← Chapters

အခန်း ၁၃၃၁

Vol. 89 Ch. 1331

အခန်း ၁၃၃၁

Vol. 89 Ch. 1331

အပိုင်း ( 1331 ) ထပ်မံစော်ကားချင်တာလား။

"ဘယ်သူလဲကွ"

ရှဲ့ယန် အော်ဟစ်လိုက်သည်။

ဤတော့မှ ရှဲ့ကျန်းလည်း နောက်ဆုံးမှာ တုံ့ပြန်ခဲ့သည်။ မြေပြင်မှ ကသုတ်ကရုတ်ထရင်း သူ့မျက်နှာက နီရဲသွား၏။ သတ်ဖြတ်ချငိတ်အပြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အော်ဟစ်လိုက်သည်။

"ဘယ်သူလဲ၊ ဘယ်သူလဲကွ။ ဘယ်သူက ငါ့ကို တိုက်ခိုက်ရဲတာလဲ။ ထွက်လာပြီး အသေခံလိုက်စမ်း"

လူတိုင်း၏ အကြည့်အောက်တွင် ရှဲ့ကျန်းမှာ သူ့ဓားကို အရက်တစ်ခွက်က လာရောက်ထိမှန်သောကြောင့် ဖင်ထိုင်လျက် လဲကျခဲ့ရသည်။ ဤသည်မှာ အရှက်ကွဲခြင်းဖြစ်၍ ရှဲ့ကျန်း၏ သတ်ဖြတ်ချင်စိတ်ကို အထွတ်အထိပ်သို့ ရောက်သွားစေကြောင်း သိသာထင်ရှားလှပေသည်။

"ဟဲဟဲဟဲ"

ခပ်တိုးတိုးရယ်သံနှင့် လူအုပ်ထဲမှ လူငယ်တစ်ယောက် ထွက်လာခဲ့သည်။

ဤလူငယ်မှာ သဘာဝအတိုင်း လုမင် ဖြစ်ချေသည်။

သူသည် ထျဲရှင်းနှင့် နက်ရှိုင်းသော ဆက်ဆံရေးမျိုး မရှိသော်လည်း အချိန်ကာလတစ်ခုအထိ အတူတကွ လက်တွဲပြီး အလုပ်လုပ်ခဲ့ကြဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့ကြားတွင် ခင်မင်ရင်းနှီးမှုအချို့ ရှိသေးသည်။

ထို့အပြင် ထျဲရှင်းနှင့် အခြားသူများက သူ့ကြောင့် ပြဿနာခံရခြင်း ဖြစ်သည်။ သို့ဖြစ်ပေရာ လုမင်က မည်သို့ ထိုင်ကြည့်နေနိုင်မည်နည်း။

ယခုလေးတင် အရက်ခွက်နှင့် ပေါက်လိုက်သူကလည်း လုမင် ဖြစ်သည်။

"မင်းသားတစ်ယောက်ဖြစ်ပြီး မင်းက တကယ်ပဲ တခြားသူတွေကို ကျိန်ဆဲ‌ဖို့ ကြိုးစားနေတယ်။ ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းပြီး အရှက်မဲ့လိုက်သလဲ။ ရှေးဟောင်းသူတော်စင်မင်းဆက်က ဒီအဆင့်ထိရောက်လာတာ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ၊ အဲဒါကို ရှောင်လွှဲလို့ မရဘူး"

လုမင်က ရှဲ့ကျန်းဆီသို့ တစ်လှမ်းချင်း လျှောက်လာရင်း လှောင်ပြောင်လိုက်သည်။

"မင်း အတင့်ရဲလှချည်လား"

"မောက်မာလိုက်တာ"

"မင်း သေချင်နေပြီ"

ရှဲ့မိသားစုမှ မင်းသားအချို့က လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်ရင်း ကြိမ်းမောင်းလိုက်ကြသည်။

"တောက်စ်၊ မင်းကများ ငါ့ကိစ္စတွေကို စွက်ဖက်ဝံ့တယ်။ မင်းဒီနေ့ ဒီကိုရောက်နေပြီဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့"

ရှဲ့ကျန်းက အေးစက်စက်ဖြင့် ကြိမ်းမောင်းပြီးနောက် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။

"တိုက်ခိုက်ကြ၊ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးလိုက်"

"ကောင်းပါပြီ"

ဧကရာဇ်နဂါးအစောင့်များလည်း လက်နက်မျိုးစုံ ကိုင်ဆောင်ပြီး လုမင်ဆီသို့ ပြေးလာခဲ့၏။

သို့သော်လည်း၊ ဤဧကရာဇ်နဂါးအစောင့်များ၏ ကျင့်ကြံခြင်းက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုးတွင်သာ ရှိသေးသည်။ လုမင်၏ မျက်လုံးထဲမှာတော့ သူတို့က ဖော်ပြရန်ပင် မထိုက်တန်ပေ။

