← Chapters

အခန်း ၁၃၂၁

Vol. 89 Ch. 1321

အခန်း ၁၃၂၁

Vol. 89 Ch. 1321

အပိုင်း ( 1321 ) တိရီနှင့် ရှဲ့မိသားစု မဟာမိတ်ဖွဲ့တော့မည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို မြင်ပြီးကတည်းက ရှဲ့လွမ်တွင် အစီအစဉ် ရှိခဲ့သည်။

ယခင်က‌တော့ လုမင်၏ အလားအလာကို မြင်နေသောကြောင့် မဟာမိတ်ဖွဲ့ခဲ့ခြင်း ဖြစ်ပေသည်။ လုမင်နှင့် မဟာမိတ်ဖွဲ့ရန် သူ၏ အခြေအနေက နောင်တွင် ယွမ်လုအင်အားစုကြီးသို့ ဝင်ရောက်သောအခါ လုမင်မှ သူ့ကို ကူညီပေးနိုင်ရန် ဖြစ်သည်။

အနှစ်သုံးသောင်းခန့် ဖိနှိပ်ခံခဲ့ရသောကြောင့်လည်း သူ့မိသားစုနှင့် မိတ်ဆွေများအားလုံး သေဆုံးသွားကြပြီ။ ထို့ကြောင့် ရှမ်းဟွမ်တိုက်ကြီးကို သူ မဖက်တွယ်တော့ပေ။

သူ့အမြင်တွင် သိုင်းလမ်းစဉ်နှင့် မြင့်မားသော နယ်ပယ်များသို့ ရောက်ရှိရန် လိုက်စားရန်သာ ရှိသည်။ လောကီအာဏာများကို သူ စိတ်မဝင်စားပေ။

ထို့ကြောင့်၊ လုမင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းကို မြင်သောအခါ၊ သူ၏ အင်အားစုများကိုပါ လုမင်လက်သို့ တဖြည်းဖြည်း လွှဲပြောင်းပေးရန် စီစဉ်ခဲ့သည်။ သူက လုမင်ကို ထောက်ခံရန်သာ လိုပေသည်။

လုမင်ကလည်း ယင်းကို ရှင်းရှင်းလင်းလင်း တွေးမိသည်။ သူက ရှဲ့လွမ်ကို ကြည့်လိုက်သော်လည်း ဘာမျှ မပြောတော့ပေ။

လုမင်၏ သူငယ်ချင်းများ၊ မိသားစုနှင့် ချစ်ခင်ရသူများက ဤနေရာတွင် ရှိသည်။ ဤလူများကို ကာကွယ်ချင်ပါက အင်အားနှင့် ခွန်အားလိုပေသည်။

ရှဲ့လွမ်က ရင်းနှီးလိုသောကြောင့် လုမင် မယဉ်ကျေးတော့ပေ။

သူတို့အဖွဲ့က ကျောက်စိမ်းနန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။ အဖြူရောင် ကျောက်စိမ်းနန်းတော်က ထွန်းလင်းတောက်ပနေပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်၏။ သူတို့က ဟင်းလင်းအက်ကြောင်းအတွင်းသို့ ဝင်ရောက်ကာ မြောက်ပိုင်းလွင်ပြင်သို့ ဦးတည်သွားတော့သည်။

မကြာမီပင်...

မြောက်ပိုင်းလွင်ပြင်မှ သားရဲတစ်ရာမျိုးနွယ်အထက် ဟင်းလင်းပြင်က အက်ကွဲသွားကာ ကျောက်စိမ်းနန်းတော် ပေါ်လာခဲ့လေသည်။

ခဏအကြာတွင် သားရဲတစ်ရာမျိုးနွယ်စု၏ အစည်းအဝေးခန်းမ၌ လူများဖြင့် ပြည့်သွားသည်။

မြောက်ပိုင်းလွင်ပြင်၏ ကျွမ်းကျင်သူ အားလုံးနီးပါးနှင့် ထျန်းရှအကယ်ဒမီမှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြ၏။

