← Chapters

အခန်း ၁၃၃၄

Vol. 89 Ch. 1334

အခန်း ၁၃၃၄

Vol. 89 Ch. 1334

အပိုင်း ( 1334 ) နဝမနဂါးဒယ်စောက်အိုးများ ထပ်မံ လှုပ်ရှားခြင်း။

ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ လူများက လုမင်ကို ရှာဖွေနေ‌ချိန်တွင် ဒုတိယခန္ဓာ လုမင်က သူ့ပုံစံကို ပြောင်းလဲပြီးနေပြီ ဖြစ်သည်။ သူ့အရှိန်အဝါများပင် ပြောင်းလဲသွား၏။ ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက လုမင်ကို လုံးဝ ရှာမတွေ့ခဲ့ပေ။

ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ ဝင်ပေါက်နှင့် မနီးမဝေးတွင် အသားမည်းမည်း လူငယ်တစ်ဦး ရောက်လာခဲ့သည်။

အသားမည်းမည်း လူငယ်လေးက လုမင် ဖြစ်ချေသည်။

'လုံခြုံရေးက ပိုတင်းကျပ်တာပဲ'

လုမင်က အဝေးမှ လှမ်းကြည့်လိုက်သည်။

ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ ဝင်ပေါက်က ယခင်ကထက် ပို၍ တင်းကျပ်လာသည်။ ကမ္ပည်းဝင်္ကပါများကို ပို၍ တည်ဆောက်ထားသည့်အပြင် ကျွမ်းကျင်သူ အစောင့်အရှောက်များလည်း ရှိခဲ့၏။

လုမင်က ဂရုတစိုက် အာရုံခံကြည့်သောအခါ အဓိပဓိ အရှိန်အဝါများကိုပင် ခံစားလိုက်ရသည်။

"အခုနေ ငါဝင်လိုက်ရင် ရန်သူကို သတိပေးမိသွားနိုင်တယ်။ အဲဒီအချိန်မှာ ရှဲ့မိသားစုနဲ့ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက အစွမ်းကုန်သုံးပြီး အတွင်းထဲကို ပိတ်ဆို့ကြမှာပဲ။‌ နောက်ဆုံး အဓိပဓိကျိုးယန်နဲ့ တခြားသူတွေကို ကယ်တင်နိုင်မှာ မဟုတ်တဲ့အပြင် ငါလည်း အန္တရာယ်ရှိလိမ့်မယ်"

လုမင်လည်း တန်ပြန်အစီအစဉ်ကို စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။

"မဟာမိတ်ဖွဲ့တဲ့နေ့မှာ၊ သူတို့က အဓိပဓိကျိုးယန်နဲ့ တခြားသူတွေကို ခေါ်ထုတ်ဖို့ လူတွေကို သေချာပေါက် စေလွှတ်လိမ့်မယ်။ အဲဒါက အကောင်းဆုံးအချိန်ပဲ"

အတန်ကြာစဉ်းစားပြီးနောက် လုမင် အကြံတစ်ခု ရလာခဲ့၏။ သူ့ရုပ်သွင်က လှုပ်ရှားသွားပြီး ဤနေရာမှ ထွက်ခွာသွားတော့သည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်း မဟာမိတ်ဖွဲ့သည့်နေသို့ ရောက်လာခဲ့ကြပြီ။

သူတော်စင်မြို့တော်က မကြုံစဖူး အသက်ဝင်လာခဲ့သည်။ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ ကျွမ်းကျင်သူများလည်း သူတော်စင်မြို့တော်တွင် စုရုံးခဲ့ကြ၏။

အရှေ့ပိုင်းကန္တာရတွင်၊ နဝမနဂါးမြို့တော်အပြင်ဘက်မှ လေဟာပြင်က ရုတ်တရက် ပွင့်ထွက်သွားပြီး ရုပ်ပုံတစ်ခု ထွက်လာတော့သည်။

လုမင် ဖြစ်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် နဝမနဂါးမြို့တော်သို့ လုမင် တစ်ဖန်ပြန်ရောက်လာခဲ့ပြီ။