မြေပြင်ပေါ်တွင် ကမ္ပည်းစာလုံးများ ရုတ်တရက် ပေါ်လာပြီး ဝင်္ကပါတစ်ခုအဖြစ် စုဖွဲ့သွားခဲ့သည်။ ဝင်္ကပါအတွင်းမှ ကြိမ်လုံးများ ဒါဇင်ချီကာ ထွက်ပေါ်လာပြီး ဧကရာဇ်နဂါးအစောင့်များဆီသို့ ရိုက်ချလိုက်၏။

"ဝုန်း၊ အား"

ချက်ချင်းဆိုသလိုပင်၊ အော်ဟစ်ညည်းညူသံများ ထွက်ပေါ်လာတော့သည်။ ထိုဧကရာဇ်နဂါးအစောင့်များက ကြိမ်လုံးများ၏ ရိုက်နှက်မှုအောက်တွင် အနည်းငယ်မျှ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံး ပစ်လဲသွားကြသည်။ အရေပြားများ ပေါက်ပြဲပြီး သွေးအလူးလူးနှင့် ကြောက်စရာဖြစ်သွားခဲ့ပေသည်။

"မင်း…"

မင်ကျစ်၏မျက်နှာက ဖြူဖျော့သွားပြီး ထပ်ခါထပ်ခါ ဆုတ်သွားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုးတွင်သာ ရှိ‌သေးပြီး ဧကရာဇ်နဂါးအစောင့်များထက် များစွာ အားကောင်းခြင်းမရှိပေ။ လုမင်က ဧကရာဇ်နဂါးအစောင့် ရှစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ သဘာဝအတိုင်း သူက တစ်ဖက်လူကို မယှဉ်ဝံ့တော့ပေ။

"ဟမ့်၊ ဒါဆို မင်းက ကမ္ပည်းသခင်ပေါ့"

ရှန့်ယန်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့ထံမှ အစွမ်းထက် အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

ရှဲ့ယန်က ဒုတိယအဆင့် ပါရမီရှင်တစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်သွားသည်မှာ ကြာခဲ့ပြီ။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းပြီး ရှဲ့ကျန်းထက် အဆပေါင်းများစွာ အားကောင်းသည်။

"ဒသမမင်းသား၊ ဒီကောင်က ရဲတင်းလွန်းတယ်။ သူဒီကို ရောက်လာတာက ငါ့အမြင်အရတော့ လုမင် စေလွှတ်လိုက်တာပဲ ဖြစ်ရမယ်။ ငါ သူ့ကို သတ်ခွင့်ပြုပါ"

ရှဲ့ယန်၏ နောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ လူငယ်တစ်ယောက် ထွက်လာပြီး ရှဲ့ယန်ရှေ့တွင် ရပ်လိုက်၏။

ဝူချန်ခုန်း။

ထျန်းဝူဓားဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် ဝူချန်ခုန်း။

"ဝူချန်ခုန်း လှုပ်ရှားတော့မှာပဲ။ ဒီကောင်တော့ သေမှာ သေချာတယ်"

"မကြာသေးခင် နှစ်တွေအတွင်းမှာ၊ ဝူချန်ခုန်းရဲ့ ကျင့်ကြံခြင်းက ပိုပိုပြီး ကြောက်စရာကောင်းလာခဲ့တယ်။ သူ လှုပ်ရှားမှတော့ ဒီကောင် သေရမှာ သေချာပါတယ်"

"ဒီကောင်က ငတုံးပဲ။ ဒီနေရာမှာ လှုပ်ရှားဝံ့တယ်။ သူ မသေမှပဲ ထူးခြားလိမ့်မယ်"

နေရာတွင် တစ်ယောက်တစ်ပေါက် ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။

လောလောဆယ်တွင်၊ ရှမ်းဟွမ်တိုက်ကြီးမှာ ဘီလူးကြီးအဆင့် ပါရမီရှင်များ မရှိတော့ပါ။ ဝူချန်ခုန်းက ဘီလူးကြီးများအောက်တွင် အသန်မာဆုံး ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ၏ လက်ရှိအခြေအနေက မင်ကျစ်ပြီးလျှင် ဒုတိယဖြစ်၍ သဘာဝအတိုင်း ထင်ပေါ်ကျော်ကြားနေတော့သည်။

"အစ်ကိုဝူ လှုပ်ရှားပြီဆိုမှတော့ ငါ စိတ်သက်သာရာရပါပြီ"

ရှဲ့ယန်က နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။

"ကောင်လေး၊ မင်း တိုက်ရိုက် လက်မြှောက်မလား ဒါမှမဟုတ် ငါလုပ်ရမလား"

