← Chapters

အခန်း ၁၃၃၃

Vol. 89 Ch. 1333

အခန်း ၁၃၃၃

Vol. 89 Ch. 1333

အပိုင်း ( 1333 ) ငရဲကိုးခုနတ်ဆိုးနယ်မြေသို့ ဒုတိယတစ်ခေါက်။

လုမင်က ရှဲ့ကျန်း၏ နဖူးကို လက်ညိုးညွှန်လိုက်ရာ

ကမ္ပည်းတစ်ခု ပေါ်လာခဲ့သည်။ ရှဲ့ကျန်းလည်း သတိမေ့သလို မိန်းမောသွား၏။

လုမင်က ရှဲ့ကျန်း၏ စိတ်ဝိညာဉ်ကိုရှာဖွေရန် အစွမ်းထက်သောနည်းလမ်းကို အသုံးပြုခဲ့သည်။

ကမ္ပည်းသခင်များသည် သိုင်းတာအိုကျွမ်းကျင်သူများထက် ပို၍ထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းအချို့ ရှိသည်။

ဤစိတ်ဝိညာဉ်ရှာဖွေခြင်းနည်းပညာကို ရွှမ်ထျန်းသူတော်စင်ထံမှ ရယူခဲ့ခြင်း ဖြစ်ချေသည်။ လုမင်က သူ့ထံမှ အဓိပဓိကျိုးယန်၊ ပိုင်ရှီကျင်းနှင့် အခြားသူများ၏ တည်နေရာကို ရှာဖွေလိုခဲ့သည်။

"ရပ်လိုက်စမ်း၊ ခွေးကောင်"

"သတ်"

ဒေါသတကြီး အော်သံများနှင့် လူရိပ်တချို့ လေထဲကို ပျံတက်လာခဲ့သည်။ သူတို့စကားဆုံးသည်နှင့် တပြိုင်နက် လုမင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတချို့ ထွက်ပေါ်လာတော့သည်။

ရှဲ့မိသားစုမှ ကျွမ်းကျင်သူများ ရောက်လာပြီ ဖြစ်သည်။ ဤလူများ အားလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်တွင် ရှိကြ၏။

လုမင်က လုံးဝ မလှုပ်ရှားပေ။ သို့ရာတွင် ကြီးမားသော ဝင်္ကပါတစ်ခု ကောင်းကင်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ကြီးမားသော ဝင်္ကပါက တောက်ပနေပြီး ဓားအနည်းငယ်အဖြစ် ဖွဲ့စည်းလိုက်၏။ ထိုသတ္တမအဆင့် ဝိညာဉ်နတ်ဘုရား အားလုံး လေထဲမှာပင် သတ်ဖြတ်ခံခဲ့ရတော့သည်။

"သန်မာလွန်းတယ်"

အရက်မူးအင်မော်တယ်ဝိုင်းအတွင်းမှ ပါရမီရှင် လူငယ်အားလုံး နှလုံးသားများ တုန်လှုပ်သွားကြသည်။ လုမင်က အလွန်သန်မာသည်။ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားများကို သတ်ဖြတ်ခြင်းက သူ့အတွက် ဟင်းသီးဟင်းရွက်များကို ခုတ်ထစ်ခြင်းကဲ့သို့ပင်။

"ဒီလူက မျိုးဆက်သစ် တစ်ယောက် မဖြစ်နိုင်တော့ဘူး။ သူက ရုပ်ဖျက်ထားတဲ့ မျိုးဆက်ဟောင်းထဲက တစ်ယောက်ပဲ"

တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။

လုမင်မှလွဲ၍ ဤမျှအစွမ်းထက်သော မျိုးဆက်သစ်လူငယ်များထဲတွင် ဒုတိယလူကို သူတို့ မတွေးနိုင်ခဲ့ကြပေ။

သို့သော်လည်း ဤလူငယ်က ကမ္ပည်းသခင်ဖြစ်သည်မှာ သိသာထင်ရှားသည်။ သူက လုမင် မဖြစ်သင့်ပေ။

