← Chapters

အခန်း ၁၃၂၃

Vol. 89 Ch. 1323

အခန်း ၁၃၂၃

Vol. 89 Ch. 1323

အပိုင်း ( 1323 ) လုမင်၏ ဝှက်ဖဲ။

"သခင်လေး"

ရုပ်သွင်က ပေါ်လာသည်နှင့် လုမင်အား ဦးညွှတ်လိုက်သည်။

"အုပ်ချုပ်သူတစ်ပါးပဲ"

"ဒါက ကျန်းဟိုင် နတ်ဘုရားမျောက်လား"

"တကယ်ကြီး ကျန်းဟိုင်နတ်ဘုရားမျောက်ပဲ"

ခန်းမကြီးထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

လုမင်က သိုင်းအုပ်ချုပ်သူနယ်ပယ် ကျန်းဟိုင်နတ်ဘုရားမျောက်ကို ခေါ်ဆောင်ထား၏။ ကျန်းဟိုင်နတ်ဘုရားမျောက်ကလည်း လုမင်၏ အနားတွင် တလေးတစား ပြုမူနေသည်။ လုမင်မှ ၎င်းကို အနိုင်ယူထားခဲ့သည့်ပုံပင်။

လုမင်က ကျန်းဟိုင်နတ်ဘုရားမျောက်ကို အနိုင်ယူခဲ့သောကြောင့် အားလုံး အံ့အားသင့်နေခဲ့ကြသည်။ သို့သော်၊ ကျန်းဟိုင်နတ်ဘုရားမျောက်က တိုက်ပွဲ၏ရလဒ်ကို မပြောင်းလဲနိုင်ပေ။

ကျန်းဟိုင် နတ်ဘုရားမျောက်က သာမန်သိုင်းအုပ်ချုပ်သူတစ်ပါး၏ အဆင့်တွင်သာ ရှိသည်။

လုမင် ပြုံးရုံပြုံးလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားက တောက်ပနေပြီး နောက်ထပ် ရုပ်သွင်တစ်ခု ပေါ်လာခဲ့၏။

ဤတစ်ခါတော့ ထူချမ် ဖြစ်သည်။

အားလုံး၏အကြည့်များက ထူချမ်ဆီသို့ တစ်ဖန် ကျရောက်သွားကြ၏။

"ဝုန်း"

ထူချမ်ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။

"အဲဒါ... ရုပ်သေးလား"

"ဒါက တကယ်ကို ရုပ်သေးပဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါနဲ့... အဲဒါက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်နဲ့ ညီမျှတယ်"

"အမှန်ပဲဟ၊ သူ့ရဲ့ အရှိန်အဝါက ကျန်းဟိုင် နတ်ဘုရားမျောက်ထက် အများထက် အများကြီး ပိုသန်မာတယ်"

ထူချမ်၏ တည်ရှိမှုကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။ လူတိုင်း အံ့ဩသွားကြ၏။

အားလုံး၏ လုမင်ကိုကြည့်သော အကြည့်များမှ အံ့အားသင့်မှုတို့မှာ ပို၍ပြင်းထန်လာတော့သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းသည့်အပြင် သူ့‌အနားမှာလည်း ကျွမ်းကျင်သူများ ရှိသည်။ သူတို့၏ အလုံးစုံအင်အားက အလွန်ကြောက်စရာကောင်းပေသည်။

"သူဟာ ထူချမ်ပါ။ အားလုံး မြင်တဲ့အတိုင်း သူက ရုပ်သေးရုပ်တစ်ရုပ်ပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူနဲ့ ညီမျှတယ်၊ သူတို့ကို တိုက်ခိုက်ပြီး ခုခံနိုင်တယ်"

လုမင် ပြောလိုက်သည်။

"ဒါပေမယ့် သူတို့မှာ အုပ်ချုပ်သူဝိညာဥ်လက်နက်ရှိတယ်"

တစ်စုံတစ်ယောက်က ပြောသည်။

"သူ့မှာ မရှိဘူးလို့ ဘယ်သူပြောလဲ"

လုမင် ပြုံးလိုက်၏။ သူ့လက်က အလင်းရောင်တစ်ချက်လက်သွားပြီး ပုဆိန်တစ်လက် ထွက်ပေါ်လာကာ ထူချမ်ဆီသို့ ပျံသန်းသွားတော့သည်။

"ဒါ... ဒါက အုပ်ချုပ်သူ ဝိညာဥ်လက်နက်ပဲ"