ဝူချန်ခုန်း၏ မျက်လုံးမှ ဓားနှစ်လက်ကဲ့သို့ အလင်းတန်းနှစ်ခု ထွက်လာသည်။

"ဝူချန်ခုန်း၊ အရင်က လုမင်က မင်းကို ခွေးတစ်ကောင်လို အကြိမ်ကြိမ် ရိုက်ထုတ်ခဲ့တယ်။ ဒါကို ပုန်းအောင်းနေမဲ့အစား အပြင်ပြန်ထွက်လာပြီး ရိုင်းစိုင်းဝံ့တယ်ပေါ့။ နောက်တစ်ခါ အရိုက်ခံရမှာကို မကြောက်ဘူးလား"

လုမင်က နှုတ်ခမ်းမဲ့ပြီး လှောင်ပြောင်လိုက်သည်။

"ပါးစပ်ပိတ်ထား၊ မင်း သေချင်နေတာပဲ"

ဝူချန်ခုန်း ဒေါသထွက်သွား၏။

ထိုအချိန်က သူသည် လုမင်၏ ကြိမ်ဖန်များစွာ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ယင်းက သူ၏ ဆိုးရွားသောပြီး အရှက်ရစရာ သမိုင်းတစ်ခုပင်။ သူ့ရှေ့မှာ ထိုသို့ပြောခြင်းက သူ့ဒေါသကို လာဆွလိုက်ခြင်းပင်။

"မင်းရဲ့ ခြေလက်တွေကို ဖြတ်ပြီး ငါ မင်းကို သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားစေမယ်"

ဝူချန်ခုန်း ဓားကို ချက်ချင်းဆွဲထုတ်ပြီး ဟိန်းဟောက်လိုက်သည်။ လုမင်ဆီသို့ ဓားတစ်ချက် ထုတ်ဖော်လိုက်၏။

"ဘယ်လောက်တောင် အစွမ်းထက်ပါလိမ့်။ တတိယအဆင့် ဝိညာဉ်နတ်ဘုရား... သူက တတိယအဆင့် ဝိညာဉ်နတ်ဘုရား ဖြစ်နေပြီပဲ"

"ဝူချန်ခုန်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်ကို ရောက်သွားပြီ"

ဝူချန်ခုန်း၏ တိုက်ခိုက်မှုကြောင့် လူများ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။

တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်အထက် ပါရမီရှင်များမှလွဲ၍ မည်သူမျှ သူ့ကို မယှဉ်နိုင်တော့ပေ။

လုမင်ကတော့ သူတို့၏ နှလုံးသားထဲတွင် သေလူဖြစ်၍ ဖယ်ထားသည်။

နောက်ဆုံးတွင် လုမင်က အသက်မကြီးသေးဘဲ အလွန်ငယ်ရွယ်၍ မျိုးဆက်သစ်များနှင့် သက်ဆိုင်ပေသည်။

သို့သော်လည်း ဤလူငယ်ကိုတော့ သူ့ကို ယခင်က မမြင်ဖူးကြပေ။ သူက နာမည်မရှိသော အညတရဖြစ်ကြောင်း ထင်ရှားသည်။ အမည်မသိ လူငယ်တစ်ဦးက မည်မျှအားကောင်း၍ ဝူချန်ခုန်းကို တိုက်ခိုက်နိုင်မည်နည်း။

"ဝမ်"

လုမင်ရှေ့တွင် ကမ္ပည်းများ တစ်ဖန် ထွက်ပေါ်လာခဲ့သည်။ ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဤဝင်္ကပါက ဧကရာဇ်နဂါးအစောင့်များကို အနိုင်ယူခဲ့သော ဝင်္ကပါနှင့် အတူတူပင်။

ဒါဇင်ချီသာ ကြိမ်လုံးများ ပေါ်လာပြီး ဝူချန်ခုန်းဆီသို့ ရိုက်ချလိုက်ကြသည်။

"ရွှပ်"

ဓားအလင်းက ကြိမ်လုံးများကို ထက်ပိုင်းဖြတ်ခဲ့သည်။

ဓားအလင်းက မရပ်တန့်ဘဲ လုမင်ဆီသို့ ဆက်လက် ဝင်ရောက်လာခဲ့၏။

"ဝှစ်... ဝှစ်..."

