အခန်း ၁၃၃၅
Vol. 89 Ch. 1335
အပိုင်း ( 1335 ) ထွက်ခွာခြင်း၊ သူတော်စင်မြို့တော်။
"ဖိနှိပ်"
လုမင် ခပ်တိုးတိုး ပြောလိုက်သည်။ ကမ္ပည်းစာလိပ်ကိုးခုက နဂါးသွေးကြော ကိုးခုပေါ်သို့ ဆင်းသက်လာခဲ့၏။ အဆုံးမရှိသော ကမ္ပည်းစာများသည် နဂါးသွေးပြန်ကြောများပေါ်တွင် ဖြန့်ကျက်ကာ ဖိနှိပ်လိုက်တော့သည်။
နဂါးသွေးကြောကိုးခုက ခေတ္တငြိမ်သက်သွားခဲ့သည်။
ရှေးခေတ် ဒဏ္ဍာရီများအရ နဝမနဂါး ဒယ်စောက်အိုးများကို နဂါးသွေးကြောကိုးခုကို ဖိနှိပ်ရန် သန့်စင်ထားခဲ့ခြင်း ဖြစ်သည်။ နဝမနဂါး ဒယ်စောက်အိုးများသာ အကြာကြီး ထွက်သွားပါက နဂါးသွေးကြောများ သေချာပေါက် ရုန်းကြွပေလိမ့်မည်။
လုမင်က ယင်းကို မျှော်လင့်ထားပြီးသားဖြစ်သောကြောင့် နဂါးသွေးကြောများကိုဖိနှိပ်ရန် ဒုတိယခန္ဓာလုမင်အား ကမ္ပည်းစာလိပ်ကိုးခုအား ရေးဆွဲစေခဲ့သည်။ ယင်းက ရက်အနည်းငယ်သာ ဖိနှိပ်နိုင်သော်လည်း သူ့အတွက် လုံလောက်ပေသည်။
နဂါးသွေးကြောများ ငြိမ်သက်သွားပြီးနောက်၊ လုမင်က နဝမနဂါးကိုရုတ်သိမ်းကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ နောက်အခိုက်တွင် သူက နဝမနဂါးမြို့
အပြင်ဘက်တွင် ပေါ်လာခဲ့လေသည်။
"ထလော့"
ထျန်းရှအကယ်ဒမီ၏ ဌာနမှူးက အော်လိုက်သည်။ အခြား အဓိပတိများ၏ အကူအညီဖြင့် နဝမနဂါးမြို့အပြင်ဘက်တွင် အတားအဆီးတစ်ခု ပေါ်လာခဲ့၏။
ဤအတားအဆီးက အသံလွှင့် ကျောက်စိမ်းအဆောင်ကို ပိတ်ဆို့နိုင်ပေရာ၊ လုမင်မှ နဝမနဂါး ဒယ်စောက်အိုးများကို ယူသွားပြီဖြစ်ကြောင်း တိရီ မသိနိုင်တော့ပေ။
အတားအဆီးကိုတည်ဆောက်ပြီးနောက် လုမင်နှင့်အတူ ထွက်ခွာသွားကြသည်။ မကြာမီတွင် နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဖြင့် မြောက်ပိုင်းလွင်ပြင်သို့ ပြန်သွားကြတော့သည်။
"သူတော်စင်မြို့တော်ကို သွားရအောင်"
အမိန့်တစ်ခုဖြင့် ပုံရိပ်များစွာက ဟင်းလင်းပြင်ကို ဖြတ်ကာ သူတော်စင်မြို့တော်ဆီသို့ ဦးတည်သွားကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုရား တပ်မဟာကလည်း သူတော်စင်မြို့တော်ဆီသို့ ထွက်ခွာသွားကြတော့သည်။
.............