ရှဲ့လွမ်နှင့် လုမင်တို့က အမြင့်ဆုံးခုံတွင် ထိုင်နေဆဲ ဖြစ်သည်။

လူအတော်များများကတော့ လုမင်ကို လေးစားမှု၊ အံ့ဩမှုတို့နှင့် တုန်လှုပ်မှုတို့ ပါဝင်နေသောအကြည့်ဖြင့် ကြည့်ကြ၏။

ထျန်းရှအကယ်ဒမီမှ လုမင်၏ တိုက်ပွဲသတင်းမှာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

သူက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်စွမ်း ရှိသည်။ အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကို လွယ်ကူစွာ သတ်နိုင်ခဲ့၏။

ဤသို့သော အစွမ်းသတ္တိဖြင့် ရှမ်းဟွမ်တိုက်ကြီး၏ အထွတ်အထိပ်တွင်ရပ်ကာ လူတိုင်းကို ငုံ့ကြည့်နိုင်နေပြီ ဖြစ်သည်။

ထို့အပြင်၊ လုမင်က ငယ်ရွယ်လွန်းသေးပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်နတ်ဘုရား နယ်ပယ်၌သာ ရှိသေးသည်။ လုမင်၏ အနာဂတ်နှင့် အလားအလာကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။

သူတို့က လုမင်ကို လေးလေးစားစား ကြည့်နေခဲ့လေသည်။

"လူတိုင်းပဲ၊ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ တိရီက ရှေးဟောင်း သန့်စင်မင်းဆက်ရဲ့ ရှဲ့မိသားစုနဲ့ မဟာမိတ်ဖွဲ့တော့မယ်ဆိုတဲ့ သတင်းရခဲ့တယ်"

အားလုံး နေရာယူပြီးသောအခါ ထျန်းရှအကယ်ဒမီမှ သိုင်းအုပ်ချုပ်သူတစ်ပါးက အံ့အားသင့်ဖွယ်သတင်းတစ်ပုဒ်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ဤသတင်း ထွက်လာသည်နှင့် အားလုံး အံ့ဩသွား၏။

"ဘာ၊ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက ရှဲ့မိသားစုနဲ့ မဟာမိတ်ဖွဲ့တော့မှာလား"

"ဒါအမှန်လား"

"ဒါဆိုရင် ဒုက္ခပဲ"

အစည်းအဝေးခန်းမကြီးတွင် တစ်ယောက်တစ်ပေါက် ပြောဆိုသံများဖြင့် ပြည့်နှက်သွားသည်။

"ဒါက လုံးဝ မမှားဘူး။ တစ်လအတွင်းမှာ နှစ်ဖက်စလုံးက သူတော်စင်မြို့တော်မှာ မဟာမိတ် အခမ်းအနားကို ကျင်းပလိမ့်မယ်"

ထျန်းရှအကယ်ဒမီမှ ခပ်ထွားထွား ဧကရာဇ်က ပြော၏။

မြင်ကွင်းက တိတ်ဆိတ်သွားပြန်သည်။

အားလုံးက မျက်မှောင်ကြုတ်ထားကာ မျက်နှာအမူအရာများ တင်းမာကြ၏။

ယခုအချိန်တွင် ရှမ်းဟွမ်တိုက်ကြီးမှာ အင်အားအကြီးမားဆုံးက တိရီဦးဆောင်သည့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းဖြစ်သည်မှာ သေချာပါသည်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက အရှေ့ပိုင်းနှင့် တောင်ပိုင်း၏ အင်အားစုများကို စုစည်းထားသည်။ ထို့ပြင် အလယ်ပိုင်းတိုက်ကြီးမှ အင်အားစုတချို့ကလည်း အညံ့ခံထားကြ၏။