လုမင်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ မြေပြင်ပေါ်တွင် ကမ္ပည်းစာများ ပေါ်လာပြီး နောက်ဝင်္ကပါတစ်ခု ပေါ်လာခဲ့သည်။ ယခင်ကကဲ့သို့ ကြိမ်လုံးတစ်ဒါဇင်ခန့် ထွက်ပေါ်လာခဲ့၏။

သို့သော်လည်း ဓားအလင်းက ကြိမ်လုံးများကို ထက်ပိုင်းဖြတ်သွားပြန်တော့သည်။

သို့ရာတွင် နောက်ဝင်္ကပါအသစ်က ချက်ချင်းပေါ်လာပြီး ကြိမ်လုံးများကို ဖွဲ့စည်းလိုက်သည်။

"ဟားဟားဟား၊ သူက ဝူချန်ခုန်းကို ရင်ဆိုင်ရအောင် ဒီပုံစံတစ်မျိုးတည်း သုံးနေတုန်းပဲ။ တကယ် သေချင်နေတာပါကွာ"

"သူ့မှာ ဒါပဲရှိတာလား မသိဘူး။ ဒါနဲ့များ မာနကြီးနေသေးတယ်။ သူ့အတွက် ဘာကကောင်းမှန်း တကယ်မသိဘူး"

တချို့က လှောင်ပြောင်လိုက်ကြသည်။

"ရွှပ်..."

‌ဓားအလင်းက ကြိမ်လုံးများကို တစ်ဝက်စီ ပိုင်းဖြတ်ပစ်လိုက်သည်။

"ဒါကိုအဆုံးသတ်ရအောင်"

ဝူချန်ခုန်းက ဟိန်းဟောက်ပြီး ဓားကို လွှဲခုတ်လိုက်သည်။ ဓားအလင်းတန်းများ တောက်ပလာပြီး လုမင်ဆီသို့ ခုတ်ပိုင်းလာခဲ့၏။

ဓားအလင်းတိုင်းက အလွန်အစွမ်းထက်သည်။

'ဒီကောင်တော့ သေပြီ'

ဤအတွေးက လူတိုင်း၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။

သို့သော်လည်း လုမင်က ဓားအလင်းကို မမြင်ရသလို ငြိမ်သက်နေခဲ့သည်။ သူက ရှေ့သို့ ခြေတစ်လှမ်း ထပ်မံတိုးလိုက်၏။

ဤတစ်ကြိမ်တွင် ဝင်္ကပါ တစ်ဒါဇင်ကျော်က မြေပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ အားလုံးသည် ပထမဝင်္ကပါနှင့် အတိအကျတူနေပုံရ၏။ သူတို့အားလုံးမှာ ကြိမ်လုံးများ ရှိနေကြသည်။

စုစုပေါင်း၊ ရာနှင့်ချီသော ကြိမ်လုံးများက ဝူချန်ခုန်းဆီသို့ ဦးတည်သွားတော့သည်။

"အများကြီးရှိရင်တောင် ဘာဖြစ်လဲ၊ ချိုးဖြတ်စမ်း"

ဝူချန်ခုန်း အော်ဟစ်လိုက်သည်။ သူ့ဓားအလင်းများက ပို အားကောင်းလာခဲ့၏။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

မူလက ထိုကြိမ်လုံးရှည်များက သူ့မျက်လုံးထဲတွင် ညှိုးနွမ်းနေသော သစ်ကိုင်းများနှင့် မခြားပေ။ သူ့ဓားနှင့် တစ်ချက်ခုတ်လိုက်ရုံဖြင့် အလွယ်တကူ ပြတ်တောက်သွားနိုင်သည်။ သို့သော် ဤတစ်ကြိမ်တွင်၊ ကြိမ်လုံးရှည်များ ကျရောက်လာသောအခါ၊ သံသံချင်း ထိခတ်သံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး မီးပွားများ နေရာအနှံ့ ပျံ့လွင့်သွားသည်။ သို့သော် ထိုကြိမ်လုံးများက လုံးဝပျက်စီးခြင်းမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူထုတ်လွှတ်လိုက်သော ဓားအလင်းများက ကြိမ်လုံးများနှင့် တွေ့ဆုံပြီးနောက် ကွဲကြေသွားကြသည်။

"ချိုးဖြတ်စမ်း"

ဝူချန်ခုန်း၏ အမူအရာ ပြောင်းသွားသည်။ သူက အစွမ်းကုန်ထုတ်ပြီး ဓားချက် ထုတ်ဖော်လိုက်၏။

"ထန်...ထန်...ထန်"

သို့သော်၊ သူ၏ ဓားအလင်းများက ကြိမ်လုံးများကို မထိခိုက်စေပေ။ ကြိမ်လုံးများ ကျဆင်းလာသည်နှင့်အမျှ သူ့ဓားအလင်းများ ကွဲကြေသွားရသည်။

"ဒါ ဘယ်လိုဖြစ်တာလဲ"

ဝူချန်ခုန်း ထိတ်လန့်သွားတော့သည်။

All Chapters