သူတော်စင်မြို့တော်တွင် လူ စည်ကားသက်ဝင်နေသည်။
သူတော်စင်မြို့တော်၏ အထက် ကောင်းကင်ယံတွင် စင်မြင့်တစ်ခုပေါ်လာခဲ့၏။ ၎င်းပေါ်တွင် အစစ်အမှန် နဂါးများနှင့် နတ်ဖီးနစ်များ ပျံသန်းနေပြီး ချီလင်များလည်း ဟိန်းဟောက်နေကြလေသည်။
ယင်းက နှစ်တစ်သန်းပြည့်ပွဲတော်၌ ရှဲ့မိသားစုမှ အသုံးပြုသော စင်မြင့် ဖြစ်သည်။ ယခုလည်း ယင်းကို ပြန်သုံးနေကြပြီ။ ဤမဟာမိတ်အခမ်းအနားက ရှဲ့မိသားစုအတွက် မည်မျှအရေးကြီးကြောင်း ဖော်ပြနေခဲ့သည်။
"ဧကရာဇ် ကြွလာပါပြီ"
အသံတစ်သံ ထွက်ပေါ်လာပြီး သူတော်စင်မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
နန်းတော်၏ အနက်ရှိုင်းဆုံးအပိုင်းမှ ရုပ်ပုံများ တစ်ခုပြီးတစ်ခု ထွက်လာခဲ့၏။
၎င်းတို့ကို ဦးဆောင်လာသူမှာ လက်ရှိ ဧကရာဇ်မင်းမြတ် ရှဲ့ချီထျန်း ဖြစ်သည်။
ရှဲ့ချီထျန်း၏ အနားမှာလည်း ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ရှိသေးသည်။ သူသည် ယခင်မျိုးဆက်၏ သူတော်စင်ဧကရာဇ် ဖြစ်သည်။ သူတို့ပြင် လူတစ်ဒါဇင်ကျော် ရှိသေးသည်။ သူတို့တစ်ဦးစီက အားကောင်းသော အရှိန်အဝါများနှင့် သိုင်းအုပ်ချုပ်သူများ ဖြစ်သည်။
သူတို့ထဲတွင် တချို့က ရှဲ့မိသားစုမှ ဖြစ်သည်။ ကျန်သူများကတော့ ရှဲ့မိသားစု၏ မဟာမိတ်များမှ အခြား သိုင်းအုပ်ချုပ်သူများ ဖြစ်ချေသည်။
ပညာရှင်အများအပြားက စင်ပေါ်သို့ ဆင်းသက်ခဲ့ကြသည်။
"ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက တိရီနဲ့ တခြားဧကရာဇ်တွေ ရောက်လာပြီ"
နောက်ထပ်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဝှစ်... ဝှစ်..."
ပညာရှင်အဖွဲ့တစ်ဖွဲ့က အဝေးမှ ပျံသန်းလာကာ စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်သည်။
အဖွဲ့၏ ခေါင်းဆောင်မှာ ဧကရာဇ်ရီ ဖြစ်သည်။ သူ့ဘေးတွင် အဘိုးကြီးနှစ်ယောက် ရှိ၏။ တစ်ယောက်က ရွှေရောင် ၀တ်စုံ ဝတ်ထားလေသည်။ သူသည် ထျန်းရှအကယ်ဒမီတွင် ပေါ်လာခဲ့သော ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူ ဖြစ်သည်။
အခြားအဘိုးကြီးကတော့ အနီရောင်ဝတ်လုံရှည်ကို ၀တ်ဆင်ထား၏။ သူ၏ အရှိန်အဝါများကလည်း ရွှေရောင်ဝတ်စုံဝတ် အဘိုးကြီးထက် အားမနည်းပေ။
သူ့နောက်တွင် အခြား သိုင်းအုပ်ချုပ်သူ ဆယ်ပါးကျော် ရှိသည်။
"အစ်ကိုတိရီ"
ရှဲ့ချီထျန်းက ရှေ့သို့လှမ်းပြီး လက်ယှက်ကာ တိရီကို ဦးညွတ်လိုက်သည်။
"အစ်ကိုရှဲ့"
တိရီ ပြန်လည်ဦးညွတ်လိုက်၏။
