အခန်း ၁၃၂၄
Vol. 89 Ch. 1324
အပိုင်း ( 1324 ) ဖက်တီးခုန်းကျင်းနှင့် ပြန်ဆုံတွေ့ခြင်း။
အစည်းအဝေး ပြီးဆုံးပြီးနောက်၊ လုမင်ဟာ သူ့မိဘများဖြစ်သည့် လုယွမ်ထျန်းနှင့် လီပင်းထံသို့ ချက်ချင်း သွားခဲ့သည်။
ဖူရုပ်သေးဂိုဏ်းမှ ဆုတ်ခွာခဲ့သော လူများအားလုံး သားရဲတစ်ရာမျိုးနွယ်တွင် အခြေချနေထိုင်ခဲ့ကြ၏။
လုယွမ်ထျန်းနှင့် လီပင်းတို့လည်း လုမင်ကို တွေ့ရသောအခါ သဘာဝအတိုင်း အလွန်ပျော်ရွှင်နေခဲ့သည်။ လီပင်းဆိုလျှင် သူမ၏ မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာမှုကို မတားဆီးနိုင်တော့ပေ။
နတ်တံခါးမှ ကျွမ်းကျင်သူများ ပြန်ရောက်လာပြီး လုမင် သေဆုံးကြောင်း ကြေညာသောအခါ လုယွမ်ထျန်းနှင့် လီပင်းလည်း ထိုသတင်းကို သဘာဝအတိုင်း ကြားလိုက်ရသည်။ ထိုအခါ မိုးကြိုးပစ်ခံရသလို အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်စလုံး ရှော့ရလုနီး ဖြစ်ခဲ့ရပေသည်။
သို့သော်လည်း လုမင် မသေသေးဘဲ အသက်ရှင်နေသင့်သည်ဟု သူတို့ မသိစိတ်မှ ခံစားမိခဲ့သည်။
နောက်ပိုင်း၊ လုမင် ပြန်ရောက်လာသည့်သတင်းကို ကြားရချိန်မှာတော့ သူ၏ ကျင့်ကြံခြင်းအခြေခံက မယုံနိုင်စရာအဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ သူဟာ ရှမ်းဟွမ်တိုက်ကြီး၏ ထိပ်တန်းကျွမ်းကျင်သူများနှင့် ပခုံးချင်းယှဉ် ရပ်တည်နိုင်နေပြီ ဖြစ်သည်။
ထိုအခါ သူတို့နှစ်ဦးလည်း အလွန်ဝမ်းသာပြီး စိတ်လှုပ်ရှားခဲ့ကြလေသည်။
မိဘနှစ်ပါးစလုံး အဆင်ပြေကြောင်း မြင်ရပြီးမှ လုမင်လည်း သက်ပြင်းချလိုက်နိုင်ခဲ့သည်။ လုမင်လည်း နေ့ဝက်ခန့် စကားစမြည် ပြောဆိုပြီးမှ ပြန်ထွက်ခဲ့လေသည်။
လျှို့ဝှက်ခန်းတစ်ခုတွင်...
လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာက မျက်နှာချင်းဆိုင်ပြီး ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။
မူလခန္ဓာ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ပစ္စည်းများ ထွက်ပေါ်လာခဲ့၏။
မီးဝိညာဉ်အမြစ်၊ တော်ဝင်သွေးကျောက်၊ မြေဧကရာဇ်အနှစ်သာရ…
၎င်းတို့အားလုံးက နိဗ္ဗာနဆေးလုံးကို သန့်စင်ရန်အတွက် လိုအပ်သော အဖိုးတန် ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။
လုမင်က ဒုတိယခန္ဓာအား နိဗ္ဗာနဆေးလုံးကို သန့်စင်စေရန် စီစဉ်ခဲ့ပေသည်။
လုမင်က နိဗ္ဗာနဆေးလုံးအတွက် ပါဝင်ပစ္စည်းအားလုံးကို စုဆောင်းထားပြီးပြီ ဖြစ်သည်။ ဤတွင် စုဆောင်းရအခက်ဆုံးက ဝိညာဉ်ပစ္စည်း ခုနစ်ပါးပင်။ လုမင်သည် ရှန်းရွှီတိုက်ကြီးတွင်ရှိစဉ်က ထိုအထဲမှ ခြောက်ခုကို စုဆောင်းနိုင်ခဲ့သည်။ နောက်ဆုံးတစ်ခုဖြစ်သည့် ဆန်းကျယ်ရေခဲမြက်ကိုသာ မရရှိခဲ့ပေ။
သို့သော်လည်း သန့်စင်သောဝိညာဉ်ခန္ဓာကိုယ်အတွက် တိုက်ပွဲဝင်ချိန်က လုမင်သည် ကျန်းဟိုင်အိမ်တော်မှ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးကို သတ်ခဲ့ပြီး သူ၏သိုလှောင်လက်စွပ်ထဲမှ ဆန်းကျယ်ရေခဲမြက်ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရသည်။
ဤနည်းဖြင့် သူဟာ အဓိက ပါဝင်ပစ္စည်း ခုနစ်ပါးလုံးကို စုဆောင်းပြီး နိဗ္ဗာနဆေးလုံးကို စတင် သန့်စင်နိုင်ခဲ့ပေသည်။
ကမ္ပည်းတာအို ဒုတိယခန္ဓာက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးပေါင်းဖိုတစ်လုံး ပေါ်လာခဲ့သည်။ ထို့နောက် နိဗ္ဗာနဆေးလုံးအတွက် ပါဝင်ပစ္စည်းအားလုံး ဒုတိယခန္ဓာဆီသို့ ပျံသန်းသွား၏။
မူလခန္ဓာ လုမင်လည်း ခပ်လှမ်းလှမ်းသို့ ရွှေ့သွားပြီး တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေလိုက်တော့သည်။
ကမ္ပည်းတာအို ဒုတိယခန္ဓာကလည်း အလုပ်စတင်လိုက်သည်။ သူ၏လက်ချောင်းများက လျင်မြန်စွာ ကခုန်သွားကာ အဆုံးမဲ့ ကမ္ပည်းစာများ ပေါ်လာခဲ့၏။ ကမ္ပည်းစာလုံးများက ဝိညာဉ်ပစ္စည်းများအားလုံးကို ရစ်ပတ်ကာ သန့်စင်ရန် စတင်ခဲ့တော့သည်။
ရွှမ်ထျန်းသူတော်စင်က ကမ္ပည်းတာအိုဖြင့် သူတော်စင် ဖြစ်လာသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ဝင်္ကပါ၊ လက်နက်သန့်စင်ခြင်း သို့မဟုတ် ဆေးဝါးဖော်စပ်ခြင်းဖြစ်စေ အရပ်ရပ်တွင် အလွန် ထူးချွန်ပေသည်။ လုမင်က သူ၏အမွေကို ဆက်ခံခဲ့ရာ သူ၏ သန့်စင်နိုင်စွမ်းမှာလည်း နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့သည်။
ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြီး သန့်စင်ခြင်းကို စတင်ခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။
