← Chapters

အခန်း ၁၃၁၉

Vol. 88 Ch. 1319

အခန်း ၁၃၁၉

Vol. 88 Ch. 1319

အပိုင်း ( 1319 ) ပြင်းထန်သောတိုက်ပွဲတစ်ခု။

အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုက ကမ္ဘာမြေပြင်ကို ပြိုကျစေကာ လွန်စွာ အစွမ်းထက်သည်။

တတိယ ငရဲဧကရာဇ်နှင့် တောင်တန်းကျိုးဧကရာဇ်တို့လည်း ထိုတိုက်ခိုက်မှုကြောင့် ထိတ်လန့်သွား၏။ ဤတိုက်ခိုက်မှုကို သူတို့ ရင်ဆိုင်ရပါက ရှင်သန်ရန် မျှော်လင့်ချက်မရှိသလို သူတို့ ခံစားခဲ့ရသည်။

"လုမင်..."

ခုန်းရှင်းနှင့် ကျောက်စိမ်းဖြူနန်းတော်အတွင်းမှ အခြားသူများ၊ ရှဲ့လွမ်နှင့် မြောက်ပိုင်းမှ အခြားသူများအားလုံး ရင်ထိတ်သွားခဲ့သည်။ အထူးသဖြင့် ရှဲ့လွမ်က လုမင်ကို ကူညီရန် အသင့်ပြင်လိုက်၏။

"အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူရဲ့ တိုက်ခိုက်နိုင်စွမ်းက အမှန်တကယ် ကြောက်စရာကောင်းတာပဲ"

လုမင်လည်း မျက်လုံးကိုမှိတ်ပြီး သူ၏ နဂါးခန္ဓာကို လိမ်လှည့်လိုက်သည်။ သူက ပါးစပ်ဟလိုက်သောအခါ ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က သူတို့ရှေ့တွင် ပေါ်လာတော့သည်။

"ဝုန်း"

ရွှေရောင်ဓားအလင်းနှင့် ထိပ်တိုက်တွေ့သောအခါ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။

ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ် ပြိုကျသွားသော်လည်း ရွှေရောင်ဓားအလင်းပါ ဖျက်ဆီးခံလိုက်ရပေသည်။

"ဝှစ်... ဝှစ်"

နဝမနဂါးနှင့် တိဟုန်ချန်တို့ တပြိုင်နက်တည်း ဆုတ်ခွာသွားကြရသည်။ ဤတစ်ကြိမ်မှာတော့ တိဟုန်ချန်က အကွာအဝေး‌နီးပြီး လုမင်က ပို၍ဝေးကွာ‌စွာ ဆုတ်သွားရပေသည်။ နဝမနဂါး၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ်တုန်ယင်နေပြီး ဓားဒဏ်ရာများ ရှိနေခဲ့သည်။

နဝမနဂါး၏ ခန္ဓာကိုယ်က အလင်းရောင် လင်းလက်နေလေသည်။ နဝနဂါး၏ ခန္ဓာကိုယ်က ကြံ့ခိုင်မှု နိမ့်ကျလာပြီး ပုံရိပ်ယောင်သဏ္ဍာန် ပိုဖြစ်လာခဲ့ပုံရသည်။

"သိုင်းအုပ်ချုပ်သူနယ်ပယ်ကိုရောက်ပြီး ဝိညာဉ်ခန္ဓာ မတည်ဆောက်ရသေးရင် မင်းရဲ့ သွေးမျိုးဆက်စွမ်းအားက အကန့်အသတ်ရှိတယ်။ အခု မင်းငါ့ကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

တိဟုန်ချန်က လှောင်ပြောင်လိုက်ပြီး သူ့မျက်လုံးများ အေးစက်သွားခဲ့သည်။

သွေးမျိုးဆက်၏ စွမ်းအားက အကန့်အသတ် ရှိပေသည်။ တိုက်ပွဲ ပိုပြင်းထန်လေလေ သွေးမျိုးဆက်စွမ်းအား ပိုကုန်လေလေ ဖြစ်သည်။ သွေးမျိုးဆက်စွမ်းအား ကုန်ဆုံးသွားပါက သွေးမျိုးဆက် ပေါင်းစပ်ခြင်းကို ထိန်းထားနိုင်တော့မည် မဟုတ်ပါ။ သွေးမျိုးဆက်စွမ်းအား ပြန်လည်ရရှိမှသာ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။

လုမင်၏ နဝမနဂါး သွေးမျိုးဆက်စွမ်းအားက ကုန်ဆုံးတော့မှာ သိသာထင်ရှားလှပေသည်။ ထို့ကြောင့်ပင် နဝမနဂါးက ပုံရိပ်ယောင်ဆန်ဆန် ဖြစ်လာခဲ့ရသည်။

