← Chapters

အခန်း ၁၃၃၇

Vol. 90 Ch. 1337

အခန်း ၁၃၃၇

Vol. 90 Ch. 1337

အပိုင်း ( 1337 ) မိစ္ဆာနတ်ဆိုးမျိုးနွယ်ကို ဖိတ်ခေါ်ခြင်း။

မြင်းမျက်နှာ ဧကရာဇ်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ သူက လုမင်ကို မယုံနိုင်သလို ပြူးပြဲကြည့်လိုက်၏။

'လုမင်... ဒါက လုမင်ပဲ'

'လုမင် ဘယ်တုန်းက ခိုးဝင်လာတာလဲ'

"အဲဒီအချိန်တုန်းက..."

မြင်းမျက်နှာ ဧကရာဇ်လည်း ငရဲကိုးခု နတ်ဆိုးနယ်မြေသို့ ရောက်ခါနီးအချိန်မှ လှုပ်ရှားမှုတချို့ကို သတိရသွားသည်။ ထိုစဉ်က သူ ကြည့်လိုက်သော်လည်း ဘာမျှမတွေ့ပေ။ ထို့ကြောင့် သူ အနည်းငယ် အံ့ဩခဲ့ရသော်လည်း ယခုတော့ လုမင်ဟာ ထိုစဉ်ကတည်းက ခိုးဝင်လာခဲ့ပုံရသည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလောင်းတစ်လောင်း လွင့်ထွက်လာခဲ့သည်။ ယင်းက ကျောက်ပေါပင်။

"လုမင်၊ မင်း ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ"

ဤတွင် အံ့အားသင့်ဆုံးသူမှာ ရှကျိုးယန် ဖြစ်သည်။ သူက လုမင်ကို မယုံနိုင်ဘဲ အံ့အားသင့်နေသည့် မျက်လုံးများနှင့် ကြည့်လိုက်၏။

လုမင် ဤနေရာတွင် ပေါ်လာခြင်းကို သူ မယုံနိုင်ပေ။ ထို့ထက် ပို၍ မယုံနိုင်စရာကောင်းသည်မှာ လုမင်၏ ကျင့်ကြံခြင်းအခြေခံ ဖြစ်သည်။

လုမင်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများက အဆင့်ကိုး ကမ္ပည်းသခင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။

'လုမင်က သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်သွားပြီလား'

လုမင်ကို သူ မည်မျှယုံကြည်ထားပါစေ၊ ယင်းက ယုံရခက်ခဲနေဆဲပင်။

အချိန်တိုလေးသာကြာခဲ့သော်လည်း လုမင်က သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးနေပြီ ဖြစ်သည်။

"အကြီးအကဲကျိုးယန်၊ နေကောင်းရဲ့လား"

လုမင် ပြုံးပြီး နှုတ်ဆက်လိုက်သည်။

"လုမင်၊ ဒီနေရာကို မင်း မလာသင့်ဘူး"

ရှကျိုးယန်က တစ်ခုခုကို တွေးမိသွားကာ သက်ပြင်းချလိုက်သည်။

"ဒီလူကို အရင်သတ်လိုက်ဦးမယ်"

လုမင်က မြင်းမျက်နှာ ဧကရာဇ်ကို ကြည့်လိုက်၏။

"မင်း ငါ့ကို သတ်ချင်နေသေးတာလား။ တွေးတောင်မတွေးစမ်းနဲ့။ လုမင်... သူတော်စင်မြို့တော်ကို နက်နက်နဲနဲ ဝင်ရောက်လာဝံ့မှတော့ ဒီနေ့ မင်းသေရမှာ သေချာတယ်"

မြင်းမျက်နှာ ဧကရာဇ်က ဟိန်းဟောက်ပြီး ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူက ကောင်းကင်မှ ထွက်ပြေးရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။

"မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

လုမင် ခပ်တိုးတိုး ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က တောက်ပလာပြီး ကြီးမားသော ဝင်္ကပါတစ်ခု ပေါ်လာခဲ့သည်။

လုမင်က သူ့လက်နှစ်ချောင်းဖြင့် ဓားတစ်လက်လို ခုတ်လိုက်၏။

ဓားအလင်းတစ်ခုက လေထဲတွင် ပေါ်လာကာ မြင်းမျက်နှာဧကရာဇ်ဆီသို့ တိုးဝင်သွားတော့သည်။

မြင်းမျက်နှာ ဧကရာဇ်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သို့သော်၊ သူ၏ တာအိုနယ်မြေက ဓားတစ်ချက်ပင် မခံနိုင်ဘဲ ကွဲထွက်သွားခဲ့သည်။ ဓားအလင်းက မရပ်တန့်ဘဲ မြင်းမျက်နှာ ဧကရာဇ်ထံ ဆက်လက် ခုတ်ပိုင်းလိုက်၏။