အချို့လူများ၏ မျက်လုံးများက ကျွတ်ထွက်မတတ် ပြူးကျယ်သွားကြသည်။

လုမင်၏ နည်းလမ်းများက ရိုးရိုးရှင်းရှင်း အဆုံးမရှိပေ။ ပထမဆုံး ကျန်းဟိုင်နတ်ဘုရားမျောက်နှင့် ထူချမ်ကဲ့သို့သော ကျွမ်းကျင်သူများ ရှိခဲ့သည်။ ယခု၊ သူသည် အုပ်ချုပ်သူ ဝိညာဉ်လက်နက်ကိုပင် ထုတ်ယူနိုင်နေပြီ။

ရန်ခွမ်းစု အသုံးပြုနေသည့် ဝိညာဉ်မျှော်စင်ကလည်း လုမင်၏ရတနာဖြစ်မှန်း သိသူတချို့ ရှိကြသည်။ ယခုတော့ လုမင်က နောက်ထက် အုပ်ချုပ်သူ ဝိညာဉ်လက်နက်တစ်ခုကို ထုတ်ယူလိုက်ပြီ။

လူတော်တော်များများက ဘာပြောရမည်မှန်း မသိတော့ပေ။ လုမင်က မယုံနိုင်စရာများကို လုပ်နိုင်လွန်းလှသည်။

"လုမင်၊ ထူချမ်က အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်နိုင်တယ်၊ ငါကလည်း တစ်ယောက်ကို ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ယောက် ကျန်သေးတယ်"

ရှဲ့လွမ်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"နောက်တစ်ယောက်ကို ကျုပ်အတွက် ထားခဲ့လိုက်ပါ"

လုမင် ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်၏။

"မင်း…"

ရှဲ့လွမ် အနည်းငယ် အံ့ဩသွားသည်။

အခြားသူများလည်း အံ့အားသင့်သွားကြ၏။ လုမင်က အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သော်လည်း၊ တစ်ဖက်လူက ဝိညာဉ်လက်နက်ကို ထုတ်ယူလိုက်သည်နှင့် သူ ယှဉ်နိုင်တော့မည် မဟုတ်ပေ။

ထို့အပြင်၊ လုမင်တွင် သင့်လျော်သော အုပ်ချုပ်သူဝိညာဉ်လက်နက် မရှိသည်မှာ ထင်ရှားသည်။

အုပ်ချုပ်သူ ဝိညာဉ်လက်နက်တစ်ခု၏ စွမ်းအားကို ထုတ်ဖော်လိုပါက အသုံးပြုသူ၏ တာအိုနှင့် ကိုက်ညီမှုရှိရသည်။

အရေးအကြီးဆုံးကတော့ လုမင်တွင် သင့်တော်သော အုပ်ချုပ်သူဝိညာဉ်လက်နက် ရှိထားလျှင်ပင် အသုံးမဝင်သေးပေ။ အုပ်ချုပ်သူ ဝိညာဉ်လက်နက်များ အလွန်အစွမ်းထက်သည့် အကြောင်းရင်းမှာ အသုံးပြုသူက တာအိုနယ်မြေဒိုမိန်းကို အသက်သွင်းနိုင်ခြင်းကြောင့် ဖြစ်သည်။

ဝိညာဉ်လက်နက်၏ တာအိုနယ်မြေကို အနိမ့်ဆုံး တာအိုနယ်မြေသန္ဓေကို နားလည်ထားရန် လိုအပ်သည်။ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဓိပဓိနယ်ပယ်သို့ပင် မရောက်ရှိသေးပေ။ ထို့ကြောင့် သူ့တွင် သင့်တော်သော အုပ်ချုပ်သူဝိညာဉ်လက်နက် ရှိခဲ့လျှင်ပင် ယင်း၏စွမ်းအားကို ထုတ်လွှတ်နိုင်မည် မဟုတ်ချေ။

ထိုအခြေအနေမျိုးဖြင့် လုမင်က ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူကို မည်သို့တားဆီးနိုင်မည်နည်း။

ထိုအချိန်တွင် လုမင်က ခေါင်းမော့ပြီး တံခါးဝဆီသို့ လှမ်းကြည့်လိုက်သည်။

"ဝမ်"

တံခါးဝတွင် ဟင်းလင်းပြင်က တုန်ခါသွားပြီး ရုတ်တရက် ရုပ်သွင်တစ်ခု ပေါ်လာခဲ့၏။

သွယ်လျသော အသွင်အပြင်နှင့် ချောမောသော လူငယ်တစ်ယောက်ဖြစ်သည်။ ထူးထူးခြားခြား ပုံစံများဖြင့် ပန်းထိုးထားသော အဖြူရောင် ၀တ်စုံကို ဝတ်ဆင်ထား၏။ သူ၏ စိတ်နေစိတ်ထားက အင်မော်တယ်တစ်ပါးကဲ့သို့ သာလွန်ထူးကဲပေသည်။

"လု... စစ်ဦးစီးချုပ်လုလား"

"ဘာ... ဘာတွေဖြစ်နေတာလဲ"