ထို့ကြောင့်ပင် ဤလူငယ်က မျိုးဆက်ဟောင်းမှ တစ်စုံတစ်ယောက်ဖြစ်သင့်သည်ဟု လူအများက ခန့်မှန်းမိခဲ့ခြင်း ဖြစ်သည်။

"မဟုတ်သေးဘူး"

ထိုအချိန်တွင် လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ရှဲ့ကျန်းက အဓိပဓိကျိုးယန်နှင့် အခြားသူများ၏ နေရာကို လုံးဝမသိပေ။

'ရှဲ့ကျန်းရဲ့ ကျင့်ကြံခြင်းအခြေခံက နိမ့်ပါးလွန်းတော့ ဒီအကြောင်းကို သိခွင့်မရှိဘူး'

လုမင်က တွေးတောပြီး ရှဲ့ယန်ကို ကြည့်လိုက်သည်။

ရှဲ့ယန်က ဒုတိယတန်းစား ပါရမီရှင် ဖြစ်သည်။ ရှဲ့နျန်ကျွင်းမှလွဲ၍ ရှဲ့မိသားစု၏ မျိုးဆက်သစ်လူငယ်များတွင် သူက အသန်မာဆုံး ဖြစ်၏။ ထို့ကြောင့်ပင် သူက တစ်ခုခုသိနိုင်သည်။

လုမင်မှ သူ့ကို စိုက်ကြည့်လာသည်ကို မြင်ရသောအခါ ရှဲ့ယန် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ တုံ့ဆိုင်းမနေတော့ဘဲ ထွက်ပြေးရန်စိတ်ကူးကာ ကောင်းကင်သို့ ပျံတက်သွား၏။

သို့သော်လည်း လုမင်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ရှဲ့ယန်၏ အပေါ်မှာ ထူထပ်သော ကမ္ပည်းစာများ ရုတ်တရက် ပေါ်လာတော့သည်။ ကမ္ပည်းဝင်္ကပါကြီးတစ်ခု ပေါ်လာပြီးနောက် သံကြိုးများက ရှဲ့ယန်ကို မလှုပ်သာအောင် ရစ်ပတ်လိုက်ကြသည်။

ရှဲ့ယန်၏ ကျင့်ကြံခြင်း‌အခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်တွင်ရှိသော်လည်း၊ သူ မည်မျှပင်ကြိုးစားနေစေကာမူ သံကြိုးများကို လုံးဝ မထိခိုက်စေနိုင်ပေ။

လုမင်က ရှဲ့ကျန်းကို လွှတ်ပေးလိုက်ပြီး ရှဲ့ယန်ဆီသို့ လျှောက်သွားလိုက်သည်။

ရှဲ့ကျန်း၏ မျက်လုံးများကတော့ အသိစိတ်ကင်းမဲ့သူပမာ အာရုံစူးစိုက်မှု မရှိတော့ပေ။

ဟုတ်သည်၊ ရှဲ့ကျန်း ရူးသွပ်သွားခဲ့ပြီ။

ယခုလေးတင် လုမင်က လိုချင်သောအရာကို ရှာဖွေရန် တိုက်ရိုက်ဆန်ပြီး အကြမ်းဆုံးနှင့် အရိုင်းစိုင်းဆုံး နည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ရှဲ့ကျန်း၏ စိတ်ဝိညာဉ်က ဖျောက်ဖျက်မရနိုင်သော ဒဏ်ရာကို ခံစားခဲ့ရပေသည်။ သူ့အသိစိတ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ကယ်ပါ၊ ငါ့ကို ကယ်ကြပါဦး"

လုမင်က သူ့ဆီသို့ လျှောက်လာနေတာကို မြင်ရသောအခါ ရှဲ့ယန် ကြောက်လန့်တကြား အော်လိုက်သည်။

"မင်း သေချင်နေပြီပဲ"

"သူတော်စင်မြို့တော်မှာ မောက်မာဝံ့တယ်၊ မင်းမိသားစုရဲ့ မျိုးဆက်ကိုးခုအထိ သုတ်သင်ခံရမယ်"