အရေးအကြီးဆုံးကတော့ ကောင်းကင် ဧကရာဇ် ဘုရားကျောင်းတွင် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူ သုံးဦး ရှိတယ်။ သူတို့က လူတိုင်း၏နှလုံးသားကို ဖိနှိပ်ထားသော တောင်ကြီးသုံးလုံးကဲ့သို့ပင်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်းအပြင် အခြား အသန်မာဆုံးသော အင်အားစုကြီးများက ရှေးဟောင်း သန့်စင်မင်းဆက်၏ ရှဲ့မိသားစုနှင့် မဟာမိတ်များ၊ ကောင်းကင်နတ်ဘုရားတပ်မဟာနှင့် သူတို့၏ မဟာမိတ်များ ဖြစ်ကြသည်။

နောက်ဆုံးကတော့ မြောက်ပိုင်းလွင်ပြင်သည်ပင်။

အနောက်တိုင်းက ပဋိပက္ခများမှ အမြဲကင်းဝေးကာ ငြိမ်နေခဲ့ကြသည်။ ထို့ကြောင့် သူတို့ကိုတော့ ဖယ်ထုတ်ထားခဲ့သည်။

အင်အားစုကြီးလေးခုအနက် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက အသန်မာဆုံး ဖြစ်သည်။ သို့သော်လည်း တော်ဝင်ရှဲ့မိသားစုသည် နှစ်ပေါင်းတစ်သန်းကျော် သမိုင်းကြောင်း ရှိ၏။ အခြေခံအုတ်မြစ်အရ သူတို့ဟာ အခိုင်မာဆုံး ဖြစ်သည်။ သူတို့ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို လျှော့တွက်လို့လည်း မရပေ။

ယခုတော့ ဤကြောက်မက်ဖွယ်‌ကောင်းသော အင်အားစုကြီးနှစ်ခုက ပူးပေါင်းကြတော့မည် ဖြစ်သည်။ အခြား အင်အားစုများက မည်သို့ရပ်တည်ကြမည်နည်း။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက သန်မူသော်လည်း သူတို့တွင် သိုင်းအုပ်ချုပ်သူ နည်းပါးသည်။

တိရီနှင့် တောင်ပိုင်းလွင်ပြင်မှ အညံ့ခံသော ဧကရာဇ်တချို့ အပါအဝင် ဆယ်ယောက်ကျော်သာ ရှိ၏။

ဤအချက်တွင် ရှဲ့မိသားစုနှင့် သူတို့၏ မဟာမိတ်များအပြင် ကောင်းကင်နတ်ဘုရားတပ်မဟာနှင့် သူတို့၏ မဟာမိတ်များက ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ သိုင်းအုပ်ချုပ်သူ အရေအတွက်ထက် ပိုများသည်။

မြောက်ပိုင်းလွင်ပြင်မှာပင် သိုင်းအုပ်ချုပ်သူ ဆယ်ဦးကျော် ရှိ၏။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက သန်မာသော်လည်း သိုင်းအုပ်ချုပ်သူများစွာမရှိပေ။ အခြား အင်အားစုများက သူတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်နေဆဲ ဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစုကြား မဟာမိတ်ဖွဲ့မှုက ဤချို့ယွင်းချက်ကို ပြေလည်သွားစေနိုင်သည်။ ထိုအချိန်တွင် သူတို့က တိုက်ကြီးကို လွှမ်းမိုးနိုင်လိမ့်မည်။ ကောင်းကင်နတ်ဘုရား တပ်မဟာ ဖြစ်ဖြစ်၊ မြောက်ပိုင်းလွင်ပြင်ဖြစ်စေ သူတို့ကို ဆန့်ကျင်နိုင်တော့မည် မဟုတ်ပေ။

ထိုသို့ တွေးမိသောအခါ လူတိုင်း၏ နှလုံးသားများ လေးလံသွားကြသည်။

ရှဲ့မိသားစုနှင့်‌ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက အဘယ်ကြောင့် မဟာမိတ်ဖွဲ့ရသနည်း။

နောက်ကွယ်တွင် မည်သူမျှမသိသော သဘောတူညီချက်မျိုး ရှိရမည်။

"အခု ငါတို့ ဘာလုပ်သင့်လဲ"