လူအများစုမှာ ခန်းမ အဝင်ဝရှိ ရုပ်သွင်ကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ဟုတ်သည်၊ ယင်းက လုမင်၏ ဒုတိယခန္ဓာပင်။

လူတိုင်းက ဝိညာဉ်အသိဖြင့် ကမ္ပည်းတာအို ဒုတိယခန္ဓာကိုယ်ကို စကင်န်ဖတ်လိုက်ရာ ပို၍ပင် မယုံနိုင်ဖြစ်သွားခဲ့ရသည်။

ကမ္ပည်းတာအို ဒုတိယခန္ဓာ၏ အရှိန်အဝါကလည်း လုမင်နှင့် အတူတူပင်။ သူတို့က တစ်ဦးတည်းဖြစ်သည်မှာ ထင်ရှားသည်။

ရန်ခွမ်းစုနှင့် လူတချို့မှလွဲ၍ လူတိုင်း အံသြသွားကြပေသည်။

လုမင် နှစ်ယောက် ဘယ်လိုရှိနိုင်ပါသနည်း။

ထို့အပြင် နောက်ပိုင်းမှပေါ်လာသော လုမင်၏ အရှိန်အဝါများက အံ့ဖွယ်ကောင်းလွန်းသည်။ ကြီးမားသော ဖိအားက ခန်းမတွင်း၌ ပြည့်နေကာ လူတိုင်း ဖိအားကြီးတစ်ခုကို ခံစားခဲ့ကြရပေသည်။

သိုင်းအုပ်ချုပ်သူ၊ ဤသည်မှာ သိုင်းအုပ်ချုပ်သူ၏ စွမ်းအား ဖြစ်သည်။

ဟုတ်ပေသည်၊ လုမင်၏ ဒုတိယခန္ဓာက ရွှမ်ထျန်းသူတော်စင်၏ အမွေကို လက်ခံပြီးကတည်းက နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်။ နောက်ဆုံးမှာတော့ မကြာသေးမီကပင် နဝမအဆင့် ကမ္ပည်းသခင်ဖြစ်လာပြီး သိုင်းအုပ်ချုပ်သူ ဖြစ်လာခဲ့ပေသည်။

ကမ္ပည်းတာအို၏ ဒုတိယခန္ဓာက ဦးစွာ အဆင့်တက်ခဲ့သည်။ လုမင်သည် ယခင်က ဒုတိယခန္ဓာကိုယ်ကို ခဏတာ အခြေခိုင်စေရန် စီစဉ်ခဲ့သော်လည်း ယခုတော့ အခြေအနေပြောင်းလဲမှုကြောင့် ကြိုတင်၍ ခေါ်ယူလိုက်ရခြင်း ဖြစ်သည်။

"သူက ကျုပ်၊ ကျုပ်က သူပဲ"

မူလခန္ဓာ လုမင်က ပြုံးလျက် ပြောသည်။

ကမ္ပည်းတာအို ဒုတိယခန္ဓာ လုမင်က ခေါင်းညိတ်ပြပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့သွားပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွား၏။ သူက လုမင်၏ အသိစိတ်ပင်လယ်ထဲတွင် တင်ပျဉ်ခွေထိုင်နေတော့သည်။

လူအများအပြား ကြက်သေသေသွားခဲ့ကြသည်။

ဒါက လုမင်ရဲ့ ကိုယ်ပွားလား။

လုမင်မှာ သိုင်းအုပ်ချုပ်သူတစ်ပါးနဲ့ ညီမျှတဲ့ ကိုယ်ပွားတစ်ခု အမှန်တကယ် ရှိတာလား။

လူတိုင်း၏ နှလုံးသားထဲတွင် လုမင်က ပို၍ လျှို့ဝှက်နက်နဲလာခဲ့သည်။

"အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်က တခြားကျွမ်းကျင်သူကို ကျုပ်ဆီမှာ ထားခဲ့ပါ"

လုမင် ပြောလိုက်သည်။

သို့သော်လည်း ရှဲ့လွမ်နှင့် အခြားသူများက လေးနက်နေဆဲပင်။

"လုမင်၊ သူတော်စင်မြို့က ရှဲ့မိသားစုရဲ့ ဌာနချုပ်ပဲ။ သူတို့က နက်နဲပြီး နားမလည်နိုင်တဲ့ အခြေခံအုတ်မြစ်တစ်ခု ရှိတယ်။ သူတို့ရဲ့ အတိမ်အနက်ကို ဘယ်သူမှမသိပေမဲ့ အုပ်ချုပ်သူ ဝိညာဉ်လက်နက် အတော်များများ ရှိနေမှာတော့ အသေအချာပဲ။ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်က အခြား ကျွမ်းကျင်သူတွေလည်း ရှိကောင်းရှိနိုင်တယ်"