ခပ်လှမ်းလှမ်းမှ ကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ရှဲ့မိသားစု၏ ကျွမ်းကျင်သူများ ထပ်မံရောက်ရှိလာကြပြီ။

"ဝှစ်... ဝှစ်"

အနည်းဆုံး ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်က လှုပ်ရှားလာခဲ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများစွာ ထွက်ပေါ်လာသည်။ အားအနည်းဆုံးသည်ပင် ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုးတွင်ရှိ၏။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပင် ရှိသေးသည်။ အသန်မာဆုံးဆိုပါက အံ့အားသင့်စရာကောင်းလောက်အောင် အဓိပဓိနယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။

တခဏချင်းမှာပင်၊ အရက်မူးအင်မော်တယ်ဝိုင်းအထက် ကောင်းကင်မှာ ကျွမ်းကျင်သူ တစ်ဒါဇင်ခန့် ပေါ်လာပြီး လုမင်ကို တိုက်ခိုက်ကြတော့သည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ထူထပ်သော ကမ္ပည်းများက ကောင်းကင်မှာ တစ်ဖန် ပေါ်လာခဲ့သည်။ကမ္ပည်းများတွင် ကိုယ်ပိုင်အသက်ရှိပုံရပြီး မြောက်မြားစွာသော ဝင်္ကပါကြီးများအဖြစ် ပေါင်းစပ်သွား၏။

"ဝှစ်... ဝှစ်"

ဝင်္ကပါက တောက်ပသွားပြီး ထူထဲသောသံကြိုးများနှင့် ထိုကျွမ်းကျင်သူများ၏ ပတ်လည်တွင် ရစ်ပတ်လာတော့သည်။

နောက်တော့ လုမင်က သူတို့ကို မကြည့်တော့ပါ။ သူက ရှဲ့ယန်ရှေ့မှာ တိုက်ရိုက်ပေါ်လာပြီး ရှဲ့ယန်၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးညွှန်လိုက်သည်။

စိတ်ဝိညာဉ်ရှာဖွေခြင်း။

"ဝုန်း... ဝုန်း"

ကောင်းကင်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ဒါဇင်ချီသာ ကျွမ်းကျင်သူများက ပူးပေါင်းခဲ့သော်လည်း သံကြိုးများကို မဖြတ်ကျော်နိုင်ခဲ့ပေ။

အသက်ရှူချိန် တစ်ဒါဇင်ခန့်ကြာပြီးနောက် လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။

သူတွေ့ပြီ၊ အဓိပဓိကျိုးယန်နှင့် အခြားသူများ၏ နေရာများကို သူတွေ့ရှိခဲ့ပြီ ဖြစ်သည်။

ရှဲ့ယန်၏ မှတ်ဉာဏ်တွင် အဓိပဓိကျိုးယန်နှင့် အခြာသူများက ငရဲကိုးခု နတ်ဆိုးနယ်မြေတွင် အကျဉ်းချခံခဲ့ရသည်။

ငရဲကိုးခု နတ်ဆိုးနယ်မြေပဲ ဖြစ်ပြန်ပြီ။

ထိုအချိန်က ရှဲ့နျန်ချင်းကို ငရဲကိုးခု နတ်ဆိုးနယ်မြေတွင် အကျဉ်းချထားကာ ရှဲ့လွမ်ကိုလည်း ထိုနေရာမှ ကယ်တင်ခဲ့ရသည်။

"ကြည့်ရတာ ငရဲကိုးခု နတ်ဆိုးနယ်မြေကို ထပ်ပြီး ခရီးထွက်ရပုံပဲ"

လုမင်က ရေရွတ်ပြီး သူ့လက်ကို ပြန်ရုတ်လိုက်သည်။ ရှဲ့ယန်လည်း မြေပေါ်တွင် ပုံလျက်သားပစ်လဲကာ အော်ညည်းလိုက်၏။ သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲစိုသွားသည်။

