← Chapters

အခန်း ၁၃၃၀

Vol. 89 Ch. 1330

အခန်း ၁၃၃၀

Vol. 89 Ch. 1330

အပိုင်း ( 1330 ) ရှဲ့ကျန်း၏ အောက်လမ်းနည်း။

"အခု ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးကို ကြည့်လိုက်ရင် အနောက်တိုင်းကန္တာရက လောကရေးရာတွေကို ဂရုမစိုက်ဘူးလေ။ ဒါကြောင့် လုမင်အပြင် မျိုးဆက်သစ်လူငယ်တွေထဲမှာ အစ်ကိုမင်က အတော်ဆုံးပဲ"

ချီးမွမ်းသံများကြားတွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။

လုမင်။

လုမင်ဆိုသော နာမည်တစ်ခုက လူတိုင်းကို ပါးစပ်ပိတ်သွားစေနိင်သော မှော်အစွမ်းများ ရှိနေသကဲ့သို့ပင်။

အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသော်လည်း မည်သူမျှ စကားမပြောကြတော့ပေ။

လုမင်၏ နာမည်က လူတိုင်း၏နှလုံးသားကို ဖိနှိပ်ထားသည့် တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်သည်။

သူသည် သူတို့နှင့် မျိုးဆက်တူဖြစ်သော်လည်း သူ၏ လက်ရှိအင်အားက သိုင်းအုပ်ချုပ်သူများကို သတ်နိုင်ပြီး ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူများကိုပင် တိုက်ခိုက်သည်။ သူက ရှမ်းဟွမ်တိုက်ကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေခဲ့ပြီ။

သူနှင့်ရွယ်တူများကြားတွင် လုမင်ကို မည်သူမျှ နှိုင်းယှဉ်၍မရပေ။ ဤနေရာမှ ပါရမီရှင်များဟု ခေါ်နေသူများမှာ လုမင်နှင့် နှိုင်းယှဉ်ပါက အလွန်နိမ့်ကျသည်။ သူတို့က ဘယ်လောက်ထိ ဝေးကွာနေမှန်းပင် မသိခဲ့ကြပေ။

မင်ကျစ်၏ မျက်နှာက မည်းမှောင်သွားပြီး သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။

ပြောလိုက်သော လူငယ်လည်း တစ်ခုခုမှားသွားမှန်း သဘောပေါက်သောကြောင့် မျက်နှာဖြူဖျော့ကာ ချွေးအေးများ ထွက်လာတော့သည်။

သူသည် မင်ကျစ်ကို မြှောက်ပင့်လိုသော်လည်း လုမင်၏ အမည်အား မသိစိတ်မှ အသုံးပြုခဲ့မိသည်။

"အစ်ကိုမင်၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ။ ငါ... ငါ မရည်ရွယ်ပါဘူး..."

လူငယ်က ကမန်းကတန်း တောင်းပန်လိုက်သည်။

သူ့ကိုယ်သူ မရှင်းပြလျှင် ပိုကောင်းလိမ့်မည်။ ယခုတော့ သူ့စကားကြောင့် မင်ကျစ်၏မျက်နှာက ပို၍ပင် မည်းမှောင်သွားခဲ့သည်။

"ဘယ်က လူမိုက်လဲ။ ထွက်သွားစမ်း"

ရှဲ့ကျန်း ကြိမ်းမောင်းပြီး လူငယ်ကို မောင်းထုတ်လိုက်၏။

"ဟမ့်၊ လုမင်က သန်မာပေမဲ့ အခြေအနေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိဘူး။ သူ အကြာကြီး အသက်ရှင်နိုင်မှာမဟုတ်ဘူးလေ။ နောက်ဆုံးကျရင် သေသွားမှာ၊ အဲဒီအချိန်ရောက်ရင် ကမ္ဘာပေါ်မှာ ဘယ်သူက အစ်ကိုမင်နဲ့ ယှဉ်နိုင်ဦးမှာလဲ"

ရှဲ့ကျန်းက ဆက်ပြောလိုက်သည်။

ထိုစကားကိုကြားမှ မင်ကျစ်၏မျက်နှာမှာ အနည်းငယ် ကြည်လင်သွားခဲ့သည်။

"မှန်ပါတယ်။ လုမင်က ကြာကြာအသက်မရှင်တော့ဘူး"

"သူက သူက ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနဲ့ ရှဲ့မိသားစုကို တိုက်ခိုက်ချင်နေတာလေ။ သူက သေချင်နေတာပဲ"

"သူက ဦးနှောက်မှမရှိတာ၊ သူ့မှာ ခုခံနိုင်စွမ်းရှိရင်တောင် ဦးနှောက်မရှိတဲ့ တိရစ္ဆာန်တစ်ကောင် ဖြစ်နေတုန်းပဲ။ ငါ့အမြင်အရတော့ သူက အစ်ကိုမင်နဲ့ ယှဉ်ရင် အားနည်းလွန်းတယ်"

