← Chapters

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အပိုင်း ( 1326 ) ကောင်းကင်နတ်ဘုရား တပ်မဟာ။

အလယ်ပိုင်းတိုက်ကြီး၏ မြောက်လွင်ပြင်နှင့် နီးစပ်သော နေရာတွင် အကန့်အသတ်မရှိသော တောင်တန်းတစ်ခု ရှိသည်။ ဤနေရာကား၊ ကောင်းကင်နတ်ဘုရားတပ်မဟာ၏ တည်ရှိရာနေရာ ဖြစ်ချေသည်။

ကောင်းကင်နတ်ဘုရားတပ်မဟာ၏ ဌာနချုပ်သည် မူလက ဤနေရာ၌ မရှိပါ။ သို့သော်လည်း လွန်ခဲ့သောလအနည်းငယ်က တိုက်ပွဲတွင် ကောင်းကင်နတ်ဘုရားတပ်မဟာ၏ ဌာနချုပ်ကို ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစု၏ ပူးပေါင်းတပ်များက ဖျက်ဆီးခဲ့ကြသည်။ သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး ဤနေရာသို့ ဆုတ်ခွာရန်သာ တတ်နိုင်ခဲ့ပေသည်။

သူတို့ရှေ့တွင် နတ်ဘုရားဓားရှည်ကဲ့သို့ တောင်များ အများကြီးရှိနေသည်။ ထိုတောင်များက အတားအဆီးတစ်ခုကဲ့သို့ တည်ရှိနေကြ၏။

ဤတောင်များကို ကျွမ်းကျင်ပညာရှင်များက မြေပြင်မှ ဆွဲထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

ဓားသဏ္ဍာန် တောင်တစ်ခုစီကြားတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော သံကြိုးကြီးများ ရှိ၏။ သံကြိုးများနှင့် တောင်ပေါ်တွင်လည်း ထူထပ်သော ကမ္ပည်းများ ရှိသေးသည်။

အထူးသဖြင့် တောင်တစ်ခုစီ၏ တောင်ထိပ်တွင် ကြီးမားသော မြှားမျှော်စင်များစွာ ရှိနေသည်။ မြှားမျှော်စင်များဘေးတွင်လည်း စောင့်ကြပ်နေသော ကျွမ်းကျင်သူများစွာ ရှိ၏။

ဤမြှားမျှော်စင်များက သာမန်မြှားမျှော်စင်များ မဟုတ်ပေ။ ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ကျောက်ကြမ်းများကို အသုံးပြုကာ တည်ဆောက်ထားသည်။ ဝင်္ကပါများပါ ထည့်ပေါင်းလိုက်သောအခါ ၎င်းတို့၏စွမ်းအားက အကန့်အသတ်မရှိတော့ပေ။ သူတို့က ဝိညာဉ်နတ်ဘုရားများကိုပင် သတ်နိုင်သည်။

ဤအခိုက်တွင်၊ ဓားသဏ္ဍာန်တောင်များ၏ အပြင်ဘက် လေဟာပြင်က အက်ကွဲသွားပြီး ရုပ်သွင်နှစ်ခု ပေါ်လာသည်။

"ကောင်းကင်နတ်ဘုရားတပ်မဟာက တကယ်ကို သာမန်မဟုတ်ဘူးပဲ။ လအနည်းငယ်အတွင်း ဒီလောက်ကြီးမားတဲ့ စီမံကိန်းတစ်ခုကို တည်ဆောက်နိုင်ကြတယ်"

လုမင်လည်း ရှေ့ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။

"ကောင်းကင်နတ်ဘုရားတပ်မဟာက ရှဲ့မိသားစုနဲ့ ထောင်စုနှစ်များစွာ ယှဉ်ပြိုင်ခဲ့ကြတာပဲလေ။ သူတို့မှာ သဘာဝအတိုင်း သူတို့မှာ သတိထားမှုတွေရှိတယ်"