သူက ရှဲ့ယန်ကို ရှဲ့ကျန်းကဲ့သို့ အရူးတစ်ယောက်အဖြစ် မပြောင်းလဲခဲ့ပေ။ သူ၏ ကျင့်ကြံခြင်းထက် များစွာ အားကောင်းသည်။ သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိခဲ့၍ သူ၏ဝိညာဉ်ကလည်း တည်ငြိမ်မှုရှိပေသည်။ ထို့ကြောင့်ပင် သူ၏ စိတ်ဝိညာဥ်က များစွာ မထိခိုက်ခဲ့ပေ။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကမ္ပည်းစာများက သူ့လက်ပေါ်တွင် လင်းလက်သွားပြီး ဓားအလင်းများ ထွက်ပေါ်လာခဲ့၏။

"ရွှပ်..."

လေထဲမှ ကျွမ်းကျင်သူများမှာ မလွတ်မြောက်မီ အော်ဟစ်ရန် အချိန်ပင်မရှိခဲ့ပေ။

"ဟားဟားဟား၊ သွားပြီ"

လုမင်က ရယ်ပြီး ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ရုပ်သွင်က သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

အရက်မူးအင်မော်တယ်ဝိုင်းတွင် လူငယ် ပါရမီရှင် အများအပြား တစ်ယောက်ကို တစ်ယောက် ကြောင်တက်တက်ဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့၏ မျက်လုံးများမှာလည်း ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်နေသေးသည်။

သူက အလွန်သန်မာသည်။ တစ်ဖက်လူများ၏ ကျင့်ကြံခြင်းက မည်မျှ သန်မာပါစေ၊ တစ်ချက်တည်းနှင့် အသတ်ခံခဲ့ရသေးသည်။ အဓိပတိများအတွက်ပင် အတူတူ ဖြစ်သည်။

စကားလုံးတစ်လုံးက လူတိုင်း၏စိတ်ထဲမှာ ပေါ်လာခဲ့၏။

အုပ်ချုပ်သူ။

လုမင်က ရုပ်ဖျက်ထားသော သိုင်းအုပ်ချုပ်သူဖြစ်နိုင်သည်။

သိုင်းအုပ်ချုပ်သူတစ်ပါးက သူတော်စင်မြို့တော်သို့ ခိုးဝင်ခဲ့ပေသည်။

"ဝုန်း... ဝုန်း"

သူတော်စင်မြို့တော်၏ နက်နဲရာအရပ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ကောင်းကင်သို့ ပျံတက်လာခဲ့သည်။ အရက်မူးအင်မော်တယ်ဝိုင်းအထက်ကောင်းကင်တွင် ပုံရိပ်အချို့ ပေါ်လာခဲ့၏။ ကြီးမားသောဖိအားကြောင့် လူငယ်များအားလုံး ဒူးထောက်ကျလုနီးပါး တုန်လှုပ်သွားတော့သည်။

သိုင်းအုပ်ချုပ်သူများ၊ နောက်ပိုင်းပေါ်လာသော လူအားလုံးက သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။

သိုင်းအုပ်ချုပ်သူများက လုမင်ကိုရှာဖွေရန် ဝိညာဉ်အသိများကို ဖြန့်ကျက်လိုက်ကြသည်။ သို့သော်၊ လုမင်၏ အရိပ်အယောင်ကိုမျှ မမြင်ရတော့ပေ။

"တစ်မြို့လုံးကို ရှာကြ။ သံသယဖြစ်စရာ ဘယ်သူ့ကိုမှ မသွားစေနဲ့"

သိုင်းအုပ်ချုပ်သူတစ်ဦးက အမိန့်ပေးခဲ့သည်။

ကံမကောင်းစွာဖြင့်၊ နေ့ဝက်ကျော်သွားခဲ့သည့်တိုင် လုမင်အကြောင်းကို သတင်းမရသေးပေ။

အရက်မူးအင်မော်တယ်ဝိုင်းတွင် ဖြစ်ပျက်သမျှ အရာအားလုံးက သူတော်စင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အကျွမ်းတဝင်မရှိသော လူငယ်လေးက ဝူချန်ခုန်းကို ပထမဆုံး ဖျက်သိမ်းပြီးနောက် မင်ကျစ်ကို ဆက်လက် သတ်လိုက်သည်။ ပို‌၍ ကြောက်စရာကောင်းသည်က အဓိပတိများပင်လျှင် သူ့လက်ထဲမှာ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိကြခြင်းပင်။