"ဒီတိုက်ခိုက်မှုနဲ့ မင်းကိုငါ အဆုံးသတ်ပေးမယ်"

တိဟုန်ချန်က ရှေ့သို့ တိုးလာခဲ့သည်။ ရွှေရောင်ဓားအလင်းက ပို၍ တောက်ပလာခဲ့၏။

ဧကရာဇ်ဓား၊ ကမ္ဘာကြီးကို ချိုးဖျက်ခြင်း။

"ဝုန်း"

ရွှေရောင်ဓားအလင်းက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လုမင်ဆီသို့ ခုတ်ပိုင်းလာတော့သည်။

တိဟုန်ချန်က လုမင်ကို ဤတိုက်ခိုက်မှုဖြင့် သတ်ပစ်ချင်ခဲ့သည်။

"ဝုန်း"

နဝမနဂါးက ပေါက်ထွက်သွားခဲ့သည်။ သို့သော်၊ လုမင်၏ မူလခန္ဓာက ပေါ်မလာသေးပါ။ ထိုအစား ကျောက်စာချပ်တစ်ခု ပေါ်လာခဲ့သည်။ ငရဲဖိနှိပ် ကျောက်စာချပ်။

ငရဲဖိနှိပ်ကျောက်စာချပ်က မျက်စိကျိမ်းစပ်မတတ် တောက်ပသော အလင်းများနှင့် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလာခဲ့သည်။

သူ့အောက်က "ဖိနှိပ်" ဟူသော စကားလုံးကလည်း တောက်ပနေ၏။

"ဝုန်း"

ကစဉ့်ကလျားတာအိုက ငရဲဖိနှိပ်ကျောက်စာချပ်ကို ဖုံးအုပ်ထားရာ အရာအားလုံးကို ဖိနှိပ်ထားနိုင်သကဲ့သို့ ပိုမိုလေးလံစေတော့သည်။

ငရဲဖိနှိပ်ကျောက်စာချပ်က ရွှေရောင်ဓားအလင်းကို တိုက်ထုတ်လိုက်သည်။

"ဒုတိယမြောက် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်"

တိဟုန်ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

ငရဲဖိနှိပ်ကျောက်စာချပ်က ရွှေရောင်ဓားအလင်းနှင့် တိုက်မိသွား၏။

ငရဲဖိနှိပ်ကျောက်စာချပ်၏ အောက်ပိုင်းက ဖျက်ဆီး၍မရသော မူလခန္ဓာ အစိတ်အပိုင်း ဖြစ်သည်။

ငရဲဖိနှိပ်ကျောက်စာချပ်က တုန်လှုပ်သွားပြီး ပြန်လွင့်သွားခဲ့သည်။ ရွှေရောင်ဓားအလင်းတန်းလည်း ချက်ချင်းပြိုကျသွား၏။ တိဟုန်ချန်သည်လည်း နောက်ပြန်ဆုတ်သွားရ‌ပြန်တော့သည်။

ယခုတစ်ကြိမ်တွင် တိဟုန်ချန်က လုမင်ထက်ပင် ပို၍ဝေးဝေးသို့ ဆုတ်ခွာသွားခဲ့ရသည်။

ယင်းကြောင့် တိဟုန်ချန်၏ မျက်နှာမှာ ပို၍ မည်းမှောင်နေတော့သည်။

'ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က နဝနဂါးသွေးမျိုးဆက်ထက် တကယ်ကို ပိုအားကောင်းတာပဲ'

လုမင်၏ နှလုံးသားက တုန်လှုပ်သွားသည်။

"ဝုန်း"

ထိုအခိုက်တွင်၊ တိဟုန်ချန်၏ ခန္ဓာကိုယ်က ရွှေရောင်ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ဓားအလင်းက လေထုကိုဖြတ်ကာ လုမင်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့၏။

"လာစမ်းပါ"

လုမင်၏အသံက ငရဲဖိနှိပ်ကျောက်စာချပ်အတွင်းမှ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ ငရဲဖိနှိပ်ကျောက်စာချပ်က ပို၍ တောက်ပလာပြီး တိဟုန်ချန်ကို တိုက်ခိုက်လိုက်တော့သည်။

"ဝုန်း"

ပေါက်ကွဲသံကျယ်ကြီးနှင့် နှစ်ဖက်စလုံး ဆုတ်သွားရပြီးနောက် တစ်ဖန် ထပ်မံတိုက်ခိုက်လိုက်ကြသည်။

ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်လာခဲ့၏။ ၎င်းတို့၏ ရင်ဆိုင်မှုမှ လှိုင်းလုံးများက ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်လာရာ အောက်မှလူများလည်း ထပ်မံ ဆုတ်သွားရတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးက ဆယ်ကြိမ်ထက်မနည်း အပြန်အလှန် ထိုးနှက်ခဲ့ကြသည်။

