← Chapters

အခန်း ၁၃၂၅

Vol. 89 Ch. 1325

အခန်း ၁၃၂၅

Vol. 89 Ch. 1325

အပိုင်း ( 1325 ) နိဗ္ဗာန ဆေးလုံး။

"ငါတို့ ဆရာနောက်ကိုလိုက်ပြီး တိုင်းတပါးကို ခရီးထွက်ခဲ့ကြတယ်..."

ဖက်တီးက နှစ်များအတွင်း သူ၏ အတွေ့အကြုံများကို အကြမ်းဖျင်း ပြောပြခဲ့သည်။

ထိုအချိန်က၊ ကမ္မတိုက်ပွဲ ပြီးဆုံးပြီးနောက် သူတို့ဟာ တိုင်းတပါးတွင် လေ့ကျင့်ရန် နတ်ဆိုးဧကရာဇ်နောက်သို့ လိုက်ခဲ့ကြသည်။

ဖက်တီးသည် ကမ္မတိုက်ပွဲတွင် ကံကောင်းခြင်း ကုသိုလ်များစွာ ရရှိခဲ့၏။ ထို့ပြင် တိုင်းတပါးသို့ ခြေဆန့်ချိန်မှာလည်း ကံကောင်းခြင်းများစွာ ကြုံတွေ့ခဲ့ရသေးသည်။ နှစ်များ ကြာလာသည်နှင့်အမျှ၊ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း ခုန်ပျံကျော်လွှားကာ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သည်။ သူ၏ တိုးတက်မှုနှုန်းက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထခဲ့သော ပါရမီရှင် အတော်များများထက်ပင် ပို၍ မြန်ပေသည်။

ရွယ်ထင်ထင်ပင်လျှင် ဝိညာဉ်‌သန္ဓေသားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ် သူတို့ပြန်လာသောအခါ ရှမ်းဟွမ်တိုက်ကြီးက မမှတ်မိလောက်အောင် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။

ထို့အပြင်၊ လုမင်၊ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစုတို့ကြားမှ မဟာမိတ်များအကြောင်းလည်း သူတို့ ကြားသိခဲ့ရသည်။ လုမင်က ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၊ ရှဲ့မိသားစုတို့နှင့် တိုက်ခိုက်မည်မှာ သေချာသည်ဟု သူတို့ ခန့်မှန်းမိကြ၏။ ထို့ကြောင့်ပင် သူတို့က လုမင်ကို ကူညီရန် အပြေးလာရောက်ခဲ့ခြင်း ဖြစ်ချေသည်။

လုမင်လည်း အတော်လေး ခံစားသွားရသည်။ သူက ဖက်တီး၊ နတ်ဆိုးဧကရာဇ်နှင့် အခြားသူများ နေထိုင်ရန် ချက်ချင်း စီစဉ်ပေးခဲ့လေသည်။

နတ်ဆိုးဧကရာဇ် ရောက်လာခြင်းဖြင့် သူတို့ဘက်တွင် သိုင်းအုပ်ချုပ်သူတစ်ပါး ထပ်တိုးခဲ့သည်။ ယင်းက ကြီးမားသော အကူအညီတစ်ခုပင်။

ထို့နောက်တွင် မူလခန္ဓာ လုမင်လည်း လျှို့ဝှက် အဂ္ဂိရတ်အခန်းသို့ ပြန်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် သုံးရက် ကြာမြင့်သွားခဲ့ပြီ။ နိဗ္ဗာနဆေးလုံးများကိုလည်း နောက်ဆုံးတွင် အောင်အောင်မြင်မြင် သန့်စင်နိုင်တော့မည် ဖြစ်သည်။

မူလခန္ဓာ လုမင်လည်း လေ့ကျင့်မှုကို အဆုံးသတ်ပြီး မျက်လုံးများကို ဖွင့်လိုက်၏။

အဂ္ဂိရတ်မီးဖိုမှ ကြွယ်ဝသော ဆေးမွှေးရနံ့တစ်ခုလည်း ထွက်ပေါ်လာတော့သည်။

"ဖွင့်"