ရှဲ့လွမ်က ပြောသည်။

"ဘယ်သူလဲ"

ထိုအချိန်တွင် ဓားသဏ္ဍာန် တောင်ပေါ်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လေတိုးသံများ ထွက်ပေါ်လာခဲ့၏။ ရှဲ့လွမ်နှင့် လုမင်ရှေ့တွင် အားကောင်းသော အရှိန်အဝါများနှင့် လူရိပ်တချို့ ပေါ်လာတော့သည်။

'အဓိပတိ'

လုမင် ကြည့်လိုက်သည်။ ရောက်လာကြသော လူသုံးဦးက အဓိပတိများ ဖြစ်ကြ၏။ သူတို့၏ အစွမ်းထက်သော အရှိန်အဝါများက လုမင်နှင့် ရှဲ့လွမ်သို့ ကျရောက်လာခဲ့ကြသည်။

"မင်း... ခင်ဗျားက ဖရိုဖရဲဧကရာဇ် ရှဲ့လွမ်ပဲ"

သူတို့ သုံးယောက်စလုံး ရှဲ့လွမ်ကို သတိပြုမိပြီးနောက် မျက်နှာအမူအရာများ ပြောင်းလဲသွားကာ အော်လိုက်ကြသည်။

"ငါ့မှာ ပိုင်ကျန်းဧကရာဇ်နဲ့ ဆွေးနွေးစရာ ရှိတယ်။ မြန်မြန် သတင်းပို့လိုက်ချေ"

ရှဲ့လွမ် ပြောလိုက်၏။

"ကောင်းပါပြီခင်ဗျာ၊ ခဏစောင့်ပါ"

ရှဲ့လွမ်ကဲ့သို့ သိုင်းအုပ်ချုပ်သူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ ထိုအဓိပတိများ ပေါ့ဆမနေဝံ့တော့ပေ။ သူတို့က အသံလွှင့် ကျောက်စိမ်းအဆောင်များကို ထုတ်ယူကာ အမြန် သတင်းပို့လိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ဆယ်မိနစ်ခန့်ကြာပြီးနောက် ဓားသဏ္ဍာန်တောင်များ၏ အတွင်းပိုင်းမှ အလင်းတန်းတချို့ ပျံထွက်လာကာ လုမင်နှင့် တခြားသူများရှေ့တွင် ရပ်လိုက်ကြသည်။

သူတို့၏ အရှိန်အဝါများက ကျယ်ပြောပြီး နားမလည်နိုင်အောင် ဖြစ်၏။ သူတို့အားလုံးက သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။

ခေါင်းဆောင်လာသူ၏ အရှိန်အဝါက သာမာန် သိုင်းအုပ်ချုပ်သူများထက် သာလွန်မြင့်မားပြီး အစွမ်းထက်သည်။ လုမင် ယခင်က မြင်ခဲ့ဖူးသည့် ပိုင်ကျန်းဧကရာဇ် ဖြစ်ချေသည်။

"ဟားဟားဟား၊ ညီနောင်ရှဲ့... ဘယ်ကလှည့်လာတာလဲ"

ပိုင်ကျန်းဧကရာဇ်က ရယ်မောပြီး ရှဲ့လွမ်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ရှဲ့လွမ်မှ လုမင်ဘက်သို့ ရွေ့လာခဲ့သည်။

ထို့နောက် ပိုင်ကျန်းဧကရာဇ်က ပြောလိုက်၏။

"မင်းက လုမင်လား"