"ဝှစ်"

လုမင်၏ ရုပ်သွင်က တစ်ဖန် ပျောက်ကွယ်သွားခဲ့သည်။ နောက်အခိုက်တွင် နဝမနဂါးမြို့မှာ သူ ပြန်ပေါ်လာခဲ့၏။

နဝမနဂါးမြို့၏ အတားအဆီးများက လုမင်အတွက် အဓိပ္ပါယ်မရှိပေ။

လုမင်က လေထဲသို့ ခြေလှမ်းလိုက်သည်။ နဝမနဂါးမြို့တော်၏ အဆုံးမဲ့ တောင်များနှင့် မြစ်များက သူ့ခြေဖဝါးအောက်တွင် တဖျပ်ဖျပ် ရွေ့လျားသွား၏။ မကြာမီ၊ လုမင်က နဝမနဂါးမြို့တော်၏ နက်နဲရာအရပ်မှ နဂါးသွေးကြောတစ်ခု၏ နဂါးဦးခေါင်းမှာ ပေါ်လာတော့သည်။

"နဝမနဂါးဒယ်စောက်အိုး"

လုမင်က တောင်တစ်လုံးကဲ့သို့ မြင့်မားသော နဝမနဂါး ဒယ်စောက်အိုးကြီးကို ကြည့်လိုက်သည်။

ဤခရီးစဉ်အတွက် သူ၏ရည်မှန်းချက်မှာ နဝမနဂါး ဒယ်စောက်အိုး ဖြစ်သည်။

နဝမနဂါးဒယ်စောက်အိုးက ဤတိုက်ပွဲတွင် သေချာပေါက် အဆုံးအဖြတ်အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်။

"ဂါး"

နဝမနဂါးသွေးမျိုးဆက် ထွက်ပေါ်လာပြီး ကောင်းကင်သို့မော့ကာ ဟိန်းဟောက်လိုက်သည်။

"ဝမ်"

နဝမနဂါး သွေးမျိုးဆက် ပေါ်လာသည်နှင့် တပြိုင်နက် နဝမနဂါးဒယ်စောက်အိုးက တုန်လှုပ်သွား၏။ အားကြီးသော တုန်ခါမှုတစ်ခုက မိုင်ပေါင်း ရာနှင့်ချီကာ ပျံ့နှံ့သွားတော့သည်။

"နဝမနဂါးဒယ်စောက်အိုးကြီး လှုပ်ရှားနေပြီဟေ့"

"ဘာတွေဖြစ်နေတာလဲ။ ရှေးကတည်းက မလှုပ်မရှားတဲ့ နဝမနဂါး ဒယ်စောက်အိုးက ဘာဖြစ်လို့ လှုပ်ရှားနေတာလဲ"

နဝမနဂါး ဒယ်စောက်အိုး၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုက အနီးနားရှိ လူများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ပုံရိပ်များစွာက လေထုကိုဖြတ်ပြီး အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံသန်းသွားကြသည်။

"အဲဒါဘာလဲ၊ နဂါးကြီးလား"

"ဟင်၊ အဲဒါ နဝမနဂါးပဲ။ လုမင်... အဲဒါက လုမင်"

"ဘာ၊ လုမင်က ဒီကို လာဝံ့တာလား"

နဝမနဂါးကို တွေ့လိုက်ရပြီးနောက် လူအများ တုန်လှုပ်သွားကြသည်။

နဝမနဂါးမြို့မှ တိုက်ပွဲကြီးကို တွေ့ကြုံဖူးသူအချို့က လုမင်၏ နဝမနဂါးနှင့် အလွန်ရင်းနှီးသည်။ သူတို့က တစ်ချက်ကြည့်လိုက်ရုံဖြင့် နဝမနဂါးကိုမှတ်မိကာ ထိတ်လန့်တကြား အော်ဟစ်ကြ‌တော့သည်။

"ထလော့"

လုမင်ကတော့ ထိုလူများကို အာရုံစိုက်ရန် ပျင်းလွန်းသည်။ သူက နဝမနဂါးကို ထိန်းချုပ်ကာ နဝမနဂါးဒယ်စောက်အိုးနှင့် ပဲ့တင်ထပ်ရန် အာရုံစိုက်ခဲ့သည်။