ခဏအကြာတွင် ဒုတိယခန္ဓာ လုမင်က ခပ်တိုးတိုး အော်လိုက်သည်။ အဂ္ဂိရတ်မီးဖို ပွင့်လာသောအခါ ပို၍ ကြွယ်ဝသော ဆေးမွှေးရနံ့များ ထွက်လာခဲ့၏။

"ဝှစ်... ဝှစ်... ဝှစ်"

အဂ္ဂိရတ်မီးဖိုအဖုံး ပွင့်လာသည်နှင့် မီးဖိုထဲမှ နို့ဖြူရောင် အလင်းတန်းကိုးခု ထွက်လာတော့သည်။

"သိမ်း‌လိုက်"

ဒုတိယခန္ဓာ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထူထပ်သော ကမ္ပည်းစာလုံးများ ပေါ်လာပြီး အလင်းတန်းကိုးခုကို လွှမ်းခြုံသွား၏။

ကမ္ပည်းအိမ်ထဲမှာတော့ နို့ဖြူရောင် ဆေးလုံး ကိုးလုံးကို မြင်လိုက်ရတော့သည်။

ဆေးလုံးများက စိတ်ဝိညာဉ်ရှိသကဲ့သို့ ကမ္ပည်းအိမ်များအတွင်း၌ လှုပ်ရှားနေသည်။

ဒုတိယခန္ဓာ လုမင်လည်း ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီး ဆေးကိုးလုံးကို သိမ်းဆည်းလိုက်လေသည်။

အောင်မြင်ပြီ၊ နိဗ္ဗာနဆေးလုံးများကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။ လုမင်လည်း နိဗ္ဗာနဆေးလုံး ကိုးလုံးအထိ ရရှိသည့်အတွက် အလွန်ဝမ်းသာသွားလေသည်။

နိဗ္ဗာနဆေးလုံးများက သူ့အတွက် အသုံးမဝင်သော်လည်း နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို မနိုးထသေးသည့် အခြား ကျင့်ကြံသူများအတွက် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။

"ဝှစ်"

ဒုတိယခန္ဓာ လုမင်က မူလခန္ဓာ လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွား၏။ လုမင်လည်း နိဗ္ဗာနဆေးလုံးများကို ဖယ်လိုက်ပြီး လျှို့ဝှက်ခန်းမှ ထွက်လာခဲ့တော့သည်။

မကြာခင်မှာပဲ လုမင်ဟာ ရန်ခွမ်းစုနှင့် ဖက်တီးခုန်းကျင်းတို့ကို သူ့နေအိမ်သို့ ဖိတ်ကြားခဲ့သည်။

"လုမင်... ငါ့အတွက် သတင်းကောင်းရှိလား"

ဖက်တီးက ရောက်လာသည်နှင့် မျက်လုံးကစားကာ လှည့်ကြည့်လိုက်လေသည်။

လုမင် ပြုံးလိုက်မိသည်။ သူတို့မတွေ့ရသည်မှာ နှစ်အနည်းငယ်ကြာသွားသော်လည်း ဤဖက်တီးကြီး၏ အမူအကျင့်က လုံးဝပြောင်းလဲမသွားပေ။

"ဒီတစ်ခါတော့ ကောင်းတာတစ်ခုခု တကယ်ရှိတယ်"

လုမင်က ပြုံးပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ နိဗ္ဗာန ဆေးနှစ်လုံးက ပုလင်းထဲမှ ဖက်တီးနှင့် ရန်ခွမ်းစုဆီသို့ အသီးသီး ပျံထွက်သွား၏။

နိဗ္ဗာနဆေးလုံးမှ ထုတ်လွှတ်နေသော ဆေးမွှေးရနံ့ကို အနံ့ခံမိသည်နှင့် ယင်းမှာ သာမန်ဆေးလုံး မဟုတ်မှန်း သူတို့ နှစ်ယောက်စလုံး သိလိုက်သည်။ နှစ်ဦးသား ယွမ်ချီစွမ်းအင်နှင့် ထုပ်ပိုးပြီး အလျင်အမြန် ဖမ်းထားလိုက်လေသည်။