ဤစကားများက ကောင်းကင်နတ်ဘုရားတပ်မဟာမှ အခြားသူများကို အံ့အးသင့်သွားစေခဲ့သည်။

သူတို့ရှေ့မှ လူငယ်လေးက လုမင်လား။

ယခုအခါ လုမင်၏ နာမည်ဂုဏ်သတင်းက နေလိုလလို တဟုန်းဟုန်းတောက်နေပြီ ဖြစ်သည်။

ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းအုပ်ချုပ်သူကို သတ်နိုင်ကာ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ ထိုသို့သော ပါရမီရှင်က ရှမ်းဟွမ်တိုက်ကြီး၏ သမိုင်းတွင် တစ်ခါမျှ မပေါ်ခဲ့ဖူးပေ။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ဒေသတစ်ခု၏ အုပ်စိုးရှင်ဖြစ်သည့် ရှမ်းဟွမ်တိုက်ကြီး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့ဖြစ်ပေရာ ကောင်းကင်နတ်ဘုရားတပ်မဟာ၏ လူများ မည်သို့မျှ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

"လုမင်က အကြီးအကဲ ပိုင်ကျန်းဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

လုမင်က လက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။

"ညီလေးလု၊ ယဉ်ကျေးလွန်းပါပြီ"

ပိုင်ကျန်းဧကရာဇ်လည်း ချက်ချင်း လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်လေသည်။

"ညီလေး လုနဲ့ အစ်ကိုရှဲ့တို့ ဒီနေ့ ရောက်လာကြတာ ဂုဏ်ယူစရာပါပဲ။ လာ...လာ"

လုမင်နှင့် ရှဲ့လွမ်လည်း ခေါင်းညိတ်ပြပြီး ပိုင်ကျန်းဧကရာဇ်၊ အခြားသူများနှင့်အတူ ဓားပုံသဏ္ဍာန် တောင်ပေါ်သို့ လိုက်သွားကြသည်။

'ကျွမ်းကျင်သူတွေ အများကြီးပဲ"

ဓားပုံသဏ္ဌာန်တောင်သို့ ရောက်လာသည်နှင့် တပြိုင်နက်၊ ခိုင်မာသော အဆောက်အဦအမျိုးမျိုးတို့နှင့် တောင်တစ်လုံးကို တွေ့လိုက်ရသည်။

လုမင်လည်း ထိုမှ အားကောင်းသော အရှိန်အဝါများစွာကို ခံစားရ၏။ သူတို့အားလုံးက အစွမ်းထက် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ကောင်းကင်နတ်ဘုရားတပ်မဟာနှင့် ၎င်းတို့၏ မဟာမိတ်အချို့ စည်းဝေးခဲ့ကြသောကြောင့် ကျွမ်းကျင်သူများစွာ ရှိပေသည်။

ထို့အပြင် ထိုဒေသတွင် သံချပ်ကာဝတ် တပ်သားအများအပြား ကင်းလှည့်လျက်ရှိသည်။ တပ်မဟာ၏ အသွင်အပြင်က အလွန်အားကောင်း၏။

သို့သော်လည်း လုမင်ဟာ တပ်သားများကြားမှ ထူးခြားမှုကို သတိပြုမိသည်။ ယင်းက သူတို့၏စိတ်ဓာတ်များက ကျဆင်းနေခြင်းပင်။

ဟုတ်သည်၊ သူတို့ စိတ်ဓာတ်ကျနေခဲ့ပေသည်။

ကောင်းကင်နတ်ဘုရားတပ်မဟာသည် မကြာသေးမီက အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။ သိုင်းအုပ်ချုပ်သူတချို့ပင် ကျဆုံးခဲ့ပြီး ကြီးစွာသော ဆုံးရှုံးမှုကို ဖြစ်ခဲ့သောကြောင့် စိတ်ဓာတ်ကျခဲ့ကြပေသည်။

သူတို့လူစုက ခန်းမတစ်ခုသို့ ရောက်ရှိလာပြီး ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။

မကြာမီ၊ ခန်းမထဲတွင် လူများ ပိုများလာခဲ့၏။ သူတို့ထဲတွင် အနိမ့်ဆုံးက အဓိပဓိများဖြစ်ပြီး ကောင်းကင်နတ်ဘုရား တပ်မဟာ၏ ခေါင်းကြီးပိုင်း ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သိုင်းအုပ်ချုပ်သူချည်း ကိုးပါး ရှိ၏။