တခြားသူများလည်း မင်ကျစ်ကို ချက်ချင်း မြှောက်ပင့်လိုက်၏။

မင်ကျစ်၏ မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ပြန်ပေါ်လာတော့သည်။

"အားလုံး မမှားဘူး။ တကယ်တော့ လုမင်ရဲ့ အရည်အချင်းက သာမာန်ပါပဲ။ သူက ကံကောင်းပြီး တိုက်ခိုက်နိုင်စွမ်းမှာ ငါ့ထက် နည်းနည်းပိုသန်မာနေတာ။ ဒါပေမဲ့ ဒီလောက်နဲ့ သူက မာနကြီးနေတာ သနားစရာပဲ။ သူက ရှမ်းဟွမ်တိုက်ကြီးမှာ ရှိစဉ်တုန်းက ယွမ်လုရဲ့ ကောင်းကင်နတ်ဘုရားဂုဏ်းက ပါရမီရှင်ကိုတောင် စော်ကားဝံ့ခဲ့တယ်။ ဒီလို ဦးနှောက်မရှိတဲ့သူက အောင်မြင်မှုရနေရင်တောင် အကန့်အသတ်ရှိလိမ့်မယ်"

"ရှမ်းဟွမ်တိုက်ကြီးမှာ သူ မသေရင်တောင်မှ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက သူ့ကိုသတ်လိမ့်မယ်"

မင်ကျစ်က ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

"အစ်ကိုမင်ကျစ် မှန်တယ်"

"အစ်ကိုမင်ကျစ် မှန်တယ်"

ပတ်ဝန်းကျင်မှ လူများက တစ်ဖန်ချီးကျူးကြပြန်တော့သည်။

"အစ်ကိုမင်၊ ဒီညီလေးက မင်းအတွက် ပြပွဲကောင်းတစ်ခု စီစဉ်ပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ"

ရှဲ့ကျန်းက ပြုံးပြီးပြောလိုက်သည်။

"အိုး၊ အဲဒါက ဘာပွဲလဲ"

မင်ကျစ်လည်း စိတ်ဝင်စားမှု အရိပ်အမြွက်တို့ကို လှစ်ဟလာခဲ့၏။

"အစ်ကိုမင်၊ ခဏလောက်စောင့်ပါ"

ရှဲ့ကျန်းက ပြုံးလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။

"သူတို့ကို ဒီကို ခေါ်ခဲ့ကြ"

"ကောင်းပါပြီ"

ခဏကြာတော့ ဧကရာဇ်နဂါးအစောင့်အဖွဲ့တစ်ဖွဲ့က လူတစ်ဒါဇင်ခန့်ကို ခေါ်ဆောင်လာတော့သည်။

'စွန်းလင်း၊ ထျဲရှင်း...'

လူအုပ်ကြားမှ လုမင်၏ မျက်လုံးများက အေးစက်စက်အလင်းတို့ လင်းလက်လာခဲ့သည်။

ခေါ်ဆောင်လာသော လူတစ်ဒါဇင်ခန့်က သူတော်စင်မြို့တော်တွင် ရှိခဲ့စဉ်က လုမင်နှင့် တွေ့ဆုံခဲ့သော တရားစီရင်ရေးတပ် ဖြစ်သည်။

ဤအခိုက်တွင် ထျဲရှင်းနှင့် အခြားသူများမှာ ပုံစံမကောင်းပေ။ သူတို့၏ အရှိန်အဝါများက အားနည်းပြီး မျက်နှာများ ဖြူဖျော့နေသည်။ သူတို့အားလုံး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိသာထင်ရှားပေသည်။

မကြာမီ၊ ထျဲရှင်းနှင့် တခြားသူများကို ရှဲ့ကျန်းဆီသို့ ခေါ်သွားခဲ့သည်။

"သူတို့က"

မင်ကျစ် အနည်းငယ် အံ့အားသင့်သွား၏။ ရှဲ့ကျန်းမှ ဤလူများကို အဘယ်ကြောင့် ခေါ်ဆောင်လာမှန်း သူနားမလည်ပေ။

"အစ်ကိုမင်၊ ဒီလူတွေက လုမင်နဲ့ အရမ်းရင်းနှီးခဲ့တယ်။ သူတို့က လုမင်ရဲ့ လက်အောက်ငယ်သားတွေပဲလေ"

ရှဲ့ကျန်း ပြောလိုက်သည်။

"ရှဲ့ကျန်း၊ မင်း စက်ဆုပ်ရွံရှာစရာကောင်းပြီး အရှက်မရှိတဲ့ကောင်။ မင်းကများ ငါတို့ကို ခေါင်းဆောင်ကို ကျိန်ဆဲချင်နေတာလား၊ အိပ်မက်မက်နေလိုက်"