"လုမင်၊ ဒီဆေးက ဘယ်လိုဆေးမျိုးလဲ"

ရန်ခွမ်းစုက စိတ်ဝင်တစား မေးလိုက်သည်။

"ဒီဆေးလုံးကို နိဗ္ဗာနဆေးလို့ ခေါ်တယ်။ ဒါကို စားသုံးပြီးရင် နိဗ္ဗာန်ကိုပေါက်ပြီး သွေးမျိုးဆက်ကို အဆင့်တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့် တိုးစေဖို့ အခွင့်အလမ်းရှိတယ်"

လုမင် ရှင်းပြလိုက်သည်။

"ဘာ"

ရန်ခွမ်းစုနှင့် ဖက်တီး အလွန်တရာ အံ့အားသင့်သွား၏။

လူတစ်ယောက်၏ သွေးမျိုးဆက်ကို အဆင့်မြှင့်တင်နိုင်သည်။

'ဒါ… ဒါက ကောင်းကင်ကို အံတုလွန်းတယ် မဟုတ်လား'

နှစ်ယောက်စလုံး နှလုံးခုန် မြန်လာခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံး၏ သွေးမျိုးဆက်များက နတ်ဘုရားအဆင့်ရှစ်တွင်သာ ရှိကြ၏။ ယင်းက အလွန် အဆင့်မြင့်ပုံပေါက်သော်လည်း မပြည့်စုံသေးပေ။

နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကမှ ပြီးပြည့်စုံသော သွေးမျိုးဆက် ဖြစ်သည်။

ယွမ်လုတွင် တပည့်များစုဆောင်းခြင်းအတွက် အနိမ့်ဆုံး လိုအပ်ချက်မှာ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးကြားလာစေရန် ဖြစ်၏။

သူတို့နှစ်ဦးလည်း သဘာဝအတိုင်း နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို အလိုရှိပေသည်။ သို့သော်လည်း သွေးမျိုးဆက်သည် မွေးဖွားစဉ်ကတည်းက သတ်မှတ်ပြီး ဖြစ်သည်။ လုမင်ကဲ့သို့ ကောင်းကင်ကို အန်တုနိုင်သော နဝမနဂါး သွေးမျိုးဆက်ကို နိုးထမလာပါက အဆင့်မြှင့်တင်ရန် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်တွင် သူတို့လက်ထဲမှ ဆေးလုံးများနှင့် သူတို့၏ သွေးမျိုးဆက်ကို တိုးတက်စေနိုင်ပြီ ဖြစ်သည်။ သူတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားမှုကြောင့် အသက်ရှုသံများ ပြင်းလာတော့သည်။

"လုမင်၊ ဒီဆေးလုံးက... အဖိုးတန်လွန်းတယ်..."

ရန်ခွမ်းစုက အသက်ပြင်းပြင်းရှူပြီး ပထမဦးစွာ တည်ငြိမ်စေလိုက်သည်။ သူက လုမင်ကိုကြည့်ပြီး ပြောလိုက်၏။

"အစ်ကိုရန်၊ ယူသာယူလိုက်ပါဗျာ။ ဒီ နိဗ္ဗာနဆေးပြားက ခင်ဗျားအတွက် အရမ်းအကျိုးရှိလိမ့်မယ်"

လုမင် ပြုံးပြီး ပြောလိုက်သည်။

"အင်း၊ ဒါဆို ငါမယဉ်ကျေးတော့ဘူး"

ရန်ခွမ်းစုလည်း မငြင်းတော့ပေ၊ သူ ချက်ချင်း ယူလိုက်သည်။ ဖက်တီးကြီးခုန်းကျင်းဆိုလျှင် မေးပင်မမေးတော့ပေ။

အရေးအကြီးဆုံးက၊ နိဗ္ဗာနဆေးလုံးဟာ သူတို့အတွက် အလွန်အသုံးဝင်ခြင်း ဖြစ်သည်။ သူတို့၏ သွေးမျိုးဆက်က နတ်ဘုရားအဆင့်ကိုးသို့ ရောက်ရှိသည်နှင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန်မှာ သူတို့အတွက် ခက်ခဲတော့မည် မဟုတ်ပေ။