"ဝုန်း... ဝမ်"

နဝမနဂါး ဒယ်စောက်အိုးက ပို၍ ပို၍ ပြင်းထန်စွာ တုန်ခါသွားသည်။ နောက်ဆုံးတွင်၊ ၎င်းက မြေပြင်မှထပြီး လုမင်၏ခေါင်းထက်သို့ ပျံသန်းကာ လွင့်မျောလာတော့သည်။

"နဝမနဂါး ဒယ်စောက်အိုး၊ ဒီကိုလာလော့"

လုမင်က အော်လိုက်သည်။ နမမနဂါး ရစ်ပတ်ထားသော နဝမနဂါး ဒယ်စောက်အိုးက လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။

"ဝုန်း"

နောက်ထပ် နဂါးသွေးကြောက ပြင်းထန်စွာ တုန်ခါသွား၏။ ဒုတိယမြောက် နဝမနဂါး ဒယ်စောက်အိုးကြီးက လေထဲတွင် ရွေ့လျားကာ လုမင်ဆီသို့ ပျံသန်းလာပြန်တော့သည်။

ထို့နောက် တတိယမြောက် နဝမနဂါးဒယ်စောက်အိုးကြီးလည်း လှုပ်ရှားလာခဲ့သည်။

"ဝှစ်... ဝှစ်..."

နဝမနဂါးဒယ်စောက်အိုးကြီးများက လေထဲသို့ ဖောက်ဝင်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ နဝမနဂါး ဒယ်စောက်အိုးသုံးလုံးက လုမင်၏ ဦးခေါင်းထက်မှာ လွင့်မျောနေကြပြီ။

"လုမင်၊ မင်း ဘယ်လိုတောင် လုပ်ဝံ့တာလဲ"

"နဝမနဂါးဒယ်စောက်အိုးကို ပြန်ချလိုက်စမ်း"

ဟိန်းဟောက်သံအချို့ အဝေးမှ ထွက်ပေါ်လာခဲ့သည်။ လူရိပ်တချို့က လေထဲသို့ ပျံတက်လာကြ၏။

သူတို့က အလွန်လျင်မြန်သည်။ စကားသံဆုံးသည်နှင့် တပြိုင်နက်၊ သူတို့က နဂါးသွေးကြောထက်တွင် ပေါ်လာခဲ့ကြပြီ။

"တုန်ဖန့်မိသားစုရဲ့ ဘိုးဘေး၊။ ခုန်းမိသားစုရဲ့ ဘိုးဘေး..."

လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

သူတို့က အဓိပဓိများ ဖြစ်၏။ တချို့က လုမင်၏ အသိအကျွမ်းဟောင်းများဖြစ်သော အခြား ရှေးဟောင်းမိသားစုခြောက်ခု၏ ဘိုးဘေးများ ဖြစ်သည်။

လုမင်က သူတို့ကို လျစ်လျူရှုကာ နဝမနဂါးသွေးမျိုးဆက်ကို ထိန်းချုပ်၍ နဝမနဂါး ဒယ်စောက်အိုးများအား ဆက်လက် ခေါ်ဆောင်လိုက်သည်။

လုမင်၏ လျစ်လျူရှုခံရခြင်းကြောင့် အဓိပတိများ၏မျက်နှာများ အကြည့်ရဆိုးသွားကြလေသည်။

"အတူတူတိုက်ခိုက်ကြစို့"

အဓိပတိများ အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ် သဘောတူညီခဲ့ကြသည်။

"ဝုန်း... ဝုန်း..."