လွန်ခဲ့သောသုံးရက်အတွင်း၊ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးက သတင်းနှစ်ခုကြောင့် တုန်လှုပ်သွားခဲ့ရပေသည်။
ပထမနေ့တွင် ရှမ်းဟွမ်တိုက်ကြီးမှ လူတိုင်း သေဆုံးသွားပြီဟု သိထားကြသော ဂန္တဝင်ပါရမီရှင် လုမင် ပြန်ရောက်လာခဲ့သည်။
သူပြန်ရောက်သည်နှင့် ထျန်းရှအကယ်ဒမီတိုက်ပွဲတွင် ပါဝင်ခဲ့၏။
ထိုတိုက်ပွဲတွင် လုမင်က အံ့အားသင့်ဖွယ် တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့သည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့် သိုင်းအုပ်ချုပ်သူများကို အလွယ်တကူ သတ်နိုင်စွမ်းရှိပြီး ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူများကိုပင် တိုက်ခိုက်နိုင်သေးသည်။
ထိုသတင်း ပျံ့သွားသည်နှင့် တပြိုင်နက် တိုက်ကြီးတစ်ခုလုံး ဗြောင်းဆန်သွားခဲ့သည်။
ရှမ်းဟွမ်တိုက်ကြီးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ အံသြသွားကြ၏။ မည်သူမျှ မယုံနိုင်ကြတော့ပေ။
မကြာမီ၊ နောက်ထပ် သတင်းတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက တစ်လအတွင်း သူတော်စင်မြို့တော်တွင် ရှဲ့မိသားစုနှင့် မဟာမိတ်ဖွဲ့လိမ့်မည်။ ထိုအချိန်တွင် သူတို့က အဓိပတိကျိုးယန်၊ ပိုင်ရှီကျင်းနှင့် အခြားသူများကို သတ်ပြီး သူတို့၏သွေးများနှင့် ယဇ်ပူဇော်ရန် အသုံးပြုမည် ဖြစ်သည်။
ထိုသတင်း ထွက်ပေါ်လာသောအခါတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြန်လေသည်။
အတွင်းဇာတ်လမ်းကို သိကြသူများကတော့ ထူးထူးခြားခြား တစ်ခုခု ဖြစ်နေပြီမှန်း သိကြသည်။
အဓိပဓိကျိုးယန်၊ ပိုင်ရှီကျင်းနှင့် အခြားသူများက လုမင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။ ကောင်းကင် ဧကရာဇ် ဘုရားကျောင်းနှင့် ရှဲ့မိသားစုက ဤသတင်းကို ယခုအချိန်တွင် ထုတ်ပြန်ခြင်းမှာ လုမင်နှင့် ဆက်စပ်နေလိမ့်မည်။
လူအချို့က၊ ယင်းမှာ သူတော်စင်မြို့သို့ မြှားခေါ်ပြီးနောက် လုမင်ကိုသတ်ရန် ဖြစ်နိုင်ခြေအရှိဆုံးဟု အချို့ ခန့်မှန်းမိခဲ့ပေသည်။
ဤသည်မှာ ပူးပေါင်းကြံစည်မှုမဟုတ်ဘဲ ဗြောင်စိန် ကြံစည်ခြင်း ဖြစ်သည်။ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစု၏ ရည်ရွယ်ချက်ကို တစ်ကမ္ဘာလုံးက သိနေလျှင်ပင် လုမင်၏စရိုက်အရ အဓိပဓိကျိုးယန်နှင့် အခြားသူများ၏အသက်ကို လျစ်လျူမရှုဘဲ သွားရောက်နေလိမ့်မည်။
"ရှမ်းဟွမ်တိုက်ကြီးက ပြောင်းလဲသွားတော့မဲ့ပုံပဲ"
"သူတော်စင်မြို့တော်မှာ ကြောက်စရာကောင်းတဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်လိမ့်မယ်"
အချို့က သက်ပြင်းချပြီး အခြေအနေကို အာရုံစိုက်လာခဲ့ကြသည်။
ထိုအချိန်တွင်၊ လုမင်က တစ်ယောက်ယောက်က သူ့ကို တွေ့ချင်သည်ဟု ပြောနေသည့် အသံကို လက်ခံရရှိခဲ့သည်။