သို့သော်လည်း နိဗ္ဗာနဆေးလုံးက ကိုးလုံးသာ ရှိသည်။ လုမင်သည် ရန်ခွမ်းစုနှင့် ဖက်တီးခုန်းကျင်းတို့၏ သွေးမျိုးဆက်များက နတ်ဘုရားအဆင့်ကိုးနှင့် အနီးစပ်ဆုံးဖြစ်သောကြောင့် လောလောဆယ်တွင် သူတို့ကိုသာပေးအပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ချေသည်။

ကျန်တာကိုတော့ လုယွမ်ထျန်းကို တစ်လုံး ပေးချင်သည်။

လီပင်းကိုလည်း သိုင်းပညာလေ့ကျင့်နိင်ရန် ကူညီချင်ခဲ့၏။

သိုင်းလမ်းစဉ်အား လျှောက်လှမ်းထားမှသာလျှင် လီပင်း၏ သက်တမ်းတိုး၍ အသက်ပိုရှည်နိုင်မည် ဖြစ်သည်။

လီပင်းသည် ပါရမီမပါဘဲ အသက်ကြီးနေပြီဖြစ်သော်လည်း လုမင်၏ လက်ရှိနည်းလမ်းများနှင့် ပြဿနာဖြစ်မည် မဟုတ်ပေ။

နိဗ္ဗာနဆေးလုံး၏ အကူအညီဖြင့်၊ လီပင်းသာ သွေးမျိုးဆက် နိုးထလာမည်ဆိုလျှင်၊ အနာဂတ်တွင် သိုင်းဘုရင် သို့မဟုတ် ဝိညာဉ်ပင်လယ်သို့ပင် ရောက်နိုင်မည် ဖြစ်သည်။

သူ၏ နာမည်ခံတပည့်နှစ်ယောက်ဖြစ်သော ကျွမ်းရှောင်ရှန့်နှင့် ကျွမ်းရှောင်ရို့တို့အတွက်လည်း ရှိသေးသည်။

လုမင်မှ သူတို့ကို တပည့်အဖြစ် လက်ခံပြီးကတည်းက ကောင်းကောင်း မသင်ပေးခဲ့ပေ။ ဆရာတစ်ယောက်အနေဖြင့် လုမင်ကို အလွန်တာဝန်မဲ့သူဟု ဆိုနိုင်သည်။ ထို့ကြောင့် နိဗ္ဗာနဆေးနှစ်လုံးကို ချန်ထားခဲ့ရပေသည်။

ဤနည်းဖြင့် နိဗ္ဗာနဆေးလုံး သုံးလုံးသာ ကျန်သည်။ ယင်းတို့ကိုတော့ လုမင်က လောလောဆယ် သိမ်းထားရန် တွေးထားခဲ့ပေသည်။

"ဒါ့အပြင် ခင်ဗျားနဲ့ သင့်တော်မဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုပါ"

လုမင်၏လက်မှ ကျောက်စိမ်း တံဆိပ်ပြားနှစ်ခု ပြေးထွက်လာပြီး ရန်ခွမ်းစုနှင့် ဖက်တီးဆီသို့ ပျံသန်းသွားခဲ့သည်။

သူတို့နှစ်ယောက်လည်း ကြည့်လိုက်ပြီးနောက် တစ်ဖန် အံ့အားသင့်သွား၏။ သူတို့ မျက်လုံးများ ပြူးကျယ်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ကြသည်။

အကြောင်းမှာ၊ ကျောက်စိမ်းပြားရှိ လျှို့ဝှက်နည်းလမ်းက သန့်စင်သောဝိညာဉ်ခန္ဓာ လေ့ကျင့်မှုနည်းလမ်း ဖြစ်သောကြောင့်ပင်။