ရှဲ့လွမ် ပြောလိုက်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းသုံးသောင်းက ရှဲ့လွမ်သည် ရှဲ့မိသားစုနှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် ရှဲ့မိသားစု၏ နည်းလမ်းများကို ကောင်းစွာသိခဲ့သည်။

ထိုအချိန်က ရှဲ့လွမ်သည် အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကကြံခြင်းအခြေခံဖြင့် ကမ္ဘာကို လွှမ်းမိုးခဲ့သည်။ ထိုအချိန်တွင် သူ့ကို မည်သူမျှ အနိုင်မယူနိုင်ဘူးဟု ပြောနိုင်သော်လည်း အဆုံးမှာတော့ ရှဲ့မိသားစုမှ သူ့ကို ဖိနှိပ်နေဆဲပင်။

ထို့ကြောင့်ပင် ရှဲ့မိသားစုက ဆုတ်ယုတ်နေပုံရသော်လည်း လျှော့တွက်၍မရသေးပါ။

လုမင် ခေါင်းညိတ်လိုက်သည်။ ဤတိုက်ပွဲက လူတိုင်း၏ အသက်၊ ရှမ်းဟွမ်တိုက်ကြီး၏အနာဂတ်နှင့် သက်ဆိုင်သောကြောင့် အလွန်အရေးကြီးသည်။ ဤသည်က သူတို့ အာရုံစိုက်ရမည့် အရာတစ်ခုပင်။

"နောက်ပြီးတော့ ငါတို့က အင်အားနဲ့ပတ်သက်ပြီး အားမနည်းပေမဲ့ ရှဲ့မိသားစုနဲ့ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း ပူးပေါင်းတဲ့အခါ သိုင်းအုပ်ချုပ်သူအများကြီး ရှိလိမ့်မယ်။ ငါတို့က သူတို့ကို မယှဉ်နိုင်သေးဘူး"

ရှဲ့လွမ်က ဆက်ပြောလိုက်သည်။

တခြားသူများလည်း လေးလေးနက်နက် စဉ်းစားလိုက်၏။

ယင်းက မမှားပေ။ သူတို့၏ အလုံးစုံ တိုက်ပွဲစွမ်းရည်က ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၊ ရှဲ့မိသားစုတို့နှင့် ဝေးကွာနေသေးသည်။

"အင်အားနဲ့ ပြောရရင် ကျုပ်မှာ ဝှက်ဖဲတစ်ခု ရှိပါသေးတယ်။ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်က ကျွမ်းကျင်သူနှစ်ယောက်ကို ပိတ်ဆို့ဖို့က ကျုပ်အတွက် ပြဿနာမဟုတ်ဘူး။ အလုံးစုံ ခွန်အားအတွက်ကတော့ မဟာမိတ်တွေ ရှာရမှာပဲလေ။ ကောင်းကင်နတ်ဘုရားတပ်မဟာက ကျုပ်တို့ထက် ပိုပြီးစိုးရိမ်နေမယ်ဆိုတာ မေ့မထားနဲ့ဦး"

လုမင်က သူ့တွင် အစီအစဉ် ရှိနေသလို ပြုံးလိုက်သည်။

သူပြောပြီးသည်နှင့် ရှဲ့လွမ်၏ မျက်လုံးများက အရောင်လက်သွားသည်။

"အမှန်ပဲ၊ ဒါဆိုရင် ကောင်းကင်နတ်ဘုရားတပ်မဟာရဲ့ အကူအညီနဲ့ဆိုရင် ငါတို့ တိုက်ခိုက်နိုင်မှာ၊ လုမင်... ငါ မင်းနဲ့အတူ ကောင်းကင် နတ်ဘုရား တပ်မဟာကို လိုက်ခဲ့မယ်။ ဒီတိုက်ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်မယ်"

"ကျုပ်တို့ ဒီတိုက်ပွဲကို သေချာပေါက် အောင်နိုင်လိမ့်မယ်"

လုမင်၏ လေသံမှာ ယုံကြည်မှုအပြည့်ရှိ၏။

"ငါတို့ သေချာပေါက်အနိုင်ရလိမ့်မယ်"

တခြားသူများလည်း ရှဲ့လွမ်၏ စကားများ လွှမ်းမိုးခံရပြီး အော်ဟစ်လိုက်ကြသည်။

ထို့နောက် တိကျသော အသေးစိတ်အချက်အချို့ကို ထပ်မံ ဆွေးနွေးလိုက်၏။ နေ့တစ်ဝက်ခန့်ကြာပြီးနောက် လူအားလုံး တစ်ယောက်ပြီးတစ်ယောက် လူစုခွဲကာ ထွက်သွားတော့သည်။

All Chapters