"ကောင်းပြီ၊ အားလုံးရောက်နေကြပြီဆိုတော့ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားကို စကြာတာပေါ့။ ပထမဆုံးကတော့ အလံကို ယဇ်ပူဇော်ဖို့ပဲ။ ရှကျိုးယန်၊ ပိုင်ရှီကျင်းနဲ့ အခြားသူတွေကို ခေါ်လာခဲ့ကြတော့"
ရှဲ့ချီထျန်း အမိန့်ပေးသည်။
"ကောင်းပါပြီ"
သိုင်းအုပ်ချုပ်သူတစ်ပါးက ခေါင်းညိတ်ပြီး လူငါးဆယ်ခန့်ရှိသော လူတစ်စုကိုဦးဆောင်ကာ မြောက်ဘက်သို့ ပျံသန်းသွားတော့သည်။
'အချိန်ကျပြီ'
လူအုပ်ထဲတွင် လုမင်က ရှိနေသည်။ သူက လူအုပ်ထဲမှ တိတ်တဆိတ်လိုက်ကာ မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။
ငရဲကိုးခုနတ်ဆိုးနယ်မြေ ဝင်ပေါက်က သူတော်စင်မြို့တော်၏အဝေး မြောက်ဘက်တွင် ဖြစ်သည်။
ခဏအကြာတွင် သူတို့က သူတော်စင်မြို့လယ်နှင့် ဝေးကွာသွား၏။ သူတို့က ငရဲကိုးခု နတ်ဆိုးနယ်မြေသို့ ရောက်ခါနီးလာခဲ့ကြပြီ။
ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်ပေါ်၌ ကမ္ပည်းစာများ ပေါ်လာခဲ့သည်။ သူ့ရုပ်သွင်က ပျောက်ကွယ်လုနီးပါးဖြစ်ပြီး သူ့အငွေ့အသက်လည်း လုံးဝပျောက်ကွယ်သွား၏။
လုမင်က အသံမထွက်ဘဲ နောက်ဆုံးမှလူ၏ဘေးတွင် ပေါ်လာခဲ့သည်။ ထို့နောက် လုမင်က သူ့လက်ကိုဝှေ့ယမ်းပြီး ထိုလူကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဆွဲထည့်လိုက်၏။ ရုတ်တရက်မို့ ထိုလူမှာ လုံးဝ မတုံ့ပြန်နိုင်တော့ပေ။
လုမင်၏ ခန္ဓာကိုယ်က လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။ သူက ထိုလူနှင့် တစ်ပုံစံတည်း ပုံပြောင်းလိုက်လေသည်။
"ဟမ်"
ရှေ့ဆုံးမှ သိုင်းအုပ်ချုပ်သူက တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ သို့ရာတွင် သူ ပြန်ကြည့်လိုက်တော့လည်း ဘာမှမတွေ့ပေ။
'ထူးဆန်းလိုက်တာ။ အခုမှလေးတင်ပဲ အတက်အကျတစ်ခု ရှိခဲ့တာ'
သိုင်းအုပ်ချုပ်သူ မျက်မှောင်ကြုတ်လိုက်သည်။ သူက လူအုပ်ကို ဝိညာဉ်အသိဖြင့် စကင်န်ဖတ်ခဲ့သော်လည်း ဘာမှမတွေ့ခဲ့ပေ။ ထို့ကြောင့် လက်လျှော့ကာ ရှေ့သို့ ဆက်လက် ပျံသန်းခဲ့သည်။
လုမင်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ နောက်ဆုံးတော့ မည်သူမျှ သတိမထားမိဘဲ ခိုးဝင်နိုင်ခဲ့ပြီ ဖြစ်သည်။
ယင်းမှာ လုမင်က ကမ္ပည်းတာအိုကို အလွန်ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သူက တောင်နှင့်မြစ်ပန်းချီကား၏ အကူအညီကို ရခဲ့၏။ မဟုတ်ပါက လုံးဝ မဖြစ်နိုင်ပေ။
သိုင်းအုပ်ချုပ်သူ၏ နှာခေါင်းရှေ့တွင် လူလဲလှယ်ခြင်းက မလွယ်ကူပါ။