မူလခန္ဓာ လုမင်လည်း လျှို့ဝှက်ခန်းမှ ထွက်လာခဲ့လေသည်။ သူ့ကို တွေ့လိုသူနှင့် ထွက်တွေ့လိုက်ခြင်း ဖြစ်သည်။
ပိုင်ချီရွယ်၊ ဟွမ်ကျန်း၊ ကျိမိုင်နှင့် ဖူရုပ်သေးဂိုဏ်း၏ အခြားပါရမီရှင်များ ဖြစ်ချေသည်။
"ဂိုဏ်းချုပ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"
လုမင်ကို မြင်သောအခါ ဟွမ်ကျန်း၊ ပိုင်ချီရွယ်နှင့် အခြားသူများက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
"ချီရွယ်၊ ညီနောင်ဟွမ်... မင်းတို့ ဘာလုပ်နေတာလဲ။ ငါတို့အားလုံးက သူငယ်ချင်းတွေပါပဲ၊ ဒီလောက်ယဉ်ကျေးနေဖို့ မလိုဘူး"
လုမင်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မမြင်နိုင်သော စွမ်းအားတစ်ခုက ဟွမ်ကျန်းနှင့် အခြားလူများကို တားဆီးသွားကာ ဦးညွှတ်၍မရတော့ပေ။
သူတို့ထဲတွင် တချို့က ခံစားချက်များ ရှုပ်ထွေးနေခဲ့ကြသည်။ လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်ကြောင်း သူတို့ သိပေသည်။
သူတို့ထဲတွင် အသန်မာဆုံး ကျင့်ကြံခြင်းအခြေခံရှိသည့် ဟွမ်ကျန်းသည်ပင် အဆင့်ခုနစ် ကမ္ပည်းသခင်သာ ဖြစ်သည်။ အဆင့်ရှစ်သို့ အရောက်ရှိသေးပေ။
ပိုင်ချီရွယ်သည် ထိုအချိန်က အဆင့်ကိုး ကမ္ပည်းသခင်၏အမွေကို ရရှိခဲ့သောကြောင့် သူမ၏ကျင့်ကြံခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သည်။ သို့သော်လည်း သူက ဟွမ်ကျန်းထက်တော့ အနည်းငယ် အားနည်းနေသေးသည်။
"လုမင်၊ ငါတို့ နင့်ကို တောင်းဆိုဖို့ ရောက်လာကြတာပါ။ ဆရာနဲ့ တခြားသူတွေကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါဟာ"
ပိုင်ချီရွယ်က မျက်ရည်စများ ရစ်ဝဲနေရင်းမှ ပြောလိုက်သည်။
"ဟင်း၊ လုမင်... ငါတို့က အသုံးမကျဘူး။ ဆရာနဲ့ တခြားသူတွေကို မကယ်တင်နိုင်တာကြောင့် အခု မင်းကိုပဲ အားကိုးလို့ရတယ်"
ဟွမ်ကျန်း သက်ပြင်းချလိုက်၏။
ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစုက လုမင်နှင့် အခြားသူများကိုသတ်ရန် မဟာမိတ်ဖွဲ့မည်ဟု သတင်းထုတ်ပြန်ပြီးနောက် ဟွမ်ကျန်း၊ ပိုင်ချီရွယ်နှင့် အခြားသူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုမျှ အရေးကြီးသော အခိုက်အတန့်တွင် သူတို့က လုမင်ကိုသာ တွေးတောနိုင်ခဲ့ကြပေသည်။ ထို့ကြောင့် လုမင်ကို အတူတူ လာတွေ့ရန်သာ တတ်နိုင်ခဲ့သည်။
ပိုင်ရှီကျင်းနှင့် အခြားသူများကို ကယ်တင်ရန်က အန္တရာယ်ရှိမှန်း သူတို့သိသော်လည်း တခြားရွေးချယ်စရာ မရှိပေ။
"ချီရွယ်၊ ညီနောင်ဟွမ်... စိတ်မပူပါနဲ့။ လုမင်က အကြီးအကဲတို့ကို အကြွေးတင်နေတယ်။ လုမင်က သူတို့အတွက် ဘာမှဖြစ်စေမှာ မဟုတ်ပါဘူး"
လုမင်က ပြတ်သားသော အကြည့်တို့ဖြင့် ပြောလိုက်သည်။