တစ်ယောက်ယောက်က မေးလိုက်သည်။

တိတ်ဆိတ်နေခဲ့၏၊ မည်သူမျှ စကားမပြောကြပေ။

ရှဲ့လွမ်နှင့် လုမင်သည်ပင် မျက်မှောင်ကြုတ်သွားကြသည်။

"ကျုပ်တို့ရဲ့ အမြင်ကို အရင်ပြောပြီး ဆွေးနွေးကြရအောင်"

ခဏအကြာတွင် လုမင်က ပြောလိုက်သည်။

"မှန်တယ်။ အရင် ဆွေးနွေးကြည့်ရအောင်"

ရှဲ့လွမ်ကလည်း ပြောသည်။

ထို့နောက်တွင် လူတိုင်းက ကိုယ်ပိုင်ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုခဲ့၏။

တစ်စုံတစ်ယောက်က စတင်တိုက်ခိုက်သင့်သည်ဟု အကြံပြုသည်။ သူတို့က တစ်ဖက်ကို အရင်တိုက်ခိုက်ပြီး နှစ်ဘက်ကြားမှ မဟာမိတ်များကို ဖျက်စီးရန် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ချင်သည်။

သို့သော်လည်း တစ်စုံတစ်ယောက်က ချက်ချင်း ကန့်ကွက်၏။ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက အစွမ်းထက်လွန်းသည်။ သူတို့၏ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူသုံးဦးနှင့်ပင် တွန်းလှန်၍မရပေ။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းကို တိုက်ခိုက်ခြင်းက ပညာမဲ့ရာကျသည်။

ရှဲ့မိသားစုကတော့၊ သူတို့က သူတော်စင်မြို့တော်တွင် အခြေစိုက်ထားသည်။ သူတို့တွင် ရှည်လျားသော သမိုင်းကြောင့်နှင့် နက်နဲသော အခြေခံအုတ်မြစ်တို့ ရှိ၏။ ရှေးဟောင်း သူတော်စင်မြို့တော်သည် တစ်ခါမျှ ကျိုးပေါက်ခြင်းမရှိခဲ့ပေ။ ရှဲ့မိသားစုကို တိုက်ရိုက်တိုက်ခိုက်ခြင်းကလည်း အလွန်အန္တရာယ်များသည်။

ဤလူများက မြောက်ပိုင်းလွင်ပြင်ကို ခုခံကာကွယ်ချင်ကြသည်။

လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံလိုက်၏။ နောက်ဆုံးတွင် သူတို့က မြောက်ပိုင်းလွင်ပြင်ကို ကာကွယ်ရန်နှင့် ကိုယ်ပိုင်အင်အားကို မြှင့်တင်ရန် သဘောတူညီမှု ရရှိခဲ့ပေသည်။

သူတို့၏ မျှော်လင့်ချက်ကတော့ ရှဲ့လွမ်နှင့် လုမင်သည်ပင်။

ရှဲ့လွမ်သည် အတိတ်က တတိယအဆင့် သိုင်းအုပ်ချုပ်သူ ဖြစ်သည်။ သို့သော်လည်း သူမ၏မူလအရင်းမြစ်က ထိခိုက်ခဲ့သောကြောင့် ပြန်လည်ကောင်းမွန်ရန် အချိန်လိုအပ်သည်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး မတိုက်ခိုက်ပါက၊ ရှဲ့လွမ် တတိယအဆင့် သိုင်းအုပ်ချုပ်သူ နယ်ပယ်သို့ ပြန်လည်ရောက်ရှိသည်နှင့် အခြေအနေများ ပြောင်းလဲသွားမည် ဖြစ်သည်။ သူတို့၏ အထွတ်အထိပ် အင်အားများနှင့် အသာစီးရလိမ့်မည်။

ထို့ပြင် လုမင်လည်း ရှိသည်။

လုမင်က ငယ်ရွယ်သေးပြီး ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင်သာ ရှိသေးသည်။ သို့ရာတွင် သူ၏ကျင့်ကြံခြင်းအခြေခံ တိုးတက်လာပါက ပို၍ သန်မာလာမည် ဖြစ်သည်။ အခြေအနေကို ပြောင်းလဲနိုင်သူပင် ဖြစ်ကောင်းဖြစ်လိမ့်မည်။