ဤတွင် လုမင်က အနည်းငယ် အသားစီးရသော်လည်း အနည်းငယ်သာ ဖြစ်၏။ အချိန်တိုအတွင်း တိဟုန်ချန်ကို အနိုင်မယူနိုင်ခဲ့ပေ။

"သေစမ်း"

တိဟုန်ချန် သူ့ရင်ထဲမှ ဟိန်းဟောက်လိုက်သည်။ သူသည် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ တန်ခိုးရှင်တစ်ဦးဖြစ်သော်လည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ လူငယ်တစ်ဦးကိုပင် အနိုင်မယူနိုင်ခဲ့ပေ။ သူ အလွန်အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။

"ငရဲကိုသွားစမ်း၊ ဧကရာဇ်ဓား"

ရုတ်တရက်၊ တိဟုန်ချန် ဟိန်းဟောက်လိုက်သည်။ သူ့ဦးခေါင်းထက်တွင် ရွှေရောင်ဓားတစ်ချောင်း ပေါ်လာခဲ့၏။ ဤဓားက ယွမ်ချီစွမ်းအင်မှ စုဖွဲ့ထားခြင်း မဟုတ်ပါ။ ယင်းက စစ်မှန်သော ဓား၊ စစ်မှန်သောဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။

အုပ်ချုပ်သူဝိညာဥ်လက်နက်။

ယင်းက အုပ်ချုပ်သူဝိညာဥ်လက်နက်တစ်ခုပင်။

ရွှေရောင်ဓားပေါ်လာသည်နှင့် တပြိုင်နက် တိဟုန်ချန်က ဆုပ်ကိုင်ကာ လုမင်ဆီသို့ ခုတ်ပိုင်းချလိုက်သည်။

'အုပ်ချုပ်သူဝိညာဥ်လက်နက်ပဲ၊ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ'

ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ လုမင်၏ နှလုံးသားက တုန်လှုပ်သွားမိသည်။

အုပ်ချုပ်သူဝိညာဥ်လက်နက်က ဝိညာဉ်လက်နက်တို့၏ အရှင်သခင် ဖြစ်သည်။ ပုံမှန်အားဖြင့် အထွတ်အထိပ် အုပ်ချုပ်သူများသာလျှင် အုပ်ချုပ်သူ ဝိညာဥ်လက်နက်တစ်ခု၏ စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်သည်။

အဆင့်မြင့် သိုင်းအုပ်ချုပ်သူနှင့် အဆင့်နိမ့် သိုင်းအုပ်ချုပ်သူများက အုပ်ချုပ်သူဝိညာဥ်လက်နက်တစ်ခု၏ စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်ပေ။

ထို့ကြောင့်ပင် ကျင့်ကြံခြင်းအခြေခံ မြင့်မားလေလေ၊ အုပ်ချုပ်သူဝိညာဉ်လက်နက်တစ်ခု၏ စွမ်းအားက ပို၍ အားကောင်းလေ ဖြစ်သည်။

သဘာဝအတိုင်း၊ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါး ထုတ်ဖော်နိုင်သော စွမ်းအားက ပထမအဆင့် သိုင်းအုပ်ချုပ်သူထက် ပိုအားကောင်းလိမ့်မည်။

လုမင်လည်း ဤဓားက အလွန်အန္တရာယ်များသည်ဟု ခံစားလိုက်ရသည်။

'စွမ်းအား၊ စွမ်းအား'

လုမင်က သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။ တတိယ သွေးမျိုးဆက်မှ စွမ်းအားများက လုမင်၏ ခန္ဓာကိုယ်ထဲကို စီးဝင်လာခဲ့သည်။ လုမင်၏ နှလုံးသာတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒတို့ ပြည့်နှက်သွား၏။ သို့သော်လည်း ဤအခိုက်တွင် လုမင် သိပ်ဂရုမစိုက်နိုင်တော့ပေ။

တတိယသွေးမျိုးဆက်၏စွမ်းအားနှင့် ကစဉ့်ကလျားတာအိုက ငရဲဖိနှိပ်ကျောက်စာချပ်ကို ဖုံးလွှမ်းသွားသောအခါ၊ ကျောက်စာချပ်၏စွမ်းအားက မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ချွမ်"

ရွှေရောင်ဓားအလင်းက ငရဲဖိနှိပ်ကျောက်စာချပ်ကို ခုတ်ပိုင်းကာ ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။ ဟင်းလင်းပြင်ကို အပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်အထိ ဥက္ကာခဲတစ်ခု ကြွေဆင်းသကဲ့သို့ပင်။