တော်ဝင်မိသားစုမှ ရှဲ့ကျန်းလည်း ထိုလူငယ်ကြောင့် သူရူးဖြစ်လာခဲ့ရသည်။

ထိုသတင်း ပြန့်နှံ့လာသောအခါ သူတော်စင်မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

မြောက်ပိုင်းလွင်ပြင်များ သို့မဟုတ် ကောင်းကင်နတ်ဘုရားတပ်မဟာမှ လူများ အကွက်ရွှေ့လာပြီဖြစ်ကြောင်း လူများစွာတို့ သိကြ၏။

လူတိုင်းက ထိုလူငယ်ဟာ ဘယ်သူဘယ်ဝါဖြစ်မှန်း မှန်းဆနေခဲ့ကြသည်။

လုမင်ကတော့ အဓိပဓိကျိုးယန်နှင့် အခြားသူများကို ကယ်တင်ရန် သူတော်စင်မြို့ထဲသို့ ခိုးဝင်ရန် ဖြစ်နိုင်ချေများသောကြောင့် အချို့က လုမင်ဖြစ်သည်ဟု ခန့်မှန်းကြသည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပဲ တစ်စုံတစ်ယောက်က ငြင်းခဲ့၏။ ထိုလူက ကမ္ပည်းတာအိုကို လေ့ကျင့်ထားသောကြောင့် လုမင် မဖြစ်သင့်ပေ။

"ထျန်းကျိလျှို့ဝှက်ရတနာကို အသက်သွင်းလိုက်"

နောက်ဆုံးတွင် ရှဲ့မိသားစု၏ အထက်ပုဂ္ဂိုလ်များက အမိန့်ပေးခဲ့သည်။

ရှဲ့မိသားစုက ထျန်းကျိလျှို့ဝှက်ရတနာကို အသက်သွင်းခဲ့၏။ သူတို့၏ပစ်မှတ်မှာ လုမင် ဖြစ်သည်။

နောက်ဆုံးတွင်၊ ရတနာကို အသက်သွင်းလိုက်သောအခါ လုမင်က သူတော်စင်မြို့တော်၌မဟုတ်ဘဲ မြောက်ပိုင်းလွင်ပြင်၌ ရှိနေကြောင်း တွေ့ရှိခဲ့ရလေသည်။

မြောက်ပိုင်းလွင်ပြင်မှ သားရဲတစ်ရာမျိုးနွယ်၏ လျှို့ဝှက်ခန်းတစ်ခုတွင်...

လုမင်၏ မူလခန္ဓာအပေါ်တွင် ထျန်းကျိလျှို့ဝှက်ရတနာ၏ စက်ဝိုင်းတစ်ခု ပေါ်လာခဲ့သည်။

"ထျန်းကျိရတနာမှာလည်း အားနည်းချက်တစ်ခုရှိပုံရတယ်။ အဲဒါက ငါ့ရဲ့ မူလခန္ဓာကို ရှာတွေ့နိုင်ပေမဲ့ ဒုတိယခန္ဓာကိုတော့ မတွေ့နိုင်ဘူး"

မူလခန္ဓာ လုမင်က ကျင့်ကြံခြင်းကို အဆုံးသတ်ကာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်သည်။

"ပိတ်လှောင်"

ထို့နောက် လုမင်က ခပ်တိုးတိုး အော်လိုက်သည်။ သူ့ဦးခေါင်းထက်တွင် အလုံပိတ်တံခါးလေးပေါက် ပေါ်လာခဲ့၏။ ယင်းက ထျန်းကျိလျှို့ဝှက်ရတနာ၏ အလင်းစက်ဝိုင်းကို ချိတ်ပိလိုက်ရာ အလင်းများ ပြန်လည်ပျောက်ကွယ်သွားတော့သည်။

All Chapters