မကြာမီ၊ ငရဲကိုးခုနတ်ဆိုးနယ်မြေသို့ ရောက်လာခဲ့ကြသည်။
သိုင်းအုပ်ချုပ်သူ၏ ဦးဆောင်ခြင်းဖြင့် ငရဲကိုးခုနတ်ဆိုးနယ်မြေကို သဘာဝအတိုင်း ချောမွေ့စွာ ဝင်ရောက်လာခဲ့ပေသည်။
ရင်းနှီးသော ပတ်ဝန်းကျင်ကိုကြည့်ရင်း လုမင် သက်ပြင်းချလိုက်သည်။ မကြာခင်မှာပဲ ငရဲကိုးခု နတ်ဆိုးနယ်မြေကို ပြန်ရောက်လာရမည်ဟု မမျှော်လင့်ထားပေ။
"ရှကျိုးယန်နဲ့ တခြားလူတွေကို ငရဲကိုးခု နတ်ဆိုးမီးလျှံတွင်းထဲမှာ ဖိနှိပ်ထားတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားတာကြောင့် ခုခံနိုင်စွမ်းတော့ မရှိပါဘူ၊ ဒါပေမဲ့ ငါတို့ သတိထားရမယ်။ ဒီလူတွေက မရိုးရှင်းဘူး"
သိုင်းအုပ်ချုပ်သူက သတိပေးလိုက်သည်။ သူက မြင်းမျက်နှာရှိသော သိုင်းအုပ်ချုပ်သူဖြစ်ပြီး လုမင် မမြင်ဖူးပေ။ သို့သော်လည်း သူက ရှဲ့မိသားစု၏ သိုင်းအုပ်ချုပ်သူဖြစ်သည်မှာ ထင်ရှားသည်။
ရှဲ့မိသားစုသည် အမှန်တကယ်ပင် နက်နဲသော အခြေခံအုတ်မြစ် ရှိခဲ့သည်။ အစပိုင်းက ရှဲ့မိသားစုတွင် သိုင်းအုပ်ချုပ်သူ သုံးပါးသာ ရှိပုံသော်လည်း ထိုမျှမကကြောင်း အသိသာကြီးပင်။ အမှောင်ထဲတွင် နောက်ထပ် သိုင်းအုပ်ချုပ်သူများ ဘယ်နှစ်ယောက် ပုန်းအောင်းနေမှန်း ဘယ်သူသိမှာလဲ။
"ကောင်းပါပြီ"
တခြားသူများ တုံ့ပြန်လိုက်ကြသည်။
"အင်း"
မြင်းမျက်နှာနှင့် အုပ်ချုပ်သူလည်း ခေါင်းညိတ်ပြပြီး ငရဲကိုးခု နတ်ဆိုးနယ်မြေအတွင်း၌ ဆက်လက် ပျံသန်းသွားလေသည်။
လမ်းတစ်လျှောက်တွင် မြင်းမျက်နှာ ဧကရာဇ်က သူ၏ သိုင်းအုပ်ချုပ်သူအရှိန်အဝါကို ထုတ်ဖော်ခဲ့၏။ ငရဲကိုးခု နတ်ဆိုးနယ်မြေမှ နတ်ဆိုးများလည်း ယင်းကို ခံစားမိသောအခါ ကြောက်လန့်တကြားဖြစ်ပြီး ထွက်ပြေးသွားတော့သည်။
မကြာာမီ၊ သူတို့က နတ်ဆိုးနယ်မြေထဲသို့ မိုင်ပေါင်း ရာနှင့်ချီကာ နက်နက်နဲနဲ ဝင်ရောက်သွားခဲ့သည်။
သူတို့ရှေ့တွင် တောက်လောင်နေသော အပူဒဏ်ကို ခံစားလာရ၏။ မီးတောင်တစ်လုံး ဖြစ်ခဲ့သည်။
ယင်းက သာမန် မီးတောင်တစ်ခု မဟုတ်ပေ။ မီးတောက်များကလည်း သာမန်မီးတောက်များမဟုတ်ဘဲ ငရဲကိုးခု နတ်ဆိုးမီးတောက်များ ဖြစ်သည်။
မီးတောင်အထက်တွင် ရပ်တန့်သွားသောအခါ၊ သတ်ဖြတ်လိုသော စိတ်ဆန္ဒများက လုမင်၏ မျက်လုံးများတွင် လျှို့ဝှက်စွာ ပေါ်လာခဲ့၏။
အကြောင်းမူကား၊ မီးတောင်ထဲတွင် ပုံရိပ်တစ်ခုစီကို လုမင် တွေ့လိုက်ရသောကြောင့်ပင်။
လုမင်ဟာ အကျွမ်းတဝင်ရှိသော ရုပ်သွင်များကို မြင်လိုက်ရသည်။
အဓိပဓိကျိုးယန်၊ ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်...