လုမင်၏စကားများက ပိုင်ချီရွယ်နှင့် အခြားသူများ၏ စိုးရိမ်ပူပန်နေသော နှလုံးသားများကို ငြိမ်သက်သွားစေခဲ့ပေသည်။
မကြာမီ၊ ပိုင်ချီရွယ်နှင့် အခြားသူများ နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
မသွားမီတွင် ပိုင်ချီရွယ်က လုမင်ကို တစ်ချက်ကြည့်ခဲ့၏။ ပိုင်ချီရွယ်၏ နှလုံးသားက အလွန်ရှုပ်ထွေးနေခဲ့လေသည်။
တစ်ချိန်က သူသည် လုမင်အပေါ်တွင် ခံစားချက်အချို့ ရှိခဲ့သည်။ ယခုမူ သူမနှင့် လုမင်ကြားမှ အကွာအဝေးက အလွန်ဝေးကွာသွားခဲ့ပြီ။ သူတို့က လုံးဝ မတူညီသော ကမ္ဘာနှစ်ခုမှ လူများ ဖြစ်သည်။ ထို့ကြောင့် သူမ၏ နှလုံးသားထဲမှ လှိုင်းလုံးလေးများကို ပြန်လည် မြှုပ်နှံထားနိုင်ရုံသာ ရှိတော့သည်။
ပိုင်ချီရွယ်နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် လုမင်ဟာ သူ့ထံသို့ တစ်စုံတစ်ယောက် လာလည်ကြောင်း သတင်း ထပ်မံရရှိခဲ့သည်။
"ဖက်တီး၊ ထင်ထင်၊ အကြီးအကဲ နတ်ဆိုးဧကရာဇ်"
လုမင်လည်း စိတ်လှုပ်ရှားသွားသည်။ ဤတစ်ကြိမ် လာရောက်သူများက အမှန်တကယ်ပင် ဖက်တီးခုန်းကျင်း၊ ရွယ်ထင်ထင်နှင့် နတ်ဆိုးဧကရာဇ်တို့ ဖြစ်ချေသည်။
လုမင် အလွန် ဝမ်းသာသွားခဲ့သည်။
ကမ္မတိုက်ပွဲ ပြီးဆုံးကတည်းက ဖက်တီးနှင့် ရွယ်ထင်ထင်တို့ဟာ နတ်ဆိုးဧကရာဇ်နှင့်အတူ လေ့ကျင့်ရန် ထွက်ခွာသွားခဲ့သည်။ နှစ်အတော်ကြာအောင် သူတို့နှင့်ပတ်သက်သော သတင်းများကို မကြားရဘဲ ရှိနေပြီးမှ၊ ဖက်တီးနှင့် အခြားသူများက သူ့ကိုလာရှာရန် ရောက်လာမည်ဟု လုမင် မမျှော်လင့်ထားပေ။
"ဟားဟားဟား၊ လုမင်... မတွေ့တာကြာပြီ။ ငါမင်းကို အရမ်းလွမ်းနေတာ"
လုမင်ကို တွေ့သည်နှင့် ဖက်တီးက အားပါးတရရယ်မောကာ ပြေးဖက်လိုက်သည်။
"ဖက်တီး၊ မင်းတောင်မှ ဝိတ်ကျသွားပြီပဲ"
လုမင် ထူးခြားစွာပြုံးပြီး ပြောလိုက်၏။
ဖက်တီး၏ ခန္ဓာကိုယ်က ယခင်ကထက် အမှန်တကယ် ပို၍ ဝလာခဲ့သည်။
"ဟားဟားဟား"
ဖက်တီးက ဘာမျှမပြောဘဲ ရယ်မောလိုက်လေသည်။
"လုမင်၊ မင်းက မယုံနိုင်စရာပဲ။ မင်းက သိုင်းအုပ်ချုပ်သူတစ်ပါးကိုတောင် သတ်နိုင်တယ်။ ငါတို့ကြားက ကွာဟချက်က ပိုပြီးကြီးလာပြီ"
ဖက်တီးက ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။
"မင်းလည်းမဆိုးပါဘူး"
လုမင်က ဖက်တီး၏ပုခုံးတစ်ဖက်ကို ထိုးလိုက်သည်။
သူတို့မတွေ့ရတာ နှစ်အနည်းငယ်ကြာပြီးနောက် ဖက်တီး၏ တိုးတက်မှုက အလွန်ကောင်းခဲ့သည်။ သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေခဲ့ပြီ။
ဖက်တီးက နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ကိုသာ နိုးထစေခဲ့ကြောင်း သိထားရလိမ့်မည်။
ထို့နောက် လုမင်ဟာ ရွယ်ထင်ထင်နှင့် နတ်ဆိုးဧကရာဇ်တို့ကိုလည်း နှုတ်ဆက်လိုက်၏။
"ဒါနဲ့ ဖက်တီး၊ မင်းတို့ ဒီနှစ်ထဲ ဘယ်ရောက်နေတာလဲ"
လုမင် မေးလိုက်သည်။