နာကျင်စွာ အော်ဟစ်လိုက်သံနှင့် မြင်းမျက်နှာဧကရာဇ်၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားတော့သည်။

မြင်းမျက်နှာ ဧကရာဇ် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် နောက်မှလိုက်လာသော အခြား မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ ကျွမ်းကျင်သူအားလုံး ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ ထိုအခါ သူတို့အားလုံး တုန်တုန်ယင်ယင် ဖြစ်သွားကြတော့သည်။

'သိုင်းအုပ်ချုပ်သူတစ်ပါးကို ဓားတစ်ချက်နဲ့ သတ်လိုက်တာ။ အဲဒါက ဘယ်လိုတိုက်ခိုက်နိုင်စွမ်းမျိုးလဲ'

ပိုင်ရှီကျင်းနှင့် အခြားသူများအပြင် ရှကျိုးယန်နှင့် နတ်ဆိုးဧကရာဇ်တို့လည်း အံ့အားသင့်သွားခဲ့ကြသည်။

လုမင်၏ မျက်နှာအမူအရာကတော့ အပြောင်းအလဲ မရှိပေ။

ဒုတိယခန္ဓာလုမင်က သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ခါစဖြစ်သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းကို သာမန်အသိအမြင်နှင့် တိုင်းတာမရပါ။

ဒုတိယခန္ဓာ လုမင်က ကမ္ပည်းတာအိုကို အဓိကထား လေ့ကျင့်နေခဲ့သည်။ အဆင့်တစ်ခုစီမှာလည်း ပြီးပြည့်စုံစေပြီး ဝိညာဉ်မီးခွက်ဆယ်ခု ထွန်းညှိထား၏။

ထို့အပြင်၊ သူ၏ဒုတိယခန္ဓာက သိုင်းသူတော်စင်တစ်ဦးဖြစ်သည့် ရွှမ်ထျန်းသူတော်စင်၏အမွေကို အမွေဆက်ခံခဲ့သည်။

ထို့ကြောင့် ဒုတိယခန္ဓာလုမင်က စိတ်ဝိညာဉ်စွမ်းအားဖြစ်စေ၊ သူ တတ်မြောက်ထားသော ကမ္ပည်းပညာတွင်ဖြစ်စေ အံ့ဖွယ်ကောင်းအောင် အစွမ်းထက်ပေသည်။

သူ့ခန္ဓာကိုယ်တွင် ထွင်းထုထားသည့် သတ်ဖြတ်ခြင်းအစီရင်ကြောင့်လည်း ပို၍ အားကောင်းစေခဲ့သည်။

ထို့ကြောင့်ပင် ကမ္ပည်းတာအို ဒုတိယခန္ဓာက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ခါစဖြစိသော်လည်း တိုက်ခိုက်နိုင်စွမ်းကတော့ မူလခန္ဓာလုမင်နှင့် အတူတူ ဖြစ်ချေသည်။ သူက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ သိုင်းအုပ်ချုပ်သူကို အလွယ်တကူ တိုက်ခိုက်နိုင်သည်။

သူ၏ခွန်အားဖြင့်၊ သာမန် ပထမအဆင့် သိုင်းအုပ်ချုပ်သူကို သတ်ခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ပင်။

"ဂိုဏ်း... ဂိုဏ်းချုပ်ငယ်လား"

ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများအားလုံး လုမင်ကိုစိုက်ကြည့်ရင်း အံ့ဩမဆုံးနိုင် ဖြစ်နေခဲ့ကြသည်။ သူတို့မှာ အိပ်မက်မက်နေသကဲ့သို့ ဘာပြောရမည်မှန်းလည်း မသိတော့ပေ။

လုမင်ကို ဤနေရာ၌ မြင်ရခြင်းကပင် မယုံနိုင်စရာ ဖြစ်နေပြီ ဖြစ်သည်။ ထို့ထက် လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ပို၍ပင် မယုံနိုင်ရာဖြစ်၏။ သို့ဖြစ်ပေရာ သူတို့ ခဏချင်း မတုံ့ပြန်နိုင်တော့တာ အံ့ဩစရာမဟုတ်တော့ပေ။

"အကြီးအကဲပိုင်၊ အကြီးအကဲကျွင်း"

လုမင်က လက်ယှက်ပြပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းချုပ်ငယ်... တကယ်ကို ဂိုဏ်းချုပ်ငယ် မင်းပဲ။ မင်းက အဆင့်ကိုး ကမ္ပည်းသခင် ဖြစ်လာခဲ့ပြီပေါ့။ ဟားဟားဟား၊ ကောင်းလိုက်တာ"

"ငါတို့ ဖူရုပ်သေးဂိုဏ်းမှာ နောက်ဆုံး‌တော့ အဆင့်ကိုး ကမ္ပည်းသခင် ရှိလာပြီ"

ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် တခြားသူများ မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားနေခဲ့ကြသည်။

"လုမင်၊ မင်း ဘာဖြစ်လို့ ဒီကိုရောက်နေရတလဲ။ တိရီနဲ့ ရှဲ့မိသားစုက မင်းကို မျှားခေါ်ရအောင် တမင် ကြိုးစားနေကြတာ"

ရှကျိုးယန်က ပြောလိုက်သည်။ ယင်းက ပိုင်ရှီကျင်းနှင့် အခြားသူများ၏ နှလုံးသားကို အေးခဲသွားစေခဲ့၏။ သူတို့၏ အမူအရာများ ပြောင်းလဲသွားပြီး နှလုံးသားထဲမှ ပျော်ရွှင်မှုများလည်း ပျောက်ကွယ်သွားတော့သည်။ ထိုအစား စိုးရိမ်ပူပန်မှုများက အစားထိုးလာခဲ့သည်။

"ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဒီနေ့ ဘယ်သူအနိုင်ရမယ်ဆိုတာ မသေချာသေးဘူး"

ထို့နောက် လုမင်က သူ့အစီအစဉ်ကို အတိုချုံးရှင်းပြလိုက်သည်။

"ကောင်းပြီ၊ အကြီးအကဲတို့... အခု အပြင်ထွက်ရအောင်"

လုမင် ပြောလိုက်၏။

"မရဘူး"

ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရသည်။ ယင်းက မိစ္ဆာမျိုးနွယ်မှ နတ်ဆိုးဧကရာဇ်၏ အသံပင်။

"ဘာကြောင့်လဲ"

လုမင်က မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဧကရာဇ်ကို ဖျတ်ခနဲ ကြည့်လိုက်၏။ အေးစက်သော အလင်းရောင်တစ်ခုကလည်း သူ့မျက်လုံးထဲတွင် တောက်ပလာတော့သည်။

မိစ္ဆာနတ်ဆိုးမျိုးနွယ်သား နတ်ဆိုးဧကရာဇ်၏ အမူအရာက ပြောင်းသွားသည်။ သူသည် လုမင်ကို အနည်းငယ်ကြောက်၏။ သို့သော်လည်း အံကြိတ်ပြီး ရှကျိုးယန်နှင့် အခြားသူများကို လက်ညိုးထိုးကာ ပြောလိုက်ဆဲပင်။

"သူတို့ ထွက်သွားလို့မရဘူး။ ဒါက သူတို့သဘောတူထားတဲ့ အခြေအနေပဲ"

"ဟမ်၊ အခြေအနေလား..."

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

"လုမင်၊ ဒါက ဒီလိုပါ..."

ရှကျိုးယန်က ချက်ချင်း ရှင်းပြလိုက်သည်။

မိစ္ဆာနတ်ဆိုးမျိုးနွယ်နှင့် သဘောတူထားသည့်အခြေအနေမှာ ရှကျိုးယန်နှင့်အခြားသူများ လွတ်မြောက်ရန်အတွက် ကူညီရန် ဖြစ်သည်။

ရှကျိုးယန်နှင့် ပိုင်ရှီကျင်းတို့က မိစ္ဆာနတ်ဆိုးမျိုးနွယ်တွင် ပါဝင်ကာ ရှမိသားစုကို နှစ်ပေါင်းငါးရာ ကူညီတွန်းလှန်ရလိမ့်မည်။ အပြန်အလှန်အနေဖြင့် မိစ္ဆာနတ်ဆိုးမျိုးနွယ်က ရှကျိုးယန်နှင့် အခြားသူများအပေါ်မှ တံဆိပ်ကို ဖယ်ရှားခဲ့သည်။

ထို့ကြောင့်သာ ယခင်အခြေအနေ ဖြစ်ပွားခဲ့ခြင်းပင်။

လုမင်လည်း နားထောင်ပြီးမှ ဖြစ်ပျက်သွားသည်ကို အကြမ်းဖျင်းနားလည်သွားသည်။

ရှမိသားစုက မိစ္ဆာနတ်ဆိုးမျိုးနွယ်ကို ပိတ်လှောင်ထားကာ ၎င်းတို့အား လိုက်လံဖမ်းဆီးရန် လူများကို အဆက်မပြတ် စေလွှတ်ခဲ့သည်။ မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ အလုံးစုံအင်အားက ရှဲ့မိသားစုလောက် မသန်မာသောကြောင့် ငရဲကိုးခု နတ်ဆိုးနယ်မြေတွင်သာ ပုန်းအောင်းနေခဲ့ရလေသည်။