စုစုပေါင်း ငါးယောက် ရှိခဲ့သည်။ အဓိပဓိကျိုးယန်မှလွဲ၍ ကျန်လေးယောက်မှာ ဖူရုပ်သေးဂိုဏ်း၏ အကြီးအကဲများ ဖြစ်ကြသည်။
သူတို့ငါးဦးကို မီးတောင်တစ်ခုတွင် ဖိနှိပ်ထားခဲ့သည်။ သူတို့ခန္ဓာများကို သံကြိုးများဖြင့် ချည်နှောင်ကာ လေထဲ၌ ဆိုင်းငံ့ထား၏။ မီးတောင်များအတွင်းမှာတော့ ငရဲကိုးခုနတ်ဆိုးမီးလျှံများက အလျှံတညီးညီးဖြင့် သူတို့ငါးယောက်ကို အဆက်မပြတ် လောင်ကျွမ်းနေတော့သည်။
ဤကဲ့သို့သော နတ်ဆိုးမီးတောက်များက သူတို့ကို ချက်ချင်းမသေစေဘဲ အဆုံးမရှိ နာကျင်မှုကို ခံစားရစေမည် ဖြစ်သည်။
ထို့အပြင် အဓိပဓိကျိုးယန်နှင့် အခြားလေးယောက်တို့၏ ကျင့်ကြံခြင်းများက တံဆိပ်ခတ်ခံထားရ၍ လုံးဝ မခုခံနိုင်ခဲ့ကြပေ။
လုမင်၏ မျက်လုံးများက ဓားသွားကဲ့သို့ အေးစက်သွားခဲ့သည်။
"ရှကျိုးယန်၊ ဒီနေ့ မင်းသေနေ့စေ့ပြီ"
မြင်းမျက်နှာ ဧကရာဇ်က ရှကျိုးယန်နှင့် အခြားသူများကို ခပ်ထေ့ထေ့ အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။
"ဟုတ်လား၊ မင်းရဲ့ ရှဲ့မိသားစုနဲ့ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းလည်း ကြာရှည်မောက်မာနေနိုင်မှာ မဟုတ်ပါဘူး။ လုမင် ပြန်လာတဲ့အခါ မင်းတို့ သေတဲ့နေ့ဖြစ်လိမ့်မယ်"
မီးတောင်ထဲမှ အဓိပဓိကျိုးယန်က ကောင်းကင်ကို မော့ကြည့်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။
"လုမင်လား၊ ဟားဟားဟား"
မြင်းမျက်နှာ ဧကရာဇ်က လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောပြီး အထင်မြင်သေးစွာ ပြောလိုက်သည်။
"ငါစိတ်ထဲမထားတော့ပါဘူး၊ လုမင် ပြန်လာပြီဆိုတာ ငါပြောပြနိုင်တယ်"
"ဘာ၊ လုမင် ပြန်ရောက်ပြီလား"
"အမှန်ပဲလား၊ ဂိုဏ်းချုပ်ငယ် ပြန်ရောက်လာပြီလား"
အခြားမီးတောင်များ ပိုင်ရှီကျင်းနှင့် ကျွင်းစုန့်ကြွယ်တို့၏ အံ့အားသင့်နေသောအသံများ ထွက်ပေါ်လာတော့သည်။