လုမင်က ယင်းကို မိတ္တူအနည်းငယ် ကြိုရေးထားခဲ့သည်။

"တကယ်ပဲ ကမ္ဘာပေါ်မှာ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ လျှို့ဝှက်နည်းလမ်းတွေ ရှိတာပဲ"

ရန်ခွမ်းစု သက်ပြင်းချလိုက်၏။ တစ်ချိန်တည်းမှာပင် သူ စိတ်လှုပ်ရှားသွားသည်။

သူဟာ အဓိပဓိနယ်ပယ်၌ နှစ်ပေါင်းများစွာ တွယ်ကပ်နေခဲ့သည်။ ယခုတော့ နိဗ္ဗာနဆေးလုံးနှင့် သန့်စင်သော ဝိညာဉ်ခန္ဓာရှိ၍ တစ်နှစ်မပြည့်မီတွင် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်နေတော့သည်။

"ဟားဟားဟား၊ လုမင်... မင်းက တကယ်ကို ငါ့ရဲ့ကံကောင်းခြင်း ကြယ်လေးတစ်ပွင့်ပဲ"

ဖက်တီးက မယဉ်ကျေးဘဲ သန့်စင်သော ဝိညာဉ်ခန္ဓာ လေ့ကျင့်နည်းကို အမြန် သိမ်းဆည်းလိုက်သည်။

"လုမင်၊ ကျေးဇူးတင်ပါတယ်"

ရန်ခွမ်းစုက လုမင်ကို လေးလေးနက်နက် ဦးညွတ်ပြလိုက်၏။

"အစ်ကိုရန်၊ ကျုပ်တို့ရဲ့ ဆက်ဆံရေးအရ ကျေးဇူးတင်နေစရာ မလိုပါဘူး"

လုမင် ပြုံးလိုက်သည်။

ရန်ခွမ်းစုနှင့် ဖက်တီးတို့ ထွက်ခွာသွားပြီးနောက် လုမင်လည်း အစွမ်းကုန်ကြိုးစားကာ လေ့ကျင့်လိုက်လေသည်။

တစ်လတာ သတ်မှတ်ရက်က နီးကပ်လာနေပြီ ဖြစ်သည်။ လုမင်က ဤကာလအတွင်း သူ့ခွန်အားကို အတတ်နိုင်ဆုံး မြှင့်တင်လိုခဲ့ပေသည်။

ဤတွင် သန့်စင်သော ဝိညာဉ်ခန္ဓာကသာ အချိန်တိုအတွင်း သူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည်။

ထို့ကြောင့် လုမင်က သန့်စင်သော ဝိညာဉ်ခန္ဓာကို အစွမ်းကုန် လေ့ကျင့်နေတော့သည်။

လုမင်က ကျောက်ကြမ်းအများအပြားကို သန့်စင်ပြီး သူ၏ရုပ်ခန္ဓာခွန်အားအဖြစ်သို့ ပြောင်းလဲခဲ့သည်။

လဝက်ကြာပြီးနောက် နောက်ဆုံးတွင်၊ သန့်စင်သောဝိညာဉ်ခန္ဓာက နောက်ထပ် အောင်မြင်မှုများရရှိပြီး ခြောက်ဆယ်ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပေသည်။

တစ်ဆယ်ရာခိုင်နှုန်း တိုးတက်လာတိုင်း လုမင်၏အင်အားက ပို၍ အားကောင်းလာမည် ဖြစ်သည်။

ယခုအခါ၊ တစ်လ သတ်မှတ်ရက် မတိုင်မီ တစ်ပတ်သာ လိုတော့သည်။

"ကောင်းကင်နတ်ဘုရား တပ်မဟာကို ခရီးထွက်ဖို့ အချိန်တန်ပြီ"

လုမင်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လျှို့ဝှက်ခန်းအတွင်းမှ ထွက်လာခဲ့သည်။

မကြာမီ၊ လုမင်နှင့် ရှဲ့လွမ်က ဟင်းလင်းပြင် ခုန်ကျော်ခြင်းဖြင့် သားရဲတစ်ရာမျိုးနွယ်မှ ထွက်လာကြတော့သည်။

All Chapters