တောက်ပသော အလင်းတန်းတချို့ ထွက်ပေါ်လာပြီးနောက် လုမင်ဆီသို့ ပစ်လွှတ်လိုက်၏။

အလင်းတန်းများက လှပသော်လည်း သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေတော့သည်။

"ထွက်သွား"

လုမင်၏ မျက်လုံးများက အေးစက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ဒုန်း"

ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ဟင်းလင်းပြင်ကို ချေမှုန်းလိုက်ပြီး ထိုအဓိပဓိများဆီသို့ တိုးဝင်သွား၏။

အဓိပတိများ၏ တိုက်ခိုက်မှုများက ဤအင်အားရှေ့တွင် တို့ဟူးကဲ့သို့ အားနည်းခဲ့ကြသည်။

အဓိပဓိနှစ်ဦးမှာ ပေါက်ကွဲပြီး တစ်ခါတည်း သေဆုံးသွားသည်။

ရှေးဟောင်းမိသားစုသုံးစုထဲမှ ဘိုး‌ဘေးများကတော့ မိုင်တစ်ထောင်ခန့် လွင့်စဉ်ပြီး တောင်များကို ဖောက်ထွက်သွား၏။ သူတို့၏ ပါးစပ်မှ သွေးများ အန်ထွက်ကာ အရှိန်အဝါများ အားနည်းသွားတော့သည်။

အဓိပတိနှစ်ဦး သေဆုံးပြီး ကျန်သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ထိုကဲ့သို့သော တိုက်ခိုက်နိုင်စွမ်းမျိုးက တုန်လှုပ်ချောက်ချားစရာပင်။ အဝေးမှ ကြည့်နေသူများလည်း တိတ်ဆိတ်နေခဲ့ကြသည်။ မည်သူမျှ စကား မပြောဝံ့တော့ပါ။

ယနေ့တွင်‌ ကောင်းကင် ဧကရာဇ် ဘုရားကျောင်းမှ ကျွမ်းကျင်သူများ အားလုံး သူတော်စင်မြို့တော်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။ သိုင်းအုပ်ချုပ်သူတစ်ဦးမှ မကျန်ရစ်ခဲ့၍ လုမင်ကို တားဆီးနိုင်သူ မရှိတော့ပေ။

"ဒါက လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းပဲလား"

လူအုပ်ထဲတွင် ထူးချွန်ထက်မြက်သော လူငယ်တချို့ ရှိခဲ့သည်။ သူတို့အားလုံးသည် တချိန်က အရှေ့တိုင်းကန္တာရ၏ ထိပ်တန်း ပါရမီရှင် တစ်ထောင်စာရင်းတွင် ပါဝင်ခဲ့ဖူး၏။ တစ်ချို့ဆိုလျှင် ယခင်က လုမင်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ယခုတော့ နဝမနဂါးကြီးကိုကြည့်ရင်း အားလုံး အံ့သြထိတ်လန့်နေတော့သည်။

ထိုစဉ်က သူတို့ဟာ မျိုးဆက်တူများဖြစ်ပြီး အချင်းချင်း ပြိုင်ဆိုင်ခဲ့ကြသည်။ သို့သော်လည်း နှစ်အနည်းငယ်အတွင်း သူတို့နှင့် လုမင်အကြား ကွာခြားမှုက မိုင်ထောင်ချီ၍ ရှိနေပြီ။ သူတို့ကြားတွင် နှိုင်းယှဉ်စရာ လုံးဝမရှိခဲ့ပေ။

ဤတစ်သက်တွင် လုမင်ကို ဘယ်တော့မှ အမီလိုက်နိုင်မှာမဟုတ်တော့မှန်း သူတို့သိလိုက်ကြသည်။

"ဂါး"

နဝမနဂါးဟိန်းသံက ကောင်းကင်ကို တုန်လှုပ်သွားစေခဲ့သည်။

"ဝုန်း... ဝုန်း"

နဝမဂါးဒယ်စောက်အိုးကြီးများက အဆက်မပြတ် တုန်ခါနေခဲ့၏။ တစ်ခုပြီးတစ်ခု လုမင်ဆီသို့ ပျံသန်းလာတော့သည်။

လုမင်၏ ဦးခေါင်းထက်တွင် နဝမနဂါး ဒယ်စောက်အိုးများ ပိုများလာခဲ့သည်။

လေးအိုး၊ ငါးအိုး၊ ခြောက်အိုး…

"မြန်မြန် သတင်းဖြန့်ကြဟေ့"

နဂါးကိုးမြို့တွင် တစ်စုံတစ်ဦးက အမိန့်ပေးလိုက်သည်။

"ဝမ်... ဝမ်..."