သဘာဝအတိုင်း၊ ကောင်းကင်နတ်ဘုရားတပ်မဟာတွင် သိုင်းအုပ်ချုပ်သူ များစွာမရှိပါ။ ဤသည်မှာ အခြား မဟာမိတ်အင်အားစုများက လာရောက် စုဝေးနေသောကြောင့် ဖြစ်သည်။ ရှမ်းဟွမ်တိုက်ကြီး၏ လက်ရှိအခြေအနေအရ၊ အတူတကွ စုရုံးနေခြင်းက ပို၍ သင့်လျော်ပေသည်။

"အစ်ကိုရှဲ့နဲ့ ညီလေးလုတို့ ဒီနေ့ ဒီကိုလာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ လာ၊ ငါ မင်းတို့အတွက် တစ်ခွက်သောက်ပါမယ်"

ပိုင်ကျန်းဧကရာဇ်က သူ့ခွက်ကိုမြှောက်ပြပြီး တရှိန်ထိုး မော့သောက်လိုက်သည်။

လုမင်နှင့် ရှဲ့လွမ်လည်း ခွက်များကိုမြှောက်ပြပြီး သောက်လိုက်၏။

ပိုင်ကျန်းဧကရာဇ်က ပြုံးရွှင်စွာဖြင့် သောက်ပြီးမှ လုမင်နှင့် ရှဲ့လွမ်ကိုကြည့်ကာ ပြောလိုက်သည်။

"ငါမမှားရင် မင်းတို့နှစ်ယောက်က ခုနစ်ရက်အကြာ သူတော်စင်မြို့တော်က အရေးအတွက် ရောက်လာကြတယ် မဟုတ်လား"

"မှန်ပါတယ်"

လုမင် ခေါင်းညိတ်လိုက်၏။ ပိုင်ကျန်းဧကရာဇ်က တိုက်ရိုက်ပြောသလို လုမင်လည်း မငြင်းဆန်တော့ပေ။

"အိုး၊ ဒါဆိုရင် မင်း ကောင်းကင်နတ်ဘုရားတပ်မဟာကို လာရတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ တွေးမိတယ်"

ပိုင်ကျန်းဧကရာဇ်က မေးသည်။

"ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျုပ်တို့တွေ ခုနစ်ရက်ကြာရင် သူတော်စင်မြို့တော်မှာ ‌ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၊ ရှဲ့မိသားစုတို့နဲ့ တိုက်ခိုက်တော့မယ်။ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ဖို့အတွက် ကောင်းကင်နတ်ဘုရား တပ်မဟာကို ဖိတ်ခေါ်ချင်ပါတယ်"

လုမင်က ကြည်လင်ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

"ဘယ်လို"

ထိုစကားကိုကြားတော့ ကောင်းကင်နတ်ဘုရားတပ်မဟာမှ လူများ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားကြသည်။ ခန်းမက တိတ်ဆိတ်သွား၏။

အချိန်အတော်ကြာပြီးမှ တစ်ယောက်ယောက်က စကားစလိုက်သည်။

"ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနဲ့ ‌ရှဲ့မိသားစုကို တိုက်ခိုက်မှာလား။ ဟာသပဲ၊ ငါတို့ မင်းနဲ့ လက်တွဲခဲ့ရင်တောင် မင်း ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနဲ့ ရှဲ့မိသားစုကို မယှဉ်နိုင်သေးဘူး။ သွားမယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်လိမ့်မယ်"

သံချပ်ကာဝတ် သိုင်းအုပ်ချုပ်သူတစ်ပါးက လှောင်ပြောင်လိုက်၏။

"သူတို့နဲ့ မတိုက်ခိုက်ဘဲ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနဲ့ ရှဲ့မိသားစုတို့ မဟာမိတ်ဖွဲ့တာကို စောင့်မျှော်နေမယ်ဆိုရင်တောင် ကောင်းကင်နတ်ဘုရားတပ်မဟာနဲ့ မြောက်ပိုင်းလွင်ပြင်ကို တိုက်ခိုက်လာဦးမှာပဲ။ ခဏလောက် အချိန်ပိုရတဲ့အပြင် အဆုံးသတ်က ပြောင်းလဲသွားမှာ မဟုတ်ဘူး"

