင့် လက်ဝါးစောင်းတစ်ချက် ခုတ်ချလိုက်သည်။ တတိယ ငရဲဧကရာဇ်လည်း လွင့်စဉ်သွားပြန်တော့သည်။
"သတ်"
လုမင်၏ ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သည်။ ခဏအတွင်းမှာပင် သူက တတိယ ငရဲဧကရာဇ်ဆီသို့ ပြေးသွားခဲ့၏။ တတိယ ငရဲဧကရာဇ်အပေါ်ကို ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက အဆက်မပြတ် ကျရောက်သွားတော့သည်။
တတိယ ငရဲဧကရာဇ်က အစွမ်းကုန် ကြိုးစားခုခံသော်လည်း မတားဆီးနိုင်ပါ။ လုမင်၏ လက်သီးများ ဖြတ်သန်းသွားတိုင်း အမှောင်စွမ်းအင်များ ပျက်စီးသွားရသည်။ တတိယ ငရဲဧကရာဇ်လည်း သူ့တစ်ကိုယ်လုံး ပေါက်ကွဲလုနီးပါးဖြစ်၍ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
တစ်ဖက်တွင်၊ တောင်တန်းကျိုးဧကရာဇ်ရ ကူညီရန် တစ်ဖန် ပြေးလာခဲ့၏။
"ဝမ်"
လဲ့တင်းက လုမင်၏ ဦးခေါင်းထက်တွင် ပေါ်လာကာ တောင်တန်းကျိုးဧကရာဇ်ဆီသို့ ဦးတည်သွားတော့သည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံ မြင့်မားလာသည်နှင့်အမျှ လဲ့တင်း၏ စွမ်းအားကလည်း ပို၍ သန်မာလာခဲ့သည်။
လဲ့တင်းနှင့် တောင်တန်းကျိုးဧကရာဇ်၏ ဓားက တိုက်မိသွားသည်။ လဲ့တင်း လွင့်သွားသော်လည်း တောင်တန်းကျိုးဧကရာဇ်၏ တိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးခဲ့၏။ ယင်းက လုံလောက်သည်။
"သတ်"
လုမင်က တတိယ ငရဲဧကရာဇ်ကို တိုက်ခိုက်လိုက်သည်။ အမှောင်စွမ်းအင်များ ပေါက်ကွဲသွားပြီး တတိယ ငရဲဧကရာဇ် နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ဝက်ခန့် ပေါက်ကွဲသွားပြီး သူ့အရှိန်အဝါများ အားနည်းသွားခဲ့သည်။ သူ့ဒဏ်ရာများကလည်း ပို၍ဆိုးလာတော့သည်။
တတိယ ငရဲဧကရာဇ်၏ခန္ဓာကိုယ်က ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်ကာ မှန်းဆ၍မရပေ။
အကယ်၍ အခြား သိုင်းအုပ်ချုပ်သူတစ်ပါးသာ ဖြစ်ခဲ့ပါက လုမင်၏တိုက်ခိုက်မှုကြောင့် မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။
သို့ဖြစ်လျှင်ပင် တတိယ ငရဲဧကရာဇ် ကြောက်ရွံ့သွားသေးသည်။ သူက ကြောက်လန့်တကြားဖြင့် လှည့်ထွက်ပြေးလိုက်သည်။
ဤအတိုင်း ဆက်ဖြစ်နေပါက သူ့ကို လုမင်မှ သတ်ပစ်လိုက်မည်အား ကြောက်ရွံ့မိပေသည်။
"မင်းမလွတ်နိုင်ဘူး"
လုမင်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ ပြည့်နေခဲ့သည်။ သူက တတိယ ငရဲဧကရာဇ်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်သွားခဲ့၏။ တစ်ချိန်တည်းမှာပင်၊ လုမင်၏ အသိစိတ်က ပတ်ဝန်းကျင်ကို အာရုံဖြန့်ကျက်ထားခဲ့သည်။ သူက တစ်ခုခုကို စောင့်နေသကဲ့သို့ပင်။
ခြေလှမ်းအနည်းငယ်အကြာတွင်၊ လုမင်က တတိယ ငရဲဧကရာဇ်ထံ ရောက်သွားခဲ့သည်။ သူ၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုက တတိယ ငရဲဧကရာဇ်ထံသို့ ကျရောက်သွားတော့မည်။
"ကောင်စုတ်လေး၊ မင်း ဘယ်လိုတောင် ရဲဝံ့တာလဲ"
ထိုအချိန်တွင် ကောင်းကင်မှ အေးစက်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံဆုံးသည်နှင့် ရွှေရောင်ဓားအလင်းတစ်ခုက ကောင်းကင်မှဆင်းသက်လာပြီး လုမင်၏ ဦးခေါင်းဆီသို့ ကျရောက်လာတော့သည်။
"အန္တရာယ်ရှိတယ်"
ရွှေရောင် ဓားအလင်းကို ရင်ဆိုင်ရသောအခါ လုမင် ခေါင်းမွှေးထောင်ထသွားခဲ့သည်။ အသက် အန္တရာယ်ကို ခံစားမိသောကြောင့် နှလုံးခုန် မြန်လာခဲ့၏။
"ဂါး"
လုမင် မတုံ့ဆိုင်းဘဲ နဝမနဂါး သွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သည်။ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး နဝမနဂါးအဖြစ် ပြောင်းလဲခဲ့၏။
"ဝုန်း"
နဝမနဂါးက လက်သည်းများနှင့် နင်းချလိုက်သည်။ လက်သည်းတစ်ခုစီတွင် မတူညီသော တာအိုငါးခုကို ပေါင်းစပ်ထား၏။ သူက ရွှေရောင်ဓားအလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်ရသည်။
ကောင်းကင်မှ နားစူးစူးရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်ဓားအလင်းက အလွန်ထက်မြက်ပြီး အရာအားလုံးကို ဖြတ်တောက်နိုင်ပုံရ၏။ မတူကွဲပြားသော တာအိုငါးပါးဖြင့် ထုတ်ဖော်ထားသော တိုက်ခိုက်မှုများက ရွှေရောင်ဓားအလင်းကြောင့် ကွဲသွားတော့သည်။
နဝမနဂါးလည်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မထိန်းချုပ်နိုင်မီ မီတာထောင်ချီပြီး ဆုတ်သွားခဲ့ရသည်။
နောက်ဆုံးတွင် နဂါးခြေသည်း ကိုးချောင်းအနက် သုံးချောင်း ပြတ်သွားခဲ့လေသည်။
ကံကောင်းထောက်မစွာ၊ ဤအရာက သွေးမျိုးဆက်ခန္ဓာ ဖြစ်သည်။ လုမင်က သွေးမျိုးဆက်စွမ်းအားကို လှည့်ပတ်လိုက်သောအခါ နဂါးခြေသည်းသုံးချောင်းက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပေသည်။