အသံထုတ်လွှင့် ကျောက်စိမ်းအဆောင်များ တစ်ခုပြီးတစ်ခု ပျံထွက်လာခဲ့၏။

သို့သော်လည်း နဝမနဂါးမြို့မှ ပြေးထွက်လာသည်နှင့် တပြိုင်နက်၊ အလင်းတန်းတစ်ခုက ပေါ်လာပြီး အသံလွှင့်ကျောက်စိမ်းအဆောင် အားလုံးကို ကြားဖြတ်ဟန့်တားလိုက်တော့သည်။

နဂါးကိုးမြို့တော်အပြင်ဘက်တွင် လူအများအပြားက လေထဲတွင် ရပ်နေခဲ့ကြသည်။

သူတို့ထဲတွင် ကမ္ပည်းတာအို လျှောက်လှမ်းသူ ထျန်းရှအကယ်ဒမီမှ ဌာနမှူးတစ်ဦး ရှိ၏။ ကမ္ပည်းတာအို လေ့ကျင့်သော အဓိပတိ ခုနစ်ဦး၊ ရှစ်ဦးလည်း ရှိသေးသည်။ သူတို့က အသံလွှင့်အဆောင်များကို ကြားဖြတ်ဟန့်တားရန်အတွက် နဝမနဂါးမြို့တော်အပြင်ဘက်တွင် အတားအဆီးတစ်ခုကို ကြိုတင် ထူထောင်ထားပြီးပြီ ဖြစ်သည်။

လုမင်က နဝမနဂါးဒယ်စောက်အိုးများကို ပို၍ပို၍ ဆင့်ခေါ်လိုက်သည်။ နောက်ဆုံးတွင် အိုးကိုးလုံးကို စုစည်းပြီး လုမင်၏ ဦးခေါင်းထက်တွင် ဆိုင်းငံ့ထားလိုက်တော့သည်။

"ငါ မင်းတို့ကို ရက်နည်းနည်းလောက် သုံးချင်တယ်။ ပြီးရင် မင်းတို့နေရပ်ကို ပြန်ခွင့်ပြုပါမယ်"

လုမင် ခပ်တိုးတိုးလေး ပြောလိုက်သည်။ နဝမနဂါးက ပါးစပ်ကိုဟပြီး မျိုချလိုက်၏။ နဝမနဂါး ဒယ်စောက်အိုး ကိုးခုစလုံး နဝမနဂါးသွေးမျိုးဆက်၏ ပါးစပ်ထဲသို့ ပျံသွားကာ ပျောက်ကွယ်သွားတော့သည်။

"ဂါး...ဂါး"

ထိုအချိန်တွင် နဝမနဂါးမြို့ရှိ နဂါးသွေးကြောကိုးခုက ပေါက်ကွဲသွားခဲ့သည်။ ၎င်းတို့က ကောင်းကင်ကို ဖြတ်ကျော်လိုသော အစစ်အမှန်နဂါးကိုးကောင်ကဲ့သို့ပင်။

ဤအခြေအနေကို သူမျှော်လင့်ထားသလို လုမင်၏ မျက်နှာက တည်ငြိမ်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ပည်းစာလိပ်ကိုးခုက သူ့လက်စွပ်ထဲမှ ပျံထွက်သွားခဲ့သည်။

ကမ္ပည်းစာလိပ်ကိုးခုက နဂါးသွေးကြော ကိုးခုဆီသို့ ခွဲဖြာ ပျံသန်းသွား၏။

ချက်ချင်းပင်၊ ကမ္ပည်းစာလိပ်က တောင်ကြီးတစ်ခုအဖြစ်သို့ လျင်မြန်စွာ ကြီးထွားလာပြီး အဆုံးမဲ့ကမ္ပည်းများ ထွန်းလင်းတောက်ပနေတော့သည်။

All Chapters