ထို့ကြောင့်ပင် မိစ္ဆာနတ်ဆိုးမျိုးနွယ်က ရှကျိုးယန်နှင့် အခြားသူများ၏ အင်အားကို ကြည့်လာခဲ့ကြသည်။ ရှကျိုးယန်နှင့် အခြားသူများ မိစ္ဆာနတ်ဆိုးမျိုးနွယ်တွင် ပါဝင်သရွေ့ သူတို့၏အင်အားများ အလွန်တိုးတက်လာလိမ့်မည်။ အနာဂတ်တွင် ရှဲ့မိသားစုကို တိုက်ခိုက်ရန် ပိုမိုယုံကြည်မှုရှိမည်ဖြစ်ပြီး မိစ္ဆာနတ်ဆိုးမျိုးနွယ်ကလည်း နေ့ရက်တိုင်း ပို၍ ကောင်းလာမည် ဖြစ်သည်။

ထိုအကြောင်းများကို တွေးမိတော့ လုမင် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

"ဒီအချက်ကြောင့်ပဲလား။ ဟားဟားဟား၊ ခင်ဗျားတို့တွေ ဒီအတိုင်း ဆက်ပြီး ကာကွယ်နေရုံပဲဆိုရင် ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကျုပ်က ရှဲ့မိသားစုကို တိုက်ခိုက်တော့မယ်ဆိုတာ ခင်ဗျား သိပြီးပြီမဟုတ်လား။ ဒါက ခင်ဗျားတို့အတွက် အခွင့်အရေးပဲ၊ ခင်ဗျားတို့ ဘာဖြစ်လို့ ကျုပ်နဲ့လိုက်ပြီး ရှဲ့မိသားစုကို မတိုက်ခိုက်တာလဲ။ ရှဲ့မိသားစုကို ဖျက်ဆီးနိုင်သရွေ့ မိစ္ဆာနတ်ဆိုးမျိုးနွယ်လည်း ထဝစဉ် လွတ်လပ်မှုကို ပြန်ရလိမ့်မယ်"

လုမင်၏ စကားများက ဆွဲဆောင်မှုအပြည့် ရှိပေသည်။

မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဧကရာဇ်လည်း မျက်လုံးများ အရောင်ပြောင်းသွားသည်။ သို့သော်လည်း သူက သွေးဆောင်ခံရသည့်တိုင် အံကြိတ်ပြီး ပြောဆိုနေ‌ဆဲပင်။

"မင်းက သန်မာပေမဲ့ ရှဲ့မိသားစုမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိတယ်။ ရှဲ့မိသားစုကို တိုက်ခိုက်မယ်ဆိုရင် မင်းသေမှာပဲ"

မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဧကရာဇ်က လုမင်သည် ရှဲ့မိသားစုကို တိုက်ခိုက်နိုင်မည်ဟု မယုံကြည်ကြောင်း ထင်ရှားသည်။

"ဖရိုဖရဲဧကရာဇ် ရှဲ့လွမ်၊ ခင်ဗျား သူ့ကိုသိမယ်လို့ ကျုပ်ယုံတယ်။ သူက ကျုပ်ရဲ့ မဟာမိတ်ပဲလေ။ ကျုပ်က သူ့ကို ငရဲကိုးခု နတ်ဆိုးနယ်မြေကနေ ကယ်တင်ခဲ့သူပဲ"

လုမင် ပြောလိုက်သည်။

"ဘာ၊ ရှဲ့လွမ်က မင်းရဲ့မဟာမိတ်လား။ ဒီတိုက်ပွဲမှာ သူရော ပါဝင်မှာလား"

မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ နတ်ဆိိုးဧကရာဇ်မျက်လုံးများ တောက်ပလာသည်။

"အမှန်ပဲ"

လုမင် ခေါင်းညိတ်လိုက်၏။

"ငါက ဘယ်လိုယုံရမှာလဲ"

နတ်ဆိုးဧကရာဇ်က ပြောသည်။ ဤသည်က မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ ရှင်သန်ခြင်းနှင့် သက်ဆိုင်သောကြောင့် သူသတိထားရလိမ့်မည်။

လုမင်နှင့် နောက်ဆုံးတိုက်ပွဲသို့ လိုက်ပါခြင်းသည် မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ ကံကြမ္မာကို ဓားသွားပေါ်တွင် ချထားခြင်းနှင့် ညီမျှသည်။

"ခင်ဗျား သူ့ကိုရော ယုံလား"

လုမင်၏ မျက်ခုံးနှစ်ခုကြားမှ တောက်ပလာပြီး ရှဲ့နျန်ချင်း ထွက်လာခဲ့သည်။

"လုမင်"

ရှဲ့နျန်ချင်းက လုမင်ကိုကြည့်လိုက်၏။ လုမင်လည်း ရှဲ့နျန်ချင်းကိုကြည့်ပြီး အသံပို့လွှတ်၍ ယေဘုယျအခြေအနေကို ရှင်းပြလိုက်လေသည်။

All Chapters