လုမင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဒါပေမဲ့၊ ငါတို့ ခုနစ်ရက်အကြာမှာ သူတော်စင်မြို့ကို သွားမယ်ဆိုရင် ချက်ချင်းသေလိမ့်မယ်။ နောက်ဆုတ်နေမယ်ဆိုရင်တော့ ငါတို့မှာ အခွင့်အရေးရှိကောင်းရှိမှာပဲလေ"

သံချပ်ကာဝတ် သိုင်းအုပ်ချုပ်သူက ပြောသည်။

ကောင်းကင်နတ်ဘုရားတပ်မဟာ၏ အခြား အဖွဲ့ဝင်များကမူ ဘာမှ မပြောပေ။ သို့သော်လည်း သူတို့၏မျက်လုံးများအရ လုမင်သည် သံချပ်ကာဝတ် သိုင်းအုပ်ချုပ်သူနှင့် တူညီသော အတွေးအမြင်ရှိကြောင်းကို သိနိုင်သည်။

"ခင်ဗျားက တိရီနဲ့ သူ့အနားက ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကို ကြောက်နေတာ မဟုတ်လား။ ကျုပ်တို့က သူတို့နဲ့ ကိုင်တွယ်မှာ၊ ခင်ဗျားတို့က ရှဲ့မိသားစုကိုပဲ ရင်ဆိုင်ရလိမ့်မယ်။ ဒီလိုဆိုရင် ဘယ်လိုထင်လဲ"

လုမင်က ပြောသည်။

"မင်းတို့ ကျွမ်းကျင်သူ သုံးယောက်နဲ့ ရင်ဆိုင်နိုင်လို့လား"

ပိုင်ကျန်းဧကရာဇ်က အနည်းငယ် သံသယဖြစ်ဟန်ဖြင့် ပြော၏။ အမှန်အတိုင်းပြောရလျှင် သူလည်း သိပ်မယုံချင်ပေ။

"မင်းက ကျွမ်းကျင်သူသုံးယောက်နဲ့ ရင်ဆိုင်နိုင်မယ်ပေါ့။ ဟားဟားဟား၊ ငါတို့ကို ဦးနှောက်မရှိဘူး ထင်လို့လား။ ဖရိုဖရဲဧကရာဇ်က သူတို့ထဲက တစ်ဦးကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုတာ ငါယုံပါတယ်။ ဒါပေမဲ့ ကျန်တဲ့နှစ်ဦးကို ဘယ်သူက ကိုင်တွယ်မှာလဲ။ မင်း လုမင်က လုပ်နိုင်ပါ့မလား"

သံချပ်ကာဝတ် သိုင်းအုပ်ချုပ်သူက လုမင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

"မင်းက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနဲ့ တိုက်ခိုက်နိုင်တယ်လို့ ကောလဟာလထွက်နေပေမဲ့ ပြိုင်ဘက်မှာ အုပ်ချုပ်သူ ဝိညာဉ်လက်နက်တစ်ခုရှိတယ်။ နောက်ပြီး ကောလဟာလတွေက ချဲ့ကားနေတာပဲ ဖြစ်မှာပါကွာ။ မင်းက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူကို တကယ် တိုက်ခိုက်နိုင်ပါ့မလား။ ဒါမှမဟုတ် မင်းမှာ သိုင်းအုပ်ချုပ်သူတစ်ပါးရဲ့ အစွမ်းသတ္တိ တကယ်ရှိရဲ့လား"

သံချပ်ကာဝတ် သိုင်းအုပ်ချုပ်သူက လှောင်ပြောင်လိုက်သည်။

ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများကလည်း လုမင်ကို သံသယဖြင့် ကြည့်လိုက်ကြလေသည်။

All Chapters