ထျဲရှင်း အော်ဟစ်လိုက်သည်။

"တိတ်စမ်း၊ ဘာကို ကျိန်ဆဲရမှာလဲ"

ရှဲ့ကျန်း အေးစက်သောအကြည့်ဖြင့် ငေါက်ငမ်းလိုက်၏။

"ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ်။ ငါ့ကို ပြောပါ၊ လုမင်က သူ လေ့ကျင့်ဖို့အတွက် အောက်တမ်းကျတဲ့ နည်းလမ်းတွေနဲ့ အခြားသူတွေကို သတ်ခဲ့တယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို အနိုင်ကျင့်ပြီး ယင်ယန် နည်းလမ်းနဲ့ အဓမ္မလုပ်ခဲ့လိမ့်မယ်။ ဒါကြောင့် သူ့ရဲ့တိုးတက်မှုက မြန်နေတာ၊ ဟုတ်တယ်မဟုတ်လား။ မင်းက သူ့ရဲ့ လက်အောက်ငယ်သားတွေမို့ ကောင်းကောင်းသိသင့်တယ်"

"ဒါ့အပြင်၊ မင်း စကားမပြောခင် သေသေချာချာ စဉ်းစားဖို့ ငါ သတိပေးလိုက်ဦးမယ်။ မင်းအဖော်တွေ ဘာဖြစ်သွားလဲ မမေ့နဲ့"

ရှဲ့ကျန်းက အေးစက်စက်ဖြင့် ထျဲရှင်းတို့ ဝေ့ကြည့်ပြီး ပြောလိုက်သည်။

ထျဲရှင်းနှင့် အခြားသူများ မျက်နှာမည်းမှောင်သွားကြသည်။ တချို့ကလည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

"လူယုတ်မာ၊ ငါတို့ခေါင်းဆောင်ကို အပုတ်ချဖို့ စဉ်းတောင် မစဉ်းစားနဲ့။ ခေါင်းဆောင်က ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ရမှာလဲ"

ထျဲရှင်း အော်ဟစ်လိုက်သည်။

"ဟုတ်တယ်၊ ငါတို့ခေါင်းဆောင်က ဘာဖြစ်လို့ ဒီလိုလုပ်ရမှာလဲ။ ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ငါတို့ကိုသုံးချင်ရင် လုံးဝ မစဉ်းစားနဲ့"

"မင်း ငါတို့ရဲ့ ညီအကိုတွေ အများကြီးကို သတ်လိုက်တာ။ ခေါင်းဆောင်က မင်းကို လက်စားချေဖို့ သေချာပေါက် ပြန်လာလိမ့်မယ်"

တခြားတစ်ယောက်ကလည်း အော်ဟစ်လိုက်၏။

လူအုပ်ထဲမှ လုမင်၏ အကြည့်များက ပို၍ အေးစက်လာတော့သည်။

ယခု အခြေအနေကို အကြမ်းဖျင်း သူ နားလည်သွားပြီ ဖြစ်သည်။

လုမင်သည် ယခင်က တရားစီရင်ရေးတပ်မှ ဤလူများအပေါ် ကောင်းခဲ့သည်။ ယခုမူ ရှဲ့ကျန်းက တရားစီရင်ရေးတပ်မှ လူများကိုဖိအားပေးပြီး သူ့အား နာမည်ဖျက်ရန် ကြိုးစားနေ၏။

ဤနည်းဖြင့် လုမင်၏ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက လုမင်ကိုလည်း ဒေါသထွက်စေနိုင်သည်။ ရက်အနည်းငယ်ကြာပြီးနောက် မဟာမိတ်အခမ်းအနားတွင် လုမင်ကိုသတ်နိုင်ရန် အလားအလာ ပိုများလာလိမ့်မည်။

သို့သော်လည်း တရားစီရင်သူများက လက်မခံပါ။

ထို့အပြင် ထျဲရှင်း၏ ပြောစကားအရ အခြား တရားစီရင်သူတချို့ ရှဲ့ကျန်း၏ အသတ်ခံခဲ့ရပြီးပြီ ဖြစ်သည်။ သူတို့ထဲမှ လူ တစ်ဒါဇင်ခန့်သာ ကျန်တော့သည်။

'သေစမ်း'

လုမင်၏ နှလုံးသားတွင်းမှ သတ်ဖြတ်လိုစိတ်က ဓားတစ်လက်ကဲ့သို့ အေးစက်နေခဲ့သည်။

ရှဲ့ကျန်းလည်း မျက်နှာမည်းမှောင်သွားပေသည်။

"ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ်။ ကောင်းကောင်း မပြောတတ်ရင် သေရမယ်"