ငရဲဖိနှိပ်ကျောက်စာချပ်ပေါ်မှ ကစဉ့်ကလျားတာအိုက ကွဲလုနီးပါးဖြစ်သွားသည်။ ငရဲဖိနှိပ်ကျောက်စာချပ်မှာလည်း အဆက်မပြတ် ဆူညံစံသံထွက်နေပြီး အနည်းငယ် ကြည်လင်လာတော့သည်။

တိုက်ခိုက်မှု တစ်ခုတည်းနှင့် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်စွမ်းအားများ ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။

အုပ်ချုပ်သူ ဝိညာဉ်လက်နက်ကို ထုတ်ဖော်ပြီးနောက် တိဟုန်ချန်၏စွမ်းအားက တဟုန်ထိုးတက်လာသည်။ လုမင်က သူ၏ပြိုင်ဘက် မဟုတ်တော့ပေ။

"သေစမ်း"

တိဟုန်ချန်က လုမင်ကို ထပ်မံတိုက်ခိုက်လိုက်သည်။

"မကောင်းဘူးလေ၊ တိုက်ခိုက်"

မြောက်ဘက်တွင်၊ ရှဲ့လွမ်၏အမူအရာက ပြောင်းလဲသွားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ခုတ်ပိုင်းလော့"

ရှဲ့လွမ်၏လက်ထဲတွင် အနက်ရောင် နတ်ဆိုးဓားတစ်ချောင်း ပေါ်လာသည်။ ဓားအလင်းက ဟင်းလင်းပြင်ကိုဖြတ်၍ ဖြတ်သွားစဉ် နတ်ဆိုးစွမ်းအင်များ ကောင်းကင်ကို ပြည့်လျှံသွား၏။

အနက်ရောင် ဓားအလင်းက ဟင်းလင်းပြင်ကိုဆုပ်ဖြဲကာ တိဟုန်ချန်ဆီသို့ တိုးဝင်လာတော့သည်။

အုပ်ချုပ်သူ ဝိညာဉ်လက်နက်။

ရှဲ့လွမ်၏ လက်ထဲမှ နတ်ဆိုးဓားကလည်း အုပ်ချုပ်သူ ဝိညာဉ်လက်နက် ဖြစ်ချေသည်။

ရှဲ့လွမ်သည် ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့စဉ်ကတည်းက အုပ်ချုပ်သူ ဝိညာဉ်လက်နက်တစ်ခု သဘာဝအတိုင်း ရှိခဲ့သည်။ ယင်းကို လျှို့ဝှက်နေရာတွင် ဝှက်ထားခဲ့ပြီး မကြာသေးမီကမှ ထုတ်ယူခဲ့ခြင်း ဖြစ်ချေသည်။

ရှဲ့လွမ်၏ တိုက်ခိုက်မှုကြောင့် တိဟုန်ချန်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ လုမင်ကို ကိုင်တွယ်ရန် စိတ်မ၀င်စားနိုင်တော့ပေ။ သူ ချက်ချင်းလှည့်ပြီး ရှဲ့လွမ်ကို ရွှေရောင်ဓားနှင့် ခုတ်လိုက်သည်။

"ဝုန်း"

နှစ်ယောက်သား အပြန်အလှန် ထိုးနှက်ကြပြီးနောက် လက်ရည်ညီမျှခဲ့ပေသည်။

"သတ်"

ရှဲ့လွမ်က တိဟုန်ချန်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

"ဝှူး"

လုမင် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ အုပ်ချုပ်သူဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားသည့် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူက အစွမ်းထက်လွန်းသည်။ လုမင်က သူတို့၏ပြိုင်ဘက် မဟုတ်သေးပေ။

"သတ်၊ ဒီလူယုတ်မာတွေကို သတ်"

"သတ်ကြ"

ထိုအချိန်တွင် ရန်ခွမ်းစု၊ ချွီလော့နှင့် လူရိုင်းဧကရာဇ်တို့ ရောက်ရှိလာပြီး ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ တပ်မဟာကို တိုက်ခိုက်လိုက်ကြသည်။

"မကောင်းတော့ဘူး"

တောင်တန်းကျိုးဧကရာဇ်နှင့် တတိယ ငရဲဧကရာဇ်၏ မျက်နှာများလည်း သိသိသာသာ ပြောင်းလဲသွားကြသည်။ ယခုအခါ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက သူတို့နှစ်ဦးသာရှိ၍ အခြေအနေ မကောင်းတော့ပေ။

"ငရဲကိုးသွား"

လူရိုင်းဧကရာဇ်က တောင်တန်းကျိုးဧကရာဇ်ကို ရင်ဆိုင်လိုက်သည်။ ချွီလော့က တတိယ ငရဲဧကရာဇ်ကို တိုက်ခိုက်လိုက်၏။ ဤသို့ဖြင့် တိုက်ပွဲကြီးတစ်ခု စတင်ခဲ့တော့သည်။

All Chapters