ထို့ကြောင့် ဆွေးနွေးမှု၏ နောက်ဆုံးရလဒ်မှာ သူတို့၏အင်အားကို မြှင့်တင်ရန် စောင့်ဆိုင်းနေခြင်းပင်။

လုမင်ကလည်း ယင်းကို မကန့်ကွက်ပါ။

ယခုအခါတွင် သူလိုအပ်တာက အချိန် ဖြစ်သည်။

အချိန်ရှိသ၍ သူ၏ သန့်စင်သော ဝိညာဉ်ခန္ဓာက နေ့စဉ်နှင့်အမျှ တိုးတက်နေလိမ့်မည်။ သူ၏ ခွန်အားသည်လည်း ပိုမိုအားကောင်းလာမည် ဖြစ်သည်။

ထို့အပြင် သူ့နယ်ပယ်က အဓိပဓိတစ်ပိုင်းအဖြစ်သို့ ချိုးဖြတ်ခဲ့ပါက၊ ကစဉ့်ကလျားတာအိုမှာ ကစဉ့်ကလျား တာအိုနယ်မြေအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုအခါ သူ့အင်အားက တဟုန်ထိုး တိုးတက်လာလိမ့်မည်။ ထိုအချိန်တွင် အုပ်ချုပ်သူ ဝိညာဉ်လက်နက်နှင့် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကို ရင်ဆိုင်ရမည်ကိုပင် မကြောက်တော့ပါ။

နောက်ဆုံးတွင် လုမင်နှင့် ရှဲ့လွမ်တို့လည်း ထိုအစီအစဉ်ကို ဆုံးဖြတ်ခဲ့ကြသည်။

"ဒါနဲ့ အစ်ကိုရန်"

ထိုအချိန်တွင် လုမင်က ရန်ခွမ်းစုကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"အကြီးအကဲ ပိုင်ရှီကျင်း၊ အကြီးအကဲ ကျွင်းစုန့်ကြွယ်နဲ့ တခြားသူတွေ ဘယ်မှာလဲ။ ကျုပ် သူတို့ကို ဘာဖြစ်လို့မမြင်ရတာလဲ"

ကျိုးကြောင်းဆီလျော်စွာပြောရလျှင် ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများက လုမင် ပြန်လာကတည်းက ကိစ္စများကို ဆွေးနွေးရန် နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဖြင့် ရောက်လာကြရမည် ဖြစ်သည်။ ရှမ်းဟွမ်တိုက်ကြီးတွင် ဤမျှကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သောကြောင့် သူတို့ မသိဘဲနေမည် မဟုတ်ပေ။ သို့သော်လည်း လုမင် ပြန်ရောက်ကတည်းက သူတို့ကို မတွေ့ရသေးပါ။

လုမင်၏ စကားကိုကြားတော့ ရန်ခွမ်းစု မျက်နှာတစ်ချက်ပျက်သွားသည်။ စကားပြောရန် တုံ့ဆိုင်းနေသဖြင့် သူ့အကြည့်များ ရှုပ်ထွေးလာခဲ့၏။

လုမင်လည်း ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သူ့စိတ်ထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ရှိလာတော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ လုမင်က ရှဲ့လွမ်၊ ချွီလော့နှင့် လူရိုင်းဧကရာဇ် အစရှိသူတို့ကို ကြည့်သောအခါမှာလည်း မျက်နှာ တစ်ဖက်လွှဲထားကြသည်။ သူတို့အားလုံး လုမင်ကို မျက်နှာချင်းမဆိုင်ဝံ့ကြပေ။

လုမင်၏ နှလုံးသားထဲမှ မကောင်းသော ခံစားချက်မှာ ပို၍ အားကောင်းလာခဲ့သည်။

All Chapters