"တော်စမ်းပါကွာ။ ဒီလို စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်ကို လုပ်ပေးဖို့ထက် ငါသေရတာမှ ပိုကောင်းဦးမယ်"

ထျဲရှင်းက ဟိန်းဟောက်လိုက်သည်။

တခြားသူများကလည်း သေမှာမကြောက်တော့ဘဲ သူ့ကို စိုက်ကြည့်လိုက်ကြသည်။

သူတို့ဟာ တရားစီရင်သူများဖြစ်ပြီး သူတော်စင်‌မြို့တော်တွင် အဆင့်အတန်းနိမ့်ပါးပြီး ဆင်းရဲသောဘဝဖြင့် နေထိုင်ခဲ့ရသည်။ အသက်ရှင်သန်ဖို့အတွက် နှစ်ဖက်စလုံးက ဂုဏ်သိက္ခာမဲ့စွာ နေထိုင်ကြရလေသည်။

လုမင်က သူတို့ကို နောက်တစ်ဖန် ဦးမော့ပိုင်ခွင့်ပေးခဲ့သူ ဖြစ်သည်။

တရားစီရင်ရေးတပ်တွင် လုမင် ပါဝင်ပြီးမှ နောက်ဆုံးတွင် သူတို့၏ခေါင်းကို မတ်မတ်ထားနိုင်ခဲ့သည်။ သူတော်စင်ဧကရာဇ်မင်းကိုယ်စား တရားစီရင်ရသည့် လွန်ခဲ့သည့်နှစ်ပေါင်း သုံးသောင်းက ကမ္ဘာကို ခြိမ်းခြောက်ခဲ့သော တရားစီရင်သူ အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပေသည်။

ထို့ကြောင့်ပင် သူတို့က လုမင်ကို အလွန်ကျေးဇူးတင်ခဲ့ကြသည်။ လုမင်၏ ဂုဏ်သိက္ခာကို ထိပါးခွင့်မပေးနိုင်ပေ။

"ရှဲ့ကျန်း၊ ရှဲ့မိသားစုရဲ့ မင်းသားတစ်ပါးဖြစ်ပြီး ဒီလို စက်ဆုပ်စရာတွေကို လုပ်ဝံ့တယ်။ မင်းက တော်ဝင်မိစားစုနဲ့ ရှဲ့မိသားစုကို အရှက်ရအောင်လုပ်နေတာပဲ"

ထျဲရှင်းက ဆက်လက်အော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထား၊ မင်း သေချင်နေပြီ"

ရှဲ့ကျန်း ဒေါသထွက်သွားသည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာပြီး ထျဲရှင်း၏လည်ပင်းကို ခုတ်ချလိုက်၏။

သူသည် ထျဲရှင်းနှင့် အခြားသူများကို မင်ကျစ်အား ကျေနပ်စေရန်အတွက် ဤနေရာသို့ ခေါ်ဆောင်လာသော်လည်း၊ ထျဲရှင်းနှင့် အခြားသူများက သူ့ကို ပြန်ကိုက်ရန် မမျှော်လင့်ထားပေ။ ယင်းက သူ့ကို မျက်နှာပျက်စေခဲ့သည်။ သူ့စိတ်ထဲတွင် ထျဲရှင်းတို့ကို အပိုင်းပိုင်းဖြတ်ချင်စိတ်တို့ ပေါက်နေတော့သည်။

ဓါးအလင်းက အေးစက်ပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထျဲရှင်းကို ခုတ်ပိုင်းလိုက်သည်။

ဤအခိုက်တွင် ထျဲရှင်း၏ ကျင့်ကြံခြင်းက တံဆိပ်ခတ်ခံထားရသောကြောင့် အရှိန်အဝါများပင် အလွန်အားနည်းသည်။ သူ့အဖို့ ဤဓားကို ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။ ထျဲရှင်းမှာ ရှဲ့ကျန်း၏ ဓါးချက်အောက်တွင် သေဆုံးသွားတော့မည် ဖြစ်သည်။

"ဝှစ်"

ထိုအချိန်တွင် အရက်ခွက်တစ်လုံးက လူအုပ်ထဲမှ လွင့်ထွက်သွားပြီး ရှဲ့ကျန်း၏ဓားကို ထိမှန်သွားသည်။

အရက်ခွက်ပေါ်တွင် ကမ္ပည်းစာများ ပေါ်လာပြီး ဓားကို တိုက်မိသွား၏။

"ဝမ်"

ဓားရှည်က တုန်ခါပြီး အဝေးသို့ လွင့်စဉ်သွားခဲ့သည်။ ရှဲ့ကျန်းလည်း မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား၏။ သူဟာ ခြေခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်သွားရပြီး မြေပြင်ပေါ်တွင် ဖင်ထိုင်လဲသွားတော့သည်။

All Chapters